ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောအတွက် ရက်လည်ဆွမ်းကပ်

Tuesday, October 16, 2012


~



 


နန်းဆိုင်နွမ် ~



(ဓာတ်ပုံများ - နန်းဆိုင်နွမ် / ဧရာဝတီ)
 ရဲဘော်သုံးကျိပ်အဖွဲ့ဝင် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော၏ ရက်လည် ဆွမ်းကျွေးကို ဦးကျော်ဇောနေအိမ် တည်ရှိရာ အမှတ် ၃၀ မြောင်းမြလမ်း စမ်းချောင်းမြို့နယ်တွင် ယနေ့နံနက် ၈နာရီမှ ၁၁ နာရီ အထိ ပြုလုပ်ခဲ့သည်။

ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော၏ ညီအစ်ကို မောင်နှမများနှင့် ဆွေမျိုးသားချင်းများက ပြုလုပ်ခဲ့သည့် ရက်လည် ဆွမ်းကျွေး အစီအစဉ်သို့ ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ ဆက်နွယ်ခဲ့သူများ၊ ရန်ကုန် နိုင်ငံရေးလောကမှပုဂ္ဂိုလ်များ၊  လူမှုရေး အဖွဲ့အစည်းမှ ပုဂ္ဂိုလ်များလည်း လာရောက်ကြသည်။
 

 တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်တွင် ကွယ်လွန်သွားသူ ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော၏ အရိုးပြာအိုးကို မြန်မာပြည်တွင်း ပြည်သူများ ဂရ၀ပြုနိုင်သည့် အရပ်တွင် ထားရှိ မြှုတ်နှံသင့်သည်ဟု ဧည့်သည် အများအပြားက ပြောသည်။
---

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved