NLD လုံခြုံရေး တာဝန်ရှိသူ နဲ့ Express Times သတင်းထောက်

Friday, May 11, 2012


ဂျာနယ်တစောင်က NLD ကို ပို့တဲ့စာ http://www.irrawaddyblog.com/2012/05/nld_10.html နဲ့ ပတ်သက်ပြီး သတင်းထောက်တယောက်ရဲ့ Facebook မှာ ပြန်ရှင်းထားချက်ကို ကူးယူ ဖော်ပြလိုက်ပါတယ်။

NLD လုံခြုံရေး တာဝန်ရှိသူအပေါ် Express Times ဂျာနယ်၏ စွပ်စွဲချက် မမှန်ကန်

၈ ရက်နေ့ကပြုလုပ်တဲ့ ရွှေမင်းသားဖောင်ဒေးရှင်းးးရဲ့ လေးနှစ်ပြည့်အခမ်းအနားကို ကျတော်လဲတက်ရောက် သတင်းယူပါတယ်... ဒါကြောင့် ကိုကျော်စိုးနိုင် နဲ့ သတင်းထောက်တို့ဖြစ်တဲ့ ပြသနာကို အစအဆုံး သိရှိမြင်တွေ့လိုက်ရသလို ပြသနာကြီးးးမလာအောင် ကိုကျော်စိုးနိုင် နဲ့ သတင်းထောက်တို့ကြားမှာ တောက်လျှောက်မတ်တပ် ရပ်နေခဲ့ပါတယ်...

Express Times ဂျာနယ်၏ စွပ်စွဲချက် တွေဖြစ်တဲ့ ကိုကျော်စိုးနိုင် မှ " ဟေ့ကောင် ဓါတ်ပုံမရိုက်နဲ့" တားမြစ်တာမဟုတ်ပါ။။။ တခြားပွဲလာသူများရှေ့မှာ မီဒီယာပေါင်း များစွာကပိတ်ကွယ်နေတာကြောင့် တော်ပါတော့ တော်ပါတော့ ... ပြီးမှ ဆက်ရိုက်ပါဆိုပြီးးး ပြောခြင်းးးပါ... ကျန်တဲ့ သတင်းထောက်တွေ နောက်ဆုတ်ပေးပေမယ့် Express Times ဂျာနယ် သတင်းထောက်ကတော့ နောက်မဆုတ်တာကြောင့် အခုတော့တော်သင့်ပြီညီလေး ပြီးမှ ဆက်ရိုက်လို့ပြောတာကြားလိုက်တယ်...

တစ်ဆက်တည်း မြင်လိုက်ရတာက သတင်းထောက်က ကိုကျော်စိုးနိုင် မျက်နှာကို တံတောင်နဲ့ နောက်ပြန်ထိုးလိုက်ပြီး ကျုပ်က သတင်းထောက်.. ဓါတ်ပုံ ရိုက်ရမှာပဲလို့ ပြန်ပြောခဲ့တယ်...

Express Times ဂျာနယ်၏ ကိုယ့်ဘက်ကိုယ်ကာထားတဲ့ "ဟုတ်ကဲ့ပါ...ကျတော် ဒီတစ်ပုံလောက် ရိုက်ပါရစေ " ဆိုတဲ့ စကားကို သတင်းထောက်က လုံးဝမပြောခဲ့ပါ။။။

အမှန်က ကျတော်လဲသတင်းထောက် အနေနဲ့ သတင်းယူနေရင်းပဲ တွေးကြည့်ပါတယ်... သတင်းထောက်တွေက အမေစု ရဲ့ လက်တစ်ကမ်းးးမှာပါ... သတင်းထောက်ဆိုတာကို ထင်ရှားစွာ သိနိုင်တဲ့ အမှတ်အသား ဂျို မပါပါဘူး... ဒီတော့သတင်းထောက်ယောင်ဆောင်ပြီး အမေစု ကို လုပ်ကြံမယ်ဆိုရင်တောင် အင်မတန် လွယ်တဲ့ ကိစ္စဖြစ်နေတယ်... မဖြစ်နိုင်ဘူးလို့ ဘယ်သူပြောမလဲ... ဗိုလ်ချုပ် ကိုတောင် လူယုတ်မာတွေက ဒီလိုပဲ သတ်ခဲ့တာပဲ...

အဲ့ဒီနောက် ပြသနာက ပြီးမသွားတာက Express Times ဂျာနယ်၏ သတင်းထောက်က NLD လုံခြုံရေးတွေ ရွေးပြီး ဓါတ်ပုံလိုက်ရိုက်ပါတယ်... ဒီလိုမျိုးတော့ သတင်းထောက်အလုပ်ကို မာန်တက်ပြီး အညိုးထားတာမျိုး မလုပ်သင့်ပါဘူး...

ကျတော်မြင်တာကတော့ အမှုတစ်ခုဖြစ်ရင်တောင် တရားရုံးမှာ သူဘက် ၊ ကိုယ့်ဘက် လျှောက်လဲချက်တွေနဲ့ အမှားအမှန်ဆုံးဖြတ်တာပါ... Express Times ဂျာနယ်၏ အယ်ဒီတာချုပ်က NLD ရုံးကို တရားဝင် စာရေးတိုင်ကြားတာကို ကြိုဆိုပါတယ်..

. ဒါပေမယ့် ဘယ်သူမှန်တယ်၊ ဘယ်သူမှားတယ် အဖြေမစစ်ရသေးဘဲ ကိုယ့်သတင်းထောက်ပြောတာကိုပဲ အမှန်လုပ်ပြီး ဦးကျော်စိုးနိုင် ကို စုန်းပြူး လို့ သုံးနှုန်းခြင်း ၊ မှန်၏ မမှန်၏ သေချာစွာ အဖြေမထွက်ခင် လူတစ်ယောက် ရဲ့ဓါတ်ပုံ ကို ကြေညာချက်မှာ ကပ်ပြီး လူသိရှင်ကြား သတင်းဖြန့်ဝေပြောဆိုခြင်း တို့ကတော့ မသင့်တော်ပါဘူး... မီဒီယာ လက်နက်ကို အလွဲသုံးရာရောက်ပါတယ်...

လေးစားပါတယ်ဗျာ
မှားတာရှိလဲ ထုံးစံအတိုင်း ဆုံးမကြပါ
မောပြေ

ပုံရဲ့ အောက်မှာလည်း အခုလို ဖော်ပြထားပါတယ် -
"ကျော်စိုးနိုင် (ခ) ကိုဘောကြီးဆိုတာ ဘယ်သူလဲ ........ အားလုံးက လေးစားဂုဏ်ပြုကျတဲ့ ၈၈ ခေါင်းဆောင် စာရင်းထဲ မှာတော့ သူ့နာမည် မပါပါဘူး .... ဒါပေမယ့် အဲသည် ရွှေတိဂုံဘုရား ဟောပြောပွဲ ကနေ စလို့ ယုံကြည်ရတဲ့ ကိုယ်ရံတော် တစ်ယောက် ၊ အနာခံ အကြိမ်ကြိမ် အဖမ်းခံခဲ့ရတဲ့ ဒေါ်စုရဲ့ တပည့်ရင်း တစ်ယောက်ပါ ......"

19 comments :

  1. Anonymous said... :

    Express Times သတင်းထောက် ကို မေးချင်ပါတယ်။ စစ်တပ်အသိုင်းအဝိုင်း စစ်အစိုးရနှင့် ကြံ့ဖွတ်တွေကြားမှာ သတင်းယူရင်ရော ဒီလို တိုးကြိတ်ပြီး ရန်ဖြစ်ငြင်းခုန် ပြောရဲပါသလား။

  1. Anonymous said... :

    Media bully.

    Bad journalist with fake news under media umbrella.

  1. Anonymous said... :

    ဂျာနယ်တွေကလည်း ကိုယ်လုပ်ချင်တာ မလုပ်ရတာနဲ့  ဖွမယ်ဆိုတာချည်းပဲ။

  1. Anonymous said... :

    Express Time should consider this..
    YOUR REPUTATION COUNTS FOR YOUR LIFE TIME HISTORY on ur SUCCESS n BEING TRUTH n LOYAL.
    Watch out for what you did..

  1. Anonymous said... :

    မောပြေရေ....ကိုယ့်ကိုယ်ကိုလိပ်ပြာလုံပါစေ။ အဲဒီနေ့ပွဲမှာရှိပြီး အခင်းဖြစ်တဲ့ အချိန်မှာ၊ သတင်းထောက်ကို အိမ်သာထဲဆွဲခေါ်သွားတဲ့အချိန်မှာ မျက်မြင် ကိုယ်တွေ့ရှိနေတဲ့ အခြားသက်သေ တစ်ယောက် ရောက်လာမယ့် အချိန်ထိတောင် နင်မစောင့်ဘဲ ဘာကြောင့်ထွက်ပြေးသွားလဲ(မနေ့ကလေ)။ အခြားသူတွေမြင်ရင် နင့်ကိုအမှန်ထင်နေပါဦးမယ်။ ကိုယ့်ကိုယ်ကိုလည်း ပြန်စဉ်းစားပါဦး။ နင်ပြောတော့ နင့်မှာ အခင်းဖြစ်တုန်းက ရိုက်ထားတဲ့သက်သေ ဗီဒီယိုဖိုင်ရှိတယ်ဆို။ ခံလာခဲ့ရတဲ့သတင်းထောက်က ထုတ်ပြပါ၊...ဗီဒီယိုဖိုင်ထဲမှာပါတဲ့ဟာနဲ့ ကျွန်တော်ပြောတာ ကွဲလွဲနေရင် ကိုကျော်စိုးနိုင်ကို ထိုင်ရှိခိုးပြီးတောင်းပန်ဖို့ဝန်မလေးပါဘူးလို့ပြောတော့ နင် အဲဒီဗီဒီယိုဖိုင်ကိုပြဖို့ ငြင်းတယ်လေ။ တလျှောက်လုံးမှာ သတင်းထောက်ပြောတဲ့ စကားကို နှစ်ဖက်မျှအောင်နားမထောင်ဘဲ အင်အယ်ဒီလုံခြုံရေးတာဝန်ခံဘက်က လိုက်ပြီး တောက်လျှောက်နင်ဘက်လိုက်ပြောဆိုနေတာကို ငါတို့မြင်နေကြားနေ ရတယ်။ ငါပြောတာက ဘယ်သူ့ဘက်ကိုမှလိုက်ဖို့မဟုတ်ဘူး။ နင်အမှန်ကိုပြောဖို့ပဲလိုတာ။ ပြဿနာအစအဆုံး နင်ရှိနေပါတယ်လို့ အခုရေးထားတယ်။ မနေ့ကပြောတော့ သတင်းထောက်ကို အိမ်သာထဲခေါ်သွားပြီး ပြောဆိုနေတာကို နင်မကြားလိုက်ဘူးဆို။ ရှေ့စကားနဲ့ နောက်စကားလွဲနေတယ်နော်။ မနေ့က သတင်းထောက်ပေါင်း ၂၀လောက်ရှေ့မှာ နင်သေသေချာချာပြောခဲ့တာ။ နင်ရေးထားတာဖတ်ပြီး လူတွေက တကယ်အဟုတ်ထင်နေဦးမယ်။ ငါကတော့ ကိုယ်တိုင်မမြင်ရတော့ ဘယ်သူပြောတာမှ အမှန်လို့ တရားသေမယုံသေးဘူး။ ဒါပေမယ့် သတင်းထောက်တစ်ယောက်ကို အိမ်သာထဲခေါ်ပြီး စွမ်းအားရှင်ဆန်ဆန် သူ့မှာ လုပ်ပိုင်ခွင့်မရှိဘူး။ အဲဒါက သီးသန့်ထပ်လုပ်တာ။ သတင်းထောက်တွေကို တန်းစီပြီး ဓာတ်ပုံရိုက်ရအောင် ရဲနဲ့ ၀ရမ်းပြေးမဟုတ်ဘူးလေ။ ငါတို့မှာ မဲတစ်မဲပိုင်တယ်။ မဲထည့်ရင် ဘယ်ပါတီကိုမဲထည့်ရမယ်ဆိုတာ ပြည်သူတတစ်ယောက်အနေနဲ့ငါတို့သိပြီးသား။ ဒါပေမယ့် ပါတီတစ်ခုကို ကိုးကွယ်တဲ့သတင်းထောက်မဟုတ်ဘူး။ ကွန်မင့်ရေးချင်ရင် ယဉ်ယဉ်ကျေးကျေးထပ်ရေးပေး။ ဒါပေမယ့် အရင်တစ်ခါလို သတင်းထောက်တစ်ယောက်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အမေစုလို့ ခေါ်တာလေး ဆင်ခြင်သင့်တယ်လို့ ငါပြောခဲ့ဖူးတုန်းကလို လမ်းဘေးကလူဆန်ဆန်တော့ပြန် မဆဲနဲ့။

  1. တော်ရုံရေးတဲ့မှတ်ချက်မဟုတ်ဘဲ တိကျတဲ့သဘောနဲ့ရေးရင် Anonymous မလုပ်ဘဲ နာမည်နဲ့ရေးပါလား..။ ပိုပြီး အလေးထားစရာ စဉ်းစားစရာဖြစ်တာပေါ့။ .. လုပ်ပါ။ ..

  1. Anonymous said... :

    (ယမန်နေ့က Weekly Express Times သတင်းဂျာနယ်မှ ၎င်းတို့၏ သတင်းထောက် စော်ကားပြောဆိုခံရသည့် ကိစ္စနှင့်ပတ်သက်၍ ယင်းအဖြစ်အပျက် ဖြစ်ပျက်စဉ် မျက်မြင်သက်သေ တဦးဖြစ်သူ ဦးခင်ဇော် (နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့) ကို ဆက်သွယ်မေးမြန်းထားရာ ယင်းကိုယ်တိုင် မြင်တွေ့လိုက်ရပုံကို ဖေါ်ပြပေးလိုက်ပါသည်။ ယင်းအဖြစ်အပျက် သန့်စင်ခန်းထဲ ဖြစ်ပွားစဉ် ကိုဘောကြီး၊ သတင်းထောက် ကိုဟိန်းကိုစိုး၊ အပြင် သတင်းထောက် ကိုအောင်ကြီး၊ ဦးခင်ဇော်၊ သတင်းထောက် ကိုမောပြေ နှင့် နိုင်/ကျဉ်းဟောင်း အဖွဲ့မှ ဦးထွန်းကြည်တို့ မြင်တွေ့ကြသည်ဟု ဦးခင်ဇော်က ပြောဆိုသည်။ )



    YPI အဖြစ်အပျက်စမြင်ခဲ့ပုံလေး ပြောပြပေးပါဦး

    ဦးခင်ဇော် အဲတုန်းကနံနက် ၈နာရီကျော်ကျော်လောက်ဖြစ်မယ် ကျွန်တော် အထဲမ၀င်သေးဘူး UMFCCI ခန်းမ အပေါက်ဝမှာပဲ ရှိနေသးတယ် လက်မှတ် ထိုးနေတုန်းပေါ့ အဲဒီမှာ သတင်းထောက်ကောင်လေး တယောက်ကို ကိုဘောကြီးကဆွဲသွားတယ် သူ့နောက်က နှစ်ယောက် သုံးယောက်ပါသေးတယ် ဘောကြီးကလည်း ဘာလဲဆိုတာ ကိုယ်ကသိနေတော့ ကျွန်တော်လည်းလိုက်သွားလိုက်တယ်။



    YPI ဟုတ် အိမ်သာခန်းဘက်ရောက်တော့ အခြေအနေတွေဘယ်လိုဖြစ်နေလဲ

    ဦးခင်ဇော် အထဲမှာ ကောင်လေးက ကိုဘောကြီးကို ကင်မရာပြနေတယ် ဘောကြီးကလည်း ဟေ့ကောင် မင်းဓာတ်ပုံ ရပြီးလို့ပြောတယ် ကောင်လေးကလည်း ကျွန်တော်မရသေး ဘူး ဒီမှာကြည့်ဆိုပြီး ပြောနေကြတယ်။



    YPI အခြေအနေကဘယ်လိုရှိလဲတင်းမာနေကြတာလား

    ဦးခင်ဇော် အင်း ကိုဘောကြီးးက မျက်နှာကဒေါသထွက်နေတဲ့ပုံစံပေါ့ ကျွန်တော်တို့ကလည်း ထိုးမယ်ကြိတ်တဲ့ ပုံစံမျိုး ဖြစ်သွားမှာစိုးလို့ ဟန့်တားမလို့ လိုက်သွားတာပဲလေ။



    YPI အဲဒီမှာ ဘယ်လောက်ကြာလဲ သန့်စင်ခန်းထဲမှာ

    ဦးခင်ဇော် နှစ်မိနစ် သုံးမိနစ်လောက်ပဲကြာမယ်ထင်တယ် ကျွန်တော်လည်း တခုခုဖြစ်မှာစိုးလို့ ဟေ့ကောင်ဘောကြီး တော်တော့ တော်တော့လို့ ပြောပြီး ပြန်လှည့်လာတယ် နောက်ပိုင်းဘာတွေ ဆက်ဖြစ်ကြလဲဆိုတာမသိဘူး ။သူတို့အရှေ့ပိုင်းကဘာတွေ ဖြစ်ထားတာလဲ ဆိုတာလည်း မသိထားဘူးပေါ့။



    YPI Weekly Express Time က NLD ကိုပို့တဲ့စာထဲမှာ ကိုဘောကြီးကမီဒီယာ သမားတွေကို ပြောသွားတာတွေရှိတယ် နောက် ဆဲတာတွေလည်းပါတယ် အဲဒါရော ကြားမိသေးလား

    ဦးခင်ဇော် သူပြောနေတာကတော့ မင်းတို့ဗိုက်ဆံရလို့ ဘာညာဆိုတာပါပါတယ် နောက် သူစကား မစခင်မှာ မင်းတို့ကောင်တွေ ငါ…. မသားတွေဆိုပြီးတော့ နည်းနည်းပါးပါးသုံးတာတော့ ရှိတယ် တမင်သက်သက် ငါနဲ့ကိုင်တုတ်တာမျိုးတော့ မဟုတ်ဘူးပေါ့။



    YPI အခုလိုဖြေပေးတာ စိတ်ထဲမှာရော ဒီကိစ္စနဲ့ပတ်သတ်ပြီး ဘယ်လိုခံယူထားတာမျိုးရှိလဲ

    ဦးခင်ဇော် ကျွန်တော် ဘယ်သူ့ဘက်မှ ပါတာမဟုတ်ပါဘူး။ ကျွန်တော်မြင်တဲ့အတိုင်း ကျွန်တော်ပြောတာပါ။ ။
    ( အမှန်ကို အမှန်အတိုင်း ဝန်မခံတတ်သ၍ တပါတီ အာဏာရှင် စနစ်ကို ပြန်လည်အသက်သွင်းနေခြင်းသာ ဖြစ်ပါသည်) ဖြစ်၇ပ်ကို အပြစ်ပြောနေခြင်း မဟုတ်ပါ ကိုယ်လုပ်တာကို ကိုယ်တာဝန်ယူ၇ဲသော သတ္တိမျိုးဖြစ်စေချင်ပါသည်

  1. ကိုပေါက်စ said... :

    ဘယ်လိုပဲဖြစ်ဖြစ် အမှန်တရားတစ်ခုတော့
    လိုအပ်နေပြီ၊NLD အနေနဲ့တိတိကျကျဖြေရှင်း
    သင့်ပါတယ်

  1. pyiDaung Su Kyaw Naing/ Than Nwe said... :

    De hmar,sauk po tway pyaw ma Nay neth .
    Du nay Yar Du
    Taw Nay Yar Taw Nay .

    If not, in future, there will be no more than 3 minutes of media session.

    Media should not be more than allowe'd time. It is the 'Kar Ya Kan Shin discretion ' to allow photo session. It is .

    Not at media's discretion.

    whoever right or wrong in terms of 'words ' or ' gestures ' and ' Manner ' .......in this case, Media can not go further.

    Having told a lot of media freedom, there had been a number of cases that media members were REMOvED BY Force ( by security ) in WEstern World .

    You all just get something independent activity in Burma as a beginning only, Don't try to ' Kann Tet ' . Do not ' Kann Tet ' .

    Stay where you are. Stay and move according to your territory .

    Do not cross the territory and when you are allowed to cross , do not do more than you are allowed.

    IN future, I will advise N L D or whoever, let media do their job with ' allocated time'

    I agreed with one of above comments who said ' dare u do / dare u challenge Kyant Phoot or other military government ' .

    Do not go over ' Chee Khone ' , from once you have been in ' Chee pha Warr' . Don't forget ur previous life.

    If u abuse and misuse ur freedom, you all will get trouble one day.

    I am warning u without any bias.

    Do not push forward too much about ' media media media media ' . Do not abuse. Because if you abuse, people who r practicing good journalism will also be affected in negative ways.

    The best advice for this reporter is ' to take leave for one month and think over again to resume your career or not, to change ur career ' .

    Based on the fact , that security man had been working for longer than you do and he did his part. Even if he punched you ..he is politically right even if he is prosecuted for ' hurt ' . Understand ?
    Media team is invitee. Media team is invited. Because of the event do not assume ' I can photograph/ video tape whatever/ whenever/ as long as .......... NO you can't do that .
    Don't fussy about' What he said' . What I said ' .....that is wording between dispute. It is not the issue. The issue is ' Allocated time ' and ' when to stop ' When to start '. and ' when and how to respect the security and others issues'

    Pyaw Ya Taw Taw Khet Tae.

    Ma Myin Bu tawt , Muu Ko ' Myint ' Htin Kya Tar ' ..Ma twayt bu Ma Kyone bu tawt ......De loh bae.

    Phyit Kya Ohn Mar Bae. in others areas.....like ' insurance , auto service, health insurance, doctor patient relationship, land title issues,trade practice. .....Myin Yaung Tay Tae

    Myin Yaung tay Tae.

  1. Anonymous said... :

    နာမည်ကြီးချင်သူ ကိုမောပြေနှင့် နားလည်မှုလွဲမှားနေသူအားလုံးသို့
    by Kyawk Min on Friday, May 11, 2012 at 1:05pm ·
    http://www.facebook.com/notes/kyawk-min/နာမည်ကြီးချင်သူ-ကိုမောပြေနှင့်-နားလည်မှုလွဲမှားနေသူအားလုံးသို့

  1. Anonymous said... :

    I agree with a maw pyay.
    Express Times သတင်းထောက် ကို မေးချင်ပါတယ်။ စစ်တပ်အသိုင်းအဝိုင်း စစ်အစိုးရနှင့် ကြံ့ဖွတ်တွေကြားမှာ သတင်းယူရင်ရော ဒီလို တိုးကြိတ်ပြီး ရန်ဖြစ်ငြင်းခုန် ပြောရဲပါသလား.Bad journalist with fake news under media umbrella.

  1. nga ahkyaungpyawbarlar Khinshwe/khinnyunt said... :

    why exaggerating this matter.

    this is not big matter.

    this is a small matter.

    Yay Kyee Khoon Kyell .........Lote SaYar Ma Sheet.

    What kind of result are u , who are talkng, expecting from speaking out of it like this?

    what is the point ?
    what do u want ?

    Let's do something. there are lots of things to do.

  1. ရွှေမင်းသား said... :

    ကိုဘောကြီးရေဂျာနယ်လစ်စ်တွေနဲ့ ဆက်ဆံဖို့ ရုပ်ရှင်
    မင်းသ္မီးထက်ထက်မိုးဦးဆီမှာပညာသင်ထားပါအုန်း၊ဂျာ
    နယ်လစ်စ်တွေကအဲ့လိုဆက်ဆံမှတော်ရုံကျတာ၊နောက်
    ဆုံးရုံးတော်မှာဒါဏ်ငွေ-၁၀၀၀-ကျပ်ဆောင်လိုက်ရင်ဒီ
    ကိစ္စပြီးပါတယ်။

  1. Anonymous said... :

    နအဖသတ်လို.မသေဘဲ မီဒီယာသတ်လို.ဒေါ်စုလည်းသေနေအုန်းမယ် မီဒီယာတွေကလည်းလွန်လွန်းနေပြီ ကြည်.လည်းလုပ်ကြပါအုန်း တော်ရုံဆိုတော်ပြီပေါ. ဒိုင်ယာနာမင်းသမီးသေရတာမီဒီယာသမားတွေကြောင်.ဆိုတာသိဘို.ကောင်းတယ် ဆင်ခြင်ကြပါအုန်း

  1. Anonymous said... :

    dI believe Baw Gyi. He is a simple man and he never fight to another personer. He does work in the NLD from 1988 still Now.

  1. Sate Phwar said... :

    ရိုးသားစွာ သုံးသပ်ရရင်တော့ Express Times Journal က နံမည်ကြီးချင်လို့ထင်ပါတယ်။
    အမှန်ပြောရရင် အဲဒီဂျာနယ်ကို မသိ မကြားဖူးပါဘူး။
    အဲဒီဂျာနယ်ရဲ့ နောက်ကြောင်း တည်ထောင်သူ ထောက်ပံ့သူ ထုတ်ဝေသူတွေအကြောင်း ပြန်လေ့လာလိုက်ဦးမယ်

  1. I viewed NLD security & reporter situation as a opportunity for improvement.
    For NLD, 1. S.O.P ( Standard of Procedure) for every position
    2. Protocol for every situation
    3. Coaching & training as needed
    Media 1. Think before you write ( Time will tell )
    2. Keep personal feeling for yourself
    3. Respect your Organization
    Event organizer 1. Create enough space for media
    2. Include Q&A for media in agenda
    3. Brief media before events
    4. Keep one person as media liaison for big events
    Public 1. Don't get excited too easily, many more to come
    2. Be patience, when smoke clear we all will know what actually happened
    ( punished the liar by not reading their magazine, reward the hero by
    support their media organization )
    3. This is not a problem ( opportunity for improvement )

  1. KO NAING said... :

    မကြည့်ရသေးသူများအတွက်
    - NLD နာယက ဘဘဦးတင်ဦး က Express Times ဂျာနယ်၏ စွပ်စွဲချက် အပေါ် မိန့်ခွန်းအတွင်း ထည့်သွင်းဖြေရှင်း(ရုပ်/သံ)
    http://www.thithtoolwin.com/2012/05/nld-express-times_12.html?m=1

    - ကိုကျော်စိုးနိုင် နှင့် အင်တာဗျူး (ရုပ်/သံ)
    http://www.thithtoolwin.com/2012/05/blog-post_7456.html?m=1

  1. Unknown said... :

    ဘာပဲဖြစ်နေနေအခုအချိန်မှာနားလည်းမှု့ရှိသင့်နေပြီ...လူတိုင်စိတ်ဆိုတာရှိတယ်ဘာမှမဖြစ်သင့်တော့ဘူးတစ်ခုတည်းသောပန်းတိုင်ကိုသာလှမ်းသင်နေပြီ

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved