နိုင်ငံရေးအကျဉ်းသားကို စစ်တွေထောင်ပို့ပြီး ရိုက်နှက်
Thursday, August 2, 2012
~
(နိုင်ငံတကာထောက်ခံမှု တခဲနက် ရရှိနေတဲ့ ဦးသိန်းစိန် အစိုးရက နိုင်ငံရေးသမားတွေကို ထိန်းသိမ်းထားရကနေ လွှတ်ပေးဖို့ စဉ်းစားဟန် မတူသေးပါဘူး။
စစ်တွေထောင်မှာတော့ နိုင်ငံရေးအကျဉ်းသားတယောက်ကို အုပ်စုနဲ့တောင် ရိုက်လိုက်ကြသေးတယ် တဲ့။
စစ်တွေထောင်က ဖြစ်ရပ်နဲ့ ပတ်သက်ပြီး အရိုက်ခံရသူရဲ့ဖခင်က RFA သတင်းဌာနကို ရှင်းပြထားပါတယ်။)
အင်းစိန်ထောင်
ရခိုင်ပြည်နယ် စစ်တွေနဲ့ ဘူးသီးတောင်-မောင်းတော ထောင်တွေကနေ ရန်ကုန် အင်းစိန်ထောင်ကို မနေ့က အကျဉ်းသား ၁၇၀ ကျော် ပြောင်းရွှေ့လိုက်ပြီး အဲဒီထဲမှာ ပါလာတဲ့ နိုင်ငံရေး အကျဉ်းသား ကိုအောင်သူကို အာဏာပိုင်တွေက ရိုက်နှက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။
ထောင်ပြောင်းလိုက်တဲ့ သူတွေထဲမှာ နိုင်ငံရေး အကျဉ်းသားတွေဖြစ်တဲ့ စစ်တွေထောင်က ကိုအောင်သူနဲ့ ဘူးသီးတောင်ထောင်က ကိုအေးမင်းဖြိုးတို့ ပါလာတာလို့ သိရပါတယ်။ အင်းစိန်ထောင် အရောက် မှာ ကိုအောင်သူဆီက ပစ္စည်းတွေကို ထောင်အာဏာပိုင်တွေက သိမ်းယူတဲ့အတွက် မသိမ်းဖို့ ပြောတဲ့အခါမှာ အရိုက်ခံရတာလို့ ကိုအောင်သူရဲ့ ဖခင် ဦးကျော်သင်းက RFA ကိုပြောပါတယ်။
"သူတို့ပါလာတဲ့ ပစ္စည်းတွေ သိမ်းတယ်တဲ့။ အဲဒီသိမ်းတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဘယ်လိုလုပ်မလဲလို့ အဲဒီလိုပြောတော့ သူ့ကို လက်ထိပ်ခတ်ပြီးတော့ ရိုက်တယ်လို့ ပြောတယ်ဗျ။ ဦးစီးအရာရှိ ဦးမောင်မောင်ကြီးတဲ့။ သူ့အဖွဲ့တွေနဲ့ ရိုက်တာတဲ့။ အမေတွေ၊ နှမတွေလည်း မခံနိုင်ဘူးတဲ့၊ ဆဲတာတဲ့။ ပြီးတော့ လက်ကြောမတင်းလို့ နိုင်ငံရေး လုပ်စားတဲ့ ကောင်တွေ လို့လည်း ပြောတယ်တဲ့။ သူတို့ မနေ့က ကြယ်ငါးပွင့် သင်္ဘောနဲ့ စစ်တွေကနေ ပြောင်းလာတာလေ။ သူတို့ လူ ၁၇၀ ကျော်၊ အမျိုးသမီးက ၁၅ ယောက်ပဲ ပါတယ်လို့ ပြောတယ်။ သူတို့ တစ်ညအိပ်ပြီးတော့ သာယာဝတီကို ရွေ့တယ်လို့ ပြောတယ်"
ကိုအောင်သူဟာ ဥပဒေ ကျောင်းသား တစ်ဦးဖြစ်ပြီး ၂၀၀၈ ခုနှစ်မှာ အဖမ်းခံလိုက်ရတာပါ။ အဲဒီနောက် နယ်စပ်ဖြတ်ကျော်ပုဒ်မ၊ မတရားသင်း ဆက်သွယ်မှုပုဒ်မ၊ ဖောက်ခွဲရေးပုဒ်မ စတဲ့ ပုဒ်မ ၃ ခုအတွက် ကိုအောင်သူကို ၂၀၀၉ ခုနှစ်ထဲမှာ ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခံထားရတာလို့ ဖခင်ဖြစ်သူက ပြောပါတယ်။
ကိုအေးမင်းဖြိုးကလည်း ကိုအောင်သူနဲ့ အမှုတွဲဖြစ်ပြီး သူ့ကိုတော့ ထောင်ဒဏ် ၁၀ နှစ် ချမှတ်ထားတယ်လို့ သိရပါတယ်။
ညွှန်း - RFA - http://www.rfa.org/burmese/news/political-prisoner-authority-torture-08012012115941.html
~
2 comments :
  1. အောင်ကြူး said... :
    နိုင်ကျဉ်း အခွင့်အရေး လှုပ်ရှားသူများ စုပေါင်းပြီး အင်းစိန်ထောင်ရှေ့ သို့မဟုတ် ဗဟိုတရားရုံးရှေ့မှာ ဆန္ဒပြပွဲလုပ်သင့်တယ်။ ဒါမှ တာဝန်ရှိသူအဆင့်ဆင့်နဲ့ ကိုယ်ထိလက်ရောက် ကျူးလွန်သူများ မှတ်လောက်သားလောက် နောင်ကြဉ်သွားမယ်။ တီထွင်ကြံဆပြီး အခြေအနေ ပေးရင်ပေးသလို တိုက်ပွဲဝင်ကြပါ။ ငြိမ်ခံမနေကြပါနဲ့...။
  1. Anonymous said... :
    အကျဉ်းဦှးစီးဋ္ဌာနမှာယခုထိအမြင်ကျဉ်းစရိုက်ကြမ်းတဲ့အရာရှိတွေအများကြီးရှိနေပါသေးတယ်...
    တကယ်တော့သူတို့ကိုယ်တိုင်အတွေးကျဉ်း.. အမြင်ကျဉ်း..အကျဉ်းထောင်ထဲမှာနေပြီးအကျဉ်းကျနေ တာ...
Post a Comment
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved