ဦးမြင့်ဆွေက ဒုသမ္မတ အရည်အချင်းနဲ့ မပြည့်စုံဘူးလား

Monday, July 16, 2012

ဦးမြင့်ဆွေ (ဓာတ်ပုံ - ဧရာဝတီ)

လစ်လပ်နေတဲ့ ဒုသမ္မတ တနေရာအတွက် တမတ်သား အုပ်စုက ရွေးထားသူကတော့ ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးမြင့်ဆွေ ဖြစ်ပါတယ်။

လွှတ်တော်က အတည်ပြုရင် ဦးမြင့်ဆွေ ဒုသမ္မတ ဖြစ်လာပြီလို့ ယူဆခဲ့ကြပါတယ်။

သို့သော်လည်း အခြေခံဥပဒေမှာ ပြဋ္ဌာန်းထားချက်တွေအရ ဆိုရင် ဒုဗိုလ်ချုပ်ကြီးဟောင်း ဦးမြင့်ဆွေက ဒုသမ္မတ တယောက်မှာ ရှိရမယ့်ရဲ့ အရည်အချင်းနဲ့ မပြည့်စုံဘူး၊
ဦးမြင့်ဆွေရဲ့ သားမက် တယောက်က သြစတေးလျ နိုင်ငံသား ခံယူထားတယ် ဆိုတဲ့ သတင်းတချို့ ထွက်နေပါတယ်။

သား၊ သမီး၊ သားမက်၊ ချွေးမ တယောက်ယောက်က တခြားနိုင်ငံသား ခံယူထားရင် အဲဒီပုဂ္ဂိုလ်ကို သမ္မတ ၊ ဒုသမ္မတ အဖြစ် တင်မြှောက်ခွင့် မရှိ ဆိုပဲ။
(အခြေခံဥပဒေ ကောက်နုတ်ချက်ကို အောက်ဆုံးမှာ ကြည့်ပါ)

ဒီသတင်းသာ မှန်ကန်မယ် ဆိုရင် ဗိုလ်ချုပ်ကြီးတို့ ဘာဆက်လုပ်မလဲ။ လတ်တလော လုပ်စရာ ၃ ခု တွေ့ပါတယ်။

၁။ နိုင်ငံခြားသားနဲ့ လွတ်ကင်းတဲ့ စစ်ဗိုလ်တယောက်ကို အဆိုပြုလိုက်ပါ။

၂။ အခြေခံဥပဒေကို ပြင်လိုက်ပါ။
(ဒါဆိုရင် ဦးမြင့်ဆွေက လက်ရှိရာထူးမှာ ဆက်ရှိနေမယ်။ သူ့နေရာ ၀င်မယ်လို့ အများက ယူဆနေတဲ့ ဒုဗိုလ်ချုပ်ကြီး ဝေလွင်အတွက်လည်း တနေရာ စီစဉ်ပေးရမှာပါ။
ဒီနည်းကို သုံးမယ် ဆိုရင် ဒေါ်အောင်ဆန်းစုကြည်က အနာဂတ်မှာ သမ္မတ၊ ဒုသမ္မတ ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် ဒီနည်းလမ်း သုံးဖြစ်မယ် မထင်ပါ)

၃။ သမီးအဖြစ်က စွန့်လွှတ်ပါ။
(ဒီနည်းကို ဗိုလ်ခင်ညွန့် သုံးဖူးပါတယ်။ ဒါက အလွယ်ဆုံး ဖြစ်ပါလိမ့်မယ်။ သတင်းစာထဲ ကြော်ငြာအသေးလေး ထည့်လိုက်ရုံပါပဲ။ ကိုယ့် သမီး သားမက်တို့ကတော့ ပုံမှန်အတိုင်း ဆက်နေပေါ့။ ဘယ်သူ သိတာမှတ်လို့)

အခြေခံဥပဒေမှာ တွေ့ရတဲ့ သမ္မတ၊ ဒုသမ္မတတို့ရဲ့ အရည်အချင်းများ

(က) နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာရှိသူ ဖြစ်ရမည်။

(ခ) မိမိနှင့် မိမိ၏မိဘနှစ်ပါးလုံး နိုင်ငံတော်၏ အာဏာ ပိုင်နက်အတွင်း၌ မွေးဖွားသော တိုင်းရင်းသားမှဖြစ် သည့် မြန်မာနိုင်ငံသား ဖြစ်ရမည်။

(ဂ) ရွေးချယ်တင်မြှောက်ခြင်းခံရသူသည် အနည်းဆုံး အသက် ၄၅ နှစ်ပြည့်ပြီးသူ ဖြစ်ရမည်။

(ဃ) နိုင်ငံတော်အရေးအရာများဖြစ်သော နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ စစ်ရေးစသည့် အမြင်များရှိရ မည်။
(င) သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရသည့် အချိန်နှင့်တစ်ဆက်တည်း အနည်းဆုံးအနှစ် ၂၀ နိုင်ငံတော် တွင် အခြေချနေထိုင်ခဲ့သူဖြစ်ရမည်။

ခြွင်းချက်။ နိုင်ငံတော် ၏ ခွင့်ပြုချက်ဖြင့် နိုင်ငံခြား သို့ တရားဝင် သွားရောက်သည့် ကာလများကိုလည်း နိုင်ငံတော်တွင် အခြေချနေထိုင်ခဲ့သည့် ကာလ အဖြစ် ထည့်သွင်း ရေတွက်ရမည်။

(စ) မိမိ ကိုယ်တိုင် သော်လည်းကောင်း၊ မိမိ ၏ မိဘ တစ်ပါးပါးသော်လည်းကောင်း၊
မိမိ၏ဇနီး (သို့မဟုတ်) ခင်ပွန်းသော်လည်းကောင်း၊
မိမိ၏ တရားဝင် သားသမီး တစ်ဦးဦး သော်လည်းကောင်း၊
ထိုတရားဝင် သားသမီးတစ်ဦးဦး၏ဇနီး (သို့မဟုတ်) ခင်ပွန်းသော်လည်းကောင်း
နိုင်ငံခြားအစိုးရ၏ ကျေးဇူးသစ္စာတော်ကို ခံယူ စောင့်ရှောက် ရိုသေသူ (သို့မဟုတ်)
နိုင်ငံခြား အစိုးရ၏ လက်အောက်ခံဖြစ်သူ (သို့မဟုတ်)
တိုင်းတစ်ပါး၏ နိုင်ငံသားဖြစ်သူများ မဖြစ်စေရ၊
ထိုသူများသည် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ သော်လည်းကောင်း၊
တိုင်းတစ်ပါး၏ နိုင်ငံသားသော်လည်းကောင်း ခံစားရသော အခွင့်အရေးများ နှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့် ရှိသူများ မဖြစ်စေရ။

(ဆ) လွှတ်တော် ရွေးကောက်ပွဲ၌ ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် အတွက် သတ်မှတ်ထားသည့် အရည်အချင်းများ အပြင် နိုင်ငံတော်သမ္မတအတွက် သီးခြား သတ်မှတ်ထားသော အရည်အချင်းများ နှင့် လည်း ပြည့်စုံရမည်။

ဒု သမ္မတအဖြစ် ဦးမြင့်ဆွေကို တင်သွင်းလိုက်ပြီ

7 comments :

  1. kyaw said... :

    ၂။ အခြေခံဥပဒေကို ပြင်လိုက်ပါ။
    (ဒါဆိုရင် ဦးမြင့်ဆွေက လက်ရှိရာထူးမှာ ဆက်ရှိနေမယ်။ သူ့နေရာ ၀င်မယ်လို့ အများက ယူဆနေတဲ့ ဒုဗိုလ်ချုပ်ကြီး ဝေလွင်အတွက်လည်း တနေရာ စီစဉ်ပေးရမှာပါ။
    ဒီနည်းကို သုံးမယ် ဆိုရင် ဒေါ်အောင်ဆန်းစုကြည်က အနာဂတ်မှာ သမ္မတ၊ ဒုသမ္မတ ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် ဒီနည်းလမ်း သုံးဖြစ်မယ် မထင်ပါ)
    -------ဒါဆိုရင်တနေ့မှာ ဒေါ်စု သမ္မတ ၊ ဒုသမ္မ ဖြစ်ခဲ့ရင်ရော နိုင်ငံခြားမှာရှိနေတဲ့ သူ့ရဲ့ သား၊သမီးတွေနဲ့ရောမညို့စွန်းနိုင်ဘူးလား။

  1. Anonymous said... :

    အင်း... စောင့်ကြည့်ရဦးမှာပေါ့....။

  1. Anonymous said... :

    တမတ်သားအမတ်တွေက ရွေးတာလား၊ နောက်ကွယ် ပုဂ္ဂိုလ်ကြီးရွေးတာလား။

  1. Anonymous said... :

    ရေးချင်တာပဲသိတယ်.. သေချာမတွေးကြည့်ဘဲ ပို့စ်တင်နေသေးတယ်ဧရာဝတီရေ.. အပေါ်က Kyaw ရဲ့ ကွန်မန့်လိုပဲ ဒေါ်စုကရော ခင်ပွန်း၊ သားသမီး တွေပါ နိုင်ငံခြားသား မဟုတ်ဘူးလား.. သူ့သားတွေဆို မြန်မာစကားတောင် တတ်တာမဟုတ်ဘဲနဲ့.. ဘာလို့ သူက သမ္မတ၊ ဒုသမ္မတ ဖြစ်ရမှာတုန်း.. ။

  1. aung said... :

    ကိုယ်ဒုတ်ကိုယ် ရိုတ်ခံတာနာတယ်ဗျာ ဝဍ်ဆိုတာလည်း
    ချက်ခြင်ဘဲနော်

  1. Anonymous said... :

    စာကို သေချာဖတ်ကြပါဗျာ။
    "၂။ အခြေခံဥပဒေကို ပြင်လိုက်ပါ။" ဆိုတာ နိုင်ငံခြားသားမိသားစုဝင်နဲ့ ပတ်သက်တဲ့ စည်းကမ်းချက်ကို ပယ်ဖျက်မယ်လို့ ပြောတာ။

  1. Anonymous said... :

    စစ်ထောက်ချုပ် ကနေ တိုင်းအမတ်ပြောင်းပြိးမှ တိုင်းဝန်ကြိးချုပ် လုပ် ကိုယ်လုပ်ဖိုပေးရတော့မယ်
    အဖု အထစ် ရှိလို ကျန်ကြာနေပုံရတဲ့ နေရာကိုယ်
    မန္တလေး ဝန်ကြိးချုပ်လဲ ဖြစ်နိုင်တယ် တချိန်က ကျောင်းအုပ်ကြိးနဲ့ တိုင်းမှုး လုပ်ခဲ့ တဲ့ အတွက် တပ်ချုပ်စိတ်တိုင်းကျဆိုဖြစ်နိုင်ခြေများတယ်
    သူမိသားစုကလောဘနဲ့တော့ သမ္မတ တိုနဲ့ ကိုက်တယ်
    လက်ရှီဝန်ကြိးချုပ် က ဿသနာရေးတို ပြန်ကြားရေးတို့မှာ
    ပြည်ထောင်စုဝန်ကြိး ဖြစ်သွားလောက်တယ်
    လွှတ်တော်ကိုယ်စလှယ် ဗမခဝေလွင် ကတော့ ကျွန်တော် ယူဆချက်ပါ အပြိးသတ်ရွှေးလိုက်တော့ ပိုတဲ့အမည်ကိုယ်ကဘယ်သူဖြစ်ပါတယ်
    ကကကြည်း ကနေ လွှတ်တော် ကိုပေးပိုတာပါလိုဖြေရုံပဲပေါ့
    သေချာတာကတော့ ဦးမြင်ဆွေ ထက်ပိုကြိးတဲ့ အုပ်စု(ဦးရွှေမန်း ဦးတင်အေး)ထက်ငယ်တဲ့ လူပဲ ဖြစ်မဲ့ပုံပါ ဥပဒေပြင်တယ်ဆိုတဲ့ နေရာအထိ လူတယောက်ကို ပဲ့သဲကြိးမဲကြိးလုပ်မဲပုံ မျိုးမရှီလောက်ပါ
    လေးစားတာနဲ့ကာကွယ်စောင်ရှောက်တာတောင် မထိ မတိုရဲ့ပဲ ဒိလိုအတိုင်း ဆက်သွားခဲ့ဘူးတာပဲ့ ၂၀၁၅ သာ အားလုံးဆန္ဒအတိုင်းသာသာယာယာ ရှီရင် ၂၀၁၇ လောက် သမ္မတ အရေအချင်း ဥပဒေ နှင့် လူ ဟာ မျှော်လင့်ထားတဲ့ ပုံစံအတိုင်း တွေရမှာပါ အချက်ပုဒ်မ ၂၀၀ လောက်ပြင်ဖိုရှီတဲ့ အတိုက်အခံ များကလဲ လွှတ်တော်ကို ပိုအချိန်ယူပြိး ပြင်ဆင်ဥပဒေ များ အနှီုင်မရတိုင်အောင် မှတ်တမ်းရေးထိုးခိုင်းပြိး ချိတတ်ဖိုလိုပါတယ် ၄၅ယောက်ကိုယ်စား ၄၅၀၀၀၀ လောက် အဖွဲချုပ်မှာ ဆက်လုပ်နေကြပါတယ် မဆိုးရင်ပါနဲ့ အမေစု ကဲ့သို ပြတ်အောင် ဖြတ်နှီုင်တဲ့ ဒုတိယလူ များဖြစ်လာအောင်ကျိုးစားရပါမယ်
    အမေစုက လွှတ်တော် နောက်ပိုင်း နိုင်ငံတကာခရီးစဉ်တွေရှီလာပါပြိ တိုင်းပြည်တာဝန်ကြိးမားစွာလုပ်ရတဲ့နေတွေမှာ နောက်ခံအဖွဲအစည်ဟာ ကိုယ်တိုင် ယုံထ ရမှာပါ
    ခွဲထွက်တဲ့ လူတွေမရှီတော့အောင် စည်လုံးရပါမယ် ဦးသိန်းညွှန်နဲ့ မေစု ကပ်လျက် ဝေးနေတာ မျိုးမတွေချက်တော့ပါ ခံယူချပ်မတူတဲ့လူနဲ့ ပေါင်းလိုရတယ် တမိုးအောက်ကလူချင်း ကြည်မရတာမျိုးမ ဖြစ်လာအောင် နောက်ပိုင်းလူများကျိုးစားရပါမယ် တပ်ထဲကသမိုင်း အခေါ်အပြော လွှတ်တော် အခင်းအကျင်း လောက လူသားပေါင်းစုံ ခရိုနီ ဆိုက်စုံ ရှီနေတဲ့ ဒိနေလွှတ်တော် ကို ကိုယ်ခြေ ကိုယ်လက် မှန်ကန်တဲ့ လမ်းပြသူများ အဖြစ်သွားဖို အချိန်ပိုပေးရပါမယ် ဒုသမ္မတ အတွက်ထက် ပိုမြင်ရမဲ့ အတွင်းသဘော တွေရှီနေမှာမိုပါ

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved