ဒေါ်အောင်ဆန်းစုကြည်က တယ်လီပသီနည်းဖြင့် အကြောင်းကြားသတဲ့

Tuesday, August 14, 2012


ဒီကနေ့ ရွှေဂုံတိုင် အဖွဲ့ချုပ် ရုံးကို ခနရောက်ခိုက် ဆုံတွေ့ရတဲ့ UK Press TV က အင်တာဗျူးချင်လို့ ဆိုတာနဲ့ စကားပြော မူဗွီရိုက်တယ်။ ရုံးခန်းထဲမှာပါပဲ။ ပြီးလည်း ပြီးရော အ၀င်ဝနားမှာ နိုင်ငံခြားသူ အမျိုးသမီးကြီးတယောက်က အင်္ဂလိပ်လိုတွေ မေးနေတာနဲ့ ၀င်ဖြေပေးလိုက်ရတယ်။

အစောပိုင်းကတော့ အဟုတ်ပဲ သူက သြစတေးလျ က လာတာဖြစ်ကြောင်း၊ သူ့နိုင်ငံမြေပုံတွေ၊ သူအခု တည်းနေတဲ့ပန်းဆိုးတန်းက တည်းခိုခန်းမြေ့ပုံတွေ သေချာပြပြီး သူမ ဟာ ဒေါ်အောင်ဆန်းစုကြည်က လာတွေ့ပါ။ သူတွေ့ချင်တယ်လို့ ပြောလို့ လာတာဖြစ်ကြောင်း ၊ ဒါကြောင့် အခု ရုံးမှာ တာဝန်ရှိသူ တဦးဦးနဲ့တွေ့ပြီး အပွိုင့်မင့် ယူပေးပါ လို့ အပူကပ်ပါတယ်။

ကျနော်ကလည်း ရုံးမှာ ဘာတာဝန်မှ ရှိသူ မဟုတ်။ ဘာသာပြန် အနေနဲ့ ခန ၀င်ပြောပေးယုံပဲ ဆိုတော့ မတတ်နိုင်ဘူးလေ။။

ဒါနဲ့ပဲ ကျနော်တို့ ခေါင်းဆောင်က လောလောဆယ် နေပြည်တော်မှာ နေကြောင်း။ သူနဲ့ ချိန်းဆိုထားတာ မှန်ရင် နေပြည်တော်က သူ့ ကိုယ်ရေး အရာရှိ ဆီကို တိုက်ရိုက်သွားပြီး သွားတွေ့ဖို့ ကြိုးစားရင် ကြိုးစား။

ရန်ကုန်မှာတော့ အမေစု လောလောဆယ် အချိန် မအားနိုင်ကြောင်း ကျနော်က ပြောတော့ နေပြည်တော်ကို ဘယ်လိုသွားရမယ်။ နေပြည်တော်ရဲ့ မြေပုံ၊ နေပြည်တော်ကို သွားရမယ့် ပါရမီ ကား ဂိတ်မြေပုံ။ ကားစီးချိန်၊ ကားခ။ ဘတ်စ်ကားထက် ရထားက ဘယ်လို ဖြစ်နိုင်မလဲ။ စတဲ့ မေးခွန်းတွေ စုံနေအောင် မေးတာနဲ့ အချိန် မအား ရတဲ့ ကြားထဲ့ ကျနော် တတ်နိုင်သလောက် စိတ်ရှည်ရှည်ဖြေပေးခဲ့ပါတယ်။

နောက်ဆုံး သူလည်း စိတ်ကျေနပ်သွားဟန် တူပါတယ်။ မြေပုံမှာ ဟိုလမ်းကြောင်းဆွဲ ဒီမှတ်စုရေး လုပ်နေတုန်း ကျနော်က မေးလိုက်မိတယ်။

ယူ နဲ့ အမေစု က ဘယ်တုန်းက ချိန်းဆိုထားလို့လဲ။ အီးမေးလ်နဲ့လား၊ ဖုန်းနဲ့စကားပြောပြီး၊ ဒါမှ မဟုတ် သံရုံးကနေ ဖိတ်ကြားပြီး လာခိုင်းတာလား လို့ ကျနော်မေးတော့ သူက မသဲမကွဲစကားလုံးနဲ့ ဖြေတယ်ဗျ

ကျနော် မနည်း နားထောင်ရတယ်။ နောက်ဆုံးတော့ သူ့ပါးစပ်နားကပ်ပြီး နားကိုထောင်။ ဘယ်လိုနည်း နဲ့ ဒေါ်အောင်ဆန်းစုကြည်က ခင်ဗျားကို တွေ့ချင်တယ်လို့ အကြောင်းကြားလို့ အခု မြန်မာပြည်ကို လာတွေ့ဖို့ ကြိုးစားတာလဲ လို့ မေးတဲ့ အခါ .......................

တယ်လီပသီ နည်းနဲ့ သူ့ကို လှမ်း အကြောင်းကြားလို့ပါတဲ့ ခင်ဗျာ။

နိုင်ငံခြားသား ဆိုတိုင်း ................. အောင်မင်း............................ ကျနော့် ရဲ့ အလွန်ရှားပါးလှသော အချိန် မိနစ်နှစ်ဆယ်လောက် ပလုံ ဆိုပြီး မြည်သွားပါကြောင်း .................................

နေမျိုးဇင်

1 comments :

  1. Unknown said... :

    စိတ်မကောင်ပါဘူး၊ ဗိုလ်ကြီး နေမျိုးဇင် ခင်ဗျား။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved