~
ဝန်ကြီး ဦးအောင်မင်း (ဓာတ်ပုံ - ဧရာဝတီ)
မီးရထားဝန်ကြီး ဦးအောင်မင်း ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့ကို ရောက်နေပါတယ်။ ရန်ကုန်-မဲဆောက် ရထားလမ်းဖောက်ဖို့ မဟုတ်ပါဘူး။ ငြိမ်းချမ်းရေးစကားတွေပြောဆိုဖို့ပါ။
သူနဲ့အတူ လ၀က ၀န်ကြီး ဦးခင်ရီလည်း ပါတယ်လို့ သိရပါတယ်။ အစိုးရရဲ့ ငြိမ်းချမ်းရေး ဖောင်ဆောင်မှုအဖွဲ့ရဲ့ မဲဆောက်မြို့ခရီးစဉ်မှာ ABSDF အဖွဲ့နဲ့ ဒီနေ့ တွေ့ပါတယ်။
မယ်တော်ဆေးခန်းက ဒေါက်တာစင်သီယာမောင်နဲ့လည်း တွေ့ပါတယ် - ၀န်ကြီးဦးအောင်မင်းက မြန်မာပြည်ထဲမှာ ဆေးခန်းတွေ ပြန်လာဖွင့်ဖို့ တိုက်တွန်းလိုက်ပါတယ် တဲ့။
အကူအညီကို အနောက်နိုင်ငံတွေကနေ ယူမနေနဲ့၊ မြန်မာအစိုးရက ထောက်ပံ့ပေးမယ်လို့ ၀န်ကြီးက အာမခံပေးနိုင်ရင် အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။
အခုတလော ၀န်ကြီး ဦးအောင်မင်း တွေ့ဆုံခဲ့တဲ့ နယ်စပ်နဲ့ ပြည်တွင်းက အဖွဲ့တွေ ပေါင်းလိုက်ရင် တရာလောက်တော့ ရှိမယ် ထင်ရပါတယ်။
Generation Wave - GW လို့ ခေါ်တဲ့ မျိုးဆက်သစ် လူငယ်များ အစည်း အရုံး အဖွဲ့ ခေါင်းဆောင်များနဲ့လည်း တနင်္ဂနွေနေ့ကပဲ ရန်ကုန်မှာ တွေ့ကြပါတယ်။ ငြိမ်းချမ်းရေး၊ အဖွဲ့အစည်း မှတ်ပုံတင်ရေးတွေ ပြောဖြစ်ကြပါတယ်တဲ့။
ဝန်ကြီးရဲ့ ငြိမ်းချမ်းရေးခရီးကာလ ထူးခြားမှုတွေကို ဧရာဝတီ မြန်မာပိုင်း၊ အင်္ဂလိပ်ပိုင်း တို့မှာ ဖတ်ရှုနိုင်တော့မှာပါ။
~
ဟုတ်ပါတယ် မီးရထားဝန်ကြီး မဟုတ်တော့ပါဘူး
ခရီးသွားဝန်ကြီး ငြိမ်းချမ်းရေးဝန်ကြီး ဦးအောင်မင်း ဖြစ်နေပါဘီ။
မီးရထားဝန်ကြီးနေရာဟာ တကယ်တော့ မီးရထားသာမက ကုန်းလမ်းပို့ဆောင်ရေး ကညန လုပ်ငန်းတွေပါ တာဝန်ယူရတာပါ။
သည်ဘက်က ငြိမ်းချမ်းရေးလုပ်ငန်းတွေကလည်း အရေးကြီးလေတော့
ဦးအောင်မင်း အနေနဲ့  မီးရထားဝန်ကြီးရာထူး ကို
စွန့် လွှတ်ပြီး သမ္မတရုံးဝန်ကြီး ရာထူးယူပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုဘဲ ဇောက်ချ လုပ်သင့်တယ် ထင်ပါတယ်။
ဒါမှ သမိုင်းကြောင်း ကောင်းမှာပါ ငွေက လို တော့တာမှ မဟုတ်တာ
ဟုတ်တယ်မဟုတ်လားး)))