အစိမ်းရောင်ကို ကြောက်နေရခြင်း

Thursday, August 9, 2012

ဓာတ်ပုံ- လူငယ်လေး တယောက်

မြန်မာနိုင်ငံသားတွေဟာ ဘာကြောင့်ရယ်မသိ၊ စိမ်းစိမ်းမြင်ရာ ကြောက်နေရတဲ့အဖြစ်နဲ့ ရင်ဆိုင်နေရတာ ကိုက မြန်မာ ဖြစ်နေရောသလား လို့ မေးခွန်းထုတ်မိတယ်။

အကြောင်းကတော့ လူငယ်လေးတယောက်ရဲ့ ဓာတ်ပုံတပုံကလည်း လူမှု အင်တာနက် စာမျက်နှာ
ပေါ် မြင်လိုက်ရ တော့ လူမြင်ကွင်းတွေထိပါ ဒီလို အဖြစ်တွေက ပေါ်ထွက်လာလို့ပါ။

လူငယ်လေးတယောက်က ယမန်နေ့ သြဂုတ်လ ၈ ရက်နေ့က ရန်ကုန် မြို့ထဲကို နေ့လယ် ၁ နာရီလောက်က သွားပါ သတဲ့။ သူ့ စိတ်ထဲ တကြိမ်တခါမှ မမြင်ဘူးတဲ့ မြင်ကွင်းကို သူက မှတ်တမ်းဓာတ်ပုံတင် လိုက် တယ်။ နေရာက မဟာ ဗန္စုလလမ်းနဲ့  ဗိုလ်အောင်ကျော်လမ်းမီးပွုင့်တစ်နေရာ (BAK ကုန်တိုက်ရှေ့ နား) မှာပါတဲ့။

ဓာတ်ပုံမှာမြင်ရတဲ့အတိုင်း ဘာပြဿနာ ဖြစ်လာတယ် မသိရပေမယ့် အသက် ၂၀ ၀န်းကျင် လူငယ် ၂ ယောက်ကို လက်ထိပ်ခတ်ပြီး သူတို့ဆံပင်ကိုလည်း ပုံသွင်းကာ အစိမ်းရောင်ဝတ် စစ်သား ၂ ယောက် က ခေါ်လာတဲ့ မြင်ကွင်းပါ။

ဒီလူငယ် ၂ ယောက်ကို ဘာကြောင့် ဘယ်ကို ခေါ်မယ်ဆိုတာ တိတိကျကျ မသိနိုင်ပေမယ့် ရန်ကုန် မြို့လယ်မှာတော့ ဒီမြင်ကွင်းဟာ တကယ့် အစိမ်းသက်သက်ဖြစ်နေတာထင်ရှားပါတယ်။

ဒါပေမယ့် ဒီမြင်ကွင်းကို ဖြတ်သွားဖြတ်လာတွေ မြင်ကြပေမယ့် ဘယ်သူကမှ ဘယ်လိုမှ မတုံ့ပြန်ရဲကြတာ အစိမ်းကြောက် ရောဂါကြောင့်ဖြစ်မှာပါ။ မြန်မာနိုင်ငံမှာကလည်း ဘယ်နေရာကြည့်ကြည့် အစိမ်းရောင်တွေ လွှမ်းမိုးထားလို့ နေမှာပါ။ ကြံ့ဖွံ့ကလည်း အစိမ်း၊ စစ်တပ်ကလည်း အစိမ်း၊ လွှတ်တော်ကြီးလည်း အစိမ်းရောင်တွေ လွှမ်းမိုးနေတာကြောင့် အစိမ်းရောင်မြင်တိုင်း ကြောက်နေရတာကိုက မြန်မာဖြစ်နေ တာနေမှာပါ။

တချို့ကလည်း စစ်ပြေးလေးတွေ ကို စစ်တပ်က ပြန်ဖမ်းတာဖြစ်နိုင်တယ်လို့ ဆိုကြပါတယ်။ ဒါဆို စစ်တပ်က သူတို့ ဘာကြောင့် ပြေးခဲ့ရလဲ၊ သူတို့ဟာ စစ်ပြေးဖြစ်ခဲ့သည်ရှိသော် ကလေးစစ်သားအဖြစ် မတရား စစ်ထဲ တာဝန် ထမ်း ဆောင် ခိုင်းခဲ့တာလား စသဖြင့် စသဖြင့် မေးခွန်းတွေ ဆင့်ဆင့်ပြီး ရင်ထဲ ရောက်လာပါတယ်။

အခုလို မေးခွန်းတွေ မေးဖြစ်တဲ့အတွက် ဒီဓာတ်ပုံကို မှတ်တမ်းအဖြစ် ရိုက်ကူးလာသူ လူငယ်လေး တယောက် ကို ကျေးဇူးတင်မိပါတယ်။


6 comments :

  1. Anonymous said... :

    ဘာမှန်းမသိတာကို ဘာလို့ဖော်ပြနေတာလဲ

    နိုင်ငံတော်ကာကွယ်ရေးကို ဘယ်သူလုပ်မလဲ


    Healthy Scepticism ဆိုတာကို ဘယ်သူပြောခဲ့တာလဲ

    ဒီမိုလမ်းမှာ ဒီလိုလုပ်နေရင်တော့

    ဒါတွေပဲဖြစ်နေမှာဘဲ

  1. Anonymous said... :

    စစ်၊ဗိုလ်ချုပ်တွေနဲ့  သူတို့ ရဲ့ ကတော်အများစုမကောင်းခဲ့လို့ ပြည်သူ/သားအများစု ဘဝတွေပျက်ခဲ့ရတယ်..ဒင်းတို့ ကတော့ခေတ်မှီ
    အသုံးအဆောင်ငွေကြေးပြည့်စုံစွာနဲ့ ပျော်ပါးနေကြပေါ့...မမျှတတဲ့ ဥပဒေတွေ နဲ့ အာဏာရူးကောင်းတုန်းဘဲ...

  1. Anonymous said... :

    အရွယ်မရောက်သေးတဲ့ လုငယ်လေးတွေကို မီး၇ထားဘူတာရုံ၊ ကားဂတ်၊ လူသူမမြင်တဲ့ ညအချိန်တွေမှာ အလစ်ဝင်ပြီး ဆွဲ၊ စစ်တပ်ထဲ မတရာသွတ်သွင်းနေတာတွေကလဲ တရားဝင်လိုဖြစ်နေပါပြီ။ အမှားကြာတော့ အမှန်ထင် ဆိုသလိုပါ။
    စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး တိုက်ပွဲက မပြီးသေးပါဘူး။

  1. Unknown said... :

    ဘာမှန်းမသိတာကိုမျာေးကြာက်နေသေးတယ်..ဟုတ်တော့ဟုတ်နေတာပဲ..အကြောင်းရင်းတောင်မသိသေးပဲကြောက်နေတယ်ဆိုတည်းက....အိမ်ထဲမှာပဲနေလေ...

  1. Anonymous said... :

    စစ်ပတ်က လူကုန်ကူးသဘို ၊ေ၇ှးခေတ်က ကျွန်တွေ ရောင်းဝယ် သလိုမျိုး လူသစ်စုနေတာပါ၊ ဥပမာ ဗိုလ်မှူး ဗိုလ်ကြီး တစ်ယောက်ကို ၆ လ ရဲဘော်သစ်တစ်ယောက် စုရမယ် ဆိုပြီး အမိန့်ထုတ်တားတယ်။ စစ်တပ် က စာချုပ်သက်တမ်း ပြည့်သွားရင်တောင် ထွက်ချင်တိုင်း ထွက်လို့ မရတော့ ဘယ်သူမှ မ၀င်ချင်ဘူး၊ ဒီတော့ ခိုးဆိုး လုယက်နေတဲ့ သူတွေကို ပဲ လူစည်းကားရာေ နရာတွေမှာ ဖမ်းဆီ ပြီး၊ဒါမှ မဟုတ် အသက်မပြည်သေးတဲ့ တောက ကလေးတွေကို ခြိမ်းခြောက်၊ ချော့ မြူပြီး တပ်ထဲ သွင်းတော့တာပါဘဲ။ တစ်ချို့ကျတော့ ရဲဘော်သစ်တစ်ယောက်ကို ၅ သိန်းဆိုပြီး ဈေးပေါက်ပါတယ်။

  1. ရှေ့တန်းမှာအသက်သေခံပြီးတိုက်ပွဲဝင်နေတာ
    မင်းတို့တွေအေးချမ်းစွာနေနိုင်ဖို့ပါ။
    ရောမခေတ်ကလိုစစ်နိုင်ရင်ယူချင်တာ
    ယူလို့ရရင်ထားပါတော့၊
    မသနားရင်နေပါကိုယ်ချင်းလေးတော့စာပေး
    ဉီးမှပေါ့ဗျာ။
    မကောင်းတဲ့လူတစ်ချို့ကြောင့်တော့
    ဗိုလ်ချုပ်အောင်ဆန်းထူထောင်ခဲ့တဲ့
    တပ်မတော်ကိုတော့ဆွဲမထည့်စေချင်ဘူး။
    မိပေါင်းသားကိုအုပ်ချုပ်ရတာချော့ပြောလို့ရမလား။
    စစ်သားလုပ်ရင်စစ်စည်းကမ်းလိုက်နာရမှာဘဲ၊
    စည်းကမ်းမရှိရင်ဘာဖြစ်မယ်လို့ဗိုလ်ချုပ်
    ပြောခဲ့တာလေးပြန်တွေးကြည့်ကြတော့ဗျာ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved