မြန်မာသံရုံးကို ဖုန်းဆက်မယ် ဆိုရင်

Friday, July 20, 2012

နိုင်ငံခြားရေးဌာန စာမျက်နှာမှာ တွေ့ရတဲ့ ဘန်ကောက်သံရုံးဖုန်းနံပါတ်များ

ဘန်ကောက် မြန်မာသံရုံးကို ဖုန်းဆက်မယ် ဆိုရင် သက်ပြင်းချပြီးမှ ဆက်ရပါတယ်။
ဖုန်းကိုင်မှာ မဟုတ်ဘူး ဆိုပြီး ကြိုတင် ရင်မောရတဲ့အတွက် သက်ပြင်းချရတာပါ။
ဘယ်နံပါတ် ဆက်ဆက် ဖုန်းမြည်သံပဲ ကြားနေရတယ်၊ ပြန်ဖြေသံ ကြားရဖို့တော့ အင်မတန် ရာခိုင်နှုန်း နည်းပါလိမ့်မယ်။

မကြာသေးခင်က ဘန်ကောက်က ဖြစ်ရပ်တခုအကြောင်း ဧရာဝတီမှာ သတင်းတပုဒ် ရေးတော့ "သံရုံးက တာဝန်မယူပေးဘူး" ဆိုတဲ့ မြန်မာပြည်သား တယောက်ရဲ့ စကားကို ကိုးကားထားပါတယ်။

သတင်း ဖော်ပြပြီး မိနစ်ပိုင်းအတွင်းမှာပဲ သံအရာရှိကြီးတယောက်က ဧရာဝတီကို ဖုန်းဆက် ဆက်သွယ်ပါတော့တယ်။

အဲဒီဖြစ်ရပ်မှာ သံရုံးက တာဝန်မယူပေးဘူးဆိုတာ မဟုတ်ပါဘူး၊ တာဝန်ရှိသူတွေ အလုပ်များ၊ ခရီးသွားနေကြလို့ ချက်ချင်း မဆောင်ရွက်ပေးတာပါ လို့ ပြောပါတယ်။ (သူပြောတာကို သတင်းမှာ ဖြည့်စွက် ရေးပေးလိုက်ပါတယ်။)

လိုအပ်ရင် မြန်မာသံရုံးကို တိုက်ရိုက် ဆက်သွယ် မေးမြန်းဖို့လည်း သူက ပြောပါတယ်။

သံရုံးဖုန်းတွေက မကိုင်တာများတယ်၊ ကိုင်ပြန်ရင်လည်း လူကြီးမရှိဘူး ဆိုတဲ့ အဖြေပဲ ရတယ်လို့ သူ့ကို ရှင်းပြတော့ သူ့ဆီကို တိုက်ရိုက်ဆက်နိုင်တယ် တဲ့၊ နံပါတ် တခု ပေးပါတယ်။ သူပေးတဲ့နံပါတ် သိမ်းထားလိုက်ပါတယ်။

လိုအပ်တဲ့အခါ သိမ်းထားတဲ့ အဲဒီနံပါတ်ကို ဆက်လိုက်ရင် ပိုဆိုးပါတယ်။
ဟိုဖုန်းတွေကမှ "လူကြီးမရှိဘူး" လို့ ပြန်ဖြေပါသေးတယ်။

ဒီတော့ နည်းလမ်း တခုကို စဉ်းစားမိပါတယ်။
အဲဒါကတော့ - ကိုယ်က သူ့ဆီ ဆက်သွယ်လို့ မရရင်
ကိုယ့်ကို သူဆက်သွယ်လာအောင် လုပ်လိုက်ရ ကောင်းမလား ဆိုတာပါပဲး)

-

4 comments :

  1. Anonymous said... :

    ဘန်ကောက် မြန်မာသံရုံးက မြန်မာချင်းသာမက နိုင်ငံခြားသားတွေနဲ့ ဆက်ဆံရာမှာ အလွန်ရိုင်းပျသည်ဟု သိရှိရပါသည်။
    သံဃာတော်များနဲ့ ဆက်ဆံရာမှာလည်း ငေါက်ငန်းခြင်း၊ မချေမငံပြောဆိုခြင်းများ ဖြစ်ပွါးနေပါသည်။
    သံဃာတစ်ပါး ပတ်စ်ပို့သက်တမ်းတိုးလျှင် ဘတ်ငွေ (၅၀၀၀)ပေးရပြီး စာရွက်စာတမ်းများမှာများလွန်းလို့ ခေါင်းမူးအောင်ဖြည့်ရပါသည်။
    ဘတ်ငါးထောင်တောင်းတာ နိုင်ငံတော်က တရားဝင် ရသည်ဆိုလျှင်တော့ ကုသိုလ်ရသည်ဟု သဘောထားပါသည်။

  1. Anonymous said... :

    ဟုတ်တယ်ဗျို. ကိုယ်တွေ.ပဲ...လွန်ခဲ့တဲ့ ၂နှစ်လောက်က visa အတွက် သံရုံးသွားတော့ ၀န်ထမ်းတွေကမအားသေးဘူးတဲ့ လုပ်လို.မ၇ဘူးတဲ့..အပြင်ကပွဲစားတွေနဲ.ဆက်သွယ်ပါ အဆင်ပြေလိမ့်မယ်တဲ့...မိုက်တယ်နော်...

  1. Anonymous said... :

    သံရုံးကောင်းကြောင်းချီးမွမ်းခမ်းဖွင့်ရရင်တော့ပြောမဆုံး
    တော့ဘူး..ထိုင်းသံရုံးမှာဘယ်ကိစ္စမဆိုသွားအကြောင်းမကြားနဲဘာအကူအညီမှမရဘူးမှတ်.ထိုင်းအလုပ်ရှင်ကအိမ်စေကောင်မလေးတစ်ယောက်ကိုမုဒိမ်းမှုကျူးလွန်တယ်..အဲဒါကိုထိုင်းလူမျိုးတစ်ယောက်နဲဗမာလူမျိုး၃ဦးကဖမ်းဆီးဖို့ အကျိုးအကြောင်းနဲတစ်ကွသံရုံးကိုလာအ
    ကြောင်းကြားတယ်...သံရုံးကဘာအကူအညီပေးတယ်ထင်လဲမြန်မာနိုင်ငံသားမှန်ကန်ကြောင်းစာရွက်တစ်ရွက်ပေးလိုက်တယ်...ဒါဘဲအဲဒီအကုအညီပေးတဲ့ထိုင်းက
    ဘာပြောတယ်ထင်လဲအဲဒါကြောင့်မင်းတို့ နိုင်ငံကဗမာလူမျိုးတွေကျွန်လာခံရတာနောက်ဆိုရင်ဗမာနိုင်ငံရှိမှာမဟုတ်တော့ဘူးတဲ့..တကယ်လို့များအဲဒီနေရာမှာသံအမတ်ကြီးသမီးနဲ့ သံမှူးသမီးများဖြစ်နေခဲ့ရင်...

  1. a said... :

    ဒါတောင်နာမည်ကျော်သိန်းစိန်ရဲ့အပြောင်းအလဲတွေကိုယုံကြတုံး။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved