ဦးသိန်းစိန်နဲ့ ပြုပြင်ပြောင်းလဲရေး ~ စစ်တမ်း

Wednesday, August 29, 2012

.





စာဖတ်သူများ မြင်တဲ့ အနာဂတ် မြန်မာပြည်အခြေအနေနဲ့ ပတ်သက်တဲ့ စစ်တမ်းတခုကို ပြီးခဲ့တဲ့သုံးရက်အတွင်း ဒီဘလော့မှာ တွေ့ကြရမှာပါ။

ဒီကနေ့ စစ်တမ်းကောက်ယူမှုပြီးဆုံးချိန် ရလဒ်ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

သမ္မတဦးသိန်းစိန်နဲ့ ပြုပြင်ပြောင်းလဲရေးဝါဒီတို့ ရည်မှန်းထားတဲ့ နိုင်ငံရေး၊ စီးပွားရေးဆိုင်ရာ အပြောင်းအလဲများဟာ

- မြန်မာပြည်သူများနဲ့ နိုင်ငံတကာရဲ့ အားပေးမှုကြောင့် ရည်မှန်းထားသလို အကောင်အထည် ပေါ်လာပါလိမ့်မယ်။
41.35% (416 votes)

- ခေတ်နောက်ပြန်ဆွဲသူတွေကို မလွန်ဆန်နိုင်လို့ အပြောင်းအလဲ မဖြစ်နိုင်ပါ။
7.85% (79 votes)

- ဦးသိန်းစိန်ရဲ့ မပြတ်သားမှု၊ အုပ်ချုပ်ရေးဝန်ထမ်းများ မကျွမ်းကျင် မနိုင်နင်းမှုတွေကြောင့် အပြောင်းအလဲ နှေးကွေးပါလိမ့်မယ်။
50.8% (511 votes)

သဘောထားပေးမှုပေါင်း - 1,006

ပြောင်းလဲမယ် သို့သော်လည်း အပြောင်းအလဲ နှေးကွေးလိမ့်မယ်လို့ သဘောထားပေးသူက အများစု ဖြစ်နေပါတယ်။

ရည်မှန်းထားသလို အကောင်အထည် ပေါ်လာပါလိမ့်မယ်လို့ ယူဆသူလည်း အများအပြား ရှိတာကို တွေ့ကြရမှာပါ။

အစိုးရအဖွဲ့အတွင်း ၀န်ကြီးတချို့ ပြောင်းရွှေ့၊ တာဝန်လျှော့ချ၊ အနားပေးခံရမှုတွေမတိုင်ခင် ၂ ရက်အလိုမှာ ကောက်ယူခဲ့တဲ့ စစ်တမ်း ဖြစ်ပါတယ်။

ဒီရက်ပိုင်း ပေါ်ပေါက်လာတဲ့ အစိုးရအဖွဲ့အတွင်း ပြုပြင်ပြောင်းလဲမှုတချို့ကြောင့် သမ္မတဦးသိန်းစိန်ကို ပိုမို ထောက်ခံလာကြတာလည်း တွေ့နေရပါတယ်။




.

1 comments :

  1. Anonymous said... :

    မသိတာရှိလို့ မေးပါရစေခင်ဗျာ။ အဲဒီစစ်တမ်းမှာ ရွေးချယ်ဖို့ သုံးခုပဲပေးထားတာလားဆိုတာသိချင်လို့ပါ။ စစ်တမ်းကောက်တုန်း မတွေ့လိုက်လို့ပါ။ ဆိုလိုတာက ဒီစစ်တမ်းကို တီထွင်သူအနေနဲ့ သမ္မတ သိန်းစိန်အစိုးရက ပြုပြင်ပြောင်းရေးလုပ်သူအနေနဲ့ တင်ကြိုသတ်မှတ်ပြီး မေးခွန်းတည်ဆောက်ထားသလိုဖြစ်နေတယ်လို့ ယူဆမိပါတယ်။ ဒီတော့ အဲဒီစစ်တမ်းမှာ သမ္မတသိန်းစိန်ကို ပြောင်းလဲသမားအဖြစ် မမြင်၊ အစိုးရနဲ့ လွှတ်တော်အတွင်းက အမာ အပျော့ဆိုတာ လက်မခံသူတွေရဲ့ အမြင်ကို ထင်ဟပ်ခြင်းမရှိ သေးဘူးလို့ မြင်ပါတယ်။ သူတို့တွေက အရေအတွက် နဲနိုင်ပေမယ့် ရာခိုင်နှုန်းဘယ်လောက်ရှိမယ်ဆိုတာ အနည်းဆုံး ထင်ဟပ်နိုင်မယ်လို့ ယူဆပါတယ်။ ငြိမ်းချမ်းပါစေ... ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved