အခုတော့ နောက်ဆုံး ဒေါ်အောင်ဆန်းစုကြည် တည်းခိုဖို့ နေပြည်တော်က အိမ်ငှားကိစ္စ အဆင်ပြေသွားတာ ကို ဒေါ်အောင်ဆန်းစုကြည်နဲ့ နီးစပ်သူ တဦးရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ အခုလို ရေးသား ထားပါတယ်။
"အမေ နေပြည်တော်မှာ နေဖို့ ပထမ ဦးခွန်သာ သွားစီစဉ်တဲ့ ညွှန်ချုပ်ဟောင်း နေအိမ်ကိုလည်း စာချုပ်ပြီးမှ အဲသည်အိမ်ရှင်ကိုတိုင် အမေ့ကို လာပြီး တောင်းပန်ရှာတယ် ၊ သူ မငှားနိုင်တော့ ပါဘူးတဲ့ ၊
ဒုတိယအကြိမ် လေတပ်အရာရှိဟောင်း ကိုတင်မောင်ထွန်းရဲ့ အိမ်ကိုလည်း ငှားပြီး ပရိဘောဂ တွေတောင် စီစဉ်ပြီးမှ သက်ဆိုင်ရာက ခေါ်ယူမေးမြန်းလို့ အမေက အားနာလို့ နောက်ဆုတ်ခဲ့ပါတယ် ......
ဥရောပ ခရီးစဉ် မစခင် 'သားတို့ ၊ ရရာအိမ်ငှား ၊ တဲဆိုလည်း အမေနေမယ်' လို့ မှာခဲ့ပါတယ်။ အခုတော့ အမေ့အတွက်ဆို ဘာဖြစ်ဖြစ် ငှားမယ်ဆိုတဲ့ အိမ်ရှင်နဲ့ တွေ့သွားလို့ စိတ်အေးရပါပြီ"တဲ့။
ပျဉ်းမနားမြို့ သားတွေ သိက္ခာကျတယ်ကွာ၊ အမျိုးသားခေါင်းဆောင် လူထု ခေါင်ဆောင် နေဖို့  အိမ်ငှား ရှာမရ ဘူးဆိုတာ ကြားလို့  မသင့်တော်လို့ ပါ။ အမေစုအတွက် ကမ္ဘာကတောင် နေရာပေးနိုင်သေးတယ်။ လွတ်တော် က အထူအစီအစဉ်အဖြစ် အစောင့်အရှောက်ကောင်းစွာနဲ့ အမေစုကို ဝန်ရံထားပေးသင့်တယ်။ နေရာသီးသန့် လုပ်ပေးသင့်တယ်။ အခုတော့ အမေစုအတွက် အိမ်ငှားပေးတဲ့ အိမ်ရှင်ကို ကျေးဇူးတင်ပါတယ်။ အမေစုရေ ပျဉ်းမနားတွေကလည်း အမေစုကို ချစ်ပါတယ်။ ဗမာပြည်သူတွေ ရှိတဲ့ နေရာတိုင်းမှာ အမေစုအတွက် နေရာ မရှား အိမ်မရှားပါဘူး။ NM