ဦးသိန်းစိန် MTV

Tuesday, May 15, 2012

ဒါရိုက်တာဝိုင်းရဲ့ "အဲဒီအခန်းဖြတ်" ဆိုတဲ့ ဇာတ်လမ်းတိုက ဒီနှစ်ဆန်းပိုင်း ဒေါ်အောင်ဆန်းစုကြည် ပါဝင်စီစဉ်တဲ့ လွတ်လပ်ခြင်းအနုပညာ ရုပ်ရှင်ပွဲတော်မှာ ပရိသတ်အကြိုက်ဆုံးဆုရတဲ့အထိ အောင်မြင်ခဲ့ပါတယ်။

ရုပ်ရှင်ဆင်ဆာအဖွဲ့လူကြီးမင်းများအကြောင်းကို သရုပ်ဖော်ထားတဲ့ ဇာတ်လမ်းတို ဖြစ်ပါတယ်။

သမ္မတဦးသိန်းစိန်လည်း "အဲဒီအခန်းဖြတ်" ရိုက်ချက်များကို နှစ်သက်ပုံပါပဲ။ သမ္မတသက်တမ်း တနှစ်ပြည့်ချိန် ထွက်ပေါ်လာတဲ့ "အနာဂတ်မြန်မာပြည်" သီချင်းရုပ်သံ ရိုက်ကူးရေးအတွက် ဒါရိုက်တာဝိုင်းကို ကမ်းလှမ်းခဲ့တာပါ တဲ့။

ဒီသီချင်း လူကြည့်များတာကို ၀ါဒဖြန့်ချိရေးဆရာကြီးများ သိသွားရင် "ပေါ်လစီ MTV တွေကို ဒီလိုရိုက်ဖို့ သမ္မတဦးသိန်းစိန် ဆိုလိုချင်ပုံရတယ်" လို့ တွေးမိကြမယ် ထင်ပါရဲ့။

ဒီအကြောင်း မစပ်စုက သီချင်းရေးသူ၊ ရုပ်သံရိုက်ကူးသူတို့ကို ဆက်သွယ်မေးမြန်းပြီး ဧရာဝတီသတင်းတပုဒ်မှာ ရေးထားပါတယ်။

ဦးသိန်းစိန်ခေတ်မှာ ပုံစံပြောင်းလာတဲ့ ပေါ်လစီသီချင်း မှာ ဖတ်နိုင်ပါပြီ။

2 comments :

  1. azh said... :

    ခုရေးသောကွန်မန်းအား သေချာအောင်လေ့လာပြီးမှတင်ပါ၊ တခြားမဟုတ်ပါ မြန်မာပြည်သူ များဖက်မှခံစားချက်များကို သိစေလိုမှုတစ်ခုသာဖြစ်ပါသည်။
    ပထမဦးဆုံးအနေနဲ့ မြန်မာပြည်တ၀ှမ်း ပြည်သူပေါင်းများစွာ ခံစားနေရသော လျှပ်စစ်ဓါတ်အား မလုံလောက်မှုကို ဘယ်အစိုးရတတ် တတ် မဖြေရှင်းနိုင်တာကို မျက်ဝါးထင်ထင်မြင်တွေ့ကြမှာပါ ဒါကလည်းမဆန်းပါဘူး လုပ်မှမလုပ်တာ လုပ်ပြန်တောံ့လည်း ပြည်သူအတွက် မှမဟုတ်တာ ပတ်သက်ရာပတ်သက်ကြောင်း တွေကိုတာဝန်ပေး မတော်တရော် ရာထူးတွေကို နိုင်ငံခြားအကြိမ်ကြိမ်လွှတ်ပြီးမဖြစ်ဖြစ်အောင်လုပ်နေကြတာ သိကြမှာပါ
    အယင်ကဆို မြန်မာနိုင်ငံမှာ စွမ်းအင်ဝန်ကြီးဌာန တစ်ခုတည်းနဲ့ လျှပ်စစ်ဓါတ်အားလုံလောက်အောင်ပေးခဲ့တာပါ ခုမှ မစားရ၀ကမန်း ဆည်မြောင်းဝန်ကြီးဌာနကနေ လျှပ်စစ်-၁ ကိုခွဲထုတ် ဦးအောင်ကိုးရွှေဆိုတဲ့လူနဲ့စ အရင်းတည်ပြီး ရေအားလျှပ်စစ်စီမံကိန်းတွေ လုပ် နိုင်ငံတော် ငွေတွေကို အလွဲသုံးစားလုပ်လိုက်ပံကတော့မြင်မကောင်းကြားမကောင်းအောင်ပါဘဲ ။
    အနီးစပ်ဆုံးတင်ပြရယင် ရေအားလျှပ်စစ် အင်ဂျင်နီယာတွေဆို ဘယ်သူကြည့်ကြည့် ကိုယ်ပိုင်ကားဆို ပရာဒို ဒဘယ်ကပ် ဆိုတာ အနည်းဆုံး သူတို့သားသမီးတွေစီးသလောက်သာရှိတာပါ၊
    တပ်မတော်အစိုးရလက်ထက် ကအကောင်အထည်ဖေါ်ခဲ့တဲ့ရဲရွာစီမံကိန်းကြီးဆို ပြီးယင်ဘဲ မြန်မာပြည် အထက်ပိုင်းဘဲမီးပေးနိုင်တော့မလိုနဲ့ တကယ်တန်းကျတော့ အနိမ့်ဆုံး ၀ဂ်တောင်မထုတ်လုပ်နိုင်ပါဘူး၊ ဒါပေမယ် ဒီစီမံကိန်းရဲ့အကျိုးအာနိသင်က
    (၁) စီမံကိန်းမှရွှေ့ပြောင်းလာသောအရာရှိကြီးများသည် မိခင်ဝန်ကြီးဌာန ပြန်ရောက်လာပါက ရာထူးကောင်းကောင်းရခြင်း။
    (၂) မည်သို့သောအောက်ခြေ၀န်ထမ်းများမဆို အိုးပိုင်အိမ်ပိုင် ကားပိုင် မယားအပိုပိုင်ဆိုင်ခွင့်ရလာခြင်း။
    (၃)ဌာနတွင် ပေးနိုင်ကမ်းနိုင် စားနိုင်မှုများကြောင့် မည်သည့်ဝန်ထမ်းမိန်းမပျိုကိုမဆို သားပြောမယားပြော ပြောစေကာမူ အရေးယူအပြစ်ပေးမှုမှ ကင်းလွတ်ခြင်း။
    (၄)ဌာနမှ အဆမတန်ခိုးဖွက်ထားသောငွေများနှင့် ပြင်ပလုပ်ငန်းအစုရှယ်ယာများ ထည့်ဝင် ခါ ဘ၀ ရှေ့ရေးအားကြိုတင်ပြင်ဆင်နိုင်ခြင်း။
    စသောများစွာသော အကျိုးမျာနှင့် လုံလောက်မှုရှိနေပါပြီ ။
    ဒါတွေကို မသိချင်ဟန်ဆောင်နေတာလား မသိသေးတာလား ကိုယ်တိုင်မျှဝေခံစားနေကြသလားလို့ ဆိုတာတွေကို သိချင်သူပြည်သူများကိုယ်စားမေးချင်တာပါ။
    ဒါတင်မကသေးဘူးနော် သိထားသလောက်ပြောရယင် နိုင်ငံခြားလုပ်ငန်းရှင်တွေက လုပ်ငန်းဖြစ်မြောက်ရေးအတွက် မြောက်များစွာသော ဒေါ်လာငွေတွေပေးရသေးတယ်ဆိုတာလည်းသိရသေးတယ်။ ဒီလိုလုပ်ရပတွေကို လုပ်ဆဲ လုပ်လက်စ ၀န်ကြီးကို ပြောင်းလည်းဖွဲ့စည်းတဲ့ အစိုးရအသစ်မှာ တွေ့နေရသေးတာ အံ့သြစရာနော် အစိုရအသစ်ဆိုတာ ပိုကောင်းဖို့ ဖွဲတာလား မကောင်းဆုံးလူတွေနဲ့ ပိုပြီးပက်စက်ဖို့ လုပ်လိုက်တဲ့ အဖွဲလားဆိုတာ စဉ်းတော့စဉ်းစားစရာပါဘဲ။
    ဖြစ်နိုင်တာကတော့ ဒုတိယ ထင်မြင်မှုဟာဖြစ်နိုင်သွားတာသေချာပါတယ် ဒါကလည်း သက်သေရှိလို ရေးရဲတာပါ သက်သေကတော့-----လွန်ခဲ့သော နှစ်လလောက်က နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ပြန်တမ်းဝင်အရာရှိစာမေးပွဲ ခေါ်တယ် ဌာနကကောင်းတော့ ဖြေလိုက်ကြတာ မနည်းဖူးလို့သိရပါတယ် ၊ အဆိုးဆုံးကတော့ဌာနတွင်း လူကြီးသားသမီးဆွေမျိုးမိတ်သင်ဂဟများစွာပေါ့ ထားပါလေ ဒီလိုနဲ့ လုပ်သက်ပြည့် အရည်အချင်းပြည့်မှီတဲ့ နှစ်များစွာဌာနမှာကျွန်ခံနေရတဲ့ဝန်ထမ်းတွေခမျာ တွေတွေလေးကြည့်သူကကြည့် အမှီ်လာပြီးဖြေသူကဖြေနဲ့ တော်တော်လေးကြည့်ရဆိုးခဲ့ပါတယ် အနှစ်ချုပ်တော့ ဒီစာမေးပွဖြစ်ရခြင်းအကြောင်းကတော့ ၀န်ကြီး ဒုဝန်ကြီး ညွှန်ချုပ်တွေရဲ့ သားသမီးတွေ အလုပ်ဝင်ချင်လို့ ဖန်တည်းလိုက်တယ်ဆိုတဲ့နောက်ဆုံး သတင်းထွက်ပေါက်ကသိလိုက်ရပါတယ်။ တော်ယုံ ၀န်ထမ်းသားသမီးတွေဆို ရုံးမှာအောက်ခြေ၀န်ထမ်း ရုံးအကူ စတဲ့နေရာကစ၀င်ရတာလေ သူတို့သားသမီးတွေကျတော့ ဒီလိုနေရာမျိုးဘယ်ဖြစ်ချင်မလည်း သူတိုသိတာပေါ့ အောက်ခြေ၀န်ထမ်းကို သူတို့ ဘယ်လောက်နှိမ်ချဆက်ဆံသလဲဆိုတာ ၊ ဒီလိုနပြီးခဲ့တဲ့ တပတ်က အောင်စာရင်းထွက်သွားပါတယ် မထင်ရလောက်အောင်ပါဘဲ သူတို့ သားသမီးတွေ ကိုသာ မြန်မာနိုင်ငံဝန်ထမ်းရွေးချယ်ရေးအဖွဲ့က တက်ညီလက်ညီရွေးချယ်ပေးလိုက်ပါတယ်။
    ဒီထဲမှာ မဟာညဏ်ကြီး ရှင်လေးတွေပါတယ်နော် မြန်မာနိုင်ငံဝန်ထမ်းရွေးချယ်ရေးအဖွဲ့ာစာမေးပွဲကို တစ်ကြိမ်တည်းနဲ့အောင်သွားတာကြည့်မလား မဖြေနိုင်လို့ ၀ိုင်းဖြေပေးလိုက်ရတဲ့ မဟာကံထူရှင်ကြည့်မလား စုံပါတယ် မိုက်ရိုင်းယုတ်မာမှုကိုပြောတာပါ။ ဒီမိုကရေစီဆိုတဲ့ လွတ်လပ်ပိုင်ခွင့် ဟာ သူတို့အတွက် လို့ ဦးသိန်းစိန် ဘာလို့မပြောတာလည်း၊ သူတို့ ဆိုတဲ့ ဌာနဆိုင်ရာ လူကြီးတွေကို ဒီလိုလက်ပိုက်ကြည့်နေမယ်လို့ လွှတ်တော်မှာသာ ဥပဒေ ပြထန်းလိုက်ပါတော့။

  1. Anonymous said... :

Post a Comment

Copyright © 2014 Irrawaddy Publishing Group. All Rights Reserved