"ဒေါနတောင်တန်းပေါ်တွင် လက်နက်ကိုင်ဆောင်ကာ ရမ်းကားနေသော ၃၁၀ မှ တပ်မတော်သားများအကြောင်း"
၁၀.၄.၂၀၁၂နေ့ညနေခင်း(၄.၃၀)အချိန် ဒေါနတောင်တွင် ယာဉ်ကြောပိတ်နေစဉ် အလယ်ဗိုလ်တဲဂိတ် အမှတ်(၃၁၀) ခြေလျင်တပ်ရင်း မှ မူးယစ်သောက်စားထားသော အရာရှိ၊ စစ်သည်များသည် ခရီးသွား ပြည်သူများ၊ ကယ်ရီ ဆိုင်ကယ်များအား ခြိမ်းခြောက် ထိုးကျိတ်၍ ဂိတ်ကြေးများ တောင်းခံပါသည်။
ထိုဖြစ်ရပ်များကို ခရီးသွား ပြည်သူများနှင် ယာဉ်နောက်လိုက်များ၊ ယဉ်မောင်းများက အမြင်မတော်၍ ၀င်ရောက် ဖြန်ဖြေပေးကြသည်။ ဤကဲ့သို့ မတရား မပြုကြရန် ထိုအရာရှိ(အမည်မသိ)နှင့် ဆရာချစ်လှိုင်းဝင်း အပါအ၀င် ဂိတ်ကြေး ကောက်ခံနေသော အင်ဖေါ်မာ များအား ၀ိုင်းဝန်း ပြောဆိုပါသည်။
၎င်းတို့က သေနတ်အပါအ၀င် ဒုတ်များ ဆွဲကိုင်ကာ ဘယ်ကောင်တွေ ဟောင်တာလဲဟု ပြောဆို၍ သေနတ်ဖောက်ခြင်း၊ ဒုတ်များဖြင့်ရိုက်နှက်ခြင်း၊ကျောက်ခဲများဖြင့် ထွက်ပြေးသွားသူများအား ပစ်ပေါက်ခြင်း နီးစပ်ရာလူများအား ထိုးကြိတ်ကာ မအေ၊ နှမ မကြားဝံသည့် စကားလုံးများဖြင့် ဆဲဆို အော်ဟစ်ပါသည်။
ငါတိုကိုပြန်ပြောတဲ့ကောင်တွေ သေနတ်နှင့်ပစ်သတ်လိုက်ပြီး တောခိုသွားမယ်၊ ကြိုက်တဲ့ကောင်သွားတိုင်၊ လာတဲ့ကောင်ပါ ပစ်သတ်ပလိုက်မယ်ဟု တပ်ကြပ် ချစ်လှိုင်ဝင်းက ခြိမ်းခြောက် ကြိမ်းဝါးသည်။
၎င်းကိုင်ဆောင်ထားသောသေနတ်ဖြင့် ကျည်တကပ်လုံး ကုန်အောင် လိုက်လံပစ်ခတ်ခဲ့ပါတယ်။
ယခုအဖြစ်အပျက်များကို သမ္မတကြီး နှင့် ကာကွယ်ရေးဦးစီးချူပ် အပါအ၀င် တာဝန်ရှိသူ လူကြီးမင်းများက စုံစမ်း စစ်ဆေး၍ ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်ပေးပါရန် ဧရာဝတီဘလော့မှ တဆင့် လေးစားစွာ တိုင်တယ် ပြောကြားအပ်ပါတယ်ခင်ဗျာ။
ခင်ဗျားတို့ သတင်းတစ်ပုဒ်တင်ရတာက ကီးဘုတ်လေးကိုင် မောက်စ်လေးရွေ့ ပြီးတင်တာ လွယ်ပါတယ် .. တစ်ကယ်အမှန်လဲဖြစ်တယ်၊ တစ်ကယ်လဲအရေးယူပေးစေချင်တယ်ဆိုရင် ဖြစ်စဉ်အတိအကျ ၊ သက်သေအတိအကျ ၊မှတ်တမ်းမှတ်ရာ နဲ့ သွားတိုင်လို့ ရပါတယ် .. တစ်ခုခုဆို ကောလာဟလ နဲ့ မတိကျမသေချာ သမ္မတကြီးသို့ အိတ်ဖွင့် ပေးစာ လုပ်နေရင်တော့ သမ္မတ က ဆိုက်ကားသမားမဟုတ်ဘူး ဆိုတာ သိစေချင်တယ်