"ဒု ဗိုလ်ချုပ်မှူးကြီး" ဖြစ်သွားပါပြီ

Tuesday, April 3, 2012

ဒုတိယ ဗိုလ်ချုပ်မှူးကြီး ဖြစ်သွားတဲ့ ကာချုပ်

ကာကွယ်ရေးဦးစီးချုပ်က ဗိုလ်ချုပ်ကြီး မဟုတ်တော့ဘူး၊ ဒုတိယဗိုလ်ချုပ်မှူးကြီး ဖြစ်သွားပါပြီ။
သူ့ဟာသူ ဒီရာထူး ဖန်တီးယူတာလား၊ သူ့ကို ဒီရာထူး တယောက်ယောက်က ပေးလိုက်တာလား ဆိုတာ သေသေချာချာ မသိရသေးပါ။

ဒီကနေ့ထုတ် အစိုးရအာဘော်သတင်းစာထဲက သတင်းတွေထဲမှာ သူ့ကို ရာထူးအသစ်နဲ့ တွေ့ရတာပါ။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း လုပ်ခဲ့တဲ့ နေပြည်တော်စစ်ရေးပြချီတက်ပွဲသတင်းမှာ ဗိုလ်ချုပ်ကြီး သရေစည်သူ မင်းအောင်လှိုင်လို့ ဖော်ပြခဲ့ပါသေးတယ်။


ဒီနေ့ သတင်းစာ အပိုင်းအစ တခု။
အကောင်ကြီးကြီးတွေရဲ့ ရာထူးအပြောင်းအလဲ ဘွဲ့အပြောင်းအလဲကို သတင်းစာဖတ်မှပဲ သိရပါတယ်။ ဒါကြောင့် နိုင်ငံရေးစိတ်ဝင်စားသူများက ပျင်းစရာ သတင်းစာကို နေ့စဉ် ကြည့်ရှုကြတာ ဖြစ်ပါလိမ့်မယ်။


ရာထူးအဆင့် အသစ်က အင်္ဂလိပ်လို Vice-Senior General တဲ့။
မတ်လ ၂၈ သတင်းစာမှာ Commander-in-Chief of Defence Services General Thayay Sithu Min Aung Hlaing လို့ ဆိုခဲ့ပါတယ်။

သူ့အရင် ကာချုပ် ၂ ယောက် (ဦးစောမောင်၊ ဦးသန်းရွှေတို့)က ဗိုလ်ချုပ်မှူးကြီးရာထူး ခုန်တက် ယူပါတယ်။
ဗိုလ်မင်းအောင်လှိုင်ကတော့ တဆင့်ချင်း ယူတယ်လို့ ပြောနိုင်မယ် ထင်ပါတယ်။


11 comments :

  1. Anonymous said... :

    ဒု-ဗိုလ်ချုပ် မှူး ကြီးဆို တော့၊ သူ့ အထက် မှာ ဗိုလ်ချုပ် မှူး ကြီး ဆို တာရှိ သေး လို့ ပေါ့ နော်။

  1. Anonymous said... :

    ပထမမှူးကြီးက ရော ဘယ်သူလဲ

  1. Unknown said... :

    ရှုပ်နေတာပဲ။

  1. Anonymous said... :

    ပထမမှူးကြီးက (Than Shwe) Pal Pop

  1. Anonymous said... :

    အဲ့လို ရာထူးတက်သွားတာကို ဘာလို့ အမိန့်ကြေငြာစာမထုတ်တာလဲ....

  1. Anonymous said... :

    တဆင့်ချင်းယူတာဖြစ်မှာပေါ့၊ နောက်နှစ်ကျရင် ဗိုလ်ချုပ်မှူးကြီး ဖြစ်သွားလိမ့်မယ်။ အစကတော့ ဗိုလ်ချုပ်မှူးကြီးရာထူးမထားတော့ဘူးဆို။

  1. အေတူကန် said... :

    ဂျိုကုပ်ဒူးကြီးကတော့ ဟိုအပုပ်ကောင်ကြီးပဲပေါ့။

  1. Anonymous said... :

    သိပ် လဲ မ ပြော ကြပါ နဲ့ ကွာ၊ သူ ခမျာ ဘာ မှ မသိ ရှာပါ ဘူး။ အခု လို ရာ ထူး တက် သွား တာ တောင် သူ မ သိ ဘူး။ ဘယ် သူက တိုး ပေး လိုက် မှန်း လဲ သူ မ သိ ဘူး။ ဒီ မ နက် ကြေးမုံ မှာ ပါ လာ တောင် သူ့ မသိဘူး။ ရာ ထူး တက် တော့ လဲ ဘာ လုပ် ရမှန်း သူ မ သိဘူး။ ကချင် တွေ၊ ရှမ်း တွေ ကို တိုက် နေ တာ လဲ သူ မ သိဘူး။
    သူ သိ တာ တခု ဘဲ ရှိ တယ်။ "အမေ ကြိုင်"

  1. စဉ်းစားစရာတစ်ခုက မြန်မာနိုင်ငံမှာ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)ဆိုတဲ့နေရာကို ဗိုလ်ချုပ်ကြီးရာထူးထားဖို့ဖြစ်နိုင်ပါတယ်။ အဲဒီလိုထားမယ်ဆိုရင် ကာကွယ်ရေးဦးစီးချုပ်က ထပ်ပြီးရာထူးတိုးရမယ်သဘောရှိပါလိမ့်မယ်။ အားလုံးကိုခြုံကြည့်မယ်ဆိုရင် ရာထူးဘယ်လိုပဲတပ်တပ် ကာကွယ်ရေးဦးစီးချုပ်သည် နိုင်ငံတကာမှ ကာကွယ်ရေးဦးစီးချုပ်များနှင့် တန်းတူသာဖြစ်သည့်အတွက် အကြောင်းထူးလိမ့်မည်မဟုတ်ပါ။။

  1. Anonymous said... :

    Such a top military post promotion should be nominate by President to parliament and approved.

    Now nobody knows who promoted Min aung hosing and there is no role for parliament .

  1. Anonymous said... :

    အခုမှပဲ နိုင်ငံတကာအဆင့်မှီ ဖြစ်သွားပြီ။ ဒီမှာ ကိုယ့်လူ ပေးဒါ အကုန်ယူ၊ ချစ်လို့ပေးတယ်လို့ မှတ်ပြီး ယူနိုင်သလောက်ယူ၊ ရှာနိုင်သလောက်လည်း ရှာထား၊ နေ့မြင် ညပျောက် ခေတ်ကြီး ဗျ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved