ပြန်ကြားရေးဝန်ကြီးဟောင်းသား ကာမလိမ်လည်မှု ကျူးလွန်သလား

Tuesday, December 18, 2012



~


ဇွဲထက် ~

အရင်က ပြန်ကြားရေးဝန် အခုတော့ သမ ၀န်ဖြစ်နေတဲ့ ၀န်ကြီး ဦးကျော်ဆန်းရဲ့သား ကိုသီဟအောင် ဆိုသူဟာ အမျိုးသမီး တဦးကို ဇနီးသည် အဖြစ် လိမ်လည်ပေါင်းသင်းမှုနဲ့ ရင်ဆိုင်နေရပါတယ်။
အမှုရင်ဆိုင်နေရတဲ့ ကိုသီဟအောင်
တရားဝင်ဇနီးအဖြစ် လိမ်လည်ပေါင်းသင်းခံရသူ မမြနန္ဒာညွှန့်ကတော့ သူ့ခင်ပွန်းသည်ကို ရန်ကုန် ကျောက်တံတား တရားရုံးမှာ ပြစ် မှု ဆိုင်ရာ ဥပဒေ ပုဒ်မ-၄၁၇ ဆိုတာနဲ့ ဆက်လက် တရားစွဲဆိုသွားမယ်လို့ ပြောပါတယ်။

အခုလို နာမည်ကြီး ၀န်ကြီးတစ်ဦးရဲ့သား တရားစွဲဆိုခံရတဲ့ သတင်းဟာ လူအများကြား ပျံ့နှံ့နေပါတယ်။ တချို့ကတော့ ဒါဟာ 
ကာမကို လိမ်လည် ရယူမှု လို့လည်း ဝေဖန်ပြောဆို နေကြပါတယ်။

ဥပဒေ ကြောင်းအရ ပြစ်မှုထင်ရှားရင် ပြစ်ဒဏ် ဘယ်လောက်ကျခံရမယ် ဆိုတာကတော့ တရားရုံးနဲ့ တရားသူကြီးတွေရဲ့ အပေါ်မှာပဲ မူတည် နေပါလိမ့်မယ်။ မျက်နှာကြီးရာ ဟင်းဖတ်ပါ တရား စီရင်ရေး မဖြစ်ဖို့လည်း လိုပါလိမ့်မယ်။

မမြနန္ဒာညွန် ယနေ့တရားခွင်သို့ရောက်ရှိလာစဉ် (ဓာတ်ပုံ - ဂျေပိုင်/ဧရာဝတီ)
ဟိုအရင်က မမြနန္ဒာညွှန့် နဲ့ ကိုသီဟအောင် တို့ဟာ ချစ်သူရည်းစားဘ၀ ၂ နှစ်နီးပါး တွဲခဲ့ကြပြီး ရန်ကုန် ပုဇွန်တောင်ရှိ တိုက်ခန်း တခန်းမှာ တလကြာ တရားဝင် လက်ထပ် ပေါင်းသင်း နေထိုင်ခဲ့ပြီးမှ ကိုသီဟအောင် မှာ ပထမ ဇနီး ရှိနေတာကို သိရတာပါ။

ဝန်ကြီး ဦးကျော်ဆန်းရဲ့သား ကိုသီဟအောင်မှာ အရင် အိမ်ထောင်ရှိတဲ့ အထောက်အထား၊ သက်သေတွေ တရားလို ရှေ့နေဆီမှာရှိတယ်လို့လည်း ဆိုပါတယ်။

တရား ရင်မဆိုင်ခင်တုန်းကလည်း မမြနန္ဒာညွှန့်ကို ကိုသီဟအောင် ဘက်က နည်းမျိုးစုံသုံးပြီး ပြေလည်မှုရဖို့ အကြိမ်ကြိမ် ကြိုးပမ်းခဲ့တယ်လို့လည်း သိရတယ်။

မမြနန္ဒာညွန့်ဘက်ကတော့ လူ့ ပတ်ဝန်းကျင်နဲ့ နေထိုင်ရတာ ဖြစ်လို့ ယောက္ခမ ၀န်ကြီး ကိုယ်တိုင် တောင်းပန်ရင်ဖြင့် ပြန်လည် ပေါင်း ထုတ်ပြီး ဒီဇာတ်လမ်းကို အဆုံးသတ်နိုင်မယ်လို့ ဒီနေ့ ရုံးချိန်းမှာ သတင်း မီဒီယာတွေကို ပြောဆို သွားကြောင်းပါ....။   ။



 



















--

4 comments :

  1. Anonymous said... :

    မြန်မာငှေု..သိန်း၂ သောင်းလောက်ပေးလိုက်၇င်...ပါးစပ်ပိတ်..အမှုရုပ်သိမ်းသွာပါလိမ့်မယ်....လုပ်ကြံဇတ်လမ်း..တပုဒ်ပါ..

  1. Anonymous said... :

    လုပ်င်္ကြဇာတ်ဆိုဘာလို့ငွေပေးရမှာလဲ... ရှေ့နောက်မညီ...

  1. Unknown said... :

    မမြနန္ဒာညွှန့်ရေ အားပေးတယ်နော် ဆက်လုပ်

  1. Anonymous said... :

    right!!

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved