ခမောက်ကြီးမှာ မြစ်ရေလျှံ

Wednesday, June 6, 2012

.


ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ်၊ အေးချမ်းသာကျေးရွာမှာ မြစ်ရေလျှံပြီး ကမ်းနားက အိမ်တချို့ ရေနှစ်မြုတ်သွားကြောင်း ရွာခံတဦးက ပြောပါတယ်။

ရေထပတ်လည်းဖြစ် နဲ့ မိုးလည်း အဆက်မပြက်ရွာသွန်းတာကြောင့် ပါချန်မြစ်ရေလျှံတယ်၊ မြစ်ကမ်းနဘေးက ရဲစခန်း အပါဝင် လူနေအိမ် တချို့ နှစ်မြုတ်သွားတယ်လို့ အေးချမ်းသာကျေးရွာနေ ဒေါ်နွဲ့က ပြောပါတယ်၊

“မနေ့(၄.၆.၂၀၁၂)ကတည်းက မြစ်ရေကလျှံနေတာ။ (၅.၆.၂၀၁၂)ရက်နေ့မှာတော့ အေးချမ်းသာ ရဲစခန်း အပါဝင် အိမ်ခြေ လေးဆယ်ကျော်လောက် ရှိမယ် လုးံလုးံကို မြုတ်တာ။ ရေဘေးဒုက္ခသည်တွေ ကိုတော့ အေးချမ်းသာ ရွာဦးကျောင်း ဓမ္မာရုံ နဲ့ ရွာအထက်ပိုင်းက ဆွေမျိုးမိတ်ဆွေတွေအိမ်မှာ တည်းကြတယ်” လို့ ဒေါ်နွဲ့က ရှင်းပြပါတယ်။

ရေက နံနက် ၁၁.၃၀ မှာ ဒုက္ခသည်များတည်းခိုရာ ရွာဦးကျောင်းအထိ ၀င်လာပြီး ဓမ္မာရုံကြမ်းပြင်အထိ ရေရောက်နေတယ်လို့သိရပါတယ်။

ဒုက္ခသည်တွေ စားရေးသောက်ရေးအတွက် ရွာက အရန်မီးသတ် တပ်ဖွဲ့ဝင်များနဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တွေက ဆောင်ရွက်ပေးနေတယ် ဆိုပေမယ့် အကူအညီများ ထပ်မံ လိုအပ်နေကြောင်း သိရပါတယ်။

အေးချမ်းသာ ဆိုတာ ထိုင်းနိုင်ငံ နာမ်မကျော့ရပ်ကွက် နဲ့ မြစ်ခြားထားတဲ့ ဒေသပါ။ ပါချမ်မြစ်တလျှောက် မြန်မာဘက်ခြမ်း မာရမ်း၊ ဖေါ့ဆုတ်၊ ဆိပ်ဖူး စတဲ့ ကျေးရွာများမှာလည်း မြစ်ရေလျှံမှုနဲ့ ကြုံတွေ့နေရပါတယ်။

ပျက်စီးဆုးံရှုးံမှု သတင်းအသေးစိတ် ပေါ်ထွက်လာခြင်း မရှိသေးဘူးလို့ သိရပါတယ်။

.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved