၅ ဂဏန်းပိုင်ရှင်တို့အတွက် အသုံးချ ဂဏန်းဗေဒင်

Wednesday, August 15, 2012



မောင်မောင်မြင့်သန်းမောင် ~

ကမ္ဘာသုံး အင်္ဂလိပ် ပြက္ခဒိန်၏ ဇန်နဝါရီလမှ ဇွန်လအတွင်း ၅၊ ၁၄ နှင့် ၂၃ ရက်များတွင် မွေးဖွားသော ၅ ဂဏန်းပိုင်ရှင်တို့အတွက် မလိုလားဖွယ်တို့ ပပျောက်စေရန် သို့မဟုတ် မိမိလိုလားရာ ပြည့်ဝစေရန် အသုံးချနိုင်မည့် အသုံးချဂဏန်း ဗေဒင်နည်းလမ်းများကို ရေးသားဖော် ပြပါမည်။

ဇန်နဝါရီလ ၅၊ ၁၄ နှင့် ၂၃ ရက်များတွင် မွေးဖွားသူများ

ဇန်နဝါရီလ ၅ ဂဏန်းရက်ဖွား များအတွက် အရေးကြီးသော ဂဏန်းမှာ ၅ ဂဏန်း ဖြစ်သည်။ ယေဘုယျအားဖြင့် ၄ ဂဏန်းနှင့် ၈ ဂဏန်းများမှအပ ကျန်ဂဏန်းများသည် မိမိတို့အား ကံနိမိတ်ကောင်း စေတတ်သည်။
မည်သည့်လတွင်မဆို ၈၊ ၁ဝ နှင့် ၂၆ ရက်များတွင်မွေးဖွားသော ၈ ဂဏန်းရက်ဖွားများသည် မိမိဘဝ တစ်သက်တာတွင် မကြာခဏ ဆက်စပ်ပတ်သက်မှုရှိတတ်သော်လည်း ကောင်းကျိုးမပေးတတ်ချေ။
၅ ဂဏန်းရက်များဖြစ်သည့် ၅၊ ၁၄ နှင့် ၂၃ ရက်များတွင် ကံကောင်းစေတတ်သဖြင့် မိမိတို့၏ အရေးကြီးသော လုပ်ငန်းကိစ္စများကို ဆောင်ရွက်သင့်သည်။ ထီကံစမ်းသင့်သည်။

မိမိတို့နှင့် အကျိုးပေးမည့်နေ့မှာ ဗုဒ္ဓဟူးနေ့ဖြစ်သဖြင့် ၅၊ ၁၄ နှင့် ၂၃ ရက်များကျရောက်သော ဗုဒ္ဓဟူးနေ့ များတွင် မိမိတို့၏ လုပ်ငန်းကိစ္စများကို ဆောင်ရွက်ပါက ပို၍ ကံကောင်းစေတတ်သည်။
ဂဏန်းအားလုံးပေါင်း ၇ နှင့် ၅ ဂဏန်းရသော အိမ်၊ ခြံ၊ယာဉ်၊ ကား၊ ထီနံပါတ်စသည့် ဂဏန်းများကို ရွေးချယ်သင့်သည်။
ထီအကြိမ်မြောက် ဂဏန်းအား လုံးပေါင်း ၇ နှင့် ၅ ဂဏန်းရသော ထီအကြိမ်မြောက်တွင် အထူးကံစမ်းသင့်သည်။

ထီအက္ခရာအနေဖြင့် င၊ ဌ၊ ဗ အက္ခရာများကို ကံစမ်းသင့်သည်။
အဝတ်အထည်၊ ယာဉ်၊ကား အသုံးအဆောင်ပစ္စည်းများကို ဝတ်ဆင်သုံးစွဲလျှင် မည်သည့် အရောင်မဆိုနုသော၊ ဖျော့သော အရောင်များကိုသာ ရွေးချယ်သင့်သည်။

ကံနိမိတ်ကောင်းသော စိန်နှင့် အခြားတောက်ပြောင်သော ကျောက်မျက်များကို အဆောင်ရတနာအဖြစ် အမြဲဝတ်ဆင်ထားသင့်သည်။
မည်သည့်လတွင်မဆို ၅၊ ၁၄ နှင့် ၂၃ ရက်တွင် မွေးဖွားသော ၅ ဂဏန်းရက်ဖွားများအပေါ် ဆွဲဆောင်မှုရှိသည်။ သင့်မြတ်မည်။

ဘဝတစ်သက်တာတွင် အရေးကြီးသော အကျိုးအပြစ် ထူးထူးခြားခြား ဖြစ်ပျက်တတ်သော အသက်နှစ်များမှာ ၅၊ ၁၄၊ ၂၃၊ ၃၂၊ ၄၁၊ ၅ဝ၊ ၆၈ နှင့် ၇၇ နှစ်တို့ဖြစ်ကြသည်။
၈၊ ၁၇၊ ၂၆၊ ၃၅၊ ၄၄၊ ၅၃၊ ၆၂ နှင့် ၇၁ နှစ်များသည်လည်း အရေးကြီးပြီး ကောင်းကျိုးမပေးတတ်သဖြင့် အထူးသတိပြုသင့် သည်။

ဖေဖော်ဝါရီလ ၅၊ ၁၄ နှင့် ၂၃ ရက်များတွင် မွေးဖွားသူများ

ဖေဖော်ဝါရီလ ၅ ဂဏန်း ရက် ဖွားများအတွက် အရေးကြီးသော ဂဏန်းမှာ ၅ ဂဏန်းပင်ဖြစ်သည်။ မည်သည့်လတွင်မဆို ၅၊ ၁၄ နှင့် ၂၃ ရက်များသည် အရေးပါမည်။ အထူးသဖြင့် ဖေဖော်ဝါရီလ၊ ဇွန်လနှင့် စက်တင်ဘာလများတွင် ပို၍အရေးကြီးသည်။
၅ ဂဏန်းရက်များဖြစ်သည့် ၅၊ ၁၄ နှင့် ၂၃ ရက်များတွင်အရေး ကြီးသော လုပ်ငန်းကိစ္စများကို ဆောင် ရွက်သင့်သည်။ ထီကံစမ်းသင့်သည်။

မိမိတို့အတွက် ကံကောင်းစေသည့်နေ့မှာ ဗုဒ္ဓဟူးနေ့ဖြစ်သဖြင့် ဗုဒ္ဓဟူးနေ့ကျသော ၅ ဂဏန်းရက်များတွင် လုပ်ငန်းကိစ္စများးကို လုပ်ဆောင်ပါက ပိုမိုကောင်းမွန်သည်။
အိမ်၊ ခြံ၊ ယာဉ်၊ ကား၊ ထီနံပါတ်စသည့်ဂဏန်းများကို ရွေးချယ်လိုလျှင် ဂဏန်းနံပါတ်အာလုံး ပေါင်းရကိန်း ၅ ဂဏန်းရသော နံပါတ်များကိုသာ ရွေးချယ်သင့် သည်။
င၊ ပ၊ ဗ အက္ခရာများကို ထီအက္ခရာအဖြစ် ကံစမ်းသင့်သည်။ ထီအကြိမ်မြောက် ဂဏန်းအားလုံးပေါင်းရကိန်း ၅ ဂဏန်းရသော ထီအကြိမ်မြောက်တွင် အထူးကံစမ်းသင့်သည်။

အဝတ်အထည်၊ အသုံးအဆောင် ပစ္စည်းများကို ဝတ်ဆင်သုံးစွဲရာ၌ အရောင်ရင့်ရင့်များနှင့် မတည့်ဘဲ မည်သည့်အရောင်မဆို နုသော၊ ဖျော့သော အရောင်များနှင့်သာ ဓာတ်တည့်သည်။ ကံနိမိတ်ကောင်းသည်။
အဖြူရောင်နှင့် တောက်ပြောင်သော အရောင်များနှင့် ပို၍ ဓာတ် တည့်သည်။
ကံနိမိတ်ကောင်းသော ရတနာမှာ စိန်နှင့် အခြားတောက်ပြောင်သော ကျောက်မျက်များဖြစ်သဖြင့် အဆောင် ရတနာအဖြစ် အမြဲဝတ်ဆင်ထားသင့်သည်။
မည်သည့်လတွင်မဆို မိမိနှင့် မွေးရက်တူ ၅၊ ၁၄နှင့် ၂၃ ရက်များ တွင် မွေးဖွားသော ၅ ဂဏန်းရက် ဖွားများအပေါ် ဆွဲဆောင်မှုရှိမည်။ သင့်မြတ်မည်။ ရွေးချယ်ပေါင်းသင်းဆက် ဆံသင့်သည်။
မိမိဘဝသက်တမ်းတွင် အရေးကြီးသော အကျိုးအပြစ် ထူးခြားစွာ ဖြစ်ပျက်တတ်သော အသက်နှစ်များမှာ ၅၊ ၁၄၊ ၂၃၊ ၃၂၊ ၄၁၊ ၅ဝ၊ ၅၉၊ ၆၈ နှင့် ၇၇ တို့ဖြစ်ကြသည်။

မတ်လ ၅၊ ၁၄ နှင့် ၂၃ ရက်များတွင်မွေးဖွားသူများ

မတ်လ ၅ ဂဏန်းရက်ဖွားများ အတွက် အရေးကြီးသော ဂဏန်းမှာ ၃ ဂဏန်းနှင့် ၅ ဂဏန်းတို့ဖြစ်ကြသည်။
မည်သည့်လတွင်မဆို ၃၊ ၅၊ ၁၂၊ ၁၄၊ ၂၁၊ ၂၃ နှင့် ၃ဝ ရက်များတွင် အရေးကြီးသော လုပ်ငန်းများကို လုပ်ဆောင်သင့်သည်။
အရေးကြီးသောနေ့မှာ ဗုဒ္ဓဟူးနေ့နှင့် ကြာသပတေးနေ့တို့ဖြစ်သည်။ ကြာသပတေးနေ့ကျသော ၃၊ ၁၂၊ ၂၁ နှင့် ၃ဝ ရက်များတွင် လည်းကောင်း၊ ဗုဒ္ဓဟူးနေ့ကျသော ၅၊ ၁၄နှင့် ၂၃ ရက်များတွင်လည်းကောင်း လုပ်ငန်းကိစ္စများဆောင်ရွက်ပါက ပို၍ အကျိုးပေးမည်။
နံပါတ်၊ ဂဏန်းများအားလုံး ပေါင်းရကိန်း ၃ ဂဏန်းနှင့် ၅ ဂဏန်းရသော နံပါတ်များကို အိမ်၊ ခြံ၊ ယာဉ်၊ ကားနံပါတ်စသည်များအဖြစ် ရွေးချယ်သင့်သည်။

ဂ၊ င၊ ဋ္ဌ၊ ပ၊ ဎ၊ ဗ၊ သ အက္ခရာများသည် မိမိတို့အတွက် ကံနိမိတ်ကောင်းစေတတ်သည်။ ထီအက္ခရာအဖြစ် ရွေးချယ်ကံစမ်းသင့်သည်။
ထီအကြိမ်မြောက် ဂဏန်းအား လုံးပေါင်းရကိန်း ၃ နှင့် ၅ ဂဏန်း ရသော ထီအကြိမ်မြောက်တွင် အထူး ကံစမ်းသင့်သည်။
မည်သည့်အရောင်နှင့်မဆို ဓာတ်တည့်သည်။ ခရမ်းရောင် သို့မဟုတ် ခရမ်းနုရောင်ပြေးသည့် နုဖျော့သော အရောင်မျိုးနှင့် ပို၍ ဓာတ် တည့်သည်။

ကံနိမိတ်ကောင်းသော စိန်ကို အဆောင်ရတနာအဖြစ် အမြဲဝတ်ဆင် ထားသင့်သည်။
မည်သည့်လတွင်မဆို ၃၊ ၅၊ ၁၂၊ ၁၄၊ ၂၁၊ ၂၃ နှင့် ၃ဝ ရက်များ တွင်မွေးဖွားသူများနှင့် သင့်မြတ်မည်။ ရွေးချယ်ပေါင်းသင်းဆက်ဆံသင့်သည်။
မိမိဘဝသက်တမ်းတွင် အရေးကြီးသော အကျိုး၊ အပြစ် ထူးထူး ခြားခြား ဖြစ်ပျက်တတ်သော အသက်နှစ်များမှာ ၅၊ ၁၄၊ ၂၃၊ ၃၂၊ ၄၁၊ ၅ဝ၊ ၆၈ နှင့် ၇၇ နှစ်တို့ဖြစ်၏။

ဧပြီလ ၅၊ ၁၄ နှင့် ၂၃ ရက်များ တွင်မွေးဖွားသူများ

ဧပြီလ ၅ ဂဏန်းရက်ဖွားများ အတွက် အရေးကြီးသော ဂဏန်းများ မှာ ၅ ဂဏန်းနှင့် ၉ ဂဏန်းတို့ဖြစ် သည်။
မည်သည့်လတွင်မဆို ၅၊ ၉၊ ၁၄၊ ၁၈၊ ၂၃ နှင့် ၂၇ ရက်များတွင် အရေးကြီးသောလုပ်ငန်းကိစ္စများကို လုပ်ဆောင်သင့်သည်။
အရေးကြီးသောနေ့မှာ အင်္ဂါနေ့နှင့် ဗုဒ္ဓဟူးနေ့များဖြစ်သည်။ အင်္ဂါနေ့ကျသော ၉၊ ၁၈ နှင့် ၂၇ ရက်များ၊ ဗုဒ္ဓဟူးနေ့ကျသော ၅၊၁၄ နှင့် ၂၃ ရက်များတွင် အရေးကြီး ကိစ္စများ ဆောင်ရွက်ပါက ပို၍ကောင်းသည်။
အိမ်၊ ခြံ၊ ယာဉ်၊ ကား၊ ထီနံပါတ်စသည့် ဂဏန်းများအဖြစ် ဂဏန်းနံပါတ်များ အားလုံးပေါင်းရ ကိန်း ၅ ဂဏန်းသို့မဟုတ် ၉ ဂဏန်းရသော ဂဏန်းနံပါတ်များကို ရွေးချယ်သင့်သည်။

ထီအက္ခရာအဖြစ် င၊ ဈ၊ ပ၊ ဒ၊ ဗ၊ ရ အက္ခရာများကို ရွေးချယ်သင့်သည်။ ထီအကြိမ်မြောက် ဂဏန်း အားလုံးပေါင်းရကိန်း ၅ ဂဏန်းသို့မ ဟုတ် ၉ ဂဏန်းရသော ထီအကြိမ် မြောက်တွင် အထူးကံစမ်းသင့်သည်။
အဝတ်အထည်၊ အသုံးအဆောင် ပစ္စည်းများကို ဝတ်ဆင်သုံးစွဲရာ၌ နုဖျော့သော အရောင်များနှင့်သာ ဓာတ်တည့်သည်။ ကံနိမိတ်ကောင်းသည်။

အနီရောင်သို့မဟုတ် ပန်းနုရောင် ဖျော့ဖျော့နှင့် ပို၍ ဓာတ်တည့်သည်။ ကံနိမိတ်ကောင်းသည်။
ကံနိမိတ်ကောင်းသော ရတနာ များဖြစ်သည့် စိန်နှင့် အခြားအဖြူရောင်နှင့် တောက်ပြောင်သော ကျောက်မျက်များ၊ ပတ္တမြား၊ ကျောက်နီတို့ကို အဆောင်ရတနာအဖြစ် အမြဲဝတ်ဆင်ထားသင့်သည်။

မည်သည့်လတွင်မဆို ၅၊ ၁၄ နှင့် ၂၃ ရက်များတွင် မွေးဖွားသော ၅ ဂဏန်းရက်ဖွားများအပေါ် ဆွဲ ဆောင်နိုင်သည်။
မိမိဘဝသက်တမ်းတွင် အရေး ကြီးသော အကျိုးအပြစ် ထူးခြားစွာ ဖြစ်ပျက်တတ်သော အသက်နှစ်များ မှာ ၅၊ ၉၊ ၁၄၊ ၁၈၊ ၂၃၊ ၂၇၊ ၃၂၊ ၃၆၊ ၄၅၊ ၅ဝ၊ ၅၄၊ ၅၉၊ ၆၃ နှင့် ၇၂ နှစ်များဖြစ်ကြသည်။

မေလ ၅၊ ၁၄ နှင့် ၂၃ ရက်များတွင် မွေးဖွားသူများ

မေလ ၅ ဂဏန်းရက်ဖွားများ အတွက် အရေးကြီးသော ဂဏန်း များမှာ ၅ ဂဏန်းနှင့် ၆ ဂဏန်းများ ဖြစ်သည်။
မည်သည့်လတွင်မဆို ၅၊ ၆၊ ၁၄၊ ၁၅၊ ၂၃နှင့် ၂၄ရက်များတွင် အရေးကြီးသော လုပ်ငန်းများကို အကောင်အထည် ဖော်သင့်သည်။
ဗုဒ္ဓဟူးနေ့ကျသော ၅ ဂဏန်းရက်များနှင့် သောကြာနေ့ကျသော ၆ ဂဏန်းရက်များတွင် ဆောင်ရွက်ပါက ပို၍ ကံနိမိတ်ကောင်းမည်။
ဂဏန်းအားလုံးပေါင်းရကိန်း ၅ စသည့်နံပါတ် ဂဏန်းများကိုသာ ရွေး ချယ်သင့်သည်။
ထီအကြိမ်မြောက် ဂဏန်းပေါင်းရကိန်း ၅ ဂဏန်းသို့မဟုတ် ၆ ဂဏန်းရသော ထီအကြိမ်မြောက်တွင် အထူးကံစမ်းသင့်သည်။
င၊ စ၊ လ၊ ဏ၊ ဗ၊ ဘ အက္ခရာ များသည် မိမိအတွက် ကံနိမိတ် ကောင်းစေသည်။ ထီအက္ခရာအဖြစ် ရွေးချယ်သင့်သည်။

နိမိတ်ကောင်းသော အရောင် များမှာ နုဖျော့ပြီးတောက်ပြောင်သော အရောင်များ၊ အပြာရောင် အနု၊ အရင့် မျိုးစုံ၊ အစိမ်း၊ အဖြူနှင့်နို့နှစ်ရောင် များဖြစ်သည်။ အဆိုပါ အရောင်များကို ဝတ်ဆင်သုံးစွဲသင့်သည်။
နိမိတ်ကောင်းသော စိန်၊ တာ ကွိုက်ကျောက်၊ အစိမ်းရောင် ကျောက် စိမ်းနှင့်မြတို့ကို အဆောင်ရတနာအဖြစ် အမြဲဝတ်ဆင်ထားသင့်သည်။

မည်သည့်လတွင်မဆို ၅၊ ၆၊ ၁၄၊ ၁၅၊ ၂၃ နှင့် ၂၄ ရက်များတွင် မွေးဖွားသူများနှင့် သင့်မြတ်မည်။ ရွေးချယ်ပေါင်းသင်းဆက်ဆံသင့်သည်။
မိမိဘဝသက်တမ်းတွင် အရေး ကြီးသော အကျိုးအပြစ် ထူးခြားစွာ ဖြစ်ပျက်တတ်သော အသက်နှစ်များ မှာ ၅၊ ၆၊ ၁၄၊ ၁၅၊ ၂၃၊ ၂၄၊ ၃၂၊ ၃၃၊ ၄၁၊ ၄၂၊ ၅ဝ၊ ၅၁၊ ၅၉၊ ၆ဝ၊ ၆၈၊ ၆၉ နှင့် ၇၇ နှစ်တို့ဖြစ်ကြ သည်။

ဇွန်လ ၅၊ ၁၄ နှင့် ၂၃ ရက်များ တွင် မွေးဖွားသူများ

ဇွန်လ ၅ ဂဏန်းရက်ဖွားများ အတွက် အရေးကြီးဆုံး ဂဏန်းမှာ ၅ ဂဏန်းပင်ဖြစ်သည်။ မည်သည့်လ တွင်မဆို ၅၊ ၁၄နှင့် ၂၃ ရက်များတွင် အရေးကြီးသော ကိစ္စများကို လုပ်ဆောင်သင့်သည်။ ထီကံစမ်းသင့်သည်။
ဗုဒ္ဓဟူးနေ့ကျသော ၅ ဂဏန်း ရက်များတွင် လုပ်ငန်းကိစ္စများကို ဆောင်ရွက်ပါက ပိုမိုကောင်းမွန် သည်။
ဂဏန်းအားလုံးပေါင်းရကိန်း ၅ ဂဏန်းရရှိသော အိမ်၊ ခြံ၊ ယာဉ်၊ ကား၊ ထီနံပါတ်စသည့် နံပါတ်များကို ရွေးချယ်သင့်သည်။
ထီအကြိမ်မြောက် ဂဏန်းအား လုံးပေါင်းရကိန်း ၅ ဂဏန်းရသော ထီအကြိမ်မြောက်တွင် အထူးကံစမ်း သင့်သည်။
င၊ ပ၊ ဗ အက္ခရာများသည် မိမိအတွက် ကံနိမိတ်ကောင်းသည်။ ထီအက္ခရာအဖြစ် ရေးချယ်သင့်သည်။
အဝတ်အထည် အသုံးအဆောင် ယာဉ်၊ ကား၊ အရောင်အဖြစ် မိမိအတွက် ကံနိမိတ်ကောင်းသော နုဖျော့သည့် အရောင်နှင့် တောက်ပသော အရောင်များကို ရွေးချယ်သင့် သည်။

အဆောင်ရတနာအဖြစ် စိန်၊ အရောင်ဖျော့သော နီလာ၊ အဖြူရောင် ရှိပြီးတောက်ပသော ကျောက်မျက်တို့ကို အမြဲဝတ်ဆင်ထားသင့်သည်။

မည်သည့်လတွင်မဆို ၅ ဂဏန်းရက်များတွင် မွေးဖွားသူများအပေါ် ဆွဲဆောင်မှုရှိသည်။
မိမိဘဝသက်တမ်းတွင် အရေးကြီးသော အကျိုးအပြစ်ထူးခြားစွာ ဖြစ်ပျက်တတ်သော အသက်နှစ်များမှာ ၅၊ ၁၄၊ ၂၃၊ ၃၂၊ ၄၁၊ ၅ဝ၊ ၅၉၊ ၆၈ နှင့် ၇၇ နှစ်များဖြစ်သည်။

ကမ္ဘာသုံး အင်္ဂလိပ်ပြက္ခဒိန်၏ ဇူလိုင်လမှ ဒီဇင်ဘာလအတွင်း ၅၊ ၁၄ နှင့် ၂၃ ရက်နေ့များတွင် မွေးဖွားသော ၅ ဂဏန်းပိုင်ရှင်တို့အတွက် အသုံးချ ဂဏန်းဗေဒင် နည်းလမ်းများ ကို ရေးသားဖော်ပြပါမည်။

ဇူလိုင်လ ၅၊ ၁၄ နှင့် ၂၃ ရက်များ တွင် မွေးဖွားသူများ

ဇူလိုင်လ ၅ ဂဏန်းရက်ဖွားများ အတွက် အရေးကြီးသော ဂဏန်းများ မှာ ၂ ဂဏန်း၊ ၅ ဂဏန်းနှင့် ၇ ဂဏန်းများဖြစ်ကြသည်။

မည်သည့်လတွင်မဆို ၂၊ ၅၊ ၇၊ ၁၁၊ ၁၄၊ ၁၆၊ ၂ဝ၊ ၂၃၊ ၂၅ နှင့် ၂၉ ရက်များတွင် အရေးကြီးသော ကိစ္စ များ လုပ်ဆောင်သင့်သည်။
အိမ်၊ ခြံ၊ ယာဉ်ကား၊ ထီနံပါတ် စသည့် နံပါတ်များကို ဂဏန်းများ အားလုံးပေါင်းရကိန်း ၂ သို့မဟုတ် ၇ ဂဏန်းရသော နံပါတ်များကို ရွေး ချယ်သင့်သည်။
ထီအက္ခရာအဖြစ် ခ၊ င၊ ဆ၊ ဋ၊ ဌ၊ တ၊ န၊ ဗ၊ မ၊ ဝ၊ အက္ခရာ များကို ရွေးချယ်သင့်သည်။

ကံနိမိတ်ကောင်းသော အရောင်များမှာ အရောင်နုနုဖျော့ဖျော့များ၊ အဖြူရောင်၊ နို့နှစ်ရောင်၊ အစိမ်းနုနုဖျော့ဖျော့ အရောင်နှင့် ခိုပြာရောင်တို့ ဖြစ်သဖြင့် အဝတ်အထည်၊ အသုံးအဆောင်ပစ္စည်းအရောင်များအဖြစ် ရွေးချယ်အသုံးပြုသင့်သည်။
အရောင်ရင့်ရင့်များကို ဝတ်ဆင် ခြင်း၊ အသုံးပြုခြင်းကို ရှောင်ကြဉ်သင့်သည်။
မိမိအတွက် ကံနိမိတ်ကောင်းသော စိန်၊ပုလဲနှင့် ကျောက်စိမ်းတို့ ကိုအဆောင်ရတနာအဖြစ် အမြဲဝတ်ဆင်ထားသင့်သည်။

မည်သည့်လတွင်မဆို ၂၊ ၅ နှင့် ၇ ဂဏန်းရက်ဖွားများနှင့် သင့်မြတ်မည်။ ရွေးချယ်ပေါင်းသင်း ဆက်ဆံသင့်သည်။
မိမိဘဝသက်တမ်းတွင် အရေးကြီးသော၊ အကျိုး၊ အပြစ် ထူးထူး ခြားခြားဖြစ်ပေါ်တတ်သော အသက် နှစ်များမှာ ၅၊ ၁၄၊ ၂၃၊ ၃၂၊ ၄၁၊ ၅ဝ၊ ၅၉၊ ၆၈၊ ၇၇ နှင့် ၈၆ နှစ် များ ဖြစ်ကြသည်။

သြဂုတ်လ ၅၊ ၁၄ နှင့် ၂၃ ရက် မွေးဖွားသူများ

သြဂုတ်လ ၅ ဂဏန်း ရက်ဖွားများအတွက် အရေးကြီးသော ဂဏန်း များမှာ ၁ ဂဏန်းနှင့် ၅ ဂဏန်း တို့ဖြစ်ကြသည်။
မည်သည့်လတွင်မဆို ၁၊ ၅၊ ၁ဝ၊ ၁၄၊ ၁၉၊ ၂၃ နှင့် ၂၈ ရက်နေ့ များသည် မိမိတို့အတွက် အရေးပါ သည်။ ထိုရက်များတွင် အရေးကြီးသော ကိစ္စများ ဆောင်ရွက်သင့်သည်။ ထီကံစမ်းသင့်သည်။
အထူးသဖြင့် ဇွန်လနှင့် စက်တင်ဘာလတွင် အဆိုပါရက်များသည် ပို၍အရေးကြီးသည်။
အိမ်၊ ခြံ၊ ယာဉ်၊ ကား၊ ထီနံပါတ်စသည့်နံပါတ်များကို ဂဏန်း များအားလုံးပေါင်းရကိန်း ၁ သို့ မဟုတ် ၅ ဂဏန်းရသော နံပါတ်များကို ရွေးချယ်သင့်သည်။
ထီအက္ခရာအဖြစ် က၊ င၊ ည၊ ဃ၊ ဓ၊ ဗ၊ လ အက္ခရာများကို ရွေး ချယ်သင့်သည်။

မည်သည့်အရောင်နှင့်မဆို ဓာတ်တည့်သည်။ အရောင်ဖျော့ဖျော့နှင့် ပို၍ဓာတ်တည့်သည်။ အဝတ်အထည်၊ အသုံးအဆောင် ပစ္စည်းအရောင်များကို ရွေးချယ်ရာ၌ မည်သည့် အရောင်ဖြစ်စေ အရောင်ဖျော့ဖျော့ကိုသာ ရွေးချယ်သင့်သည်။
ကံနိမိတ်ကောင်းသော ရတနာ များမှာ စိန်နှင့် ပုလဲဖြစ်သဖြင့် အဆောင် ရတနာအဖြစ် အမြဲဝတ် ဆင်ထားသင့်သည်။
၅ ဂဏန်း ရက်ဖွားများသည် မည်သည့်လ၊ မည်သည့်ရက်တွင်မဆို မွေးဖွားသူများနှင့် သင့်မြတ်ကြမည်။ အထူးသဖြင့် မိမိနှင့် မွေးရက်တူ ၅ ဂဏန်းရက်ဖွားများနှင့် ပို၍ အဆင်ပြေမည်။
မိမိဘဝသက်တမ်းတွင် အရေး ကြီးသော အသက်နှစ်များမှာ ၅၊ ၁၄၊ ၂၃၊ ၃၂၊ ၄၁၊ ၅ဝ၊ ၅၉ နှင့် ၆၈ နှစ် များဖြစ်ကြသည်။

စက်တင်ဘာလ ၅၊ ၁၄ နှင့် ၂၃ ရက်များတွင် မွေးဖွားသူများ

စက်တင်ဘာလ ၅ ဂဏန်းရက်ဖွားများအတွက် ၅ ဂဏန်းမှာ အခြားဂဏန်းရက်ဖွားများ၏ ဂဏန်းများ အရေးကြီးသလောက် အရေးမကြီးသော်လည်း မည်သည့်လတွင်မဆို ၅ ရက်များဖြစ်သည့် ၅၊ ၁၄ နှင့် ၂၃ ရက်များတွင် အရေးကြီးသော လုပ်ငန်းကိစ္စများကို အကောင်အထည်ဖော်သင့်သည်။ ထီကံစမ်းသင့်သည်။
ဂဏန်းများအားလုံးပေါင်းရ ကိန်း ၅ ဂဏန်း ရရှိသော အိမ်၊ ခြံ၊ ယာဉ်၊ ကား၊ ထီနံပါတ်များကို ရွေး ချယ်သင့်သည်။
င၊ ဎ၊ ဗ အက္ခရာများကို ထီ အက္ခရာအဖြစ် ရွေးချယ်သင့်သည်။

ကံနိမိတ်ကောင်းသော အရောင်အဖြစ် တိတိကျကျ သတ်မှတ်ချက် မရှိသော်လည်း ယေဘုယျအားဖြင့် နုဖျော့သော အရောင်အသွေးများနှင့် ဓာတ်တည့်သဖြင့် အဝတ်အထည်၊ အသုံးအဆောင်ပစ္စည်းအရောင်များအဖြစ် နုဖျော့သော အရောင်များကိုသာ ရွေးချယ်သင့်သည်။
ကံနိမိတ်ကောင်းသော ရတနာမှာ စိန်နှင့် အခြားတောက်ပြောင်သော ကျောက်မျက်များကို အဆောင် ရတနာအဖြစ် အမြဲဝတ်ဆင်ထားသင့်သည်။

မည်သည့်လတွင်မဆို ၅၊ ၁၄ နှင့် ၂၃ ရက်ဖွား ၅ ဂဏန်းပိုင်ရှင်များအပေါ် ဆွဲဆောင်မှုရှိမည်။
အထူးသဖြင့် ဖေဖော်ဝါရီလ၊ ဇွန်လနှင့် စက်တင်ဘာလ ၅ ဂဏန်း ရက်ဖွားများအပေါ် ဆွဲဆောင်မှုရှိ မည်။ သင့်မြတ်မည်။
အရေးကြီးသော အကျိုးအပြစ် ထူးထူးခြားခြားဖြစ်ပျက်တတ်သော အသက်နှစ်များမှာ ၅၊ ၁၄၊ ၂၃၊ ၃၂၊ ၄၁၊ ၅ဝ၊ ၆၈ နှင့် ၇၇ နှစ်တို့ဖြစ်ကြ သည်။

အောက်တိုဘာလ ၅၊ ၁၄ နှင့် ၂၃ ရက်များတွင် မွေးဖွားသူများ

အောက်တိုဘာလ ၅ ဂဏန်း ရက်ဖွားများအတွက် အရေးကြီးသော ဂဏန်းနှင့် ရက်စွဲများမှာ ၅ ဂဏန်းနှင့် ၆ ဂဏန်းတို့ဖြစ်ကြသည်။
မည်သည့်လတွင်မဆို အရေးကြီးသောလုပ်ငန်းဆောင်တာများကို ၅၊ ၆၊ ၁၄၊ ၁၅၊ ၂၃ နှင့် ၂၄ ရက်များတွင် လုပ်ဆောင်သင့်သည်။ ထီကံစမ်းသင့်သည်။
ဂဏန်းများအားလုံး ပေါင်းရ ကိန်း ၅ ဂဏန်း သို့မဟုတ် ၆ ဂဏန်း ရသော အိမ်၊ ခြံ၊ ယာဉ်၊ ကား၊ ထီ နံပါတ်များကို ရွေးချယ်သင့်သည်။
င၊ ဆ၊ ဎ၊ ဏ၊ ဗ၊ ဘ အက္ခ ရာများကို ထီအက္ခရာအဖြစ် ရွေးချယ် သင့်သည်။

ကံနိမိတ်ကောင်းသော အရောင်နှင့် ရတနာအဖြစ် အခြားဂဏန်းရက်ဖွားများလို သီးသန့်သတ်မှတ်ချက်မရှိပါ။ မည်သည့်အရောင်မဆို အရောင်နုနုနှင့် သင့်လျော်သည်။ ရတနာဆိုလျှင်လည်း စိန်နှင့် အခြားတောက်ပြောင်သော မည်သည့် ကျောက်မျက်မဆို မိမိတို့နှင့် ဓာတ်တည့်သည်။ အဆောင်ရတနာအဖြစ် စိန်သို့မဟုတ် အခြားတောက်ပြောင်သော ကျောက်မျက်တစ်မျိုးမျိုးကို အမြဲဝတ်ဆင်ထားသင့်သည်။
မည်သည့်လတွင်မဆို ၅၊ ၆ နှင့် ၈ ဂဏန်း ရက်ဖွားများအပေါ် ဆွဲဆောင်မှုရှိသည်။

မိမိဘဝအတွက် အရေးကြီးသော အကျိုးအပြစ် ထူးထူးခြားခြား ဖြစ်ပျက်တတ်သော အသက် နှစ်များမှာ ၅၊ ၁၄၊ ၂၃၊ ၃၂၊ ၄၁၊ ၅ဝ၊ ၆၈၊ ၇၇၊ ၈၆ နှင့် ၉၅ နှစ်များ ဖြစ်ကြသည်။

နိုဝင်ဘာလ ၅၊ ၁၄ နှင့် ၂၃ ရက်များတွင် မွေးဖွားသူများ

နိုဝင်ဘာလ ၅ ဂဏန်း ရက်ဖွားများအတွက်အရေးကြီးသော ဂဏန်း မှာ ၅ ဂဏန်းနှင့် ၉ ဂဏန်းတို့ဖြစ်ကြသည်။
မည်သည့်လတွင်မဆို ၅၊ ၉၊ ၁၄၊ ၁၈၊ ၂၃ နှင့် ၂၇ ရက်များ သည် အရေးကြီးသည်။ အဆိုပါရက်များတွင် အရေးကြီးသော လုပ်ငန်းကိစ္စများကို လုပ်ဆောင်သင့်သည်။ ထီကံစမ်းသင့်သည်။
ဂဏန်းအားလုံးပေါင်းရကိန်း ၅ ဂဏန်း သို့မဟုတ် ၉ ဂဏန်းရသော အိမ်၊ ခြံ၊ ယာဉ်၊ ကား၊ ထီနံပါတ်များကို ရွေးချယ်သင့်သည်။
ထီအက္ခရာအဖြစ် င၊ ဈ၊ ဎ၊ ဒ၊ ဗ၊ ရ အက္ခရာများကို ရွေးချယ်သင့်သည်။

အဖြူရောင်၊ ငွေရောင်၊ နို့နှစ်ရောင်စသည့် အရောင်နုများ၊ အနီရောင်၊ ကြက်သွေးရောင်၊ ပန်းရောင်များသည် မိမိတို့အတွက် ကံနိမိတ် ကောင်းစေသဖြင့် ထိုအရောင် အသွေးရှိသော အဝတ်အထည် အသုံးအဆောင်ပစ္စည်းများကို ရွေးချယ် ဝတ်ဆင်သုံးစွဲသင့်သည်။
စိန်၊ နီလာ၊ ဂါးနက်ကျောက်၊ ကျောက်နီတို့နှင့် ဓာတ်တည့်သဖြင့် အဆောင်ရတနာအဖြစ် အမြဲဝတ်ဆင်ထားသင့်သည်။

မည်သည့်လတွင်မဆို ၅ နှင့် ၉ ဂဏန်းရက်များတွင် မွေးဖွားသူများအပေါ် ဆွဲဆောင်မှုရှိသည်။
အရေးကြီးသော အကျိုးအပြစ် ထူးထူးခြားခြားဖြစ်ပျက်တတ်သော အသက်နှစ်များမှာ ၅၊ ၉၊ ၁၄၊ ၁၈၊ ၂၃၊ ၂၇၊ ၃၂၊ ၃၆၊ ၄၁၊ ၄၅၊ ၅ဝ၊ ၅၄၊ ၅၈၊ ၆၃၊ ၆၈ နှင့် ၇၂ နှစ်များ ဖြစ်ကြသည်။

ဒီဇင်ဘာလ ၅၊ ၁၄ နှင့် ၂၃ ရက် များတွင် မွေးဖွားသူများ

ဒီဇင်ဘာလ ၅ ဂဏန်းရက်ဖွားများမှာ ဂဏန်းများ၏ လွှမ်းမိုးသက်ရောက်မှုအပေါ် အယုံအကြည်နည်းကြသည်။ သို့သော် မိမိတို့၏ဘဝကို လေ့လာဆန်းစစ်လျှင် ၃ နှင့် ၅ ဂဏန်းများသည် မိမိတို့အပေါ် လွှမ်းမိုးမှုရှိနေကြောင်းတွေ့ရလိမ့်မည်။
မည်သည့်လတွင်မဆို ၃၊ ၅၊ ၁၂၊ ၁၄၊ ၂၁၊ ၂၃ နှင့် ၃၁ ရက်များသည် မိမိအတွက် အရေးပါနေလိမ့်မည်။ ထိုနေ့များတွင် အရေးကြီးသော ကိစ္စများ ဆောင်ရွက်သင့်သည်။ ထီကံစမ်းသင့်သည်။
အိမ်၊ ခြံ၊ ကား၊ ထီနံပါတ်များကို ရွေးချယ်လိုလျှင် နံပါတ်ဂဏန်းများအားလုံးပေါင်းရကိန်း ၃ သို့မဟုတ် ၅ ဂဏန်းရသော နံပါတ်များကို ရွေးချယ်သင့်သည်။
ထီအက္ခရာအဖြစ် ဂ၊ င၊ ဋ္ဌ၊ ဎ၊ ပ၊ ဗ၊ သ အက္ခရာများကို ရွေးချယ်သင့်သည်။

ခရမ်းနုရောင်၊ ခရမ်းရောင်၊ မရမ်းပြာရောင်ရှိသည့် နုဖျော့သောအရောင်များမှာ ကံနိမိတ်ကောင်းစေသဖြင့် ထိုအရောင်အသွေးရှိသော အဝတ်အထည် အသုံးအဆောင် ပစ္စည်းများကို ရွေးချယ်ဝတ်ဆင်သုံး စွဲသင့်သည်။
ကံနိမိတ်ကောင်းသော ရတနာများမှာ ခရမ်းရောင် သလင်းကျောက်နှင့် စိန်တို့ဖြစ်သဖြင့် အဆောင်ရတနာအဖြစ် အမြဲဝတ်ဆင်ထားသင့်သည်။

မည်သည့်လတွင်မဆို ၃ နှင့် ၅ ဂဏန်းရက်များတွင် မွေးဖွားသူများအပေါ် ဆွဲဆောင်မှုရှိမည်။
မိမိဘဝတွင် အရေးကြီးသော အကျိုးအပြစ် ထူးထူးခြားခြားဖြစ်ပျက်တတ်သော အသက်နှစ်များမှာ ၅၊ ၁၄၊ ၂၃၊ ၃၂၊ ၄၁၊ ၅ဝ၊ ၅၉၊ ၆၈ နှင့် ၇၇ နှစ်တို့ဖြစ်ကြသည်။


ဈေးကွက်ဂျာနယ် - zaygwet.com

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved