မိုဘိုင်းဖုန်းဆက်ပြီး လိမ်လည်မှုဖြစ်ပွား

Friday, April 27, 2012

~



ကံစမ်းမဲ ဆိုရင် သတိထား


ဓာတ်ပုံ - justincalderon

၂၂ ရက် ဧပြီလ ၂၀၁၂ ခုနှစ် နေ့လည် ၂ နာရီဝန်းကျင်တွင် ဖုန်းဝင်လာပါသည်။ --- ထီဆိုင်မှ ကံစမ်းမဲ ပေါက်ကြောင်း ပြောကြားပါသည်။

ထီထိုးသူများထဲမှ ကံစမ်းမဲရွေးချယ်ရာ Toshiba LCD 42 လက်မ ပေါက်ကြောင်း၊
အိမ်အရောက် လာပို့မည်ဖြစ်ကြောင်း ပြောဆိုပါသည်။

ကံထူးရှင်သည် ကုသိုလ်ကံအလွန်ကောင်းမွန်သည့် နက္ခတ်တွင် ရောက်နေသဖြင့် ယင်းတို့၏
သူဌေးနှင့် ဖုန်းဆက် စကားပြောစေလိုကြောင်း ပြောသဖြင့် စကားပြောဖြစ်ခဲ့ပါသည်။

သူဌေး ဆိုသူက ယင်းသည် သီတဂူဆရာတော်ဘုရား၏ တပည့်အရင်းဖြစ်ကြောင်း၊
ထီထိုးသူများ၏ ကံစမ်းမဲစာရင်းများကို စစ်ကိုင်း သီတဂူရှိ
သိမ်တော်ကြီးတွင် စီစစ်ခဲ့ပြီး တရားဘာဝနာ အားထုတ်ရင်း အာရုံတွင်
တွေ့မြင်ရသည်မှာ ကံထူးရှင်သည် အလွန်ကံထူးသူဖြစ်သည်။ ၂၀၁၂အတွင်း သိန်း ၁၇၀
ထီပေါက်ရန် ကုသိုလ်ကံရှိကြောင်း သိမြင်ခဲ့ရသည်ဟု ပြောပါသည်။

ထို့ကြောင့် ကံစမ်းမဲပေါက်သူ (ဖုန်းလက်ခံစကားပြောသူ)အား --- ဆိုင်တွင်သာ ကံစမ်းရန် စီစဉ်ပေးနိုင်ကြောင်း ပြောကြားပါသည်။ ကံစမ်းရမည့် ထီလက်မှတ် များကိုလည်း သီတဂူဆရာတော်ဘုရားကြီး
သီးသန့်ရွေးချယ်ထားပြီးကြောင်းပြောပါသည်။

ကံစမ်းသူ (ဖုန်းလက်ခံစကားပြောသူ)ဘက်မှ ငွေ ၉၉,၅၀၀ ကို --- ဆိုင်တွင်ကိုးကွယ်ထားသော ရွှေဘုရား ငွေဘုရားများအတွက် လှူဌာန်းရမည် ဖြစ်သည်။

သီတဂူဆရာတော်ဘုရားကြီးက အထူးရွေးချယ်ထားသော ထီလက်မှတ်ကို
ဘုရား တစ်ဆူ၏ အင်္ဂါထောင့်တွင် လက်ခံယူရန်လည်း ပြောကြားပါသည်။

ယင်းသို့ဖုန်းဆက် ပြောဆိုမှု.တွင် အဓိကကျသော အချက်များမှာ
- xxx ထီဆိုင်
-သီတဂူဆရာတော်ဘုရားကြီး
-စစ်ကိုင်းတောင် သီတဂူရှိ သိမ်တော်ကြီး
-တိုရှီဘာ ၄၂ လက်မ အယ်စီဒီ တီဗီ
-ငွေ
၉၉,၅၀၀ တို့ဖြစ်ပါသည်။

မိုဘိုင်းဖုန်းများ ယခင်ကထက် လွယ်ကူသောကာလများတွင်
လိမ်လည်မှု.များပိုမိုများပြားလာနိုင်သည့်အတွက်
သတိပြုမိရန်ဆင်ခြင်သင့်ကြောင်း သတင်းပေးပို့ အကြောင်းကြားပါသည်။

---------------------------------------------------
သတင်းပေးပို့သူ ကျွန်တော့အမည်ကို မတင်ပါနှင့်ခင်ဗျာ။ တိကျတဲ့
သတင်းဖြစ်ပါတယ်။ ကျွန်တော်ကိုယ်တိုင် ခံရလို့ပါဗျာ။


~

4 comments :

  1. Anonymous said... :

    တင်ထားတဲ့ ခေါင်းစဉ်နဲ့ ဘာမှလဲ မဆိုင်သလိုဘဲ...

  1. Zin Myo Oo said... :

    သတင်းက ဘာ အခြေအမြစ်မှ မရှိဘူး .... အကြည်တော် ထဲ က လိမ်ကွက်တစ်ခုကို ဇတ်လမ်းထွင်ရေးထားသလိုပဲ ... ရှင်းလဲ မရှင်ဘူး ...

  1. မကြာမှီရက်ကဘဲလက်ပံတန်းမြို.ဇီးဖြူကုန်းကျေးရွာကဖုန်းတလုံးကိုဆက်သွယ်ပြီးအလားတူလိမ်လည်မှု.ဖြစ်ခဲ.ပါတယ်-ကားဂိတ်ကိုငွေချက်ချင်းလာလွဲဖို.ခေါချိန်မှာဖုန်းမှတဆင်.သေချာမေးတော.အခွင်.မသာမှန်းသိပြီး-ရုပ်ရင်းကြမ်းတမ်းစွာအဆက်မပြတ်ဆဲဆိုပြီး-ရန်ကုန်လာခဲ.သူတို.ဆက်တဲ.ဖုန်းကိုခေါပြီးစောင်.နေအသေလာသတ်မယ်-မင်းတို.ဆီလဲလာခဲ.မယ်လို.ချိန်းချောက်ပြောခဲ.တာကိုကိုယ်တိုင်ကြုံလိုက်ရပါတယ်-

  1. ဟုတ်တယ်ဗျို့...အဲဒီလို..ဖုန်းနဲ့ပြောပြီးလိမ်ထဲကိုက အဓိပ္ပါယ်မရှိတဲ့လိမ်ညာမှုပါ...အဲဒီလိုလိမ်ညာမှုတွေ ရှိတယ်ဆိုတာ...အမှန်ပါ...။မကြုံဖူးသေးလို့..မယုံ နိုင်တာပါ..။ ကြုံဖူးလိုက်ရင်..သိသွားပါမယ်..။ နောက် ကျွန်တော်တို့ဆီက..ဖုန်းနံပါတ်တွေကို..သူတို့တွေက..ကျွန်တော်တို့ထီးထိုးပြီးသားဆိုင်တွေမှာရတယ်လို့တော့ ခန့်မှန်းရတယ်ဗျာ..။ ဒီလူတွေကိုမသင်္ကာဘူးဗျာ...။ ထီရောင်းတဲ့ဆိုင်က စာရေးမတွေကိုပါ..မသင်္ကာပါဘူး

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved