![](http://2.bp.blogspot.com/-nibLpAxGxqI/UB-5B2zJzQI/AAAAAAAAIkk/o-8_xSB6tUg/s400/21298813-19235-minkonaing.gif)
လင်းသန့် ရေးသားပေးပို့သည်။
၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့မှ ကိုမင်းကိုနိုင်၊ ကိုကိုကြီးတို့ ပါဝင်သော အဖွဲ့သည် လာမည့် သြဂုတ်လ ၈ ရက်နေ့တွင် မန္တလေးမြို့တွင် ကျင်းပမည့် ၂၄ နှစ်မြောက် ၈ လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ နှစ်ပတ်လည် အခမ်းအနားကို တက် ရောက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
“ကျနော်တို့ ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့ရဲ့ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်း ခရီးစဉ်အနေနဲ့ ဒီကနေ့ကစပြီး အဖွဲ့တွေ ခွဲပြီး ထွက်ကြတာ အားလုံး လူ ၅၀ ကျော်လောက်ရှိပါတယ်။ ကိုမင်းကိုနိုင်တို့အဖွဲ့နဲ့ ကိုကိုကြီးတို့ အဖွဲ့က မန္တလေး မှာ ကျင်းပမယ့် ရှစ်လေးလုံး နှစ်ပတ်လည်ပွဲ တက်ကြပါမယ်” ဟု ၈၈ မျိုးဆက် ကျောင်းသားများ ရုံးမှ ကိုဇော်မင်း က ဧရာဝတီ ကို ပြောသည်။
ကိုမင်းကိုနိုင်ဦးဆောင်တဲ့ အဖွဲ့သည် မန္တလေးတွင် ကျင်းပမည့် ရှစ်လေးလုံး နှစ်ပတ်လည်ပွဲသို့ တက်ပြီးနောက် သြဂုတ်လ ၉ ရက် နေ့မှ စတင်ကာ မြစ်သား၊ ပခုက္ကူ၊ မုံရွာ၊ ရေစကြို စသည့် အထက်မြန်မာနိုင်ငံ ဒေသများသို့ ငြိမ်းချမ်းရေး နှင့် ပွင့် လင်း လူ့အဖွဲ့အစည်း ခရီးစဉ် အတွက် ဆက်လက်ထွက်၍လည်းကောင်း၊ ကိုကိုကြီး ဦးအောင်သည့် အဖွဲ့က ရှမ်းပြည်နယ် နောင်ခမ်း အပါအ၀င် ဒေသ များသို့ ပြန်လည်ထူထောင်ရေး ကိစ္စများ အားပေးလုပ်ဆောင်ရန်အတွက် ဆက်လက်ထွက်ခွာ မည်ဖြစ်ကြောင်း သူက ဆက်ပြောသည်။
အဆိုပါ ၂ ဖွဲ့သည် ယနေ့ စတင်၍ မန္တလေးမြို့သို့ ထွက်ခွာသွားကြပြီးဖြစ်သည်။ မနက်ဖြန်တွင်လည်း ကိုမင်းဇေယျာ ဦး ဆောင်သည့် အဖွဲ့သည် လေကြောင်းခရီးဖြင့် တနင်္သာရီတိုင်း ထားဝယ်မြို့တွင် လာမည့် သြဂုတ်လ ၈ ရက်နေ့ တွင် ကျင်း ပမည့် ၂၄ နှစ်မြောက် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ အခမ်းအနားသို့ တက်ရောက်ရန် ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။
ကျန်ရှိမည့် ၈၈ မျိုးဆက်ကျောင်းသားများ အနေဖြင့် နိုင်ငံရေး အကျဉ်းသားဟောင်းများ ဦးစီးကာ တော်ဝင်နှင်းဆီ စားသောက်ဆိုင်တွင် နံနက် ၉ နာရီတွင် စတင်ကျင်းပမည့် ရှစ်လေးလုံး နှစ်ပတ်လည်နေ့ကို တက်ရောက်ကြမည်ဖြစ်ကြောင်း သိရသည်။
၈၈ မျိုးဆက်ကျောင်းသားများအနေဖြင့် ယခု ခရီးစဉ်အပြီးတွင် သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံရန်ရှိကြောင်း လည်း သိရသည်။ သို့သော် နေ့ရက်တို့ကိုမူ တိတိကျကျ မစီစဉ်ရသေးကြောင်း ၈၈ မျိုးဆက်ကျောင်းသား တဦးက ဆိုသည်။
၈၈ နောင်တော်ကြီးများ ခင်ဗျား ပွဲကြိုက်မောင်တွေလို့ နာမည်ပြောင်းလိုက်ပါတော့