မုံရွာ ရဲ၊ အာဏာပိုင်တွေ အမှားကို ၀န်ချ တောင်းပန်မယ်တဲ့

Saturday, December 1, 2012


ရဲများ ၀န်ချတောင်းပန်ပွဲ ကျင်းပမည့် မုံရွာမြို့ ရွှေစည်းခုံ ဘုရားဝင်းအတွင်း တင်ဝင်းထွန်း ကုမ္ပဏီ ဆောက် လုပ် လှူဒါန်း ထားသော သာသနာ့ ဗိမာန်တော် တွေ့မြင်ရစဉ်။(ဓါတ်ပုံ - မန်းသားလေး/ ဧရာဝတီ)

လက်ပံတောင်းတောင် အရေးတွင် အကြမ်းနည်းဖြင့် အင်အားသုံးဖြိုခွင်းခဲ့သည့် မုံရွာမြို့ ၊ ရဲ ၊အာဏာပိုင် များသည် ၄င်းတို့၏ လုပ်ရပ် အမှားပေါ်ဝန်ချတောင်းပန်ပွဲ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။ 

ယင်းဝန်ချတောင်းပန်သည့်ပွဲကို မုံရွာမြို့ ရွှေစည်းခုံဘုရားဝင်းအတွင်း တင်ဝင်းထွန်း ကုမ္ပဏီ ဆောက်လုပ် လှူဒါန်းထားသော သာသနာ့ ဗိမာန်တွင် ယနေ့ ဒီဇင်ဘာလ ၁ ရက်နေ့ နေ့လယ် ၁ နာရီတွင် ပြုလုပ်သွား မည် ဖြစ်သည်။ 

ယင်း ၀န်ချတောင်းပန်ပွဲသို့ မုံရွာမြို့ကျောင်းတိုက်ကြီးများရှိ ဆရာတော်ကြီးများနှင့် မြို့မိမြို့ဖများကို ပင့် ဖိတ်ကာ ၀န်ချတောင်းပန် ကန်တော့သွားမည်ဖြစ်သည်။ 

သို့သော် နောက်ဆက်တွဲ ရရှိတဲ့သတင်းများအရ ယနေ့နေ့လယ် ၁ နာရီတွင် ကျင်းပမည့် ရဲများ၏ ၀န်ချ 
တောင်းပန်ပွဲကို မုံရွာမြို့ မြို့မဂက်ကျောင်း ဆရာတော်များနှင့် ဇောတိက ကျောင်းဆရာတော်များက လက်မခံကြောင်း၊ ယင်းပွဲကိုလည်း သွားရောက်ခြင်း အသိမှတ်ပြုခြင်းများ မရှိကြောင်း ယင်းကျောင်းတိုက်ရှိ ဆရာတော်များက ပြောသည်။ 

လက်ပံတောင်းတောင် အရေးကိစ္စတွင် ယင်းကျောင်းတိုက်မှ သံဃာတော်များ အများဆုံးဦးဆောင်ပါ ၀င် ခဲ့ပြီး ထိခိုက် ဒဏ်ရာရရှိမှုတွင်လည်း ယင်းကျောင်းတိုက်များမှ သံဃာတော်များ အများဆုံး ပါဝင်နေ
ကြောင်း သိရသည်။

1 comments :

  1. Anonymous said... :

    အမိန်ပေးတာဘယ်သူလဲ။တာဝန်အရှိဆုံးက ဘယ်သူလဲ
    အဲဒီလူကမတောင်းပန်ဘူးလား။ရဲ-ကိုဘယ်သူခိုင်းတာလဲ
    ရဲ ဘဝ မလုပ်တော့ပြုတ်၊လုပ်တော့အပြောခံရ။
    တောင်းပန်ရနဲ့။ စစ်သားလူထွက်တွေ လူပါးဝတယ်။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved