ဗိုလ်ချုပ်မှူးကြီးမွှေးခဲ့တဲ့မီး

Thursday, August 16, 2012

~






နေပြည်တော်မှာ ညှိနှိုင်းလို့ မရသေးတဲ့ ပြဿနာကြီးတခုက ဗိုလ်ချုပ်မှူးကြီးဟောင်းသန်းရွှေနဲ့ တိုက်ရိုက် သက်ဆိုင်နေပါပြီ။

ပြဿနာ ~


ပြည်သူ့လွှတ်တော် နဲ့ အခြေခံဥပဒေခုံရုံးတို့ ထိပ်တိုက်တွေ့၊ ပြဿနာ တက်နေကြတာပါ။

လွှတ်တော်ကော်မတီတွေဟာ ပြည်ထောင်စုအဆင့် ဖြစ်တယ်လို့ ပြည်သူ့လွှတ်တော်က ဆိုပါတယ်။
ခုံရုံးကတော့ ပြည်ထောင်စုအဆင့် မဟုတ်ဘူး လို့ ဆိုနေပါတယ်။

ခုံရုံးရဲ့ အသံ ~

ခုံရုံးက အပြီးသတ်ဆုံးဖြတ်ချက်ကို မတ်လ ၂၈ ရက်နေ့က ချခဲ့ပါတယ်။ (ပဝေသဏီက ဖြစ်ခဲ့တာတွေကို ဒီ သြဂုတ်လလယ်မှာ ဖော်ထုတ်နေကြတာပါ)
ဆုံးဖြတ်ချက် အစအဆုံးကို ဒီနေ့ထုတ် အစိုးရသတင်းစာများမှာ နားနားပြီး ဖတ်ပါ။
ခုံရုံးက နာဂစ်အခြေခံဥပဒေကို ကိုးကားထားပါတယ်။
နာဂစ်အခြေခံဥပဒေ ဆိုတာ ဗိုလ်ချုပ်မှူးကြီးဟောင်းသန်းရွှေတို့ နှစ်ပေါင်းများစွာ အချိန်ယူပြီး ဆွဲခဲ့တာ ဖြစ်ပါတယ်။ ခုံရုံးက လူကြီးမင်းတို့ရဲ့လက်ရာ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။

ပြည်သူ့လွှတ်တော်ရဲ့ အသံ ~


"ကော်မတီ၊ ကော်မရှင် အဖွဲ့များသည် ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၂ (ဇ) အရ ပြည်ထောင်စု အဆင့်‌ဖြစ်ကြောင်း" လို့
လွှတ်တော် ဒုဥက္ကဋ္ဌ ဦးနန္ဒကျော်စွာက ဆိုပါတယ်။

ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေ
ပြည်ထောင်စု ရှေ့နေချုပ်ဥပဒေ၊
ပြည်ထောင်စု စာရင်းစစ်ချုပ် ဥပဒေ တို့မှာလည်း "ဒီအတိုင်းပဲ အဓိပ္ပာယ်ဖွင့်ဆို ပြဋ္ဌာန်းထားတာကို တွေ့ရမှာဖြစ်ပါတယ်" တဲ့။

ဦးနန္ဒကျော်စွာက ဆက်ပြောပါတာက ဒီဥပဒေ ၄ ခုစလုံးက ဗိုလ်သန်းရွှေ ရဲ့ လက်ရာတွေပါလို့ ဆိုပါတယ်။

သူ့စကားလုံး အတိအကျက "ဥပဒေများနှင့် ညီစွာ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ ကိုယ်တိုင် လက်မှတ် ရေးထိုးပြီး ထုတ်ပြန် ပြဋ္ဌာန်း ခဲ့တာဖြစ်ပါတယ်" တဲ့။

ဘယ်လို အဆုံးသတ်မလဲ ~


ဆိုခဲ့သလိုပဲ လွှတ်တော် နဲ့ ခုံရုံးတို့ စကားလုံးတခုကို အငြင်းပွားနေကြပါပြီ။
နှစ်ဘက်စလုံးက ဗိုလ်သန်းရွှေထုတ်ခဲ့တဲ့ဥပဒေတွေကို ၀ိုင်းပြီး ကိုးကားနေကြပါတယ်။
လွှတ်တော်ဥက္ကဋ္ဌရော ခုံရုံးဥက္ကဋ္ဌပါ ဗိုလ်သန်းရွှေရဲ့ လက်ရုံးတွေချည်းပါပဲ။
ပျင်းစရာကောင်းတဲ့ ပြဿနာ ဆိုပေမယ့် ဘယ်လိုအဆုံးသတ်ကြမလဲ ဆိုတာကတော့ စိတ်ဝင်စားစရာကောင်းနေပါတော့တယ်။



~

6 comments :

  1. Anonymous said... :

    power balance ဖြစ်တာ ကောင်းပါတယ်။ နိုင်ငံရဲ့ ကံကြမ္မာက လွှတ်တော်အမတ်တွေ တော်မတော် တတ်မတတ်ပေါ်မှာလည်း တော်တော်မူတည်ပါတယ်။ ကြံ့ဖွတ်ကို မကြိုက်ပေမဲ့ ဇေယျာသော်တို့ လို လူငယ်အုပ်စုကိုလည်း လွှတ်တော်ပြင်ပ နိုင်ငံရေးလုပ်သင့်တဲ့ သူလို့ပဲ မြင်ပါတယ်။NLDမှာ သူ့ထက် အတွေ့အကြုံများပြီး တော်တဲ့သူတွေ အများကြီးပါ။ အခုတော့ ကြံ့ဖွတ်အမတ်တွေကတောင် ဟုတ်တုတ်တုတ် ဖြစ်နေသေးတယ်။ ဒေါ်စန္ဒာမင်းတို့ မဖြူဖြူသင်းတို့လည်း ဘာသံမှမထွက်နိုင်ဘူး။ သူတို့အတွေ့အကြုံ လေ့လာအားနဲ့ လွှတ်တော်နဲ့ မတန်ဘူး။ ဆိုလိုတာက သူတို့အစား အခြားလူတော်။လူကြီးတွေကို လွှတ်တော်ထဲ ထည့်သင့်တယ်။

  1. Anonymous said... :

    I really think that the management system of our country country should be changed. After reading this news, I understand that nothing is changed and it is almost the same like the time of Bogyoke Than Shwe. How long do we have to wait more????? I hope the government knows that Myanmar is late about 60 years (may be more than that) compare to any other developed country. If we can not change now, we don't know will be still going on.

  1. Anonymous said... :

    ခေါင်းစဉ် ကို မကြိုက်ပါ ။ မွေးခဲ့တဲ့မီးဆိုတာ တမင်ဖန်တီးတာလို့ ခေါ်နိုင်ပါတယ် ။ အခုဟာက ဖန်တီး
    ထားတဲ့ကိစ္စ မဟုတ်ပဲ အခြေအနေအရ ပေါ်ပေါက်လာ
    တာပါ ။ မကြာခင် အဖြေမှန်ပေါ်မယ်ထင်ပါတယ်။

  1. Anonymous said... :

    လွှတ်တော်ထဲမှာ လွှတ်တော်နဲ့ မသက်ဆိုင်သလိုထိုင်နေတဲ့ လွှတ်တော်အမတ်တွေက ရှိနေတယ်ဆိုတာ ငြင်းလို့မရပါဘူး။ ဒါကလည်း အငြင်းပွားစရာ ရလဒ်တွေ ကိုယ်စီကိုင်ပြီးတက်လာသူတွေကြောင့်ရော ဖုတ်ပူမီးတိုက် ရရာ ဆွဲတင်ပြီး အထည့်ခံလိုက်ရတဲ့ အမတ်တွေ ရော ပါနေတာကြောင့်လို့သုံးသပ်မိပါတယ်။ယခုကျင်းပနေတဲ့ လွှတ်တော်မှာ တစ်ကယ်တမ်းအလုပ်လုပ် နေနိင်တာ လက်ချိုး ရေလို့ရမယ်ထင်ပါတယ်... ဘာပဲဖြစ်ဖြစ်လေ ၂၀၁၅ မှာ လူမှန်နေရာမှန်နဲက အကျိုးရလဒ် အမှန်တွေ ပေါ်ထွက်လာဖို့ပဲ မျှော်လင့်နေပါတယ်..

  1. ရှင်းနေပြီးသားပါ

  1. Anonymous said... :

    ရှင်းနေပြီးသားပါဆိုတာကဘာကိုဆိုလိုတာပါလိမ့်။ ဦးသန်းရွှေနောက်ကဟာကိုပြောတာလား။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved