ဒေါ်အောင်ဆန်းစုကြည်ကို လေးစားတယ်ဆိုတဲ့ ဗိုလ်နှုတ်ခမ်းမွေး

Wednesday, May 16, 2012

ဓာတ်ပုံ-MHS

ထိုင်း ဒု ၀န်ကြီးချုပ်က မူးယစ်ဆေးဝါး တရားခံလို့ စွပ်စွဲတာ ခံထားရတဲ့ ဗိုလ်နှုတ်ခမ်းမွေးဟာ အခုတော့
နှုတ်ခမ်းမွေးတွေလည်း မရှိတော့ပါဘူး။

ဓာတ်ပုံ ခွမ်းခမ်းဒွမ် သာမည


အလိုရှိသည် တရားခံ စာရင်းမှာ သူ ပါနေပေမယ့် ပြီးခဲ့တဲ့ ရက်ပိုင်းမှာပဲ ထိုင်းစစ်တပ်က ဗိုလ်နှုတ်ခမ်းမွေးက မူးယစ်ဆေးနဲ့ ပတ်သက်မှု မရှိဘူး လို့ ဆိုလိုက်ပါတယ်။

ဗိုလ်နှုတ်ခမ်းမွေးက သူ့အိမ်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံကို ချိတ်ဆွဲထားတယ်၊ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ အလွန်လေးစားရတဲ့သူ ဖြစ်ကြောင်း ပြောခဲ့တယ်လို့ သိရပါတယ်။

နယ်စပ်ဂိတ်တွေ ပိတ်မယ်လို့ ပြောခဲ့တဲ့ ဗိုလ်နှုတ်ခမ်းမွေးဟာ နောက်ဆုံးတော့ နယ်စပ် ဂိတ်တွေကို ဖွင့်ပေးလိုက်ပြီ လို့လည်း သိရပါတယ်။

2 comments :

  1. Anonymous said... :

    He is a hero too.

  1. Anonymous said... :

    တကယ်တော့သူ့နာမယ်က နခမ်းမွှေးမှမဟုတ်တာဗျ။ လူတွေကလှောင်ပြောင်ချင်လို့ အဲလိုခေါ်ကြတာ။ သူ့နာမယ် အစစ်က စောလာပွယ် လို့ခေါ်တယ် မသိသေးသူများ မှတ်ထားကြပေါ့။ ဘယ်နှယ်လူတယောက်ရဲ့နာမယ်ကိုအရင် မမေးမြန်းလေ့ လာဘဲနဲ့ ဒီလိုနောက်ပြောင် ခေါ်နေတာကတော့ မသင့်တော်ဘူးလို့ထင်တယ်။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved