ဝန်ကြီးဦးကျော်ဆန်းသား အာမခံ ရပြီ

Thursday, December 13, 2012

-

ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းရဲ့ သားဖြစ်သူ ကိုသီဟအောင် တရားစွဲဆိုခံထားရပြီး  ဒီဇင်ဘာ ၇ ရက်နေ့ ရုံးချိန်းမှာတော့ တရားရုံးက သူ့ကို အာမခံပေးလိုက်တယ်လို့ သိရပါတယ်။
ဒီအကြောင်း ဒီဇင်ဘာ ၁၃ ရက်စွဲတပ် 7 Day သတင်းဂျာနယ်မှာ ရေးထားတာပါ။
ဝန်ကြီး ဦးကျော်ဆန်း
တရားစွဲသူကတော့ သူနဲ့ လက်ထပ်ခဲ့တဲ့ မမြနန္ဒာညွန့် ဖြစ်ပါတယ်။

အမျိုးသမီးတစ်ဦးအား လူပျို လူလွတ်၊ အိမ်ထောင်မရှိဟု ပြောကြားကာ လက်ထပ်ပြီး စွန့်ပစ်သွားခဲ့သည်ဆိုသော စွပ်စွဲချက်ဖြင့် ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ (၄၁၇) ဖြင့် တရားစွဲဆိုခံထားရသည့် ကိုသီဟအောင်ဟာ ဒီဇင်ဘာ ၇ ရက်နေ့မှာ ကျောက်တံတား မြို့နယ် တရားရုံးက သိန်း ၃၀ တန် ခံဝန်ဖြင့် အာမခံပေးလိုက်ကြောင်း လို့ သတင်းမှာ အစချီ ရေးသားထားပါတယ်။


ရက်စွဲများ
၂၀၁၀ ဇွန် ၁၉ - နှစ်ဦးသဘောတူ လက်ထပ်စာချုပ် ချုပ်ဆို
၂၀၁၂ မေ ၈ - မမြနန္ဒာညွန့်က ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် တရားရုံးမှာ တရားစွဲ
၀၁၂ သြဂုတ် ၁၃ - မြို့နယ် တရားရုံးက အမှု ပလပ်သဖြင့် ခရိုင်တရားရုံးသို့ တိုင်ကြား။ အမှုလက်ခံရန် ခရိုင်ရုံးက အမိန့်ချ။

တရားစွဲဆိုနေစဉ်အတွင်း ကိုသီဟအောင် မိသားစုဘက်မှ ကွာရှင်းပေးဖို့ ငါးကြိမ်တိတိ ပြောကြားခဲ့၊ မကွာရှင်းပါက သတင်းစာများတွင် ၎င်းတို့၏ သားအဖြစ်မှ အမွေပြတ်စွန့်လွှတ်ကြောင်း ကြေညာချက်ထည့်သွင်းမည်ဟု ပြောကြားခဲ့သည်ဟု ဆိုသည်။

၂၀၁၂ စက်တင်ဘာ ၂၇ - ၀န်ကြီးဦးကျော်ဆန်းက ကိုသီဟအောင် သားအဖြစ်မှ စွန့်လွှတ်ကြောင်း ကြော်ငြာ သတင်းစာမှာ ဖော်ပြ။
၂၀၁၂ ဒီဇင်ဘာ ၇ - တရားရုံးက ကိုသီဟအောင်ကို အာမခံဖြင့် လွှတ်ထား


ကိုးကားချက် - 7 Day ဂျာနယ်။


စာချုပ် ချုပ်ထားတယ် ဆိုတော့ လင်မယားအရာ မြောက်နေပါတယ်။ လင်မယား ဆိုတော့လည်း ပစ္စည်း ပိုင်ဆိုင်ခွင့်တွေ ရှိနေတာပါ။

ဒီအမှု ဘယ်လို အဆုံးသတ်မယ် ဆိုတာကတော့ စိတ်ဝင်စားစရာ ဖြစ်နေပါတော့တယ်။


















-

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved