ရှမ်းတိုင်းရင်းသားတို့ရဲ့ ရှမ်းနှစ်သစ်ကူးပွဲတော်

Thursday, December 13, 2012

 
~




    နန်းဆိုင်နွမ်
~
 
နိုင်ငံတကာရောက် ရှမ်းတိုင်းရင်းသားများသည်     ကြာသပတေးနေ့ည  ၁၂နာရီ အချိန်တွင်  ကျရောက်မည့် ရှမ်းသက္ကရာဇ် ၂၁၀၇ ခုနစ်ကို     ကြိုဆိုရေးအတွက် လှုပ်ရှား ဆောင်ရွက်ခဲ့ကြသည်။

ယနေ့ မွန်းလွဲပိုင်းက နေပြည်တော်ပျဉ်းမနားရှိ ရှမ်းစားသောက်ဆိုင်တခုတွင် နှစ်ကူးအစီအစဉ်အတွက် ပြင်ဆင်နေကြသူများ (ဓာတ်ပုံ - စည်သူလင်း/ဧရာဝတီ)
အစည်ကား အသိုက်မြိုက်ဆုံး ကျင်းပသည့် နေရာမှာ ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့ ဖြစ်သည်။

ကျိုင်းတုံမြို့၌ ကျင်းပသည့်    ရှမ်းတမျိုးသားလုံး စုပေါင်း ရှမ်းနှစ်သစ်ကူးပွဲတော်ဖွင့်ပွဲကို ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ပါတီမှ ဦးခွန်ထွန်းဦး က    ဖွင့်လှစ်ပေးကြောင်းသိရသည်။

ဖွင့်ပွဲကို     ရှမ်းအဖွဲ့အစည်းပေါင်းများစွာ လာရောက်သည်ကိုလည်း တွေ့ရသည်။ ယခင်က ကျိုင်းတုံမြို့တွင်     ရှမ်းတမျိုးသားလုံး စုပေါင်းကျင်းပသည့် ရှမ်းနှစ်သစ်ကူးပွဲ ကျင်းပခဲ့ခြင်း မရှိပေ။

    ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့တွင်လည်း ရှမ်းနှစ်သစ်ကူးပွဲတော်ကို     နှစ်စဉ် စည်ကား သိုက်မြိုက်စွာကျင်းပလေ့ ရှိသည်။

    “မူဆယ်မြို့ရဲ့ ရှမ်းနှစ်သစ်ကူးက နှစ်စဉ် စည်တယ်။ ဒီနှစ်လည်း စည်းမှာပါ။     မူဆယ်မြို့ရဲ့ ပွဲတော်က နမ့်ခမ်း၊ ပန်ဆိုင်း၊ စယ်လန့်က လူတွေအားလုံးနီးပါး    လာရောက်ကာ နှစ်သစ်ကြိုကြတယ်”ဟု မူဆယ်မြို့ဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။

    ယခုနှစ်မူဆယ်မြို့၏ ရှမ်းနှစ်သစ်ကူး ပွဲတော် ထူးခြားချက်မှာ    ရှမ်းစာပေနှင့် လူမှုရေး အကျိုးကို စွမ်းစွမ်းတမံ ဆောင်ရွက်    သူများအားပေးလေ့ရှိတဲ့ “ စ၀်ဆေခန်ဖှဆု” ချီးမြှင့်မည့် အစီအစဉ်ပါရှိခြင်း ဖြစ်သည်။

    အဆိုပါဆုကို ရှမ်းစာပေ ပျံ့နှံ့အောင်စွမ်းစွမ်းတမံ ဆောင်ရွက်နေသည့်    ရှမ်းစာပေသင်တန်းမှူး စိုင်းဖှ ရရှိကြောင်းလည်း သိရသည်။

    ယင်းဆုကို နှစ်စဉ်ပေးလေ့မရှိကြောင်း၊ယခင်တွင် လူမှုရေး လုပ်ဆောင်နေသည့်    ပုဂိုလ် ၄ဦးကို ပေးပြီးဖြစ်ရာ ရှမ်းစာပေ သင်တန်းမှူး စိုင်းဖှသည်    ပဉ္စမမြောက်ဖြစ်သည်ဟု သိရသည်။

    ဒီဇင်ဘာ ၁၄ရက်တွင်ကျရောက်မည့် ၂၁၀၇ခုနစ် ရှမ်းနှစ်သစ်ကူးပွဲတော်ကို     မူဆယ်မြို့ လွယ်တိန်ခမ်းတောင်ပေါ် ဘုန်းတော်ကြီးကျောင်းတွင်    စည်ကား သိုက်မြိုက်စွာ ကျင်းပမည်။

ရှမ်းတိုင်းရင်းသား အများအပြား နေထိုင်တဲ့ မန္တလေးမြို့မှာလည်း ကြာသပတေးညမှာ ရှမ်းနှစ်သစ်ကူးပွဲတော် ကျင်းပနေပါတယ်။


















-

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved