သက်မွန်မြင့် ရဲ့ MIG 29 တိုက်လေယာဉ်မှူး ဘဝ

Sunday, July 15, 2012

သက်မွန်မြင့်နဲ့ MIG 29 တိုက်လေယာဉ် ၊ ဓာတ်ပုံများ- Thet Mon Myint's facebook

အမေရိကန်မှာတော့ အပါချီတိုက် ရဟတ်ယာဉ်နဲ့ တချို့ တိုက်လေယာဉ်တွေဟာ အမျိုးသမီး လေ သူရဲတွေ မောင်းကြပါတယ်။ မြန်မာနိုင်ငံမှာတော့ အမျိုးသမီးလေသူရဲဆိုတာ အိပ်မက်တောင် မက်ခဲ့ကြတာမဟုတ်ပါဘူး။

ဒါပေမယ့် အခုတော့ မြန်မာနိုင်ငံမှာလည်း အမျိုးသမီးလေသူရဲ အသွင်နဲ့ မော်ဒယ်၊ သရုပ်ဆောင် ကျော်ငြာ မင်းသမီး သက်မွန်မြင့်ကို အခုလို တိုက်လေယာဉ်မှူးကြီးအဖြစ် မြင်တွေ့ရပါတယ်။



ဓာတ်ပုံထဲမှာကတော့ Mig 29 တိုက်လေယာဉ် မောင်းဖို့ ပြင်နေပါတယ်။ ဒါဆိုရင်တော့ သူဟာ ပထမဆုံး တိုက်လေယာဉ်မယ်ဖြစ်လာမယ့်ပုံပါဘဲ။ သူ့ရဲ့ ပရိတ်သတ်တွေကတော့ သက်မွန်မြင့် အနေနဲ့ MIG 29 တိုက်လေယာဉ်ကို မမောင်းစေချင်ကြပါဘူး။ ခဏ ခဏ ပျက်ကျလေ့ရှိတဲ့အတွက် အခုလိုပဲ ဓာတ်ပုံ တွဲရိုက်တာပဲ ကောင်းပါတယ်တဲ့။


ဒီပုံထဲမှာတော့ မော်ဒယ်၊ သရုပ်ဆောင်ဘ၀ကနေ တိုက်လေယာဉ်မှူးကြီးဖြစ်သွားတဲ့ပုံကတော့ တကယ် ပီပြင်ပါတယ်။ သက်မွန်မြင့်လည်း အခုလို MIG 29 တိုက်လေယာဉ်မှူးကြီးဘ၀ တခဏတော့ ရလိုက်တယ်။

13 comments :

  1. အောင်ကြူး said... :

    လေယာဉ်ပျံဆီထုတ်ရောင်းနေတာပါ ရိုက်ပြခဲ့ရင် လေသူရဲစတိုင် ပိုအသက်ဝင်မှာ...။ :D

  1. Unknown said... :

    ဂုဏ်ယူပါတယ် မသက်မွန်မြင့်ရေ။ လေယာဉ်နဲ့ ဓါတ်ပုံရိုက်တာနဲ့ လေယာဉ်မှူးကြီးလို့ပြောလို့မရပေမဲ့၊ လေယာဉ်ကို စိတ်ဝင်စားတာတွေ့တော့ အလွန်ပဲ ၀မ်းသာပါတယ်။ ဒီ Career ကို စိတ်ပါဝင်စားမဲ့လူငယ်တွေ အများကြီးလိုပါသေးတယ်။ MIG-29 ဆိုတာကတော့ အလွန်စိတ်ချရတဲ့လေယာဉ်ဖြစ်ပါတယ်။ ဒါပေမဲ့ Operational ဖြစ်မဖြစ်ဆိုတာကတော့ သုံးတဲ့လက်နက်၊ လေယာဉ်မောင်းသူနဲ့ သုံးနိုင်တဲ့ငွေကြေးတွေအပေါ်မှာမူတည်ပါတယ်။

  1. Anonymous said... :

    MIG 29 သည် စိတ်ချရသောလေယာဉ်တစ်မျိုးဖြစ်ပါသည်။ အလွယ်တစ်ကူ ပျက်လေ့မရှိပါ။

  1. Anonymous said... :

    မောင်ူနှင့်သော လေသူရဲ၏ ချို့ယွင်းချက်ကြောင့်သာ MiG29 သည် ပျက်ကျတတ်ပြီး စက်ချို့ယွင်းမှုကြောင့် မပျက်ကျတတ်ပါ... သေချာ လေ့လာမှုမရှိပဲ ခဏခဏပျက်ကျတယ်လို့ရေးထားတာ ဗဟုသုတမရှိမှန်း သိသာလွန်းလို့ပါ

  1. Anonymous said... :

    အလွယ်တကူမပျက်ပါဖူး ပျက်ခါနီးမှ မြန်မာနိုင်ငံရောက်လာတာပါ :P

  1. Anonymous said... :

    မြန်မာနိုင်ငံရောက်ပြီးနောက်ဘယ်နှစီးပျက်ပြီးပြီလဲ။
    သိတဲ့သူ ပြောပြကြပါ။
    စိတ်မချရတာတော့ အမှန်ပါ။
    လေယာဉ်မှူးဘယ်နှဦး ကျဆုံးပြီးပြီလဲ။

  1. hein said... :

    mig 29 ဆိုတာ usa က f16 တွေကို ယှဉ်ဖို့ ထုတ်ထားတဲ့ ဆိုဗီယက်ရဲ့ မျိုးဆက်လေးခုမြောက်လေယာဉ်ပါ... အဲဒီလေယာဉ်တွေမှာ f16 တွေမှာ မရှိတဲ့ လေယာဉ်မှုးရဲ့ helmet ကနေ တဆင့် ပစ်မှတ်ရှာ ပြီး ပစ်ခတ်နိုင်တဲ့ စနစ်တပ်ဆင်ထားပါတယ်..မြန်မာနိုင်ငံမှာ 35စီးရှိပါတယ်..တစ်စီးမှ ပျက်မကျပါ...အဲဒီလေယာဉ်တွေ ၀ယ်ပြီးကတည်းက မြန်မာနယ်စပ်လေပိုင်နက် ထဲကို ထိုင်း က f 16 တွေ မ၀င်လာရဲတော့တာပါ..နဲနဲ ပါးပါးလေးလည်း ကိုယ့်နိုင်ငံ စစ်တပ်အကြောင်းသိအောင်ကျိုးစားကြပါ..အမြဲ အဆိုးမြင်တွေ မဖြစ်ကြပါစေနဲ့ ဗျာ..ပြီးတော့ ဒါတွေက တပစ်ရစ်တွေမဟုတ်ပါ..မြန်မာအတွက် သီးသန့် အော်ဒါမှာပြီး အစိတ်အပိုင်းတွေကို သီးသန့် ထုတ်ပြီးမှ ပို့ လိုက်တာပါ.တချို့ ဆို.နိုင်ငံတွင်းမှာပဲ တပ်ဆင်တယ်လို့ ကြားပါတယ်

  1. မြန်မာ့တပ်မတော်အကြောင်းသိချင်ပါတယ် hein
    ခက်ထာက ကျန်းမာရေးမကောင်းကြောင်းရေးမိလို့
    သတိပေးခံရတဲ့ဂျာနယ်တွေကရှိနေသေးတယ်။
    ဘယ်နေရာမှာသိနိုင်သလဲလမ်းညျွန်ပေးပါ။
    ကျေးဇူးတင်ပါတယ်

  1. Anonymous said... :

    အောင်ကြူး။ အထင်နဲ့ရမ်းမပြောနဲ့။ အဲဒီလိုဘယ်တော့မှမလုပ်ဘူး။ လေယာဉ်ဆီကို ကားလိုလေယာဉ်ထဲကထုတ်မရောင်းဘူး။ ရောင်းမယ့်ဆီကို မထည့်ဘဲဖယ်ထားပြီးသား။ တပည့်တွေဆက်လှုပ်ရှား ပြီးမှ ငွေရှင်းပေးတာကွ။ နားလည်လား။

  1. Lu Lay said... :

    ကြားသိဘူးသလောက်ပြောရရင် MIG-19 / 21/ 23 လေယာဉ် အဟောင်းတွေ
    မြန်မာနိုင်ငံရောက်ပြီးနောက် အချို့ ပျက် ကျ ဘူးတယ် တဲ့ လေယာဉ် ပျံနေတုန်း
    ချို့ယွင်းနေတာ ပျက်တော့မှာ သိလျက်နဲ့ Eject လုပ်ပြီး ခုန်ထွက်လို့ မရဘူးတဲ့ ၊
    ခုန်ထွက်ခွင့်မရှိဘူးတဲ့။အသေခံဘို့ပဲ ရှိကြတယ်တဲ့
    လေယာဉ်ပျက်ကျရင် လေယာဉ် အပြစ် လို့ မပြောဘဲ သေသွားတဲ့လေယာဉ်မောင်းသူတွေက
    မလုပ်သင့်တာလုပ်လို့ လျှောက်ကလိလို့ လေယာဉ်ပျက်ကျတယ်လို့ အပြစ်တင်တတ်ကြတယ် တဲ့။
    ဒါက မြန်မာ့တပ်မတော်ထုံးစံ Beating on the dead horse !
    သေဆုံးသွားသော လေယာဉ်မှူးများ သနားပါတယ်ခင်ဗျာ
    ပွင့်လင်းမြင်သာမှုရှိကြပါစေ။ ရဲစွမ်းသတ္တိရှိသော မြန်မာ့တပ်မတော်ဖြစ်ပါစေ။

  1. Anonymous said... :

    လက်ရှိကြီးပွားချမ်းသာနေတဲ့ ခရိုနီတွေဟာ စီးပွားရေးကို ၀ိသမလောဘနဲ့ မရှာပဲ
    မေတ္တာဖြင့် ရှာထားပုံရတယ် …… စာရေးသူဟာလည်း ကံ ကံ ရဲ့ အကျိုးကို မေ့လျော့နေပုံရတယ်…
    မှီငြမ်းကိုးကားထားတဲ့ စာအုပ်စာတမ်းလည်း မတွေ့ရဘူး လောကဓံကို မကြုံဘူးသေးလို့ ပါ
    ချမ်းသာတဲ့လူတွေအားလုံးဟာ ဖော်ပြပါ အချက် 11 ချက်နဲ့ ဆန့်ကျင်နေတယ်လို့ ယူဆပါသလား ခင်ဗျား….

  1. hein said... :

    for kinzawmin www.mmmilitary.blogspot.com

  1. SunThit said... :

    Lu Lay ဆိုတဲ့လူနဲ့ ဒီသတင်းရေးတဲ့လူ ဆရာလိုလို သမားလိုလိုနဲ့ လျှောက်ပြောမနေနဲ့ Lu Lay မသိသေးရင်မှတ်ထားပါ မြန်မာနိုင်ငံမှာသုံးတဲ့တိုက်လေယဉ်တွေထဲမှာ ရုရှလုပ်ဆိုရင် ခု MIG 29 က ပထမဆုံးပါ
    အရင်ကလည်း ဘယ် MIG မျိုးဆက်မှမ၀ယ်ဖူးပါဘူး မင်းပြော တဲ့ မစ် ၁၉ ၂၁ ၂၃ တွေ တစ်စီးမှမ၀ယ်ဖူးပါဘူး အရင်က အနောက်ဥရောပ နဲ့ အမေရီကန်လုပ် ဂျက်တိုက်လေယာဉ်တွေ ဂျီဖိုး ဆူပါဂေါလက် တို့လိုလေယာဉ်တွေနဲ့ ၈၈နောက်ပိုင်းမှာ တရုတ်လုပ် ချန်ဒူး အက်ဖ် ၇၊ အေ ၅၊ ကေ ၈၊ စတာတွေပဲရှိပါတယ်။ ၄င်းတို့ထဲမှ စက်ချို့ယွင်းလို့ပျက်ကျတာဆိုရင် တရုတ်လုပ်လေယာဉ်တွေပဲရှိပါတယ်။ မသိပဲရမ်းမပြောပါနဲ့ ကိုယ့်တိုင်းပြည်ကိုယ်ကာကွယ်ရေးအသုံးစာရိတ်ကျတော့လဲ ချွေတာခိုင်းတယ် မရှိရှိတာနဲ့ ရအောင်လုပ်ထားတော့လဲ အစုတ်တွေဆိုပြီးစောက်ပြစ်တင်ချင်ရင် မင်းတို့ကိုယ်တိုင် တပ်ထဲဝင်လိုက်ပါ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved