ရွှေည၀ါ ဆရာတော် ထိုင်းနိုင်ငံ ချင်းမိုင်မှာ တရားဟောဖို့ရှိ

Tuesday, December 11, 2012


လက်ပံတောင်း ကြေးနီ စီမံကိန်း ဆန္ဒပြမှု သပိတ်စခန်းတွေမှာ မီးလောင် ဒဏ်ရာ ရသွားကြတဲ့ ရဟန်းတော်များ ဆေးဝါးကုသဖို့အတွက် အထူးတရားပွဲ တခုကို ချင်းမိုင်မြို့ စေတနာ နာရေး ကူညီမှု အသင်းက စီမံရာမှာ  ရွှေည၀ါ ဆရာတော်က တရားဟောကြားမှာဖြစ်ပါတယ်။ 

“စေတနာ နာရေးကူညီမှုအသင်း( ချင်းမိုင်မြို့ )” မှ ဓမ္မဒါနပြုကာ ချင်းမိုင်မြို့  ဝပ်ဆိုင်းမွန်း မြန်မာကျောင်း တိုက်တွင် ရွှေညဝါ ဆရာတော် အရှင်ပညာသီဟမှ အမျိုးသားရေး တရားတော်များကို ဒီဇင်ဘာလ ၁၆ ရက်နေ့ ည ၇ နာရီခွဲမှ ၉ နာရီခွဲအထိ ဟောကြား ချီးမြှင့်မည်ဖြစ်တယ်လို့ သိရပါတယ်။ 


1 comments :

  1. Anonymous said... :

    အမြန်ဟော၊ အမြန်ပို့တော်မူပါဘုရား။
    တစ်ချို့သံဃာများ ဆေးရုံက ဆင်းကုန်ပါပြီဘုရား။
    ရတဲ့ အလှူငွေကို ချက်ချင် ပို့တော်မူပါဘုရား။
    အစိုးရစုံစမ်းရေး လူကြီး ဦးလွန်းသီတို့ ဗိုလ်ချုပ်ဟောင်းတွေကလဲ လူနာဘုန်းကြီးတွေရှေ့မှာ လက်နောက်ပစ် ရပ်ပြီး တရားခံစစ်သလို့ စစ်မေးပြီး ပြန်သွားပါသည်။
    ထို့ကြောင့် ဆေးကုသစရိတ်လိုအပ်နေပါသည်ဘုရား။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved