အာဆီယံက ပထမဆုံး အိုလံပစ်ဆုရှင်

Tuesday, July 31, 2012

(တိတျ ရေးသား ပေးပို့သည်)

အသက် ၂၀ အရွယ်ရှိတဲ့ ထိုင်းနိုင်ငံသူလေး Pimsiri Sirikaew ဟာ အာဆီယံနိုင်ငံတွေထဲမှာ ပထမဆုံး ၂၀၁၂ အိုလံပစ်ဆုရှင် ဖြစ်လာခဲ့ပါပြီ။

တနင်္လာနေ့ကကျင်းပတဲ့ ၅၈ ကီလိုတန်း Clean and Jerkအမျိုးအစား အမျိုးသမီးအလေးမပြိုင်ပွဲမှာ စုစုပေါင်း ၂၃၆ ကီလို မ နိုင်ခဲ့ပြီး ဒုတိယ (ငွေတံဆိပ်) ဆုကို ဆွတ်ခူးခဲ့တာပါ။


ပထမ (ရွှေတံဆိပ်) ဆုကို တရုတ်နိုင်ငံသူလေး Li Xueying က စုစုပေါင်း ၂၄၆ ကီလို မ ပြီး ဆွတ်ခူးသွား ပါတယ်။ သူက အိုလံပစ်စံချိန် ၂၄၀ ကီလိုကို ချိုးသွားတာလည်း ဖြစ်ပါတယ်။

တတိယ (ကြေးတံဆိပ်) ဆုကိုတော့ ယူကရိန်းနိုင်ငံသူ Yulia Kalina က ရရှိသွားပါတယ်။

အရင်ချန်ပီယံဟောင်းဖြစ်တဲ့ ဘဲလာရုစ် (Belarus) နိုင်ငံသူ Nastassia Novikava ကတော့ အဆင့် ၇ ပဲ ချိတ်ခဲ့ပါတယ်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved