ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း ကောက်နုတ်ချက်

Friday, November 30, 2012



  နိုဝင်ဘာ ၃၀ မနက်ပိုင်းတွင် မုံရွာမြို့ မြစ်ဆိပ်အောက်ဘက်တွင် ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းထပ်မံပြောရာတွင် ပါဝင်သည့် အကြောင်းအရာ အကျဉ်းချုပ် 

 -အိမ်နီးချင်းနိုင်ငံအားလုံးနဲ့ တည့်အောင်နေရမယ် 

-ပြည်သူ မနစ်နာအောင်လည်းရှင်းရမယ် အိမ်နီးချင်းနဲ့ မတည့်လို့ မရ ဒီကိစ္စကို ဘယ်လို သဘော တူထား လဲဆိုတာ ပြည်သူသိအောင်ပြောရမယ်

 -ချက်ချင်း ရပ်ပေးအောင်တော့ ကျမ မစွမ်းနိုင်ပါဘူး လက်ပန်းတောင်းကိစ္စ စုံစမ်းရေးကော်မရှင်ကနေ အဖြေရှာပြီး အားလုံး အဆင်ပြေအောင်လုပ်နိုင်မယ်လို့ ယုံကြည်ပါတယ် 

 -သပိတ်စခန်း အကြမ်းဖက်တဲကိစ္စနဲ့ ပတ်သက်ပြီး အာဏာပိုင်တွေနဲ့ ဆွေးနွေးမယ်

 -ဒဏ်ရာရသူတွေ အခြေအနေက အတော်ဆိုးတာတွေ့ခဲ့တယ်။ 

သမတရုံးက ထုတ်ပြန်ချက် နာရီပိုင်း အတွင်း ၂ ခါ ထုတ်တာကို နားမလည်ပါဘူး။ 

-သတ္တုတွင်းဝန်ကြီးရှိရက်နဲ့ ဦးပိုင်ဘာလို့ ရှိနေလဲ။ တပ်မတော်ရှိလို့ ရှိနေတာတဲ့။ ဦးပိုင် တာဝန်ခံတွေနဲ့   
တွေ့ရင် ကျမမေးပါမယ် အာဃာတတွေတော့ မထားပါနဲ့ အမုန်းတရား ၀င်သွားသူဘက် ကရှုံးမယ် မတရားရင်မခံရဘူး ကာကွယ်ရမယ် 

 -ခေါင်းအေးအေးနဲ့ရှင်းရမယ် အမှန်တရားကို အခြေခံတုံ့ပြန်ရမယ် 

-အာဏာရှင်ဆိုတာ လူထုထောက်ခံ မှုမရှိပြိုလဲမယ် ဒီမိုနိုင်ငံရေး အားလုံးနဲ့ဆိုင်တယ် လူတိုင်း ကြိုးစားနိုင်တဲ့ အခွင့်အရေးရှိ ပြည်သူတွေကို လှည့်ဖျားပြီး ကျမ မစည်းရုံးပါ။ 

အတတ်နိုင်ဆုံး ကြိုးစားနေပါမယ်၊ ကျမ ၀ိဇ္ဖာဇော်ဂျီ မဟုတ်ပါ 

-ရေရှည် ကျမစဉ်းစားပါတယ်၊ ရေတို မလုပ်ပါ ယုံကြည်ချက်နဲ့ ထောက်ခံပါ 

 -ပြဿနာရှင်းတာ အပေးယူလုပ်ရမယ် မတည့်သူကို မီးဗုံးနဲ့ ပစ်လို့မရဘူး ပြည်သူ့အားဟာမနည်းဘူး ဒီအားကို အလွဲသုံးစား မလုပ်ရဘူး ကျမ အားကိုးတာလည်း ပြည်သူပါ

 -ရွာသူရွာသားတွေတွေ့မယ်၊ အာဏာပိုင်တွေလည်းတွေ့မယ်၊ ဒီမိုကရေစီ လမ်းလျှောက်ရင် အများ သဘော လေးစားရ မယ်၊ လူနည်းစု ခံစားချက်ကို လေးစားရမယ်၊ အပေးယူတော့ လုပ်ရမယ်၊ ဒီမိုလမ်းရောက်ပြီဆိုတာ လမ်းစဘဲရှိ၊ ကိုယ့်လမ်းကို ဖေါက်ရဦးမယ်၊ ခက်ခဲမယ် ရဲဘော် ရဲဘက်စိတ်နဲ့ ချီတက်ရမယ်။ 

-အားလုံးကျမ္မာချမ်းသာကြပါစေ

2 comments :

  1. Anonymous said... :

    နောက်ဆုံးသဘောပေါက်တာက မြန်မာပြည်သူလူထုဟာ ကိုယ့်ကြမ္မာကိုယ်ဖန်တီးဖို့ပဲ။ ဘယ်သူ့ကိုမှ ဘယ်ခေါင်းဆောင်ကိုမှ အားကိုးလို့မရတာမျက်မြင်ပဲ။ အားလုံးကတော့ နိုင်ငံရေးအရ ကိုယ့်အကန့်နဲ့ကိုယ် ရှောင်ရမှာပဲ။ ကြားထဲက ပြည်သူလူထု မြေဇာပင်မဖြစ်ဖို့ပဲ။

  1. Anonymous said... :

    ကိုယ်တိုင်က လူထုအတွက် ဘာမှ ကိုယ်ကျိုးစွန့် လုပ်မပေးနိုင်တော့ နည်းနည်းဖြစ်ဖြစ် ကိုယ်ကျိုးစွန့် လုပ်တဲ့သူတွေအပေါ်တော့ မကြည်ညိုတောင် လေးစားပါတယ်။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved