“မေစုကို ကြိုဆို၊ ဘန်ကောက်သွားဖို့ ကြိုးစား၊ ထိုင်းစစ်တပ်က ဖမ်းထား"

Thursday, June 7, 2012



သန်းထိုက်ဦး

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ခိုးဝင်ဖို့ ကြိုးစားခဲ့တဲ့ မြန်မာ နိုင်ငံသား ၆၄ ယောက်ကို ပြီးခဲ့တဲ့ ဇွန်လ ၄ ရက် တနင်္လာနေ့က စစ်တပ် အာဏာပိုင် တွေက ဖမ်းလိုက်တယ်လို့ မန်နေဂျာ အွန်လိုင်း အင်တာနက် စာမျက်နှာမှာ ရေးထားပါတယ်။


အဖမ်းခံရတဲ့ သူတွေ အားလုံးကတော့ အသက် ၂၅ နှစ် အောက် တွေပါ၊ အမျိုးသမီး ၁၁ ယောက်နဲ့ အမျိုးသား ၅၃ ယောက် ဖြစ်ပါတယ်။ တရားဝင် ခရီးသွားလာတဲ့ စာရွက်စာတမ်းတွေ မရှိပါဘူး။ မဲဆောက်မြို့အထွက် စစ်ဆေးရေး ဂိတ်ကို ရှောင်ပြီး သွားနေတုန်း တောထဲမှာ အဖမ်းခံရတာပါ။


အသက် ၂၃ နှစ်အရွယ် မြန်မာနိုင်ငံသား တဦးက “အခု အဖမ်းခံရတာနဲ့ဆိုရင် သုံးကြိမ်ရှိ သွားပြီ။ နောက်ဆုံး အဖမ်း ခံရတဲ့ နေ့က ဒီလ ၂ ရက်နေ့က ကျနော်တို့ ဒေါ်အောင်ဆန်းစုကြည်ကို (မဲဆောက်) လေဆိပ်မှာ ကြိုဆိုဖို့ လူငယ်တွေနဲ့ အတူ မဲဆောက်ဘက်ကမ်းကို ရောက်လာတယ်၊ အခွင့်အရေး ရတော့ ဘန်ကောက်ကို သွားဖို့ ကြိုးစားနေတဲ့ အချိန်မှာ အခုလိုမျိုး အဖမ်းခံရတာပါ”လို့ ပြောဆိုကြောင်း သတင်းမှာ ရေးသား ထားပါတယ်။


ထိုင်းအာဏာပိုင်တွေကလည်း ဥပဒေ အရ အရေးယူ ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ ဒီလို အဖမ်းခံရတဲ့ သူတွေကို ထိုင်းအာ ဏာပိုင်က စစ်ဆေးမေးမြန်းပြီး လူဝင်မှု ကြီးကြပ်ရေး ဌာန (လ၀က) မှာ ထိန်းသိမ်းလေ့ ရှိပါတယ်။ လ၀က စခန်းမှာ ယာယီ ထိန်းသိမ်းပြီး မူရင်း နိုင်ငံကို ပြန်ပို့လေ့ ရှိတယ်လို့ သိပါတယ်။


3 comments :

  1. Anonymous said... :

    ရေးထားက အမျိုးသမီး ၅၃ယောက် အမျိုးသား၁၁ယောက် ပုံထဲ
    မှာက အမျိုးသမီးဦးရေက နည်းနေတယ်ုကည့်လည်းရေးပါဦး

  1. Anonymous said... :

    အမှန်တကယ်ကခိုးဝင်တာ.. အမေစုကိုကြို ဒါ ဘာညာနဲ့.. နှစ်နိုင်ငံ ချစ်ကြည်ရေးပျက်အောင်လုပ်ကြပါနဲ့

  1. နင်းပြား said... :

    ခိုးဝင်လို့ အဖမ်းခံရတာကို အမေစုကို ဆွဲထည့်နေတယ်။ မေစုကြိုမယ် ခွင်ဆင်၊ ဘန်ကောက်ကို ခိုးဝင်၊ ထိုင်းစစ်တပ်နှင့် တိုးလျှင်၊ အဖမ်းခံထိမှာပင်။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved