တိတ်
မြန်မာနိုင်ငံမှာ ဘာသာရေးအရ ကန့်သတ်ချုပ်ချယ်မှုတွေရှိနေဆဲဖြစ်တယ်လို့ ထည့်သွင်းရေးသားထားတဲ့ ၂၀၁၁ နိုင်ငံတကာ ဘာသာရေးလွတ်လပ်မှုအစီရင်ခံစာ (International Religious Freedom Report for 2011 - IRFR) ကို အမေရိကန်နိုင်ငံ ခြားရေးဌာနက တနင်္လာနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
မြန်မာအစိုးရအနေနဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေကို အတိုင်းအတာတခုအထိ အကောင်အထည်ဖော် ခဲ့ပေမယ့် ဘာသာရေး လွတ်လပ်ခွင့်ကို လေးစားတဲ့အပိုင်းမှာရော ကာကွယ်တဲ့အပိုင်းမှာပါ တိုးတက်မှု မတွေ့ရဘူးလို့ မနေ့က ထုတ်ပြန်တဲ့ အဲ့ဒီ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။
ဒီအစီရင်ခံစာကို အမေရိကန်ပြည်ထောင်စုဆိုင်ရာ မြန်မာနိုင်ငံသံအမတ်သစ် ဦးသန်းဆွေက သမ္မတ ဘားရက် အိုဘားမားကို အိမ်ဖြူတော်မှာ သူရဲ့ သံအမတ်ခန့်အပ်လွှာ ပေးအပ်ချိန်နဲ့ တချိန်တည်းလောက်မှာပဲ ထုတ်ပြန်ခဲ့ တာပါ။
IRFR ထဲက မြန်မာပြည်နဲ့ပတ်သက်တဲ့ကဏ္ဍကို ဒီနေရာမှာ ဖတ်ရှုနိုင်ပါတယ်။
သတင်း အပြည့်အစုံကိုတော့ ဧရာဝတီ မြန်မာပိုင်း စာမျက်နှာမှာ မကြာမီ ဖတ်ရှုနိုင်ပါမယ်။
ဘာသာရေးလွတ်လပ်ခွင့်မရှိတာတကယ်မှန်ပါတယ်။ဒါပေမယ့်အကန့်အသတ်နဲ့ပါ။
ချဲဂဏန်းပေးတဲ့ဘုန်းကြီး နှစ်လုံးရောင်းခွင့်ပေးတဲ့ဘုန်းကြီးကျောင်း ဝင်ဖမ်းမယ့်သူမရှိပါဘူး။တရားကို တရားနဲ့အညီဟောပြီး
သစ္စာသိအောင်တရားပြနိုင်တဲ့ရဟန်းကျတော့
နည်းမျိုးစုံသုံးပြီးတော့ တရားဟောခွင့်ပိတ်ပါတယ်။
အေးပေါ့လေ တရားပါဆို မတရားတဲ့သူဘယ်ခံနိုင်မလဲ။
(ဆရာတော်ဥူးသုမင်္လ ဒယ်အိုးဆရာတော် အမြန်ဆုံးတရားပြန်ဟောနုင်ပါစေ)