သူ့ဟာသူ ဒီရာထူး ဖန်တီးယူတာလား၊ သူ့ကို ဒီရာထူး တယောက်ယောက်က ပေးလိုက်တာလား ဆိုတာ သေသေချာချာ မသိရသေးပါ။
ဒီကနေ့ထုတ် အစိုးရအာဘော်သတင်းစာထဲက သတင်းတွေထဲမှာ သူ့ကို ရာထူးအသစ်နဲ့ တွေ့ရတာပါ။
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း လုပ်ခဲ့တဲ့ နေပြည်တော်စစ်ရေးပြချီတက်ပွဲသတင်းမှာ ဗိုလ်ချုပ်ကြီး သရေစည်သူ မင်းအောင်လှိုင်လို့ ဖော်ပြခဲ့ပါသေးတယ်။
အကောင်ကြီးကြီးတွေရဲ့ ရာထူးအပြောင်းအလဲ ဘွဲ့အပြောင်းအလဲကို သတင်းစာဖတ်မှပဲ သိရပါတယ်။ ဒါကြောင့် နိုင်ငံရေးစိတ်ဝင်စားသူများက ပျင်းစရာ သတင်းစာကို နေ့စဉ် ကြည့်ရှုကြတာ ဖြစ်ပါလိမ့်မယ်။
ရာထူးအဆင့် အသစ်က အင်္ဂလိပ်လို Vice-Senior General တဲ့။
မတ်လ ၂၈ သတင်းစာမှာ Commander-in-Chief of Defence Services General Thayay Sithu Min Aung Hlaing လို့ ဆိုခဲ့ပါတယ်။
သူ့အရင် ကာချုပ် ၂ ယောက် (ဦးစောမောင်၊ ဦးသန်းရွှေတို့)က ဗိုလ်ချုပ်မှူးကြီးရာထူး ခုန်တက် ယူပါတယ်။
ဗိုလ်မင်းအောင်လှိုင်ကတော့ တဆင့်ချင်း ယူတယ်လို့ ပြောနိုင်မယ် ထင်ပါတယ်။
ဒု-ဗိုလ်ချုပ် မှူး ကြီးဆို တော့၊ သူ့ အထက် မှာ ဗိုလ်ချုပ် မှူး ကြီး ဆို တာရှိ သေး လို့ ပေါ့ နော်။