မိုးဇလ ညွှန်ချုပ်သစ်

Saturday, May 12, 2012


နေပြည်တော်မှာလုပ်တဲ့ ၂၀၁၁ နိုဝင်ဘာ မုတ်သုန်ဖိုရမ် ဆွေးနွေးပွဲ

ဒေါက်တာ ဟာရင် နိုင်တီယမ်းကို မိုးဇလညွှန်ချုပ် ခန့်လိုက်ပြီ လို့ မနေ့က သတင်းစာများမှာ ကြော်ငြာတွေ့ရပါတယ်။

ဘယ်နေ့က ခန့်လိုက်တယ် မသိရပါ။ ညွှန်ချုပ်အဖြစ် စတင် တာဝန်ထမ်းတဲ့နေ့က စပြီး အစမ်း ခန့်တယ် လို့တော့ ဖော်ပြထားပါတယ်။

သတင်းဟောင်းတွေ ပြန်ကြည့်တော့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ သတင်းတပုဒ်မှာ သူ့ကို မိုးဇလညွှန်ချုပ် အဖြစ် တွေ့ရပါတယ်။

ဒေါက်တာ ဟာရင် နိုင်တီယမ်း (Dr Harin Naing Ti Yan) ကို UNFCCC အွန်လိုင်း မှာတော့ Daw Harin Ninety Young လို့ ရေးထားပါတယ်။

ဒီရာထူး ခန့်အပ်ခြင်း ပြန်တမ်းနဲ့ ပတ်သက်ပြီး Facebook မှာ - "ချင်းတိုင်း၇င်းသားများဖြစ်နေမလား" "အရင်ကဆို ဒီလိုနေရာတွေ မပေးဘူး" လို့ မှတ်ချက်ပြုထားတာ ဖတ်လိုက်ရပါတယ်။

အရင်ကတော့ မိုးဇလညွှန်ချုပ်အဖြစ် ဒေါက်တာထွန်းလွင် တာဝန်ယူခဲ့ပါတယ်။

မနေ့ကသတင်းစာမှာ တွေ့ရတဲ့ ပြန်တမ်း

နေပြည်တော်မှာလုပ်တဲ့ ၂၀၁၁ နိုဝင်ဘာ မုတ်သုန်ဖိုရမ် ဆွေးနွေးပွဲသတင်း

1 comments :

  1. Anonymous said... :

    ဒီမိုကရေစီနဲ့ပြည်ထောင်စု မှန်ရင် တိုင်းရင်းသား မခွဲခြားရဘူး..
    အဲကုလားနဲ့တရုပ်မပါဘူးနော..

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved