မြို့နယ်အဆင့်အာဏာပိုင်ကို ဇေကမ္ဘာ ဂရုမစိုက်

Friday, May 11, 2012

ငြိမ်းငြိမ်း

ဇေကမ္ဘာကုမ္ပဏီ အကြီးအကဲ ဦးခင်ရွှေ (ဓာတ်ပုံ - Reuters)

ဇေကမ္ဘာကုမ္ပဏီက သိမ်းယူထားတဲ့ မင်္ဂလာဒုံမြို့နယ် ရွှေနံ့သာကျေးရွာက မြေဧက ၈၀၀ ကျော်မှာ မြေတူးစက်တွေ မြေညှိစက်တွေနဲ့ လာရောက်မြေညှိနေတာကို မြို့နယ်အာဏာပိုင်က မလုပ်ဖို့ တားမြစ်ခဲ့ပေမယ့် ဒီကနေ့အထိ ဆက်လုပ်နေတယ်လို့ သိရပါတယ်။

ဒီအတွက် လယ်သမားတွေလည်း လယ်မြေတွေဆီ စုရုံးရောက်ရှိလာပြီး မကျေမနပ် ဖြစ်နေကြပါပြီ။

မိုးရာသီ စပါးစိုက်ပျိုးချိန်ရောက်ခါနီးမှာ လယ်ကွက်ထဲက ကန်သင်းရိုးတွေ ဖျက်ဆီးခံရတာဖြစ်တဲ့အတွက် လယ်သမားတွေ ၅၀ လောက်က ကန်သင်း ပြန်ဖော်ခဲ့ပါတယ်။

ကြာသပတေးနေ့မှာ အိုးအိမ်ဦးစီးဌာနက တာဝန်ရှိသူများနှင့် မြို့နယ် အုပ်ချုပ်ရေးမှူးတို့ လာရောက်ခဲ့ပြီး နှစ်ဖက်စလုံးကို ဆက်မလုပ်ကြဖို့ တားမြစ်ထားတယ်လို့ သိရပါတယ်။

လယ် ၁၃ ဧကကျော် ဖျက်ဆီးခံလိုက်ရတဲ့ လယ်သူမကြီးတဦးက “ကန်သင်းရိုးတွေ မရှိတော့ဘူး။ အကုန်လုံး ကုန်နေပြီ။ အန်တီတယောက်တည်းပဲ ငွေမယူထားတဲ့ဟာ ၅ ဧကပဲ ကျန်တယ်။ အန်တီယူထားတဲ့ဟာလည်း သူတို့ ဖျက်တယ်။ မယူထားတဲ့ဟာလည်း အန်တီက လယ်ယာဥပဒေအရ တရားဥပဒေနဲ့ အရေးယူမယ် ဆိုတော့ ကျန်နေတာ။ ဖျက်နေတာ ၄-၅-၆ ရက် တပတ်လောက်ရှိပြီ” လို့ ဧရာဝတီကို ပြောပါတယ်။

ယခင်က လယ် ၁၈ ဧက ရှိတဲ့ သူ့မှာ အခုတော့ လျော်ကြေး ယူမထားတဲ့ ၅ ဧကပဲ ကျန်တယ်လို့ သိရပါတယ်။

ကုမ္ပဏီလုံခြုံရေးတွေက ကန်သင်းရိုး ဖျက်နေတာကြောင့် လယ်သမားတွေဘက်ကလည်း သူတို့လယ်မြေပေါ်မှာ လယ်ထွန်စက်တွေနဲ့ ကန်သင်းရိုး ပြန်ဖော်တာတွေ လုပ်ခဲ့တာပါ။

လယ်သမားတဦးဖြစ်တဲ့ ဦးကျော်စိန်က “မနေ့က (မြို့နယ်အုပ်ချုပ်ရေးဌာန) ဥက္ကဋ္ဌက ပြောထားတယ်။ ဒီနေ့ မနက် ပြန်ထိုးတယ်။ အခင်းတွေ ဖျက်နေတုန်းပဲ။ မနက်က ကျနော်တို့ တင်ပြထားသေးတယ်။ ကျနော်တို့က
(မြို့နယ်အုပ်ချုပ်ရေးဌာန)က ပြောထားတဲ့အတိုင်း လိုက်နာတယ်။ သူတို့က ဖျက်နေတုန်းပဲ” လို့ ဧရာဝတီကို ရှင်းပြပါတယ်။

ရွှေနံ့သာကျေးရွာက လယ်မြေဧက ၈၁၅ ဧက ကို လွှတ်တော်အမတ် ဦးခင်ရွှေ ပိုင်ဆိုင်တဲ့ ဇေကမ္ဘာကုမ္ပဏီက လျော်ကြေးငွေ သုံးသိန်း ပေးကာ မတန်တဆ သိမ်းယူထားတာဖြစ်ပြီး လယ်မြေပိုင်ဆိုင်မှုနဲ့ ပတ်သက်လို့ အငြင်းပွားနေတဲ့ ကိစ္စလည်း ဖြစ်ပါတယ်။

ပြည်တွင်းပြည်ပစာနယ်ဇင်းတွေမှာ ရေးသားဖော်ပြနေတဲ့ ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ဦးခင်ရွှေ နဲ့ ဇေကမ္ဘာကုမ္ပဏီဆီက တုံ့ပြန်သံ ထွက်မလာသေးပါဘူး။

ကုမ္ပဏီ အသိမ်းခံရတဲ့မြေတွေထဲမှာ သီးစားစာရင်းမပေါက်တဲ့ သံဃာမြေတွေလည်း ပါတယ်လို့ ကိုယ်တိုင် လှူထားတဲ့ လယ်သူမက ပြောပြပါတယ်။

“တချို့ဆိုရင် သီးစား စာရင်းလည်း မပါဘူး။ ဘုန်းကြီးမြေတွေပေါ့။ လှူထားတဲ့ ဒကာ ဒကာမလည်း ရှိတယ်။ အန်တီလှူထားတဲ့ ဘုန်းကြီးမြေလည်း ရှိတယ်။ သီးစားထဲ မပါဘူး။ အဲဒါတွေက အဲ့ဒီက ထွက်တဲ့ စပါးတွေက မိဘမဲ့ကလေးတွေဆီ ရဟန်းသံဃာတွေဆီ လှူတယ်။ အဲ့မှာ သီးစားစာရင်း မရှိဘူး။ သူတို့လာဖျက်တယ်။ လာဖျက်တော့ အန်တီပြောလိုက်တာပေါ့။ ဒါ ဘယ်သူ့အမိန့်နဲ့ လုပ်နေတာလဲလို့။ ဇေကမ္ဘာက ၈၁၅ ဧကလေ၊ စာရင်း မပါဘူးပေါ့နော်။ ဒါ မတရားကြီး မကောင်းဘူး။ သူတို့လုံခြုံရေးတွေကတော့ မန်နေဂျာ ဦးမြင့်ဇော်အမိန့်လို့ ပြောတယ်” ဆိုပြီး သူက ရှင်းပြပါတယ်။

လယ်သမားတချို့က ဒီလယ်မြေတွေပေါ်မှာပဲ တဲထိုးနေကြတာဖြစ်တဲ့အတွက် သူတို့အတွက် နေစရာ မရှိ ဖြစ်နေတယ်လို့လည်း သိရပါတယ်။ လယ်သမားတွေကို သူတို့တဲအိမ်တွေ ဖျက်ပီး ဖယ်ပေးဖို့ ဒီနှစ်အစောပိုင်းက ကုမ္ပဏီ မန်နေဂျာက လာပြောထားပါတယ်။

လယ်တဲက လယ်သမားမိသားစု သုံးလေးစုရဲ့ ဒုက္ခကို သူ ဆက်ပြောပြာတာက ဒီလိုပါ -

“အန်တီလေ သနားတယ် မျက်ရည်လည်း ကျတယ်။ လင်မယား ၂ယောက် လယ်တဲမှာနေတာ။ သူတို့မှာ စားစရာလည်း မရှိဘူး။ သူတို့ ကန်သင်းရိုး ဖျက်လိုက်တာနဲ့ ပြန်ဖော်တာနဲ့ လယ်ထဲက တဲ ၃ တဲက ဘယ်ပျောက်သွားမှန်း မသိဘူး။ လုပ်စားဖို့က။ အန်တီ သူတို့တဲကို ၀င်သွားတော့ လင်မယားနှစ်ယောက်မှာ တယောက်က အဖျားတက်ပြီး တယောက်က မျက်ရည်တွေကျပြီးတော့ ခံစားရတယ် သူတို့ကို တွေ့တော့။ မနေ့ကပဲလေ။ သူတို့ ကန်သင်းရိုးတွေ ဖျက်ခံရ၊ ယောက်ျားကလည်း ဖျားတော့ စိတ်ဓါတ်တွေ ကျလို့ ဖြစ်မှာပေါ့။ သူ့မိန်းမကလည်း ကန်ဇွန်းရွက်တွေ လယ်ထဲမှာ လိုက်ခူးပြီး ငါတို့ ဘယ်လိုနေကြရမလဲ ပြောတယ်”

မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ အပါအ၀င် နိုင်ငံရေးအဖွဲ့တွေက ပုဂ္ဂိုလ် တချို့ကလည်း ရောက်လာပြီး ကူညီ ပြောဆိုဆောင်ရွက်ပေးတာတွေ ရှိပါတယ် တဲ့။

“ပါတီတွေကလည်း တယောက်တပေါက်နဲ့။ စကားတွေကလည်း အမျိုးမျိုး။ အန်တီတို့ကလည်း လယ်သမား။ တတ်လို့ လုပ်နေတာ မဟုတ်ဘူး။ အန်တီတို့ ငတ်လို့ လုပ်နေတာ။ တကယ် လူကြီးမင်းတွေဆီ တင်ပြနေတာ။ အန်တီတို့ စာတတ်တာလည်း မဟုတ်ဘူး” လို့
သူက ဆက်ပြောပြပါတယ်။

ဒါတွေကတော့ ရန်ကုန်မြို့ပြင်တနေရာက အခြေအနေတွေပဲ ဖြစ်ပါတယ်။

12 comments :

  1. Anonymous said... :

    Khin Shwe

    A big big coffin is necessary to bury you. at least 3 feet by 7 feet and depth should be at least 2 feet to make room for your big belly.

    YOu should not chair Buddhist organization because Buddhism will be tarnished its name and reputation because of you. And there will be a lot of convert to other religions as a gesture of protest against you. As you are a real bastard and you should not be a Buddhist organization chairman or member anymore.

  1. Anonymous said... :

    ဂဠုန်ဆရာစံ လို လူမျိုးတယောက် တော့ လိုလာပြီ။ ဘယ်နဲ့ဗျာ လုပ်စား စရာမြေ ဒီလောက်ရှားသလား၊ ဦးခင်ရွှေ ခင်ဗျား တော့ မြေမျိုပြီး ဘဝဇာတ်သိမ်း မလှ ဖြစ်တော့မယ်။ ရှက်တတ်တဲ့လူဆို လွှတ်တော်အမတ်က နူတ်ထွက်သွားပြီ၊

  1. Anonymous said... :

    How he become a representative? How he steal people's money? Khin Shwe, Tay Za, Zaw Zaw, Tun Myint Naing and all other cronies will face punishment by God soon. See former prime minister Soe Win ,Sec 2 Tin Oo ,and recently Vice President Tin Aung Myin Oo. Marana is for every people but Nivanna is for only generous nad honest people. Than Shwe and Mg Aye take care of yourselves too.Prepare for your end of hell.

  1. Anonymous said... :

    ကဲ ဘယ်လိုလဲ NLD ???

  1. Anonymous said... :

    @the one who posted the comment above
    What has it got to do with NLD? Ask yourself, who is ruling the country? USDP or NLD?

  1. Mg Khin Shwe ,Where are you come from ? I see.
    But You must to come My hell.

    YAMA MIN

  1. Idea said... :

    အိုကွယ်.. မဟုတ် မတရား တာတွေ တော့ မလုပ်ကြပါနဲ့ တော့ကွယ်.............. လုပ်ချင်ရင်လည်း မိမိပြုသည့်ကံ မိမိသာ ခံရမှာ ဓမ္မတာ ဆိုတာ မမေ့ ကြနဲ့ အုန်းကွယ်...........

  1. Anonymous said... :

    NLD နိုင်ငံတကာနဲ့ အလုပ်ရှုပ်နေပါတယ်။ ပြည်တွင်းမရှင်းပေးနိုင်သေးဘူး..စောင့်ဦးနော်....

  1. Anonymous said... :

    ဟမ်.nld နဲ့ဘာဆိုင်လို့လဲ နေရာတကာ nld ကလိုက်ပါရမှာလား ငတုံးရဲ့

  1. Anonymous said... :

    Wait some time! NLD will do for those
    farmers. Just wait. OK.

  1. Anonymous said... :

    ကျွုနုပ် တို့သည်လူဘဝမှာခဏတာသာ နေရမည်ကို သတိပြုပေးကြပါ။
    မတော်လောဘ မထားစေလိုပါ။

  1. Anonymous said... :

    ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကဘာလုပ်နေသလဲ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved