ဒေါ်အောင်ဆန်းစုကြည် တည်းဖို့ နေပြည်တော် အိမ်ကိစ္စ

Sunday, July 8, 2012

နေပြည်တော် လွှတ်တော် အဆောက်အဦ၊ ဓာတ်ပုံ- AP

ဒေါ်အောင်ဆန်းစုကြည်ဟာ မနက်ဖြန် နေပြည်တော်က လွှတ်တော်အစည်းအဝေးတွေကို စတင် တက်ရောက်တော့မှာပါ။ ဒါပေမယ့် နေပြည်တော်မှာ တည်းခို နေထိုင်ဖို့ အိမ်ငှားခဲ့တာ အခက်အခဲတွေ အများကြီး တွေ့ခဲ့တယ်လို့ သိရပါတယ်။

အခုတော့ နောက်ဆုံး ဒေါ်အောင်ဆန်းစုကြည် တည်းခိုဖို့ နေပြည်တော်က အိမ်ငှားကိစ္စ အဆင်ပြေသွားတာ ကို ဒေါ်အောင်ဆန်းစုကြည်နဲ့ နီးစပ်သူ တဦးရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ အခုလို ရေးသား ထားပါတယ်။

"အမေ နေပြည်တော်မှာ နေဖို့ ပထမ ဦးခွန်သာ သွားစီစဉ်တဲ့ ညွှန်ချုပ်ဟောင်း နေအိမ်ကိုလည်း စာချုပ်ပြီးမှ အဲသည်အိမ်ရှင်ကိုတိုင် အမေ့ကို လာပြီး တောင်းပန်ရှာတယ် ၊ သူ မငှားနိုင်တော့ ပါဘူးတဲ့ ၊

ဒုတိယအကြိမ် လေတပ်အရာရှိဟောင်း ကိုတင်မောင်ထွန်းရဲ့ အိမ်ကိုလည်း ငှားပြီး ပရိဘောဂ တွေတောင် စီစဉ်ပြီးမှ သက်ဆိုင်ရာက ခေါ်ယူမေးမြန်းလို့ အမေက အားနာလို့ နောက်ဆုတ်ခဲ့ပါတယ် ......

ဥရောပ ခရီးစဉ် မစခင် 'သားတို့ ၊ ရရာအိမ်ငှား ၊ တဲဆိုလည်း အမေနေမယ်' လို့ မှာခဲ့ပါတယ်။ အခုတော့ အမေ့အတွက်ဆို ဘာဖြစ်ဖြစ် ငှားမယ်ဆိုတဲ့ အိမ်ရှင်နဲ့ တွေ့သွားလို့ စိတ်အေးရပါပြီ"တဲ့။

10 comments :

  1. Anonymous said... :

    ပျဉ်းမနားမြို့ သားတွေ သိက္ခာကျတယ်ကွာ၊ အမျိုးသားခေါင်းဆောင် လူထု ခေါင်ဆောင် နေဖို့  အိမ်ငှား ရှာမရ ဘူးဆိုတာ ကြားလို့  မသင့်တော်လို့ ပါ။ အမေစုအတွက် ကမ္ဘာကတောင် နေရာပေးနိုင်သေးတယ်။ လွတ်တော် က အထူအစီအစဉ်အဖြစ် အစောင့်အရှောက်ကောင်းစွာနဲ့ အမေစုကို ဝန်ရံထားပေးသင့်တယ်။ နေရာသီးသန့် လုပ်ပေးသင့်တယ်။ အခုတော့ အမေစုအတွက် အိမ်ငှားပေးတဲ့ အိမ်ရှင်ကို ကျေးဇူးတင်ပါတယ်။ အမေစုရေ ပျဉ်းမနားတွေကလည်း အမေစုကို ချစ်ပါတယ်။ ဗမာပြည်သူတွေ ရှိတဲ့ နေရာတိုင်းမှာ အမေစုအတွက် နေရာ မရှား အိမ်မရှားပါဘူး။ NM

  1. Anonymous said... :

    နေပြည်တော်မှာသာငါ့အိမ်ရှိရင် အလကားတောင် ပေးနေချင်သေးတယ် . . အန်တီစုလို လူမျိုးကို ပေးနေရတာဂုဏ်တောင် ရှိသေးတယ် . .

  1. Anonymous said... :

    တဲလည်းရတယ် ဆိုပြီး အစိုးရစီစဉ်ပေးတဲ့ အဆောင်မှာ ဘာလို့ မနေနိုင်ရတာလဲ။ NLD ကလူတွေရဲ့အိမ်တွေ ပျဉ်းမနားမှာ မရှိကြဘူးလား။ သတင်းတွေ ရေးစရာမရှိတော့ အိမ်ငှားတာတောင် သတင်းဖြစ်နေတာကိုး။

  1. ywarthar said... :

    ဒီလို အခြေအနေမျိုးမှာတောင် ဒီလောက် အမြင်ကျဉ်းမြောင်းတဲ့ အောက်တန်းကျတဲ့စိတ်ဓာတ်တွေ ရှိနေသေးပါလားလို့ သိရတော့ ဗုဒ္ဓဘာသာ မြန်မာ လူမျိုးတို့ ရဲ့ စိတ်ဓာတ်တွေ တော်တော်အောက်တန်းကျနေသေးပါ လားလို့ စိတ်မကောင်းဖြစ်မိတယ်။ ဒီလိုနှောက်ယှက်လို့ ဘယ်သူ့အတွက် ဘာအကျိုးရှိသွားမှာမို့လဲ ၊ စိတ်ဓာတ်တွေ မပြင်သေးသရွေ့ ဘာရာထူး ဘာအာဏာ ဘာစည်းစိမ်တွေ ပဲ ပိုင်နေပါစေ အောက်တန်းစား အဖြစ်က တက်မလာပါဘူး။

  1. Anonymous said... :

    ပျဉ်းမနားမြို့သူ/သားတွေ ဘာလို့စိတ်ဓါတ်မခိုင်မာရတာလဲ..ခြိမ်းခြောက်မှုခံရလို့လားး ခုချိန်ထိ မြန်မာနိုင်ငံသူ/သားတွေ လွတ်လပ်တဲ့ကိုယ်ပိုင်ခံယူချက် ဆုံးဖြတ်ချက်တွေမချနိုင်သရွေ့..ကိုယ့်ယုံကြည်ချက်သတ္တိတွေမမွေးထုတ်နိုင်သေးသရွေ့တော့ နိုင်ငံရေးအပြောင်းအလဲဖြစ်ဖို့ဆိုတာ တော်တော်ကြိုးပမ်းကြရအုံးမှာပါပဲ..မြန်မာနိုင်ငံသူ/သားအားလုံးစည်းလုံးတက်ညီစွာနဲ့ ကိုယ့်ခံယူချက်တွေကို ရဲဝံ့စွာလက်စွဲထားနိုင်မှတာ ရှေ့ကိုချီတက်နိုင်မှာပါ..ခုကတော့ ( သူ့ဆန်စားရဲမှ...) ဆိုသလိုဖြစ်နေတယ်။ အမေ့အတွက် ခုလိုတောင်မကူညီပေးနိုင်ကြတာတော့ တော်၂ဆိုးရွားလှပါတယ်..ပညာမတတ်ချင်နေပါ..စည်းစိမ်တွေမရှိရင်နေပါ..အသိစိတ်ဓါတ်လေးတွေရှိသင့်ပါတယ်။

  1. Anonymous said... :

    သန့်ရှင်းသော အစိုးရဆိုတာ စာရွက်ပေါ်မှာဘဲ ရှိနေရမည်မဟုတ်ပါ။ လက်တွေ့ သဘောထားကြီးမှု၊ အင်အားကြီးတယ်ဆိုတိုင်း အနိုင်မကျင့်ဘဲ ခွင့်လွှတ်မှု။
    ဒီလိုမြင့်မြတ်သော စိတ်သဘောထားကို အာဏာချုပ်ကိုင်ထားသူများက ပြသသင့်ပါသည်။
    အမေစုကို ကမ္ဘာ့နိင်ငံကြီးများက လှိုက်လှဲပျူငှါ ကြိုဆိုသည်ကို မနာလို မရှုစိမ့်ဖြစ်ပြီး ဘေးကျပ်နံကျပ်ဖြစ်အောင် အမျိုးမျိုးပြုလုပ်နေခြင်းမှာ အာဏာပိုင်တို့၏ စိတ်သဘောထား သေးသိမ်မှုကို ပြသနေခြင်းဟု ယူဆနေပါသည်။ု

  1. "တဲ လည်းရတယ် ဆိုပြီးဘာလို့ အစိုးရစီစဉ်ပေးတဲ့ အဆောင်မှာ မနေနိုင်ရတာလဲ" ဆိုတဲ့ အထက်က ပုဂ္ဂိုလ်၊ တကယ်မသိလို့ မေးယင်၊ " 'တဲ' ထက် စုပ်ပြတ်သပ်လို့ပေါ့ ဟ" လို့ဖြေမယ်။ ညီလေးသိထားဖို့က၊ ' ဒေါ်စု' သည် တကမ္ဘာလုံး နဲ့ မြန်မာတနိုင်ငံလုံး က ယုံကြည်လေးစားတဲ့ နိုင်ငံ့ခေါင်းဆောင်တစ်ယောက် ဆိုဒါကိုရော သိပါရဲ့လား။ 'ရိုသေထိုက်သူကို ရိုသေရမယ်' ဆိုဒါ၊ ဗုဒ္ဓဘာသာဝင်တယောက်အနေ နှင့် အနည်းဆုံး တော့ လက်ခံရပါမယ်။ "ယောနိသော မဏသိကာရာ" ဆိုတဲ့ "နုလုံးသွင်းကောင်း" ထားတတ်အောင်စိတ်ကို များများ လေ့ကျင့်ပေး။

  1. Anonymous said... :

    လွတ်တော်ထဲ လာဖို့ ခေါ်။ ပြီးတော့ နေစရာမရှိအောင်လုပ်။
    တော်တော် အောက်တန်းကျတဲ့ လူတွေ။ တကမ္ဘာလုံးကလူတွေ ဒေါ်စု လေးစားကြပေမယ့် လူ့ တန်ဖိုးမသိတဲ့ လူလို့ ခေါ်လို့ မရတဲ့သူတွေက နားမလည်နိုင်ကြဘူး။

  1. waloe said... :

    တကယ်အလုပ်လုပ်မယ်ဆိုရင် သီးသန့် ဆိတ်ငြိမ်တဲ့နေရာ လိုပါတယ်။ အဲ့ဒါကြောင့် အမေက အိမ်ရှာခိုင်းတာနေမှာ။ ဘာဖြစ်ဖြစ် ဒီလိုအချိန်တွေမှာ ရိုးသားမူ ပွင့်လင်းမြင်သာမူတွေ အစိုးရဘက်မှာကော အတိုက်အခံဘက်မှာပါ ရှိသင့်တယ်။ ကိုယ်ဘက်ကိုချည်း မယက်သင့်ဘူး။ ဘယ်သူကိမှမရည်ရွယ်ပါဘူး။ ကျွန်တော် ဝလုံးပါ။

  1. Anonymous said... :

    Respect is something that comes out of heart not by force, but by great devotion....Those who don't know how to give a respect to the people who are worthy of respect, especially to Daw Aung San Suu Kyi, who is respected worldwide, how shameful the acts of these ignorant and stubborn heartless people.....With this kind of inhuman disposition, the country will never reach the common goal....

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved