ကွဲပြားငြိမ်းချမ်းပါတီဥက္ကဋ္ဌကို ဦးခင်ရွှေ တရားစွဲပြီ

Monday, August 20, 2012


တရားစွဲခံရတဲ့ ဦးနေမျိုးဝေ၊ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ ဥက္ကဋ္ဌ (ဓာတ်ပုံ - စည်သူ)

မိုင်အဲမလီ ~


မြန်မာတနိုင်ငံလုံးချီပြီး ဖြစ်ပေါ်နေတဲ့ မတရား လယ်သိမ်းခံရမှု၊ မြေယာ ပြဿနာ၊ လယ်ယာမြေဥပဒေဟောင်းတွေရဲ့ အားနည်းချက်တွေအကြောင်း ဝေေ၀ဆာဆာ ရေးသား ထုတ်ဖော် ပြောဆိုနေတဲ့ မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီ ဥက္ကဋ္ဌ ဦးနေမျိုးဝေ တရားစွဲဆိုခံထားရပါတယ်။

သူ့ကို ဇေကမ္ဘာကုမ္ပဏီပိုင်ရှင် ပြည်ထောင်စုလွတ်တော် ကိုယ်စားလှယ် ဦးခင်ရွှေက အသရေဖျက်မှု ပုဒ်မ ၅၀၀ နဲ့ တရားစွဲဆိုထားတာပါ တဲ့။

ဦးနေမျိုးဝေဟာ ဇေကမ္ဘာကုမ္ပဏီနဲ့ လယ်သမားများပြဿနာ ဆိုတဲ့ စာအုပ်ကို ၂၀၁၁ ခုနှစ် ဇွန်လပိုင်းမှာ ရေးသားခဲ့ပြီး လယ်ယာမြေ ဥပဒေဟောင်းတွေရဲ့ အားနည်းချက်တွေကိုလည်း ဖော်ထုတ်ခဲ့သလို အစိုးရ၀န်ထမ်းတွေရဲ့ လာဘ်စားမှု တွေကိုလည်း အတိအလင်း ဖော်ထုတ် ရေးသားခဲ့သူပါ။

အဲဒီတုန်းက ရလဒ်အဖြစ် စာပေစိစစ်ရေးက သူ့ရဲ့ ပုံနှိပ်ထုတ်ဝေခွင့် အာမခံကြေးငွေ ကျပ် ၅သိန်းကို နိုင်ငံတော် ဘဏ္ဍာငွေအဖြစ် သိမ်းဆည်းလိုက်ပြီး စာပေထုတ်ဝေခွင့်ကို ပိတ်ပင်လိုက်ပါတယ်။



နိုင်ငံရေးပါတီနဲ့ သက်ဆိုင်ခြင်းမရှိတဲ့ အကြောင်းအရာတွေကို ထည့်သွင်းရေးသားတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ပါ။

ဦးနေမျိုးဝေက မှတ်ချက် ဘယ်လို ပေးသလဲ


ဇူလိုင်လ ၂၆ရက်နေ့ ပြည်ထောင်စုလွတ်တော်မှာ နိုင်ငံလုံးချီ ဖြစ်ပွားနေတဲ့ မြေယာမှုခင်းတွေကို စုံစမ်းစစ်ဆေးဖို့ စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းမယ့်
ကိစ္စကို မဲခွဲဆုံးဖြတ်ခဲ့ပါတယ်။ မဲအရေအတွက် ၃၉၅မဲနဲ့ ဆုံးဖြတ်ချက် ချမှတ်နိုင်ခဲ့ကြောင်း သိရှိရပါတယ်။

အဲဒီလိုမြေယာမှုခင်းနဲ့ ပတ်သက်လို့ စုံစမ်း စစ်ဆေးကော်မရှင်တွေ ဖွဲ့ဖို့ ဆုံးဖြတ်ချက် ချမှတ်ခြင်း၊ ဇေကမ္ဘာကုမ္ပဏီက ဦးနေမျိုးဝေကို တရားစွဲခြင်း တွေဟာ လယ်သမားအရေး လုပ်ကိုင်သူများအတွက် စိတ်ဝင်စားစရာပါပဲ။

တကယ်တော့ ဒါဟာ ဇေကမ္ဘာကုမ္ဘာဏီ နဲ့ နေမျိုးဝေတို့ ဖြစ်နေတဲ့ပွဲ မဟုတ်ပါဘူး။ သူတို့နှစ်ဦးကြားမှာ Class နှစ်ခု ရှိနေပါတယ်။
နစ်နာသူ ( တုံးအောက်က ဖားတွေ ) ရှိနေတယ်၊
အဲဒီတုံးကအောက်က ဖားတွေမှာ အသိပညာပိုင်းဆိုင်ရာ ၊ ငွေကြေးပိုင်း ဆိုင်ရာ အားနည်းမှုတွေ ရှိနေတယ်။
သူတို့က Class တခု ၊ အဲဒီလူတွေနဲ့ ငွေကြေးဥစ္စာ ဒါနတွေကြွယ်ဝပြီးတော့ ရာထူးရာခံ ရှိတဲ့လူတွေနဲ့ လာဘ်ပေးလာဘ်ယူလုပ်၊ ပူးပေါင်းဆောင်ရွက်နိုင်သူ လူတန်းစားတွေရှိတယ်။
အဲဒီလူတန်းစား Class နှစ်ခုရဲ့ တိုက်ပွဲက နေမျိုးဝေနဲ့ ဇေကမ္ဘာရဲ့ ပြဿနာကို ဖြစ်ပေါ်လာစေတာပါ လို့ ဦးနေမျိုးဝေက ပြောပြပါတယ်။
ဦးနေမျိုးဝေ (ဓာတ်ပုံ - စည်သူ)

ဇူလိုင်လမှာ သူ့ရဲ့ မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီဟာ သမ္မတနဲ့ သွားရောက်တွေ့ဆုံခွင့် ရခဲ့ပြီး နိုင်ငံရေးရာ အကြံပြုချက်တွေကို တင်ပြခဲ့ကြောင်း သိရပါတယ်။

လတ်တလော တရားစွဲဆို ခံထားရတဲ့ ဦးနေမျိုးဝေ ဘက်က ရှေ့နေများကွန်ယက်မှ ရှေ့နေတွေ ဖြစ်ကြတဲ့ ဦးအောင်သိန်း၊ ဦးသိန်းသန်းဦး၊ ဦးကြီးမြင့်တို့က အခမဲ့ ကူညီကြမှာဖြစ်ကြောင်း သိရပါတယ်။



လွှတ်တော်ထဲမှာ ဦးခင်ရွှေ ဘာတွေ တွက်ချက်လေ့လာနေသလဲ ? (ဓာတ်ပုံ - ဧရာဝတီ)

6 comments :

  1. Anonymous said... :

    ဒါန နဲ့ ဓန မှားနေတယ်လို့ ထင်ပါတယ်၊
    ဒါနဆိုယင် အဓိပ္ပါယ်တမျိုးထွက်နေမလားလို့ ပါ။

  1. gold said... :

    ဦးခင်ရွှေခင်ဗျားနိုင်ငံတော်နံ့ပြည်သူတွေကောင်းကျိုးအတွက်နိုင်ငံရေးလုပ်ချင်လို့လွှတ်တော်ထဲရောက်အောင်လုပ်တာလား?ဒါမှမဟုတ်မိမိကိုယ်ကျိုးစီးပွားတိုးပွားသထက်တိုးပွားအောင်အတွက်လား,,?ဆိုတာလေးလေးနက်နက်ကိုယ်တိုင်စဉ်းစားစေချင်ပါတယ်။မဲဆွယ်ချိန်ကာလကစလို့ယခုအချိန် ထိပေါ့။ရှက်စရာအလွန်ကောင်းပါ တယ်။ကျနော်လည်းခင်ဗျားကိုမသိပေမယ့်လူကြီးမင်းလို့ခေါ်ပါတယ်။အခုလူကြီးမင်းတရားစွဲလို့ယခင်ခေတ်ကလိုစိတ်တိုင်းကျတာဝန်ရှိသူတွေကလူကြီးမင်းအလိုကျဆောင်ရွက်ပေးခဲ့လို့အနိုင်ရခဲ့ရင်ကျေနပ်နေမှာဘဲလား..?ပိုလို့တောင်ရှက်စရာကောင်းပါလိမ့်မယ်။ဦးတေဇဘယ်လိုလုပ်ဆောင်သွားပါသလဲ?လူကြီးမင်းလည်းနတ်လူသာဓုခေါ်စရာလုပ်ရပ်ကလေးတစ်ခုတော့လုပ်ပြသင့်ပါပြီ။အသက်လည်းကြီးပါပြီ။လောဘသတ်ပါတော့။လူကြီးမင်းတရားစွဲတဲ့လူအားလုံးလယ်သမားအားလုံးပါတွက်ကြည့်ပါ လူကြီးမင်းပိုင်ဆိုင်မှုအားလုံးရဲ့အစွန်းထွက်တောင်သူတို့တစ်တွေမရှိပါဘူး။လူကြိးမင်းကိုဝေဿရာလိုအလှုမပေးခိုင်းပါဘူး။ကိုယ့်ထက်အဆများစွာနိမ့်ပါးတဲ့သူတွေဆီကအလှုမခံစေချင်တာပါ။တရားစွဲထားတာတွေပြန်ရုတ်သိမ်းခြင်းဖြင့်ကိုယ့်သိက္ခာပြန်လည်ထိန်းသိမ်းပါခင်ဗျား

  1. Anonymous said... :

    Let me tell you everyone.

    This PotBelly will not last long. At most - 3 years to live. Do you all know what will kill him?
    His own PotBelly. Everything he had has gulped down from Khin Nyunt era to now.

  1. Unknown said... :

    ပြည်သူ့မျက်နှာကို မထောက် ။ ပြည်သူ့အကျိုးကို မျက်ကွယ်ပြု။ ဘယ်သူသေသေငတေမာရင်ပြီးစတမ်း လက်ကိုင်ထားတဲ့ ဤခရိုနီ ကြီးကို လွှတ်တော်ထဲခေါ်သွင်းလာကြသူများသည် မြင်းကို ချို တပ်ပေးသကဲ့သ်ု့ ဝှေ့သရော ။ ကန်သရောဖြစ်နေသည်ကို အချိန်မီ ဖမ်းဆီးထိန်းသိမ်း၍ပေးကြပါရန်လေးစားစွာဖြင့် ပန်ကြားအပ်ပါသည်

  1. နိုင်ငံတော်နှင့်နိုင်ငံသားတို့ရဲ့အကျိုးစီးပွားအား ကာကွယ်စောင့်ရှောက်သည့် တရားဥပဒေတစ်ရပ် အထူးလိုအပ်ပါသည်။

  1. seanltt said... :

    ဦးခင်ရွေ .. ဒီလောက်ချမ်းသာနေတာ .. ကုန်းကောက်စရာ မရှိအောင် မွဲတေ နေတဲ့ လယ်သမား တွေရဲ လယ်တွေ သိမ်းပြီး မိသားစု အလိုက် တောင်းစားရတဲ့ဘဝ ကိုရောက်အောင် လုပ်ဆောင်နေတာ ဘယ်လိုဂုဏ်သိက္ခာ ရှိလို့ အသရေ ဖျက်မှုနဲ့ တရားဆွဲ ရတာလဲဗျာ..
    ဂုဏ်သိက္ခာဆို တာ ကောင်းမွန်တဲ့လူ့ကျင့်ဝတ်ပါ.. မတော်လောဘ မဟုတ်ပါ

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved