မြှုပ်နှံခွင့်

Wednesday, May 23, 2012


ပဲခူးတိုင်းဒေသကြီး မြစ်ကျိုးကျေးရွာမှ အစ္စလာမ် ဘာသာဝင်တစ်ဦး ဖြစ်သူ ဒေါ်ကုလားမ အသက်(၉၀) မကြာသေးမီက သေဆုံးသွားသည်။

မြစ်ကျိုးကျေးရွာနှင့် တစ်ဆက်တည်းရှိ ဂွေ့ကြီးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြင့်အောင်က ရုပ်အလောင်း မြှုပ်နှံခွင့်မပေးခဲ့ပေ။

သူက ခရိုင်အဆင့် အုပ်ချုပ်ရေးမှူး ခွင့်ပြုချက် ပါမှ မြှုပ်နှံခွင့် ပြုနိုင်မည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

သူ၏ အကြောင်းပြန်ချက်ကို စောင့်ဆိုင်းနေရသဖြင့် ညအချိန် (၇း၀၀) နာရီကျမှ ဝေါမြို့နယ်ရှိ မွတ်စလင်သုသာန်သို့ ခက်ခက်ခဲခဲ သွားရောက်မြှုပ်နှံခဲ့ရသည်။

မြစ်ကျိုး နှင့် ဝေါသည် (၁၄)မိုင် ကွာဝေးသည်။

အစ္စလာမ်ဘာသာဝင်တို့၏ ထုံးတမ်း အစဉ်အလာအရ ရပ်ဝေးမှ ဆွေမျိုးသားချင်းများကို စောင့်ဆိုင်းခြင်းမှလွှဲ၍ အချိန်မဆိုင်းဘဲ နာရီပိုင်းအတွင်း မြှုပ်နှံရခြင်းဖြစ်သည်။

လူ့အခွင့်အရေးဆုံးရှူံးမှု၊ ဘာသာရေး လွတ်လပ်ခွင့် ဆုံးရှူံးမှုများအကြောင်း သမ္မတ၊ လူ့အခွင့်အရေး ကော်မရှင်၊ ကုလသမဂ္ဂ စသည်တို့ထံ စာရေးသားပေးပို့ တိုင်ကြားသွားမည်။


3 comments :

  1. Anonymous said... :

    မြန်မာနိုင်ငံမှာ အရေးကြီးတဲ့ ပြည်သူတွေ သိသင့်တဲ့ သတင်းတွေ အများကြီး ရှိပါတယ်..
    အခုဖေါ်ပြထားတဲ့ သတင်းက သိပ်ကို အရေးပါ အရေးကြီးနေလို့ တင်ပြထားတာပါလား ဧရာဝတီ ဘလော့ဂ် မှ သတင်းတင်ဆက်သူများရှင့်။

  1. Thu Aung said... :

    Yes ... This is important... Why do you think it is not important?

  1. Anonymous said... :

    It is important. It shows how Burmese society accept diversity and differences. It is a sad story for the person who passed away and not able to bury . Wondering burmese society still accept this kind of abuses to other religion. Shame to be Burmese and narrow minded people.

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved