စိုင်းနော်ခမ်းကို တရုတ်ပြည်ပို့ပြီ

Thursday, May 10, 2012

ဓာတ်ပုံ - Shanghai Daily

နိုင်ငံ လေးခုက အလိုရှိနေတဲ့ စိုင်းနော်ခမ်း ဟိုတလောက အဖမ်းခံရပါတယ်။
သူလှုပ်ရှားရာ ရွှေတြိဂံဒေသမှာပဲ အဖမ်းခံရတာပါ။
သူ့ကို လာအို အာဏာပိုင်တို့က ဖမ်းမိခဲ့တာဖြစ်ပြီး အခု သူ့ကို ဒီကနေ့ပဲ တရုတ်နိုင်ငံကို ပို့လိုက်ပါပြီ။

အထက်က ပုံမှာ တွေ့ရတဲ့အတိုင်း ၂ နိုင်ငံ အရာရှိတွေ သူ့ကို လွဲပြောင်းလွဲယူကြပါတယ်။

လာအို၊ မြန်မာ၊ ထိုင်း ၃ နိုင်ငံ ဆုံရာ ရွှေတြိဂံဒေသမှာ မူးယစ်ဆေးကုန်ကူးမှု၊ ဓားပြတိုက်မှုတွေအတွက် အဲဒီနိုင်ငံတွေက သူ့ကို ၀ရမ်းထုတ်ထားတာပါ။
မကြာသေးခင်က အဲဒီဒေသ မဲခေါင်မြစ်အတွင်း တရုတ်ကုန်တင်သင်္ဘောသားတွေ အသတ်ခံရမှုနောက်ပိုင်းမှာ တရုတ်အာဏာပိုင်တို့ကလည်း သူ့ကို အလိုရှိတယ် ဆိုတဲ့ သတင်းတွေ ထွက်လာပါတယ်။

အခုတော့ သူ တရုတ်ပြည် ရောက်သွားပါပြီ။ တရုတ်သင်္ဘောသားများ သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်ပြီး သူ့ကို စစ်ဆေးမယ်၊ တရားစီရင်ပါမယ် တဲ့။



သူ့ကို တရုတ်အာဏာပိုင်တွေလက်ထဲ ထည့်လိုက်ပုံ၊ လုံခြုံရေးအထပ်ထပ်နဲ့ လေယာဉ်ပေါ် တင်လိုက်ပုံတို့ကို ပြီးခဲ့တဲ့ နာရီပိုင်းအတွင်းမှာပဲ တရုတ် CCTV ရုပ်မြင်သံကြားက အသေးစိတ် တိုက်ရိုက် ထုတ်လွှင့်သွားပါတယ်။


10 comments :

  1. soengel2 said... :

    စိုင်းနော်ခမ်းကိုတရုပ်ပြည်ပို့ရအောင်သူကဘယ်နိုင်ငံသားလဲ

  1. Anonymous said... :

    ရင်နာတယ်ဗျာ...ကိုယ်နိုင်ငံသားဖြစ်နေတော့...
    အဆိုးဆုံးကသူများတွေရှေ့ဒူးထောက်ပြီးလိုရာအခိုင်းခံနေတာ...ကိုနော်ခန်းရေသတ်ရဲရင်သေရဲရမယ်အရှက်တော့
    မခွဲနဲ့...........

  1. မောင်ကောင်း( ရန်ဂွန်း) said... :

    တရုပ်ပြည်ရောက်သွားတာ စိုင်းနော်ခမ်းအတွက် အင်မတန်ကောင်းကံသွားတယ်မှတ်လို့ရတယ် :)

  1. Anonymous said... :

    သေချာတာကတော့ သူ့အမှုက တရုတ်လက်ထဲရောက်သွားပြီဆိုကတည်းက သေဒဏ်ပါပဲ။ မြန်မာပြည်မှာလို ၃ နှစ်အရင်ထောင်ဒဏ်ကျခံစေ၊ ပြီမှ သေဒဏ်ဆိုပြီးတော့ လုပ်မှာမဟုတ်ဘူး။ တရုတ်ပြည်မှာက ထစ်ကနဲဆိုသေဒဏ်ပေးတာ။

    စိုင်းနော်ခမ်းမှမဟုတ်ပါဘူး။ မူးယစ်ဆေးဝါး ကူးသန်းရောင်းဝယ်တဲ့ဟာက မြန်မာနိုင်ငံအပါအ၀င် နိုင်ငံတော်တော်များများမှာ သေဒဏ်ပေးပါတယ်။ နောက်ပြီး သင်္ဘောသား ၁၃ ယောက်ကိုပါ သူတကယ် သတ်ခဲ့တာဆိုရင်တော့ သူ့အပြစ်ကတော်တော်ကြီးနေပါပြီ။

    အခုလို ဓာတ်ပုံထဲမှာ မြင်ရတော့ ရင်ထဲမှာတော့ တမျိုးကြီးဖြစ်သွားတယ်။ စိတ်တော့မကောင်ဘူး။ ဒါပေမယ့်လည်း ဘယ်တတ်နိုင်မလဲ။ ဘယ်သူမဆို ကိုယ်ပြုတဲ့ ကံ၊ ကိုယ့်ဆီသာ ပြန်လာမှာပဲမို့လား။

  1. မြန်မာ said... :

    ဟုတ်လား ရန်ဂွန်း ဘာလို့လဲ ? ဘာလို့ အင်မတန် ကံကောင်းသွားတာလဲ

  1. Anonymous said... :

    လာအိုက ဘာလို့တရုတ်ကိုဖားနေတာလဲ
    ထိုင်းကိုပေးလိုက်ပေါ့
    ဒါမှမဟုတ် လာအိုမှာဘဲတရားစီရင်ပေါ့
    ရှမ်း၊လာအို၊ထိုင်း တစ်နွယ်ထဲဖြစ်ပြီး
    လာအိုကသစ္စာဖေါက်တယ်
    ကွန်မြူနစ်လာအို အလကားလာအို

  1. Anonymous said... :

    တရုတ်ကိုလွှဲလိုက်တာ ..တရုတ်က သူ့ဆီက ဘိန်းချက်နည်းပညာ ဦးစွာတောင်းဦးမှာပါ ..ပြီးမှ သေဒဏ်

  1. အေတူကန် said... :

    သေဒဏ်ပဲ ဖြစ်ဖြစ်၊ ဘာဒဏ်ပဲ ဖြစ်ဖြစ်၊ ဘယ်လောက်ပဲ ပြစ်ဒဏ်ကြီးလေးသည် ဖြစ်စေ၊ ကိုယ့်နိုင်ငံမှာ ပြစ်ဒဏ်ကျခံရတာက ကာယကံရှင်အတွက် သိက္ခာရှိပါတယ်။ တိုင်းတစ်ပါးသားတွေရှေ့ မှာ ခုလို ဒူးထောက်နေရတာက သေတာထက် ပိုဆိုးတယ်။ တရုတ်ကို မျက်နှာလို မျက်နှာရ လုပ်တဲ့ လာအိုရဲ့ လုပ်ရပ်က ရွံစရာပါ။ တာရိုးကသွား လာအို ခေါင်းဆောင်တွေ။

  1. mya said... :

    ကျမတို့နိုင်ငံသားတစ်ယောက် သူများနိုင်ငံသားတွေ
    ရှေ့မှာ ဒူးထောက်ရတဲ့ဘ၀ကို မခံချိဖြစ်ရပါတယ်

  1. Anonymous said... :

    I feel angry seeing the first photo..which my own citizen kneeing down especially infront of Chinese. it simply shows no human rights in china. even he is accused of the crime, should be treated with respect.

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved