NDF ရဲ့ အပြောင်းအလဲ

Wednesday, September 5, 2012

~






(ဓာတ်ပုံများ - ဂျေပိုင်/ဧရာဝတီ)

NDF ပါတီက ဌာနချုပ်ကို နေရာရွှေ့လိုက်ပါပြီ။

ဌာနချုပ်နေရာသစ်က ရန်ကုန်၊ တာမွေမြို့နယ် အနောက်မျဉ်းပြိုင်ကွင်းလမ်းမှာပါ။ မနေ့က မနက်ပိုင်း ရုံးသစ်ဖွင့်ပွဲမှာ နိုင်ငံရေးပါတီအသီးသီးက ခေါင်းဆောင်များတက်ရောက်ကြတာကို တွေ့ရပါတယ်။



ဒီပါတီကို NLD ကနေ ခွဲထွက်လာသူများနဲ့ ဖွဲ့စည်းထားတာပါ။

NDF ကိုယ်စားလှယ်များ ရွေးကောက်ပွဲဝင်ခဲ့ရာမှာ စုစုပေါင်း ကိုယ်စားလှယ် ၁၆ ဦး အရွေးခံရကြောင်း ပါတီဝက်ဆိုက် NDFmyanmar.com မှာ ရေးထားပါတယ်။


လက်ရှိမှာတော့ အရွေးခံရသူအများအပြား NDF မှာ မရှိတော့ပါဘူး။ ဦးသိန်းညွန့်က ထုတ်ပယ်ခံရပါတယ်။ တချို့လည်း NLD ကို ကူးပြောင်းသွားကြပါတယ်။

ဝါရင့်နိုင်ငံရေးသမားများနဲ့ဖွဲ့စည်းထားတဲ့ NDF ဟာ ကာလတိုအတွင်းမှာ အပြောင်းအလဲကြီးတွေနဲ့ ရင်ဆိုင်နေရပါပြီ။

NDF မှာ မရှိတော့သူများကတော့ သူတို့ပါပဲ ~

အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ
ဒေါက်တာမြတ်ဥာဏစိုး
ဦးဖုန်းမြင့်အောင်

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ

ဦးကြည်မြင့်
ဦးခင်မောင်ဝင်း
ဒေါက်တာသန်းဝင်း
ဦးသိန်းညွှန့်

တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ

ဦးကျော်
ဒေါ်စန်းစန်းမြင့်







~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved