ပြန်ကြားရေး ဒုဝန်ကြီးသစ်ရဲ့ အံထွက်လာတဲ့ စကားများ

Friday, August 31, 2012

ပြန်ကြားရေး ဒုဝန်ကြီးသစ်ဖြစ်လာတဲ့ ဦးရဲထွဋ် ၊ ဓာတ်ပုံ - ဧရာဝတီ

ဒု ၀န်ကြီး အဖြစ် ရာထူးတိုးမြှင့်ခံလိုက်ရတဲ့ ပြန်ကြားရေး ညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်က သတင်းကြေညာ
အပြီး မိနစ်ပိုင်းမှာဘဲ သူ့ကို ရာထူး တဆင့် တိုးပေးလိုက်တဲ့ သမ္မတကြီးကို လေးစားကျေးဇူးတင်ကြောင်း
သူ့ ရဲ့ ဖေ့ဘုတ် စာမျက်နှာမှာ ရေးသား ထားပါတယ်။

ဒု ၀န်ကြီးဖြစ်သွားပေမယ့် သူ့ဖေ့စ်ဘုတ် စာမျက်နှာကိုလည်း ဆက်လက်ထားရှိမှာ ဖြစ်ပြီး ဖေ့စ်ဘုတ်က အကြံပြုမှုတွေကိုလည်း ကြိုဆိုနေမယ်လို့ သူက ရေးထားပါတယ်။

သူကတိပေးထားတဲ့ အတိုင်း စောင့်ကြည့်သွားကြရမည်သာဖြစ်ပါကြောင်း။

"ကျွန်တော့်ကို တစ်ဆင့်မြင့်ရာထူးအတွက် ယုံယုံကြည်ကြည်နဲ့ တာဝန်ပေးခဲ့တဲ့ သမ္မတကြီး ကို လေးစား ကျေးဇူး တင်ပါတယ်။

ဒီလို တာဝန်မျိုးကိုထမ်းဆောင်နိုင်အောင် စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာလေ့ကျင့်ပျိုးထောင်ပေးခဲ့တဲ့ ဗိုလ်လောင်းဘ၀ကနေ ဒီကနေ့အထိ ကြုံတွေ့ခဲ့ရတဲ့ သင်ဆရာ၊ မြင်ဆရာအားလုံးကို ကျေးဇူး တင်ပါတယ်။

နိုင်ငံနဲ့လူမျိုးကိုချစ်တတ်အောင်၊ စာပေလေ့လာဖတ်ရှုလိုစိတ်ရှိအောင် တိုက်တွန်းအားပေးခဲ့သော မိဘ နှစ်ပါးကို ကျေးဇူးတင်ပါတယ်။

ကျွန်တော်ဘာလုပ်လုပ် အမြဲနားလည်ပေးသော ချစ်ဇနီးနဲ့ သမီးများကိုလည်း ကျေးဇူးတင်ပါတယ်။

ကျွန်တော့်ကို ဂုဏ်ယူကြောင်း ဖုန်းဖြင့်၊ message , comment များဖြင့် အကြောင်းကြားခဲ့သော မိတ်ဆွေများကိုလည်း ကျွန်တော့်အပေါ် ထားရှိသည့်ယုံကြည်မှုများအတွက် ကျေးဇူးတင်ပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် ဝေဖန်တိုက်ခိုက်ခဲ့သူများကိုလည်း လောကဒဏ်ကိုနားလည်အောင် လုပ်ပေး တဲ့အတွက် ကျေးဇူးတင်ပါတယ်။

ပြန်ဆက်ဒုညွှန်ချုပ်၊ ညွှန်ချုပ်တာဝန်ထမ်းဆောင်စဉ်ကာလ၊ တပ်မတော်အတွင်းတာဝန်ထမ်းဆောင်စဉ် ကာလတွင် ကျွန်တော်နှင့်လက်တွဲခဲ့သော လက်အောက်ဝန်ထမ်းများကိုလည်း သူတို့ရဲ့ ပူးပေါင်း ဆောင်ရွက်မှုအတွက် ကျေးဇူးတင်ပါတယ်။ သူတို့သာမရှိရင် ကျွန်တော်လည်း ဒီနေရာမှာ ရှိနေမှာမဟုတ်ပါဘူး။

ဒီလိုပဲ လက်တွဲလုပ်ဆောင်ခဲ့သော ရဲဘော်ရဲဘက်များကိုလည်း ကျေးဇူးတင်ပါ တယ်။ သူတို့ရဲ့ ပူးပေါင်း ကူညီမှုများသာမရှိရင် ကျွန်တော်အခက်အခဲတွေကို ကျော်လွှားနိုင်ခဲ့မှာမဟုတ်ပါဘူး။

ရာထူးတိုးမြှင့်ခံရခြင်းသည် အခွင့်အရေးကို တိုးမြှင့်ခံစားရန်မဟုတ်ဘဲ တာဝန်ကို ပိုမိုထမ်းဆောင်ရန် ဖြစ် သည်ဟု ခံယူပါတယ်။

ဒါ့ကြောင့် သမ္မတကြီး၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များတွင် ကိုယ်စွမ်းဥာဏ်စွမ်းရှိသရွေ့ ပါဝင်ထမ်းဆောင် သွားမည်ဖြစ်ကြောင်း ကတိသစ္စာပြုပါတယ်။

မိတ်ဆွေများ၊ သံသယရှိနေဆဲသူများအားလုံးနှင့် ပူးပေါင်းပြီး နိုင်ငံနှင့်လူမျိုးအတွက် ကြိုးစားဆောင်ရွက် သွားပါမယ်။

ကျွန်တော့် FB ကိုလည်း ဆက်ထားပါတယ်။ အကြံပေးလိုသူများ၊ ဝေဖန်လိုသူများ ဒီနေရာ ကနေ စောင့်ကြည့်ပြုပြင်ပေးသွားဖို့ မေတ္တာရပ်ခံအပ်ပါတယ်။" လို့ ဦးရဲထွဋ်က ဆိုထားပါတယ်။

4 comments :

  1. Anonymous said... :

    စစ်ဝတ်လဲလာသူတွေ အုပ်ချုပ်တာ နှစ်(၅၀)ကြာခဲ့ပြီမို့ ဒု ၀န်ကြီး ပူပူနွေးနွေး တစ်ယောက်ထဲကို စောင့်ကြည့်မနေချင်တော့ပါဘူးခင်ဗျာ။
    တိုင်းပြည်ဘယ်အခြေအနေထိဆိုက်ရောက်သွားပြီလဲဆိုတာ လူကြီးမင်းလဲ သိပြီးသားနေမှာပါ။
    တိုင်းပြည်ကို ချစ်လိုက်ကြတာကလဲ လွန်ရော။ ကုလားထိုင်ပေါ်ကကို မဆင်းကြတော့ဘူး။
    ဦးကျော်ဆန်းပြန်ကြားရေးကို မကိုင်တော့ဘူးဆိုတော့ သူတည်ထောင် ထောက်ပံ့မြှောက်ပင့်ပေးထားတယ်ဟု ပြောနေကြတဲ့ မြန်မာအိတ်စ်ပရက်ဆိုလား အဲဒီ ၀က်ဘ်ဆိုက်ကိုရော ဘယ်သူကဆက်ပြီး ထောက်ပံ့မလဲဆိုတာလေးတော့ စောင့်ကြည့်နေကြပါတယ်။

  1. Anonymous said... :

    ပော့လူရဲထွဋ်၊ခင်ဗျားသတ်တိရှိရင်ခင်းဗျားရဲ့facebookမှာpublic comments ကိုလက်ခံလိုက်ပါ။ခင်ဗျားကိုကောင်းကောင်းရေးလို့မစ်တာပို့ချင်လို့ပါ။
    ခင်ဗျားရဲ့ဝန်ကြိးအသစ်ကအပောာင်းထက်စာရင်ရိုးသားပွင့်လင်းမဲ့ပုံရတယ်၊ဒါပေမဲ့ခင်ဗျားလိုလက်အောက်ဝန်ထမ်းအပောာင်း၊အကျင့်အပောာင်းသမားတွေနဲ့ဆက်လက်အလုပ်လုပ်တာကတော့သိပ်မကောင်းဘူး။

  1. Unknown said... :

    အပေါ်လူ
    မြန်မာစာကိုရေးတာစာလုံးပေါင်းသတ်ပုံမှန်အောင်ရေးပါ
    မင်းအဆင့်ကအဲလေက်ပဲရှိတာလား

  1. Htut Htut said... :

    "ဟေ့လူ ရဲထွဋ် " မလုပ်နဲ့ မင်းအဖေ လောက်ရှိတယ် ၊ ကြိုက်ကြိုက် မကြိုက်ကြိုက်ယဉ်ယဉ်ကျေးကျေးပေါ့ကွာ ၊ကိုယ်မြန်မာအချင်းချင်းပဲ ....

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved