အကြောင်းပြချက်တွေ ထပ်လာပြန်ပြီ

Tuesday, May 22, 2012



အခုရက်ပိုင်းမှာ မန္တလေးမြို့နဲ့ နယ်မြို့ကြီးတချို့မှာ လျှပ်စစ်မီး ၂၄ နာရီမီးလင်းရေး ဆန္ဒပြမှုနဲ့ ပတ်သက်ပြီး မြန်မာအစိုးရ အာဘော်ဖြစ်တဲ့ နိုင်ငံပိုင် သတင်းစာတွေမှာ မီးမလာနိုင်တဲ့ ကိစ္စကို ဖြေရှင်းထားတာကို ဒီကနေ့ ကြေးမုံ သတင်းစာ မှာတွေ့ ရပါတယ်။

အခုရက်ပိုင်းမှာ မန္တလေးမြို့နဲ့ နယ်မြို့ကြီးတချို့မှာ ၂၄ နာရီ လျှပ်စစ်မီးလင်းရေး ဆန္ဒပြမှုတွေဆက်တိုက်ဖြစ်လာနေပါတယ်။

လျှပ်စစ် ၀န်ကြီးဆိုသူတွေကလည်း KIA က ဓာတ်အားလိုင်း တာဝါတိုင်မိုင်းခွဲလို့အကြောင်းပြ၊
မိုးရွာပါစေဆုတောင်းပါ ပြောလိုပြော၊ မီးမနိုင်လိုနဲ့ ဒီရက်ပိုင်း ဗုံခွဲတဲ့ ကိစ္စကိုပါ လွှဲချထားပါတယ်။
ဒီလို အကြောင်းပြချက်တွေကို ထပ်ဆင့်ပြီး ဒီကနေ့ သတင်းစာက နောက်ထပ် အကြောင်းပြချက်တွေ ထပ်ပေးလိုက်ပြန်ပြီ။




မြန်မာပြည်သူတွေက ဒီအကြောင်းပြချက်တွေဟာ လုံလောက်ခိုင်မာမှု မရှိတာကို သိကြပါတယ်။
မြန်မာနိုင်ငံမှာ နွေ၊ မိုး၊ ဆောင်း ၃ ရာသီလုံး လျှပ်စစ်မီး ၂၄ နာရီ မလာတာ တကမ္ဘာလုံးသိပါတယ်။ အခုမှ အကြောင်းပြချက်တွေ ပေးနေတာပါ။ အခုနောက်ဆုံး သတင်းများ အရ ဒီလို လျှပ်စစ်မီး မလာလို့ ဆန္ဒပြသူတွေကို မန္တလေးမှာလဲ လိုက်ဖမ်းနေပြီတဲ့။



မဖြစ်သင့်တော့ပါဘူး။ ခေတ်မီတဲ့ ဒီမိုကရေစီနိုင်ငံတော်ကြီးသွားမယ်ဆိုရင် ဒီလျှပ်စစ်မီးဆိုတာကိုတောင် အခုထိ စနစ်တကျ တနိုင်ငံလုံးအတိုင်းအတာနဲ့ မီးမပေးနိုင်ရင် ဖွံ့ဖြိုးတိုးတက်ဖို့ လုပ်ဆောင်မယ်ပြောနေတာ လက်တွေ့ မကျပါဘူး။












12 comments :

  1. Anonymous said... :

    အစကပြောတော့ မဂ္ဂါဝပ်ပိုလို့ရောင်းစားမယ်ပြောတယ်.
    ခုကျတော့မလောက်ဘူး ပြောတယ်
    ရွှေလီဓာတ်အားလိုင်းမိုင်းခွဲခံရတာနဲ့ မြန်မာနိုင်ငံမီးပျက်တာနဲ့ဆိုင်လို့လား...ဓာတ်အားပေးတာကတရုတ်ကပေးနေတာလား..ကိုယ်နိုင်ငံထဲကပေးနေတာလား...နားမလည်တော့ဘူးဗျာ..........

  1. baranathi said... :

    ထပ်တည်ဆောက်မယ် ဆိုရင် ထပ်ရောင်းမစားဘူးလို.အာမ မခံပါလား

  1. AHM said... :

    overflow so.....

  1. The Accountant General said... :

    We don't even have enough electricity and how to save it. Be logical and the people of Burma never have a chance to waste electricity. I can't stand the way they put it in the newspaper.

  1. The Accountant General said... :

    We don't even have enough electricity and how to save it. Be logical and the people of Burma never have a chance to waste electricity. I can't stand the way they put it in the newspaper

  1. shangyi said... :

    အစက တော့ ပိုလို`့ရောင်းတယ်
    အခုတော့............
    နေပြည်တော်ကျတော့ လင်းလို`့ထိန်လို`့

  1. Anonymous said... :

    Offer a solution for 24 hours electricity. And wait and see the government reaction rather than demonstrating.

    if state has no capacity to provide 24 hours electricity, even if you demonstrate from morning to night till to provoke 8888 type nation wide uprising, you will not get 24 hours electricity at all.

    if democracy leaders are wise enough, offer a solution, offer human, technical and financial resources to implement 24 hours electricity, then everyone will be happy including the government.

  1. Dagon-Thar said... :

    Yes if there is a shortage, Every towns & cities has to share the burden. Why Nay Pyi Daw is always bright. Where is fairness????? That's the main problem with the successive Myanmar Governments, No Honour and No Fairness ever.........

  1. Anonymous said... :

    အခုချက်ချင်းလုပ်ပေးလို့ရတဲ့ အရာမဟုတ်တာသဘောပေါက်သင့်တယ်။အရင်အစိုးရကြောင့် ဆိုးမွေခံနေရတာဘဲလေ.......သမတကြိးလဲအဆင်ပြေအောင်ကြိုးစားပေးမယ်ဆိုတာယုံကြည်တယ်။ဆံဒ ပြတာတွေမလုပ်သင့်တော့ဘူး.....မြင်ယောင်သေးတယ် မဟုတ် တရုတ်လုပ်တဲ့သူတွေ ပါလာပြိး မိးပွိုင့်တွေရိုက်ဖျက်,ကားတွေ မိးရှို့နဲ့ အဓိ့ကရုဏ်းဆန်လာရင်. (တပ်မတော်မှ............) သွားပြန်ပြိ နောက်နှစ် ၂၀

  1.ိကိုပေါက်စ said... :

    အခုချက်ချင်း လုပ်ပေးလို့ ရတာရှိပါတယ်....
    နေပြည်တော်က လူမရှိတဲ့ နေရာတွေမှာ ထွန်းထားတဲ့ မီးတွေအကုန်လုံးပိတ်လိုက်လေ...၊
    ထိပ်တန်းအရာရှိ ကြီးတွေရဲ့ အိမ်တွေ၊ရုံးခန်းထဲက လေအေးပေးစက်တွေ ပိတ်လိုက်လေ...၊ အခု ဘယ်ဝန်ကြီး အိမ်မှာ
    မီးပြတ်နေသလဲ...၊သူတို့အိမ်တွေမှာလည်း
    ပြည်သူလူထုတွေအတိုင်း မီးမလာဘူး ဆိုရင်
    ကျုပ်တို့လည်း အမှောင်ထဲမှာ နေမယ်လေ...။

  1. Anonymous said... :

    မီး မလာ သည် မှာ အ ခုရက် ပိုင်း အတွင်း မ ဟုတ် ပါ ၊ ဟိုး လွန်ခဲ့ ၁၅ နှစ် က ထဲ က မီး မ လာတာ၊ အခုမှ ဆန္ဒပြ ကြ တာ ဘာ ကြောင့် လဲ။
    ဆန္ဒပြ လို့ ကော ဘာ ဖြစ် လာ မလဲ၊ ဒီ လို ဆန္ဒပြ အောင် အ စိုး ရ လှည့် ကွက် ဖြစ် တယ် ဆို တာ သဘော ပေါက် စေချင်တယ်။

  1. Anonymous ပြောသလိုပါပဲ.. မီးက တစ်သက်လုံးကမှ မလာတာပါ.. နွေရာသီရောက်ရင် မီးပျက်နေကျပါ.... ခေါတ်ဆိုး၊အစိုးရဆိုး တွေလက်ထက်က အခြေခံကျတဲ့ပါဝါတိုင်တွေ၊ ပါဝါကြိုးတွေ ၊ ထရန်စဖေါ်မာတွေကအစုတ်အပြတ်တွေသုံးထားပါတယ်.. စနစ်တစ်ခုလုံးမြေလှန်ရလုမတတ်ပြန်ပြင်ရမယ့်အနေအထားရှိပါတယ် .. ဆန္ဒပြလည်းမလာနိုင်ပါ ..နိုင်ငံခေါင်းဆောင်များက ပြောတဲ့အတိုင်းတကယ်လုပ်မယ်ဆိုရင် နှစ်အနည်းငယ်အတွင်း ၁၂ရာသီ ၂၄နာရီမီးလာဖို့ဖြစ်နိုင်ပါတယ်.. ခုချက်ခြင်းကြီး ၂၄နာရီမီးလာအောင်သကြားမင်းတောင်လုပ်မပေးနိုင်ပါ.. ဆန္ဒပြလို့ အာဏာပြန်သိမ်းခံရနိုင်ခြေရှိတာကိုလည်း အချက်တစ်ချက်အနေနဲ့ထည့်သွင်းစဉ်းစားပေးကြပါ.. ကျေးဇူးပါ..

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved