ပြည်တော်ပြန်တွေ ထိုးရတဲ့ ၀န်ခံကတိ

Tuesday, May 15, 2012


"နိုင်ငံတော်သမ္မတကြီး"က ပြည်တော်ပြန်လာကြဖို့ ဖိတ်ခေါ်ပေမယ့် ဒီဝန်ခံလက်မှတ်ကို စိတ်ကသိ ကအောင့်ဖြစ်နေကြတဲ့ သူတွေ များစွာ ရှိနေပါကြောင်း ။

(က) နိုင်ငံတော်အား အကြည်အညိုပျက်စေသည့် အပြုအမူနှင့် ပြောဆိုမှုများကို
ရှောင်ကြဉ်ရန်.

(ခ) နိုင်ငံတော်၏ တည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေ စိုမိုးမှုကို ထိခိုက်စေမည့် လုပ်ဆောင်မှု၊ လှုံဆော်ပြောဆိုမှု၊ ရေးသားဖြန့်ဝေမှုများမပြုလုပ်ရန်။

(ဂ) တရားမ၀င် အဖွဲ့အစည်းများနှင့် ဆက်သွယ်ခြင်း မပြုရန်။

(ဃ) အဖျက်အမှောက် လုပ်ရပ်များ ရှောင်ရှားရန်၊

(င) နိုင်ငံတော်၏ ကျေးဇူးသစ္စာကို စောင့်သိ၍ ဥပဒေဘောင်အတွင်း အေးချမ်းစွာနေထိုင်ရန်။

11 comments :

  1. Anonymous said... :

    ဘာဖြစ်လို့ စိတ်ကသိကအောက် ဖြစ်ရတာလဲ။ပြည်တွင်းမှာ တစ်ခြားသူတွေလည်း ဒီလိုပဲနေရတာပဲ။ ကိုယ်တတ်ထားတဲ့ ပညာက တစ်လဒေါ်လာ ၅၀၀၀လောက် ရမယ်ဆို ကိုယ့်တိုင်းပြည်အတွက် ၃၀၀၀လောက်ရရင် ကျွန်တော်တော့ ပြန်မှာပဲ။

  1. Anonymous said... :

    နိုင်ငံတော်ဆိုတာဘယ်သူလဲ။
    It is definitely not country of Burma or people of Burma.
    ကိုယ်ေ-ာက်သုးံမကျတာကိုအဝေဖန်မခံနိုင်ရင်အစိုးရမလုပ်နဲ့
    တခါလာရင်နိုင်ငံတော်ဆိုတဲ့စကားလုံးသုံးပြိးလူတွေရဲ့ဘဝတွေ
    ပျက်ခဲ့ရတာရေတွက်လို့မရတော့ဘူး။
    အပြောင်းအလဲတကယ်လုပ်ချင်တဲ့အစိုးရလို့ဘယ်လိုမှယူဆလို့
    မရသေးဘူး။

  1. အေတူကန် said... :

    ကိုယ့်ကိုယ်ကို နိုင်ငံတော်လို့ ပြောနေတဲ့ ကောင်တွေကသာ တိုင်းပြည်ကို ရစရာမရှိအောင် ဖျက်ဆီးခဲ့တာ။ အခုရော မင်းတို့  ဘယ်လောက်ကောင်းနေလို့ လဲ။ ပြည်ပရောက်တွေဆိုတာလည်း အဓိက က မင်းတို့ အုပ်ချုပ်မှုအောက်မှာ တိုင်းပြည် မွဲပြာကျသွားလို့ ပြည်ပထွက်ပြီး အနှိမ်ခံဘဝနဲ့ အလုပ်လုပ်နေကြရသူတွေ၊ မင်းတို့ ရက်စက်ယုတ်မာလို့ နေရပ်စွန့် ခွာထွက်ပြေးရသူတွေ ဖြစ်တယ်။ နိုင်ငံတော်ဆိုတဲ့ စကားလုံးကို အသုံးချရုံသာမကဘဲ သဘောထားကြီးတယ် လို့ ပါဆိုလိုက်သေးတယ်။ မင်းတို့ ပါးစပ်က နတ်စကားထွက်တာကတော့ ကြားနေကျ ကိစ္စပါ။

  1. Anonymous said... :

    That's right

  1. Anonymous said... :

    ပြသနာမရှိပါဘူး။ဒါတွေကနိုင်ငံသားတိုင်းလိုက်နာရမှာပဲ။
    အထွေအထူးမပါပါဘူး။

  1. Anonymous said... :

    If you are saying that it is changing to positive way, why can't attaining any constructive opinions, without them , there is no development. Developed countries welcome any criticism, feedback, collaboration and different views. If your government is not prepared to take those views, there won't be no development and for sure, overseas academics will not coming back home.

  1. နိုင်ငံတော်ဆိုတာ...ဗိုလ်ချုပ်မှူးကြီးသန်းေ၇ွှ၊ဒု-ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ထိပ်ပိုင်းဗိုလ်ချုပ်ဗိုလ်မှူးကြီးများခေါ်တပ်မတော်မှသူဌေးကြီးများနှင့် သူတို့ ၇ဲ့ အသိုင်းအ၀န်းများ၊ ဆင်ဖြူတော်မှီကြံစုပ်...ခ၇ိုနီများ၊ကြံ့ ဖွံ့ များကိုခေါ်သည်...

  1. Anonymous said... :

    အဲဒါတွေက ဖြစ်သင့်တာပဲ။ အလွန်အကျွန် ဘာမှမပါဘူး။ ကိုယ်နိုင်ငံကို ဘယ်တော့မှ အကောင်းမမြင်တဲ့သူတွေကို မပြန်ဘို့ဘဲ တိုက်တွန်းပါတယ်။ အကောင်းမြင်သူတွေ ဖြစ်နိုင်ရင် ပြန်သွားဘို့ ကြိုးစားကြပါ။

  1. Anonymous said... :

    ကျေဇူးတင်ပါတယ် တုတ်ကျမှလယ် ထွန်တဲ့ နွားတွေမဟုတ်တော့ဘူးဆိုတာ မင့်တို့ အာဏာပိုင်တွေ ကောင်းကောင်းသိပါစေ အနောက်နိုင်ငံတွေရဲ့ ဆက်လက်ပိတ်ဆို့ မှုဒဏ် ခံခြင်သေးတယ်ဆိုရင် မင်းတို့ ဆက်မိုက်လိုက်ဦး

  1. Anonymous said... :

    “ပြသနာမရှိပါဘူး။ဒါတွေကနိုင်ငံသားတိုင်းလိုက်နာရမှာပဲ။“
    ဒါဆိုဘာလို့လက်မှတ်ထိုးခိုင်းနေတာလဲ
    အဲဒီအချက်တွေကိုဖောက်ဖျက်ကျူးလွန်ရင် ဘယ်သူကိုမဆို အရေးယူမှာဘဲမဟုတ်လား

  1. Anonymous said... :

    (က)မြန်မာပြည်က မကောင်းပါဘူးကွာ။ ငါတို့နေတဲ့ ပြည်ပ (အမေရိကန်/ ဂျပန်/ အော်ဇီ/ နော်ဝေ/..) လောက်တောင် မကောင်းပါဘူးကွာ။ အခုအစိုးရကလည်း အလကားပါကွာ။ ဒေါ်အော်ဆန်းစုကြည်လည်း အလကားပါကွာ။ ပြုပြင်ပြောင်းလဲရေးတွေ လုပ်နေတယ်ဆိုပြီး အမေရိကန်တို့ ဂျပန်တို့ကို မှီဖို့မပြောနဲ့ အိမ်နီးချင်း ထိုင်းတို့ လာအိုတို့လောက်တောင် မဖြစ်သေးဘူး။

    (ခ)လမ်းတွေပေါ်ကိုထွက် ဆန္ဒတွေပြ၊ ကားတွေမီးရှို.၊ ရဲတွေ လုံထိန်းတွေကို ဂရုကိုမစိုက်နဲ့။ ဂုံးကျော်တံတားတွေ မပြီးသေးဘူး။ ငါးထောင်တန်ဖုန်းတွေ မဖြစ်သေးဘူး။ မော်တော်ကားတွေ လူတိုင်းမစီးနိုင်သေးဘူး။ လိုင်းကားတွေကျပ်တုန်းပဲ။ ဆန္ဒပြမှ အောင်မြင်မယ်။ ငြိမ်ခံမနေကြနဲ့တော့။ ပြည်ပကလူတွေ ဒါမျိုးတွေလုပ်တတ်ကြတယ်။ မြန်မာပြည်လည်း ဒါမျိုးလုပ်မှကို ဖြစ်မယ်။

    (ဂ)စကော်ပီယံလို ဂိုဏ်းမျိုးတွေနဲ့ဆက်သွယ်။ NLD ကတရားဝင်တော့ မဆက်သွယ်နဲ့။ တရားဝင်အဖွဲ.အစည်းတွေနဲ့ အလုပ်လုပ်ရင် မဖြစ်ဘူး။

    (ဃ)အစိုးရရုံးတွေ ဗုံးထောင်မယ်။ ကားဂိတ်တွေ ဗုံးဖောက်မယ်။ သမ္မတကြီးကို လုပ်ကြံမယ်။ ဒါမှ တိုင်းပြည်တိုးတက်မှာ..။

    (င)ဘာကျေးဇူးမှမရှိဘူး။ အခွန်တွေယူ ပြည်သူတွေအတွက် ဘာမှမလုပ်ပေးဘူး။ လမ်းတွေ ကိုယ့်အားကိုယ်ကိုးတွေပဲများတယ်။ ဥပဒေဘောင်အတွင်း ငြိမ်ခံနေလို့ကတော့ အဆင်ပြေမှာမဟုတ်ဘူး။ တိုးတက်တဲ့ တိုင်းပြည်ဖြစ်လာအောင် ဥပဒေကို ဆန့်ကျင်ကြ။

    ဒါကြောင့်များလား မသိ.. ။ ဘဇာကြောင့် ရွှေစိတ်တော်နှလုံး ဘ၀င်ချုံးအောင် စိတ်ကသိကအောင့် ဖြစ်နေကြသနည်း :)

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved