US Sanction ကို အံတု မြန်မာနဲ့ပတ်သက်ခဲ့တဲ့ ဘဏ် ဒဏ်တပ်ခံရ

Tuesday, December 11, 2012

အမေရိကန် ပြည်ထောင်စုရဲ့ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှု (Sanction) ကို အံတုပြီး မြန်မာနဲ့ပတ်သက်ခဲ့တဲ့ ဗြိတိန် Standard Chartered ဘဏ်ဟာ အခုတော့ ဒဏ်တပ် ခံရလိုက်ရပါတယ်တဲ့။ 



ဗြိတိန် Standard Chartered ဘဏ်ဟာ အမေရိကန်က စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့ထားတဲ့ အီရန်၊ မြန်မာ၊ လစ်ဗျားနဲ့ ဆူဒန်နိုင်ငံ တွေကို ဘဏ်လုပ်ငန်းဆိုင်ရာ ၀န်ဆောင်မှုလုပ်ပေးခဲ့လို့ စည်းမျည်း စည်းကမ်း ချိုးဖောက်ခဲ့တာကြောင့် အမေရိကန် ပြည်ထောင်စုကို အမေရိကန် ဒေါ်လာ သန်း ၃၃၀ နီးပါး ဒဏ်ငွေ 
ပေးဆောင်ပို့ ဆင့်ခေါ်စာ ထွက်လာတာ ဖြစ်တယ်လို့ ရိုက်တာ သတင်းတပုဒ်မှာ ဆိုပါတယ်။ 

Standard Chartered ဟာ အဆိုပါ ဒဏ်ခတ်ပိတ်ဆို့ အရေးယူထားတဲ့ နိုင်ငံတွေအတွက် ငွေကြေး လွှဲပြောင်းပေးတာ အပါအ၀င် တခြား ဘဏ်လုပ်ငန်းဆိုင်ရာ အကျိုးအမြတ်တွေကိုဘဲကြည့်ပြီး အမေရိကန် ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုကို ဘဏ္ဍာရေး ထွက်ပေါက် တစုံတရာရစေရေး လုပ်ဆောင်ခဲ့လို့ အခုလို ဒဏ်ငွေ ပေးဆောင်ဖို့ ဖြစ်ရတာလို့ သိရပါတယ်။ 

အဆိုပါဘဏ်ဟာ ဒါဆိုရင် ဒုတိယ အကြိမ်မြောက် ဒဏ်ငွေ ရိုက်ခံရတာလည်းဖြစ်ပါတယ်။ လွန်ခဲ့တဲ့ သြဂုတ် လ တုန်းကလည်း အီရန်နိုင်ငံအပေါ် ဒဏ်ခတ် အရေးယူထားမှု အပေါ်ဆန့်ကျင်ပြီး နယူးယောက် ပြည်နယ် ဘဏ်လုပ်ငန်း စည်းမျည်း စည်းကမ်းတွေကို ချိုးဖောက်တယ်ဆိုတဲ့အတွက် ဒဏ်ငွေ အမေရိကန် ဒေါ်လာ သန်း ၃၄၀ ကို သီးခြားစီပေးလျော်ဖို့ ဖြစ်ခဲ့ရပါသေးတယ်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved