NDAK ဥက္ကဌ ဦးစခုန်တိန့်ယိန်းက KIA ကို အဓိက တရားခံဟု စွပ်စွဲ

Tuesday, May 8, 2012



ဦးစခုန်တိန့်ယိန်းက ကချင်လွတ်မြောက်ရေး တပ်မတော် KIA ဟာ လွန်ခဲ့တဲ့ ဧပြီလ ၂၅ ရက်နေ့က ပန်ဝါဒေသကိုဝင် ရောက်တိုက်ခိုက်ပြီးကချင်မျိုးနွယ်စု အချင်းချင်းကိုအနိုင်ကျင့် နှိပ်စက်တယ်လို့ ပြောလိုက်ပြီး ဒေသတည်ငြိမ်ရေး တရားဥပဒေစိုးမိုးရေးနဲ့ ဒေသဖွံ့ဖြိုးရေးတို့အတွက် ခြိမ်းခြောက်နေတဲ့ အဓိကတရားခံဟာ KIA ဖြစ်တယ် လို့စွပ်စွဲပြောကြားလိုက် ပါတယ်။

ကချင်ဒေသအတွင်းမှာ တိုက်ပွဲတွေဖြစ်နေပြီး လမ်းတွေပိတ်၊ ကုန်ဈေးနှုန်းတွေကြီး၊ အိုးအိမ်တွေ စွန့်ခွာထွက်ပြေးရ၊ လမ်း တံတားတွေ မိုင်းခွဲ၊ မြို့ပေါ်လူနေရပ်ကွက်တွေမှာလည်း ဗုံးထောင်၊ အဓမ္မ လူသစ်စုဆောင်း၊ ဆတ်ကြေးတောင်း စသဖြင့် KIA က လုပ်နေတာကြောင့် ကချင်ပြည်သူတွေ နာကျည်းနေတာကြောင့် ဦးစခုန်တိန့်ယိန်းရဲ့ ထုတ်ပြန်ချက်ကို လူထုက သဘောကျနေပါတယ်။
ဒါနဲ့ပတ်သက်ပြီး KIA ဘက်က တုန့်ပြန်သံ မကြားရသေးပါဘူး။

အစိုးရ စစ်တပ်ဘက်က ကျူးလွန်တဲ့ နှိပ်စက်မှုတွေကို ဘာလို့ ထောက်မပြတာလည်းဆိုတာ စဉ်းစားစရာဖြစ်နေပါတယ်။

တကယ်တော့ လက်နက်ကိုင် စစ်တပ်များဖြစ်ကြတဲ့ အစိုးရစစ်တပ်၊ တိုင်းရင်းသားလက်နက်ကိုင် စစ်တပ်များကြား ပဋိပက္ခ မှာ မြေစာပင်ဖြစ်ရတာကတော့ အပြစ်မဲ့တဲ့ ဒေသခံ ပြည်သူတွေပါပဲ။














7 comments :

  1. Anonymous said... :

    မှန်လိုက်လေဗျာ ပြည်သူတွေ အပစ်မဲ့ တဲ့  ပြည်သူတွေ ကျနော် တို တိုင်းရင်းသားတွေ ဒုက္ခရောက် နေကျတာ KIA မတရား လုပ်နေလို့  လို့  မြင်တယ် ဗျာ ... ( ကချင်ဒေသအတွင်းမှာ တိုက်ပွဲတွေဖြစ်နေပြီး လမ်းတွေပိတ်၊ ကုန်ဈေးနှုန်းတွေကြီး၊ အိုးအိမ်တွေ စွန့်ခွာထွက်ပြေးရ၊ လမ်း တံတားတွေ မိုင်းခွဲ၊ မြို့ပေါ်လူနေရပ်ကွက်တွေမှာလည်း ဗုံးထောင်၊ အဓမ္မ လူသစ်စုဆောင်း၊ ဆတ်ကြေးတောင်း )
    ကျနော်သည် ပြည်သူတစ်ယောက်သာ ဖြစ်ပါသည် မည်သည့် ပါတီ နိုင်ငံ ရေးအသင်းနဲ့  မျှ မပတ်သက်ပါ ပြည်သူတစ်ယောက် အနေ ဖြင့် ဝေဖန်ချင်းဖြစ်သည် ။

  1. Anonymous said... :

    အကြောင်းရှိလို့ အကျိုးဖြစ်တာပါ... မြန်မာနိုင်ငံမှာ တရားမမျှတမှုတွေ... တိုင်းရင်းသားအခွင့်အရေး လူ့အခွင့်အရေးဆုံး မရနေသမျှ အဲ့လို အကျိုးတွေ ရှိနေမှာပါ... အစိုးဘက်ကနေ စစ်မှန်တဲ့ အလိမ်အညာကင်းတဲ့ တာဝန်ယူတဲ့ ဂတိတွေ ခြေလှမ်းတွေနဲ့ အပစ်ရပ်တာကစလို့ ကချင်ပြည်က စစ်အမြန် ပြီးပါစေ...

  1. Anonymous said... :

    KIA ကျနော်တို့ မျိုးနွယ်စု အငယ်တွေအပေါ်မှာ မတရား လုပ်နေတာကြာပြီ၊ အခုလည်း ပန်ဝါကို မတိုက်ပါနဲ့လို့ အမျိုးမျိုးပြောနေတာကို ၀င်တိုက်တယ်။ အကုန်လုံးဒုက္ခ ရောက်ကုန်ပြီ။ အလကားဆန်ကုန်မြေလေး တွေ။ အထက်ကလူတွေ လည်းသူ့လူ သူမထိန်းနိုင်တော့ဘူး

  1. Anonymous said... :

    မှန်မှာပေါ့ မင်းကဗမာစစ်သားတွေ ဘာလုပ်နေတယ်ဆိုတာ မသိတဲ့ ပြည်သူတစ်ယောက်ကိုး၊ စစ်ကြောင့်ပြည်သူတွေပဲနာတယ်ဆိုတာအမှန်ပဲ။

  1. Anonymous said... :

    ဧရာဝတီရေ.. ကချင်လူထုက ပြောတယ် "ကချင်လူထုအတွက် ဇခုံတိန့်ယိန်း ဆိုတာ ကချင်ဂဠုန်ဦးစောပဲ" တချို့က "ကိုယ့်အသားထဲက လောက်ကောင် ဆိုတာ ဇခုံတိန့်ယိန်းလို လူစားမျိုး" လို့ ပြောတာတွေကိုရော သိရဲ့လား ..

  1. Anonymous said... :

    """ကချင်လူထုက ပြောတယ် "ကချင်လူထုအတွက် ဇခုံတိန့်ယိန်း ဆိုတာ ကချင်ဂဠုန်ဦးစောပဲ" """ ကို Anonymous ရေ ကချင်လူထုဆိုတာကို ဘယ်လို စစ်တမ်းများကောက်လိုက်တာလဲ သိချင်လို့ ခင်ဗျားသိတဲ့ လူအနည်းစုပြောစကားနဲ့ နယ်မြေအနည်းငယ်လောက်လေးနဲ့ တော့ ကချင်လူထုတစ်ခုလုံးသိမ်းကြုံးမထည့်နဲ့နော် KIA ကိုထောက်ခံသူတွေရှိသလို မထောက်ခံသူတွေ မကြိုက်သူ ကချင်တွေလဲ ထုနဲ့ဒေးနဲ့ ရှိတယ်ဆိုတာလဲ ထည့်တွက်အုံး

  1. Anonymous said... :

    The founding fathers of KIA has only two objectives; to freed its ppl, KACHIN from any oppressors and for autonomy. Looking back all these years, these objectives havnt changed and compromised. Though these tough revolutionary years, lots of parasites making fortunes out of it. Obviously this guy is one of them coming on top. Have no doubt you all will witness the paths of the truth and evil so clearly as the light and the shadow.

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved