CNF ရဲ့ ရုံးခွဲကိစ္စ ထုတ်ပြန်ချက်

Sunday, February 26, 2012 2 comments

ပြီးခဲ့တဲ့ ဇန်န၀ါရီလအတွင်းမှာ အစိုးရသစ်နဲ့ အပစ်ရပ်စဲရေး ဆွေးနွေးခဲ့တဲ့ ချင်းအမျိုးသားတပ်ဦး CNF က တီးတိန်မြို့နယ်ထဲမှာ ရုံးတွေဖွင့်မယ့် ကိစ္စနဲ့ ပတ်သက်ပြီး၊ ဒေသခံပြည်သူတွေရဲ့ ဆန္ဒနဲ့ ဆန့်ကျင်ပြီး လုပ်ဆောင်မှာ မဟုတ်ဘူးလို့ ကြေငြာချက် ထုတ်ပြန်လိုက်ပါတယ်။



CNF က ချင်းပြည်နယ် တီးတိန်မြို့ပေါ်မှာ ရုံးဖွင့်မယ်၊ ဘွတ်ဖိလ်ရွာနဲ့ ဇိမ်ပီးရွာတွေမှာ CNF အဖွဲ့ဝင်တွေ နေဖို့ နေရာချထားမယ့်ကိစ္စတွေကို တီးတိန်ဒေသခံတွေက ကန့်ကွက်တဲ့အကြောင်း လက်မှတ်ရေးထိုးပြီး သမတ၊ ပြည်သူ့လွှတ်တော်ဥက္ကဌနဲ့ အမျိုးသားလွှတ်တော် ဥက္ကဌဆီကို ဖေဖော်ဝါရီ ၂၁ ရက်နေ့က ပေးပို့တင်ပြခဲ့တာတွေ အပြီးမှာ အခုလို ထုတ်ပြန်ကြေငြာလိုက်တာပါ။

ဒေသခံတွေက သမတဆီ ပေးပို့တဲ့ စာ ထဲမှာ CNF နဲ့ သူ့ရဲ့တပ်ကြောင့် ဒေသတွင်းမှာဖြစ်ခဲ့တဲ့ ရွာတွေနဲ့ ခရီးသွားပြည်သူတွေကို အဓမ္မငွေကြေးကောက်ခံခဲ့တာတွေ၊ ဒေသခံတွေကို ဖိနှိပ်မှုတွေရှိခဲ့တာတွေကြောင့် အကယ်လို့သာ CNF ရဲ့ ရုံးကို ဒီဒေသမှာ ဖွင့်ခွင့်ပေးမယ်ဆိုရင် ဒီလိုအဖြစ်မျိုးတွေ ထပ်ဖြစ်လာပြီး ဒေသငြိမ်းချမ်းရေးကို ထိခိုက်လာနိုင်တယ်ဆိုတာတွေ ပါဝင်တယ်လို့ သိရပါတယ်။

facebook မှာ ရောက်နေတဲ့ မှားယွင်းမှု

2 comments

Facebook သုံးသူ မြန်မာပြည်သားတွေ ဖြန့်နေကြတဲ့ အမျိုးသမီး ငါးဦး ဖဲရိုက်နေပုံရဲ့ မူရင်းက ကမ္ဘောဒီးယားကလို့ ဆိုနေကြပါတယ်။

ကွန်ပျူတာတက္ကသိုလ် ယူနီဖောင်းက လုံချည်အရောင် စိမ်းပြာလေးနဲ့လို့ ဆိုပါတယ်။

သို့သော်.. ကွန်ပျူတာ
တက္ကသိုလ်ကလိုလို.. နည်းပညာတက္ကသိုလ်ကလိုလို....မသိသူများ အမျိုးမျိုးက
ပညာရေးတိုးတက်အောင် လေ့လာနေကြတာပါဆိုတဲ့ ပုံစံမျိုးနဲ့... နှိမ့်ချပြီး Share လုပ်ကြပါတယ်.. တဲ့


http://moreimagesrally.blogspot.com/2011/12/blog-post_1516.html
ကမ္ဘာဒီယားက ခမာဘာသာနဲ့ ရေးထားတဲ့ Blog Site တစ်ခုကပုံဖြစ်ပါတယ်... တဲ့

ဒါကို မူလပထမဦးဆုံး ရှယ်ယာ စလုပ်သူက....
ဘယ်လို ရည်ရွယ်ချက်နဲ့လုပ်ပါသလဲ...
ကိုယ့်တိုင်းပြည်.. ကိုယ့်လူမျိုး... သိက္ခာကျအောင် လုပ်တာဆိုရင်
အင်မတန်မှကို အောက်တန်းကျတဲ့လုပ်ရပ်တစ်ခုအဖြစ်
သတ်မှတ်ပြီး ကန့်ကွတ်ရှုတ်ချပါတယ်....

လင့်ခ်အမှန်ကို လက်လှမ်းမှီရာများမှာ.. ပြန်လည်ဖြန့်ဝေခြင်းဖြင့်
မိမိတို့ ဂုဏ်သိက္ခာ... ကျောင်း၏ ဂုဏ်သိက္ခာ.... နိုင်ငံ့ဂုဏ်သိက္ခာကို
ပြန်လည် မြှင့်တင်ပေးကြပါ

စသဖြင့် တိုက်တွန်းနေကြပါတယ်။

စိတ်မဆိုးကြေး

1 comments

(Myanmar Fitness http://myanmarfitness.com/dead-end-or-the-junction တွင် ဖော်ပြထားသော ဆောင်းပါး ၊ ဓာတ်ပုံများ နှင့် မှတ်ချက်များ ဖြစ်သည်။)


နိုင်ဦး ရေးသားသည်


ပြီးခဲ့သော တစ်ပါတ်လောက်ကတည်းက သတင်းစာထဲတွင် ကျွန်တော်ဖတ်လိုက်ရသည့် သတင်းလေး

တစ်ပုဒ်ကြောင့် အားရကျေနပ်မိပါသည်။ ထိုသတင်းလေးကတော့ အခြားမဟုတ်ပါ။ မြန်မာ့ဘောလုံးအား

ကစားလောကတိုးတက်ရေးအတွက်နေပြည်တော်တွင်တစ်နိုင်ငံလုံးအဆင့်အလုပ်ရုံဆွေးနွေးပွဲကျင်းပ

မည်ဖြစ်ပြီးမြန်မာ့ဘောလုံးလောကကိုတိုးတက်စေလိုသူမည်သူမဆိုအကြံပြုချက်များနေပြည်တော်သို့ 

တိုက်ရိုက်ပေးပို့ နိုင်သည်ဟုပါရှိပါသည်။ဤသည်ကမကြာမှီအချိန်အတွင်းမြန်မာ့ဘောလုံးအားကစား

အဆင့်အတန်းမြင့်မားလာတော့မည့်လက္ခဏာဖြစ်သည်။ဝမ်းသာမိပါသည်။သို့ သော်ကျွန်တော်တို့ အ

သေအလဲဝါသနာပါသောအားကစားဖြစ်သောကာယဗလ၏ရှေ့ ရေးကားရင်လေးစရာပင်ဖြစ်သည်။ယ

ခုအချိန်သည်မြန်မာ့ကာယဗလလောကအတွက်လမ်းဆုံသို့ ရောက်နေပြီဟုမြင်မိပါသည်။ရွေးချယ်မှု

မှန်ကန်လျင်အောင်မြင်မှုများကအသင့်ဖြစ်နေမည်ဖြစ်နေပြီး၊အကယ်၍ဆုံးဖြတ်ချက်မှားသွားပါက

ထာဝရကျဆုံးနိုင်သည့်အောင်မြင်မှုလမ်းဆုံးဖြစ်သွားနိုင်သည်။တစ်ယောက်အားနှင့်ယူသော်မရ၊

တစ်သောင်းအားနှင့်ယူသော်ရ၏ဟူသောစကားအရဤနေရာတွင်ကျင့်သုံးသင့်သည်မြင်မိပါသည်။

ကျွန်တော်နိုင်ဦး—119 သည်နိုင်ငံရေးကိုစိတ်မပါသော်လည်းပြီးခဲ့သည့်အပါတ်ထုတ်ဂျာနယ်တစ်ခု

တွင်အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က**မိမိနှင့်အမြင်ချင်းမတူလျင်ရန်သူဟုမမြင်

ဘဲပူးပေါင်းဆောင်ရွက်သင့်ကြောင်း**တိုက်တွန်းပြောဆိုသည်ကိုဖတ်မိသောကြောင့်ထိုစကားရပ်

လေးကိုလည်းမြန်မာ့ကာယဗလအားကစားလောကတိုးတက်ရေးအတွက်ကျွန်တော်ကကိုးကားပြီးသုံး

ချင်ပါသည်။

မိတ်ဆွေများခင်ဗျားကျွန်တော့်ဒီဆောင်းပါးလေးကတော့မြန်မာ့ကာယဗလလောကတိုးတက်စေရန်အတွက်

အမုန်းခံပြီးကျွန်တော်မြင်သည်များကိုအပြုသဘောဆောင်ကာတင်ပြထားခြင်းဖြစ်ပါသည်။ထို့ 

ကြောင့်ဤဆောင်းပါးရေးခြင်းကြောင့်ရလာမည့်တိုက်ခိုက်မှုများနှင့်ဝေဖန်မှုပြစ်တင်မှုများကိုကျွန်တော်

နိုင်ဦး—119ကအဆင်သင့်ကြိုဆိုနေပါသည်။ကျွန်တော်တို့ ဆိုက်www.myanmarfitness.com နှင့်

ရော၊ကိုနိုင်ေ၀၀င်းနှင့်ပါမည်သို့ မျှမသက်ဆိုင်ပါ။ကျွန်တော့်ထပ်မံပြောချင်သည်ကတော့စေတနာမှန်နှင့်

ဝေဖန်ခြင်းသာဖြစ်ပါသည်။ဆေးကခါးသော်လည်းရောဂါပျောက်မည်ဆိုပါကကျွန်တော်တန်ဖိုးမည်မျှ

ဖြစ်ဖြစ်ပေးရန်အသင့်ရှိပါသည်။ကျွန်တော့်ဝေဖန်ချက်လေးတစ်ခုကမြန်မာ့ကာယဗလအားကစားလော

ကတိုးတက်စေရေးအတွက်အနည်းငယ်အထောက်အကူပြုမည်ဆိုပါကကျေနပ်ပါပြီ။

မီဒီယာ—

ကျွန်တော်ပထမဦးဆုံးဝေဖန်ချင်သည့်အချက်လေးကတော့ကျွန်တော်မကြာခဏပြောနေကျမြန်မာ့

ကာယဗလအဖွဲ့ ချူပ်နှင့်ပရိတ်သတ်များကိုဆက်သွယ်ပေးမည့်ပေါင်းကူးတံတားဖြစ်သောမီဒီယာဖြစ်သည့်

အဖွဲ့ ချူပ်ပိုင်ဝဘ်ဆိုက်မရှိခြင်းဖြစ်သည်။ဤအချက်ကလက်ရှိမြန်မာ့ကာယဗလလောကကိုမည်သူဦး

ဆောင်နေသည်၊မည်သည့်ပုံစံဦးဆောင်နေသည်၊မည်သည့်ပြိုင်ပွဲအစီအစဉ်များရှိသည်၊ချန်ပီယံများ၏

အတွေ့ အကြုံများနှင့်လည်းကောင်းတို့ ၏အာဘော်ဗဟုသုတ၊နည်းစနစ်လျို့ ဝှက်ချက်များကိုကာယဗ

ဝါသနာရှင်များအနေနှင့်လုံးဝမသိရခြင်းကြောင့်အကောင်းအဆိုးကိုမဝေဖန်နိုင်ခြင်း၊စပွန်ဆာပေးမည့်

ပုဂ္ဂိုလ်များနှင့်အဆက်အသွယ်မရခြင်း၊နိုင်ငံခြားရောက်မြန်မာများနှင့်ဝေးကွာခြင်းတို့ ဖြစ်နိုင်ပါသည်။ဤ

လိုအပ်ချက်လေးကိုဖြည့်ပေးနိုင်ပါကအင်တာနက်ပေါ်တွင်မြန်မာ့ကာယဗလမောင်များ၏ပုံများကိုဖောသီစွာ

မြင်နိုင်မည့်အပြင်၊မြန်မာ့ကာယဗလချန်ပီယံများနှင့်ဝါရင့်ကာယဗလမောင်များ၏အကြောင်းကိုလူ

တိုင်းသိနိုင်မည်ဖြစ်သည်။အင်တာနက်သုံးသူကာယဗလ၀ါသနာရှင်တိုင်းသည်မောင်အိုလံပီယာချန်ပီယံ

အစဉ်အဆက်ကိုသိနိုင်သော်လည်းမိမိတို့ ၏ကိုယ်စားပြု၊ဂုဏ်ဆောင်မြန်မာ့ကာယဗလမောင်များ

ကိုတော့မသိနိုင်ပါ။အနားယူသွားကြကုန်သောနည်းပြကြီးများ၏အဖိုးမဖြတ်နိုင်သောဆောင်းပါးများကို

လည်းဖတ်ရှုနိုင်မည့်အခွင့်အရေးဖြစ်ပါသည်။မိမိတို့ ၏ပြိုင်ဖက်အိမ်နီးချင်းနိုင်ငံများဖြစ်သောအာဆီယံ

နိုင်ငံများတွင်ပင်လျင်ကာယဗလအဖွဲ့ ချူပ်၏ကိုယ်ပိုင်ဝဘ်ဆိုက်များရှိနေကြပြီဖြစ်သည်။ထိုကြောင့်

မြန်မာ့ကာယဗလအဖွဲ့ ချူပ်ပိုင်ဝဘ်ဆိုက်တစ်ခုအရေးတစ်ကြီးလိုအပ်နေသည်ဟုဆိုချင်ပါသည်။

စပွန်ဆာ—

—နောက်တစ်ချက်ကတော့အဓိကဖြစ်သောစပွန်ဆာကိစ္စပင်ဖြစ်သည်။စပွန်ဆာမတောင့်တင်းလျင်အ

ဖွဲ့ ချူပ်မှလူကြီးများမည်မျှပင်ကြိုးစားသော်လည်းအရာရောက်မည်မဟုတ်ပါ။လက်ရှိစပွန်ဆာများဖြစ်

သော MDG နှင့် MGS ကုမ္ပဏီတို့ သာရှိသည်။ထိုကုမ္ပဏီများအနေနှင့်လည်းလက်ရှိအခြေအနေထက်

ပိုမိုပြီးထောက်ပံ့ပေးစေချင်ပါသည်။လည်းကောင်းတို့သည်လည်းအတိုင်းထက်အလွန်ကြီးပွားတိုးတက်

ပါစေဟုဆန္ဒပြုလိုက်ပါသည်။အဖွဲ့ ချူပ်အနေနှင့်လည်းမိမိတို့ အနေနှင့်စပွန်ဆာများပိုမိုရှာဖွေရန်အခက်

အခဲဖြစ်ပါကအားကစားဝန်ကြီးဌာန၏အကူအညီကိုယူကာစီးပွားရေးလုပ်ငန်းရှင်များ၊ကုမ္ပဏီများနှင့်

ဆက်သွယ်သင့်ပါသည်။ကျွန်တော့်အမြင်တွင်ရန်ကုန်တွင်အင်မတန်အောင်မြင်နေသောဆောက်လုပ်

ရေးလုပ်ငန်းရှင်များ၊ရေလုပ်ငန်းရှင်များ၊ကုန်သည်ကြီးများ၊ရှော့ပင်းစင်တာပိုင်ရှင်ကြီးများစွာရှိပါသည်။

ထိုသူများ၏အကူအည၊ီကိုသာပြည့်ပြည့်၀၀ရပါကအဖွဲ့ ချူပ်အတွက်ရော၊အားကစားလောကအတွက်

ရော၊အားကစားသမားများအတွက်ပါအထူးအကျိုးပြုမည်ဟုထင်ပါသည်။ကျွန်တော်တို့၏အိမ်နီးချင်း

နိုင်ငံတစ်ခုဖြစ်သသောအိန္ဒိယနိုင်ငံတွင်ပင်လျင်ကမ္ဘာ့အဆင့်၊ပရော်ဖက်ရှင်နယ်ကာယဗလပြိုင်ပွဲ

တစ်ခုကိုယခုနှစ်စက်တင်ဘာလ24ရက်နှင့်25 ရက်တွင်ကျင်းပခဲ့သည်။ဆုကြေးကလည်းအာနိုးကလပ်စစ်ပြိုင်ပွဲ

မှဆုကြေးပမာဏနီးပါးဖြစ်သည်။အာရှတွင်ကျင်းပသောပထမဦးဆုံးသောပရော်ဖက်ရှင်နယ်ပြိုင်ပွဲဖြစ်

သည်။ဤသည်ကစပွန်ဆာကောင်းခြင်းကြောင့်အာရှကာယဗလထိပ်သီးများဖြစ်သောအီရန်၊ကူဝိတ်၊

ဘာရိန်းတို့ အပြင်ပရော်ဖက်ရှင်နယ်မောင်များမွေးထုတ်ပေးထားသောဂျပန်ကိုကျော်ဖြတ်နိုင်ခဲ့ခြင်းဖြစ်

သည်။ထိုပြိုင်ပွဲဝင်အားလုံးလိုလိုသည်မောင်အိုလံပီယာပြိုင်ပွဲဝင်များဖြစ်သည်။

ထို့ ကြောင့်စပွန်ဆာများကိုမိမိတို့ အနေနှင့်တစ်ထစ်လျော့ကာကြိုးစားသင့်ပါကြောင်း။ ။

နည်းပြနှင့်အားကစားသမားများ—

ဤအချက်ကတော့တစ်ရာလျင်ကိုးဆယ်ရာခိုင်နှုန်းအရေးကြီးသည်ဟုထင်ပါသည်။မြန်မာ့ကာယဗလ

လောကတိုးတက်ရေးအတွက်စီမံကိန်းများချမှတ်ပြီးဆောင်ရွက်မည်ဆိုပါကဤအချက်သည်နံပါတ်တစ်

အရေးကြီးသောအချက်ဖြစ်သည်။နိုင်ငံတကာအဆင့်မှီနည်းပြတစ်ဦးကိုမရှိမဖြစ်လိုအပ်ပါသည်။လက်ရှိ

မောင်များ၏အဓိကပြသနာမှာပြည်တွင်းတွင်လည်းကောင်းတို့ ကိုမည်သူကမှသင်ပြနိုင်သည်ဟု

မထင်ခြင်းဖြစ်သည်။ထို့ ကြောင့်လည်းကောင်းတို့ အထင်ကြီးလောက်သောနည်းပြတစ်ယောက်ကိုမ

ဖြစ်မနေရှာဖွေသင့်ပါသည်။သို့ မှသာမိမိတို့ကိုယ်ကိုတတ်လှပြီသိလှပြီဟုအထင်ရောက်နေသော၊မိမိ

တို့ ကိုသင်ပြရန်အဆင့်ရိှသူတစ်ယောက်မှမရှိဟုသွယ်ဝိုက်၍တစ်ဖုံ၊ပြောင်ပြောင်တင်းတင်းတစ်ဖုံပြော

နေကြသောမောင်များလက်ခံနိုင်မည်ဖြစ်သည်။ဤနေရာတွင်လက်ရှိမောင်မြန်မာချန်ပီယံ၊နှင့်ခရက်ရှာ

ပြိုင်ပွဲချန်ပီယံကိုအောင်ဆွေနိုင်ကသူ့ ကိုပြိုင်ပွဲအပြီးမြန်မာတိုင်းသတင်းဂျာနယ်ကအင်တာဗျူးရာတွင်

ပြောပြခဲ့သည်များကိုလည်းကောင်းတို့ ၏ဂျာနယ်တွင်ဖော်ပြထားသည်ကိုတိုက်ရိုက်ကူးယူဖော်ပြပေး

လိုက်ပါသည်။“The biggest reason why there is so little interest in bodybuilding inMyanmar is because people from our society are very selfish,”

“Most people involved in bodybuilding do not want to share their techniques with others. At the same time, they feel satisfied with what they know and they have not been interested in gaining new knowledge about the sport, so it’s not as developed in Myanmar as it should be,” he said.

ထိုသို့ တင်ပြပြောဆိုနေခြင်းကြောင့်ကျွန်တော့်ကိုလက်ရှိပြိုင်ပွဲဝင်အဆင့်ကာယဗလမောင်များကို

မျက်မုန်းကျိုးနေသူတစ်ဦးဟုမမြင်စေချင်ပါ။တစ်ကယ့်လက်တွေ့ တွင်မူကျွန်တော်သည်မြန်မာ့လက်

ရွေးစင်ကာယဗလမောင်အားလုံးနှင့်ရောပြိုင်ပွဲဝင်မောင်အတော်များများနှင့်ပါညီရင်းအစ်ကိုပမာရင်းနှီး

ကြသူများဖြစ်သည်။သို့ သော်ယခုဝေဖန်ရသည်ကတော့နိုင်ငံတော်၏အားကစားအဆင့်အတန်း

တိုးတက်စေရေးအတွက်ဖြစ်ပါသည်။

အချို့ ပြိုင်ပွဲဝင်များဆိုလျင်ပင်အချို့ သောလေ့ကျင့်ခန်းများ၏

ထိရောက်ပုံကိုပင်သေသေချာချာမသိသူများဖြစ်သည်။ဥပမာ stiff-leg deadlift ကိုခါးအဆီချသော

လေ့ကျင့်ခန်းဟုပင်လူကြားထဲတွင်ပြောနေသူများရှိသည်။ထိုအခါမျိုးတွင်ကျွန်တော်သည်လည်း

ကောင်းတို့၏သိက္ခာကိုငဲ့သောအားဖြင့်မချိသွားဖြဲကာရေငုံနှုတ်ပိတ်နေလိုက်ရသည့်အကြိမ်ကမ

နည်းပါ။

တစ်ခါကလည်းနိုင်ငံခြားသားမိတ်ဆွေတစ်ယောက်ကလာရောက်လေ့လာရင်းသူသည်လေ့

ကျင့်ခန်းပြုလုပ်မြဲဖြစ်သော်လည်းအဘယ်ကြောင့်အဆီမကျသနည်းဟုမေးရာမောင်မြန်မာချန်ပီယံ

ကြီးတစ်ဦးကရေခဲရေသောက်လို့ ဟုပြောရာကျွန်တော်ဖြင့်ရှက်လွန်းလို့ မျက်နှာတစ်ခုလုံးပူထူနေမိ

ပါသည်။အမှန်တွင်တော့လေ့ကျင့်ခန်းပြုလုပ်နေစဉ်ရေခဲရေအေးအေးသောက်ခြင်းကအဆီကျစေရန်

ပိုမိုအထောက်အကူပြုကြောင်းကိုမကြာမှီသိပ္ပံအထောက်အထားများနှင့်တင်ပြပေးပါဦးမည်။ကဲမိတ်

ဆွေပြီးခဲ့သည်များကိုမေ့လိုက်ပါစို့ ။အနာဂါတ်ကိုအကောင်းဆုံးပုံဖော်လိုလျင်လက်ရှိပစ္စုပန်ကိုပီပီပြင်

ပြင်အသုံးချရမည်မဟုတ်ပါလား။ကောင်းစေလို၍အကြံပြုပါကလည်းကွယ်ရာတွင်သူတောင်ဘာ

ကောင်မှမဟုတ်ဘဲလိုက်ပြောနေတယ်ဟု၍တစ်မျိုး၊ကျွန်တော့်ကိုလေးစား၍မေးမြန်းသူပြိုင်ပွဲဝင်မောင်

တစ်ယောက်ကိုချန်ပီယံကြီးတစ်ယောက်ကမင်းကွာမင်းထက်သေးသူကိုဆရာတင်ရလားဟုမေး

သည်ကိုကျွန်တော့်ကိုထိုပြိုင်ပွဲဝင်လေးကပြန်ပြောပြ၍ကျွန်တော်သိခဲ့ရပါသည်။ပထမ

ဦးစွာကျွန်တော်ကထိုချန်ပီယံကြီးနှင့်ပါတ်သက်၍ပြောလိုသည်ကတော့လည်းကောင်းမေးမြန်းသူပြိုင်

ပွဲဝင်သည်သူ့ ကဲ့သို့ သောချန်ပီယံစီနီယာကြီးကိုမမေးဘဲသူ့ ထက်များစွာငယ်သောကျွန်တော့်ကိုဆရာ

တင်ခြင်းကြောင့်မချိတင်ကဲကြိတ်မနိုင်ခဲ့မရခံစားခဲ့ရခြင်းဖြစ်ရှာမည်ဟုထင်ပါသည်။တစ်ကယ်တော့ထို

မေးမြန်းသောပြိုင်ပွဲဝင်လေးသည်ကားအသိပညာမခေသူ၊ခေတ်ပညာတတ်လေးဖြစ်သည်။သူ့ မေး

မြန်းသမျှကိုသူလက်ခံနိုင်လောက်သောအတိုင်းအတာအထိအထောက်အထားနှင့်တစ်ကွဖြေနိုင်သော

ကျွန်တော့်ကိုအထင်ကြီးသောကြောင့်ချန်ပီယံကြီးဟတ်ထိသွားရခြင်းဖြစ်ပါသည်။ဒါကြောင့်ထိုတစ်ယူသန်

သမားများအထင်ကြီးလေးစားလောက်သောနိုင်ငံတစ်ကာအဆင့်မှီနည်းပြတစ်ယောက်ကိုဌားရမ်း

အသုံးပြုသင့်ပါကြောင်းအကြံပြုလိုပါသည်။

နိုင်ငံတစ်ကာအဆင့်မှီဒိုင်—

ကျွန်တော်တို့နိုင်ငံတွင်ယခင်ကတော့နိုင်ငံတစ်ကာအဆင့်မှီဒိုင်လူကြီးများရှိခဲ့သော်လည်းယခုခေတ်

တွင်မူမရှိတော့ဟုဆိုချင်ပါသည်။ဤသည်ကလည်းအားနည်းချက်တစ်ခုဟုမြင်ပါသည်။အဘယ်ကြောင့်

ဆိုသော်လက်ရွေးစင်ကာယဗလမောင်များသည်အဖွဲ့ ချူပ်ကစေလွတ်မှသာနိုင်ငံတစ်ကာပြိုင်ပွဲများကို

ဝင်ရောက်ယှဉ်ပြိုင်နိုင်မည်ဖြစ်သော်လည်း၊ဒိုင်များအနေနှင့်ကားနိုင်ငံတစ်ကာပြိုင်ပွဲများတွင်ဒိုင်အဖြစ်

ဆောင်ရွက်ရင်းပြိုင်ဖက်နိုင်ငံများမှကစားသမားများ၏တိုးတက်မှုကိုမျက်ခြေမပြတ်စောင့်ကြည့်နေနိုင်

မည်ဖြစ်သည်။

ပြိုင်ပွဲနှင့်ပြိုင်ပွဲဝင်များ—

ပြည်တွင်းတွင်ကာယဗလပြိုင်ပွဲများကိုတစ်နှစ်လျင်အနည်းဆုံးငါးပွဲလောက်ကိုကာယဗလအဖွဲ့ ချူပ်

ကဦးဆောင်ပြီးကျင်းပပေးသင့်သည်။အိမ်နီးချင်းထိုင်းနိုင်ငံတွင်မူတစ်နှစ်လျင်အနည်းဆုံးပြိုင်ပွဲဆယ်ပွဲ

လောက်အထိရှိတတ်သည်။ကျွန်တော်တို့ နိုင်ငံတွင်မူလက်ရှိမောင်မြန်မာ၊ခရက်ရှာနှင့်ပြည်နယ်တိုင်း

သုံးပွဲသာရှိသည်။ဤမျှနှင့်လုံးဝအားမရပါ။ပရိတ်သတ်များကလည်းထို့ထက်ပိုမိုပြီးကြည့်ရှုလိုပြီး

ပြိုင်ပွဲတစ်ပွဲတွင်မယှဉ်ပြိုင်လိုက်ရသောမောင်များအနေနှင့်လည်းနောက်ထပ်ပြိုင်ပွဲတစ်ခုကိုတားဂတ်

ထားပြီးပြင်ဆင်လေ့ကျင့်နိုင်ပေသည်။

နောက်တစ်ခုပြောချင်သည်မှာ-အဖွဲ့ ချူပ်အပေါ်လူအများအကြည်ငြိုမပျက်စေရန်အချို့ သောနေရာများ

တွင်ပြင်ဆင်ရန်လိုအပ်သည်ဟုထင်ပါသည်။ဥပမာ–ခရက်ရှာမောင်အငယ်တန်းမောင်ပြိုင်ပွဲကိုကြေငြာ

ရာတွင်အသက်နှစ်ဆယ့်တစ်နှစ်နှင့်အောက်မောင်များဟုကြေငြာလျင်ပရိတ်သတ်များကပြုံးစေ့စေ့ဖြစ်

ကုန်ကြပြီးခပ်ကဲကဲလူငယ်များကတော့ဘာနှစ်ဆယ့်တစ်နှစ်နှင့်အောက်လဲအိမ်ထောင်သက်လားဟု

အော်ဟစ်လှောင်ပြောင်ကြသည်။ပြောလည်းပြောချင်စရာပါပေ။ယခုနှစ်ခရက်ရှာပြိုင်ပွဲစင်မြင့်ထက်

တွင်အငယ်တန်းပြိုင်ပွဲဝင်အချို့ သည်ပြိုင်ပွဲဝင်သည့်သက်တမ်းပင်ဆယ်နှစ်နီးပါရှိနေသူများရှိသည်။

မယုံလျင်နာမည်အတိအကျပြောပြနိုင်ပါသည်။နောက်တစ်ချက်ကထိုသူများကိုဝင်ခွင့်ပြုပြီးအချို့ သူများ

ကိုခွင့်မပြုခြင်းကလည်းပြသနာတစ်ခုပင်။မကွေးတိုင်းကိုယ်စားပြုယှဉ်ပြိုင်သောမောင်တစ်ဦးကိုအဖွဲ့ 

ချူပ်ကတာဝန်ရှိသူများကအသက်ကျော်နေပြီဝင်မပြိုင်သင့်ဟုပြောပြီးထိုပြိုင်ပွဲဝင်သက်ဆယ်နှစ်နီးပါး

ရှိသူကိုတော့ဝင်ပြိုင်ခွင့်ပြုခြင်းကိုထိုကစားသမားကကျွန်တော်အပါအ၀င်အားလုံးလိုလိုကိုလိုက်လံပြော

ပြနေသောကြောင့်အဖွဲ့ ချူပ်၏သိက္ခာကိုထိခိုက်နိုင်ပါသည်။ထိုကစားသမားမကျေမနပ်ဖြစ်ခြင်းက

လည်းအဆိုးတော့မဆိုသာပါ။ထို့ အပြင်အငယ်တန်းပြိုင်ပွဲဝင်မြန်မာ့လက်ရွေးစင်ကစားသမားများ

အားလုံးသည်ပင်အသက်နှစ်ဆယ့်တစ်နှစ်ကျော်နေသောကြောင့်အချို့ ကလည်းပြိုင်ပွဲကဆုများအား

လုံးကိုအဖွဲ့ ချူပ်လက်ရွေးစင်များအတွက်သာပေးလိုသောကြောင့်ထိုသို့ ဖြစ်ရသည်လားဟုပြောနေကြ

သည်။ထို့ ကြောင့်အဖွဲ့ ချူပ်၏သိက္ခာလည်းမထိအောင်ပြိုင်ပွဲဝင်ကစားသမားများလည်းအပြောမခံရ

အောင်ခရက်ရှာပြိုင်ပွဲကိုလူကြားကောင်းအောင်အသက်ကန့် သတ်ချက်ဖြင့်မပြုလုပ်ဘဲမောင်မြန်မာ

အငယ်တန်းလိုအလွတ်တန်းအဖြစ်ကျင်းပပေးသင့်ပါသည်။

နောက်တစ်ချက်ကပြိုင်ပွဲဝင်မောင်များကိုအဆင့်မှီမမှီအဖွဲ့ ချူပ်မှကြပ်မတ်စစ်ဆေးသင့်ပါသည်။အဆင့်

မှီသူများကိုသာဝင်ရောက်ယှဉ်ပြိုင်စေသင့်ပါသည်။အဘယ်ကြောင့်ဆိုသော်ယခုနောက်ပိုင်းမြန်မာ့ကာ

ယဗလပြိုင်ပွဲများကိုနိုင်ငံခြားသားမိတ်ဆွေများကလည်းလာရောက်ကြည့်ရှုမှု့ များလာသောကြောင့်ပင်

ဖြစ်သည်။

နောက်ပြီးမြန်မာနိုင်ငံတွင်လုံးဝမရှိသေးသည့်ပြိုင်ပွဲအမျိုးအစားတစ်ခုမှာကြံ့ခိုင်မှုစံပြမောင်မယ်(fitness

model )ဖြစ်သည်။ထိုပြိုင်ပွဲများသည်ကမ္ဘာပေါ်တွင်ယခုအချိန်တွင်အလွန်ပင်ခေတ်စားလားသည်ကို

မြင်တွေ့ နေရခြင်းဖြစ်သည်။ထိုင်းနိုင်ငံတွင်ပင်ထိုကဲ့သိုသော့ပြိုင်ပွဲများကိုထည့်သွင်းယှဉ်ပြိုင်စေခြင်း

များကိုပြုလုပ်နေပြီဖြစ်သည်။မြန်မာနိုင်ငံကိုစက်တင်ဘာလကလာရောက်သွားသည်အာရှကာယဗလအဖွဲ့ 

ချူပ်အထွေထွေအတွင်းရေးမှူးချူပ်နှင့်စင်္ကာပူကာယဗလအဖွဲ့ ချူပ်ဥက္ကဋ္ဌပေါလ်ချူဝါသည်ယခုအ

သစ်ဖွဲ့ စည်းလိုက်သောတစ်ကမ္ဘာလုံးဆိုင်ရာကာယဗလနှင့်ကိုယ်ကာယကြံ့ခိုင်မှုအဖွဲ့ ချူပ်သစ်ကြီး

(world bodybuilding and physic federation)၏ကမ္ဘာ့အဆင့်အထွေထွေအတွင်းရေးမှူးချူပ်ရာ

ထူးကိုပါပူးတွဲလက်ခံယူလိုက်သောကြောင့်မြန်မာ့ကာယဗလအဖွဲ့ ချူပ်အနေနှင့်ထိုအဖွဲ့ ကြီးတွင်

အသင်းဝင်ဖြစ်အောင်ကြိုးစားပြီးအကျိုးအမြတ်များရယူသင့်ပါကြောင်းတိုက်တွန်းအပ်ပါသည်။ထိုအဖွဲ့ 

သည် natural bodybuilding အဖွဲ့ အစည်းဖြစ်ခြင်းကြောင့်စတီးရွိက်မသုံးသောမြန်မာ့ကာယဗလ

မောင်များသည်မိမိတို့ ၏အစွမ်းကိုမိမိတို့ နှင့်အနေအထားတူသူများအကြားထင်ရှားပေါ်လွင်အောင်

ပြုလုပ်နိုင်မည့်အခွင့်အရေးဖြစ်သည်။

နောက်ပြီးပြည်တွင်းကာယဗလပြိုင်ပွဲများတွင်အထူးသတိထားမိသည့်အချက်တစ်ချက်ကပရိတ်သတ်

များသည်မယ်ပြိုင်ပွဲများကိုအထူးစိတ်ဝင်စားမှု့ နည်းပါးလာခြင်းဖြစ်သည်။မယ်ပြိုင်ပွဲများကျင်းပချိန်တွင်

အချို့ ကလက်ဖက်ရည်သောက်၊အအေးသောက်ရန်နှင့်အပေါ့အပါးသွားရန်အားလပ်ချိန်ပေးသည်ဟု

ပင်မှတ်ထင်နေသလားအောက်မေ့ရသည်။ထို့ ကြောင့်မယ်ပြိုင်ပွဲများကိုနိုင်ငံတစ်ကာနှင့်အညီပြုပြင်

ပြောင်းလဲသင့်ပါသည်။လက်ရှိနိုင်ငံတစ်ကာတွင်ကျင်းပနေသောအမျိုးသမီးပြိုင်ပွဲများမှာbikini,

figure and fitness တို့ ဖြစ်သည်။

bikini သည်မြန်မာ့ယဉ်ကျေးမှု့ နှင့်မဆီလျော်သောကြောင့်စဉ်းစားရန်မလို

ဘဲမြန်မာ့ကာယအလှမယ်မျာနှင့်သင့်လျော်သော figure ပြိုင်ပွဲများကိုပြောင်းလဲကျင်းပသင့်ပါသည်။

သို့သော်အ၀တ်အစားကိုတော့သင့်လျော်သလိုပြောင်းလဲသင့်ပါသည်။fitness မယ်များကိုကားလော

လောလောဆယ်ရှာဖွေရန်ခက်ခဲမည်ဟုထင်ပါသည်။တဖြည်းဖြည်းတော့အဆင်ပြေသွားပါမည်။

မောင်အိုလံပီယာ၊မယ်အိုလံပီယာပြိုင်မှမြန်မာကိုကမ္ဘာကသိမည်မဟုတ်ပါ။natural bodybuilding

ပြိုင်ပွဲများဝင်ပြိုင်ခြင်း၊ထိုအဖွဲ့ အစည်းများသို့ အဖွဲ့ ဝင်ခြင်းဖြင့်မြန်မာ့အားကစားမောင်မယ်များသည်

ကမ္ဘာ့အလယ်တွင်အောင်မြင်မှုအသစ်များရယူနိုင်မည်ဟုထင်ပါသည်။

ထို့ အပြင်နောက်တစ်ချက်ထောက်ပြလိုသည်ကတော့အဖွဲ့ ချူပ်၏လုပ်ပိုင်ခွင့်ကိုအသုံးချပြီး၊ကာယဗလ

နှင့်ကြံ့ခိုင်မှု့ သင်တန်းများ GYM များသည်ယခင်ကထက်ယခုအချိန်တွင်ပိုမိုပေါများလာခြင်းကိုစိစစ်

သင့်ပါသည်။အဘယ်ကြောင့်ဆိုသော်ဖွင့်လှစ်လာသမျှသောသင်တန်းအားလုံးလိုလိုသည်စီးပွားရေး

သမားများ၏နယ်ပယ်ချဲ့ ထွင်ခြင်းဖြစ်သည်။ဤသည်ကကောင်းသော်လည်းဆိုးသည်ကထိုသင်တန်း

များတွင်ခန့် ထားသည့်နည်းပြများသည်သာမန်ဗဟုသုတမျှပင်မရှိသောသူများဖြစ်နေသည်။တစ်ကဲ့

ပြိုင်ပွဲဝင်ကာယဗလမောင်များအတွက်ကားအလုပ်နေရာရှားနေဆဲပင်ဖြစ်သည်။အကယ်၍အလုပ်ရ

ပါကလည်းအင်မတန်နည်းပါးသောလစာလေးနှင့်မလောက်မဌအလုပ်လုပ်နေကြရခြင်းကိုမြင်ရခြင်း

ကကာယဗလမောင်များအတွက်ရင်နာမိပါသည်။

ထို့ ကြောင့်အဖွဲ့ ချူပ်အနေနှင့်ကာယဗလအားကစား

ကိုထောက်ပံ့သောအားဖြင့်လည်းကောင်း၊ပြိုင်ပွဲဝင်ကာယဗလမောင်များ၏လူနေမှု့ ဘ၀အခက်အခဲ

များကိုပြေလည်အောင်ကူညီသောအားဖြင့်လည်းကောင်းသင်တန်းတစ်ခုဖွင့်တိုင်းကာယဗလအဖွဲ့ ချူပ်

တွင်မှတ်ပုံတင်စေပြီးတစ်လကိုမည်ရွေ့ မည်မျှပေးရန်တောင်းဆိုပြီး၊နည်းပြများကိုလည်းအဆင့်အတန်း

သတ်မှတ်ပေးကာလည်းကောင်းတို့ ၏အဆင့်အတန်းအလိုက်ထိုက်ထိုက်တန်တန်ရစေရန်ကူညီသတ်

မှတ်ပြဌာန်းပေးသင့်သည်ဟုအကြံပြုလိုပါသည်။သို့ မှသာမိမိတို့ ၏ဘ၀ကိုကာယဗလအားကစားအ

တွက်အပြည့်အ၀မြှုပ်နှံထားသောပြိုင်ပွဲဝင်ကာယဗလမောင်များနှင့်မြန်မာ့လက်ရွေးစင်ကာယဗလ

မောင်များအတွက်မိမိတို့ ပေးဆပ်ရသည်နှင့်ညီမျှမှုကိုခံစားနိုင်မည်ဖြစ်သည်။

သူငယ်ချင်းတို့ အခုလောက်ဆိုလျင်ကျွန်တော်အချက်တော်တော်များများကိုထောက်ပြဝေဖန်ပြီး

ပြီဖြစ်သည်။သို့ သော်လိုအပ်ချက်များကရှိနေဦးမည်ဖြစ်သည်အဘယ်ကြောင့်ဆိုသော်ကျွန်တော်

တစ်ယောက်တည်း၏အမြင်သည်မပြည့်စုံနိုင်သေးပါ။ဒါကြောင့်မြန်မာ့ကာယဗလလောကနှင့်ကာ

ယဗလမောင်များ၏ဘ၀ကိုတိုးတက်စေလိုသူတိုင်း၏အကြံပေး comment လေးများကိုလိုချင်

ပါသေးသည်။မိမိတို့ မြင်သမျှကိုစေတနာအရင်းခံနှင့်တင်ပြပေးကြပါဦးလို့ ပြောရင်းနဲ့ ။ ။

ခံစားတင်ပြသူ—

နိုင်ဦး—119

Email—intensemuscle@gmail.com

Related posts:

  1. သုံးဖက်မြင် ကာယဗလ လေ့ကျင့်ခန်းများ- အပိုင်း-၂
  2. သုံးဖက်မြင် ကာယဗလ လေ့ကျင့်ခန်းများ၏ နိဒါန်း
  3. 2011- မောင်မြန်မာပြိုင်ပွဲ ပြီးနောက် အပြင်းစား ခံစားချက်
  4. အမှားများသော အချက် ၁၀ ချက်
  5. မြန်မာတွေ ချန်ပီယံဖြစ်ပြီဗျို့

Comments

  1. Naing Wai says:

    ကိုနိုင်ဦးရေ ဖတ်ရတာ တချို့နေရာများမှာ ကြက်သီးတောင် ထမိပါတယ်။ ကိုယ်ဖုံးဖိထားတဲ့ အနာကြီးကို ပြန်မြင်လိုက်ရသလိုပါပဲ။ မှတ်မိပါသေးတယ်။ ကျွန်တော့် ကာယဗလချန်ပီယံများ စာအုပ်နဲ့ ဒီဝဘ်ဆိုဒ်နာမည်လေးနဲ့ကို ကိုင်ကာ အဖွဲ့ချုပ်ရုံးခန်းထဲထိ သွားတွေ့ခဲ့တာ။ စာအုပ်မှာ intro လေးရေးဖို့နဲ့ ဒီ myanmarfitness မှာ သင့်တော်သလို ဦးစီးဖို့ရာ သွားရောက် အနူးအညွှတ် တောင်းပန်ခြင်းအတွက်ပါ။ ၀ဘ်ဆိုဒ်နာမည်ကိုသာကြည့်ပါ။ အဖွဲ့ချှုပ်၏ အုပ်ထိန်းမှုကို ကျွန်တော် တကယ်လိုချင်ရိုးအမှန် ဖြစ်ပါသည်။ ကျွန်တော်စာအုပ် intro ကတော့ ဘာအသံမှ မကြားရတော့ပါ။ ၀ဘ်ဆိုဒ်ကို ကျွန်တော် အစွမ်းကုန် ရှင်းပြခဲ့ပါသည်။ နိုင်ငံရေး ၀ဘ်ဆိုဒ်ဆိုသည်များလို တိုင်းပြည်ကို မတိုးတက်စေမည့် ၀ဘ်ဆိုဒ်မျိုး မဟုတ်ကြောင်း။ ပြောဆိုသော်လည်း မရပါ။ “မင်းသိတယ်မလား။ အခုခေတ် ဘလော့်ဂ်တို့ဘာတို့ဆို ငါတို့ကြောက်လွန်းလို့။ နိုင်ငံရေးတွေနဲ့ ငြိစွန်းနေတာတွေ ငါတို့ ဘာမှ မပတ်သက်ချင်ဘူး။” မဟုတ်ဘူးဆရာ ကျွန်တော် တယောက်တည်း ကိုင်မှာ။ ကျွန်တော်လည်း ဒီမှာရှိနေတာပဲ။ ဆရာတို့ကိုလည်း admin ထားမှာပဲ။ .. နောက်ဆုံး မရတဲ့အဆုံး ဆရာတို့ရဲ့ တံဆိပ်လေးကိုတော့ ကျွန်တော်တို့ ခေါင်းစဉ်မှာ တတ်ပါရစေဆရာ။ ဘာပဲပြောပြော အသိအမှတ်ဖြစ်ရအောင်လို့ပါ ဆရာ။ .. မရပါ။ ဘလော့်ဂ်တို့ ၀ဘ်ဆိုဒ်တို့ဆို ငါတို့ ရှောင်တယ်ဆိုရင်းနဲ့ ကျွန်တော်လည်း ပြန်လှည့်လာခဲ့ရတော့သည်။ ကျွန်တော့်စိတ်ထဲပေါ်လာသော ခံစားချက်တစ်ခုတည်းမှာ “ကောင်းပါတယ်လေ“ ဆိုတာပဲ ဖြစ်သည်။

    ကိုနိုင်ဦး အချက်တွေအများကြီးနဲ့ ကြိုစားပမ်းစား အားပေးဖော်ပြသွားတာ ချီးကျူးစရာပါ။ ကျွန်တော်တို့မှာ maintenance, budget, sponsor စသည်ဖြင့် လိုအပ်ချက်တွေ အများကြီးရှိပါသည်။ ထိုအရာများကို ပြင်ဆင်လို့ရနိုင်သော အဓီကလိုအပ်ချက်ကြီးတစ်ခုက အားလုံးရဲ့ နောက်ကွယ်မှာ ရှိနေပါသည်။ ATTITUDE စိတ်နေသဘောထားပင်ဖြစ်သည်။ တချို့ authority များ၏ ကာယဗလအပေါ် သဘောထားပုံများသည် ၀မ်းနည်းစရာပင်ကောင်းပါသည်။ ရန်ကုန် ပြိုင်ပွဲစင်မြင့်နောက်တွင်ဆို ကာယဗလ ပြိုင်ပွဲဝင်များအပေါ် ကူလီထမ်းသမားများလို သဘောထားသည်ကို တချက်တချက် မြင်တွေ့နိုင်ပါသည်။ စင်ပေါ်တက်ဖို့ စောင့်ရင်း သွေးပူလုပ် ဆီလိမ်းနေတုန်းမှာ ထို အော်ဟစ်မောက်မန်းနေသော ဗိုက်ပူ ယူနီဖောင်းနဲ့ ပုဂ္ဂိုလ်၏ ပုံရိပ်သည်ကား ငါမဖြစ်ချင်ဆုံး မလိုချင်းဆုံး ပုံစံပါပဲ ဆိုသည်ကို သေချာသိလိုက်ရတော့သည်။ ထိုကဲ့သို့ ပုဂ္ဂိုလ်များလို မဖြစ်ပါစေနဲ့လို့ ဆုတောင်းရည်မှန်းမိပါသည်။ .. သြ.. သက်ပြင်း ရှည်ရှည်ကြီးနဲ့အတူ ကိုယ့်အနာကြီးကို ပြန်ဖုံးလိုက်ပြီး ‘Each of us travels alone’ ဆိုသည့်စိတ်နဲ့သာ ဖြေသိမ့်မိတော့သည်။

    ကျေးဇူးကိုနိုင်ဦး
    Yours,
    Naing Wai

  2. pyae phyo thu says:

    အကို့ တက်ပြဆွေးနွေး(ဝေဖန်) သွားတာကောင်းပါတယ် ။ ကျွန်တော်က ဆွေးနွေးချက်(ဝေဖန်ချက်)တွေထဲက နောက်ဆုံးအချက်လေးကို ပိုပြီးတော့ သဘောကျတယ်ဗျာ ကျွန်တော်တို့ ကာယဗလ ကစားသမားတွေက စီးပွားရေးအဆင်ပြေလို့ လုပ်နေကြတာဟုတ်ဘူးလေ ဝါသနာအရင်းခံပြီးတော့ ကစားတဲ့သူတွေပါ ။ ကျွန်တော်တော့မပါပါဘူး ကျွန်တော်က ခုမှ စလုံးရေး စ ပဲ ရှိသေးတယ် ကျွန်တော် ပြောချင်တာလေးကတော့ အောက်ခြေ အဆင့်ပြိုင်ပွဲလေးတွေ လုပ်ပေးစေ့ ချင်တယ် ဒါမှ တက်သစ်စလူငယ်တွေ အားတက်လာမယ်လို့ထင်တယ် ဘယ်သူမှတော့ မွေးကထဲကကောင်းလာတာမဟုတ်ဘူးလေ အောက်ခြေကပဲတက်ရတာပဲ ဒါကတော့ ကျွန်တော်ဖြစ်စေ့ချင်တာလေးပါဗျာ ။ ပြီးတော့ နောက်တခုက ကိုနိုင်ဝေဝင်း comment မှာတင်ပြထားတာလေးကိုသိရတော့ အရမ်းပဲ ဝမ်းနည်းသွားတယ်ဗျာ နောက်တော့ဖြစ်လာမယ်လို့ပဲမျှော်လင့်ရတာပဲလေ ။ ညီကိုတွေအောင်မြင်ပါစေဗျာ။

  3. kokoluzo 2011 says:

    ပြောပြန်ရင်လဲ အောင်မင်းလွန်ရာကျတော့မယ်ဗျာ။ ။ဒီဆိုက်ဒ် ကိုစသိကတည်းက တော်တော်လာဖတ်ဖြစ်ပါတယ်။ကျေးဇူးလဲအများကြီးတင်ရှိပါတယ်ဗျာ။ကျွန်တော်က မ/ဥက္ကလာမှာနေထိုင်သူပါ။အရင်က အလေးမရုံတွေ ရပ်ကွက်တွေထဲက ပျောက်ကွယ်သွားတာ ယခုတိုင် နှမြောတမ်းတနေမိဆဲပါ။သေတဲ့ ထိ အားပေးရင်း တတ်နိုင်သရွေ့ လေ့ကျင့် သွားဦးမှာပါဗျာ။အားပေးလျှက်ပါ အကို တို့ ရေ။ ။ ။

  4. အောင်အောင် says:

    ကိုနိုင်ေ၀၀င်း၊ကိုနိုင်ဦး နှင့် မင်ဘာအပေါင်းတို့ခင်ဗျာ။အပေါ်က ကိုနိုင်ဦးဆောင်းပါးမှာ ရင်ဖွင့်ထားသလိုပါပဲ ကျွန်တော်တို့ သိပ်တန်ဖိုးထား၊ သိပ်မြတ်နိုးတဲ့ ဒီ ကာယဗလ အားကစား ဟာ ကွှန်တော်တို့ နိုင်ငံမှာ ဘယ်တော့မှများ တိုးတက်မှုတွေရမလဲဗျာ။ကျွန်တော်တို့ဆီက ကာယဗလ အားကစား တိုးတက်လာဖို့ဆိုတာ ကျွှန်တော်တို့လို့ ၀ါသနာရှင်လူငယ်တွေအပေါ်မှာလည်း အများကြီးမူတည်ပါတယ်။ ကိုနိုင်ဦး ပြောသလိုပါပဲ မြန်မာနိုင်ငံက ကာယဗလ ပြိုင်ပွဲတွေက ကျွန်တော်မရှက်တမ်းပြောရရင် တစ်ခါလာလည်းဒီလူ ၊နောက်တစ်ခါလာလည်း ဒီလူ ဒီမျက်နှာတွေနဲ့က တော်တော်လေးကို နှစ်ပေါင်းကြာနေပါပြီ အသက်(၄၀)ကျော်မောင်တွေကလည်း လူငယ်တွေ နဲ့ ရောပြိုင်လိုပြိုင် နဲ့ အရမ်းကို ကြည့်ရတာ ရပ်ကွက်ထဲမှာ ပြဇတ်ကနေသလိုပါပဲ၊ အကြီးတန်းဆို ပိုဆိုးပါတယ် ပြိုင်စရာ လူတောင်မရှိ ခပ်ရှားရှား လို့ ဆိုရမလို မျိုးဆက်သစ်ဆိုတာ ပြတ်နေပါပြီ။ မျိုးဆက်သစ် ပေါ်ထွန်းလာဖို့ဆိုတာကလည်း ပြည်တွင်းပြိုင်ပွဲတွေ။ ဥပမာ။ ။တက္ကသိုလ်မောင်မယ် ပြိုင်ပွဲတွေ၊ရပ်ကွက်မြို့နယ်ဆိုင်ရာပြိုင်ပွဲတွေ များများကျင်းပပြီး မျိုးဆက်သစ် ရှာဖွေသင့်တယ်လို့ထင်ပါတယ်။ဒါပေမယ့်လည်း လူဆိုတာ ဘယ်လောက်ပဲ ၀ါသနာပါတယ်ပြောပြောပေါ့ဗျာ ကိုယ်အနေနဲ့ တစ်နှစ်ပတ်လုံး အပတ်တကုတ်ကြိုးစားလေ့ကျင့်ပြီး စင်မြင့်ပေါ်တက်ပြိုင်ပြီးရင် ရရှိလာတဲ့ဆုကြေးဆိုတာ နောက်ဆုံးအဆင့်အရင်းကြေရင်တော့ကောင်းတာပေါ့ အရင်းမကြေတော့ လူဆိုတာ စဉ်းစားပြီလေဗျာ ပြိုင်ပွဲတက်ပြီး ဘာလုပ်မှာလဲ ပင်ပန်းတာပဲ အဖတ်တင်တယ် ဆိုပြီး စိတ်ပိုင်းဖြတ်ထားတဲ့ သူတွေ ၊တကယ်ပြိုင်ချင်ပေမယ့် နောက်ကွယ်ကနေ အစားအသောက်စရိတ် ၊မိသားစု အရေးကြောင့်ပြိုင်ပွဲ မတက်ရသူတွေ လည်းရှိပါတယ်။တကယ်ဆိုရင် ကျွန်တော်တို့ ခပ်ငယ်ငယ် (၈)တန်းလောက်ကပေါ့ဗျာ မှတ်မိပါသေးတယ် မြန်မာပြည်မှာ အိမ်ရှင်အဖြစ်နဲ့ ကာယဗလပြိုင်ပွဲ ကျင်းပခဲ့တာတွေ ၊ မြန်မာတွေ အောင်ပွဲဆင်နိုင်ခဲ့တာတွေပေါ့ ၊ ကျွန်တော်ဖြင့်တစ်ခါတစ်လေကျ အဲဒီလိုမျိုး အချိန်ကိုပြန်ရောက်ချင်လိုက်တာဗျာ။အဲဒီအချိန်က ကာယဗလ ဥက္ကကြီးကလည်း ကာယဗလ အားကစားကို တကယ်ဝါသနာပါသူ ဦးကျော်ဝင်း ၊ ဒုတိယ ဥက္ကလည်း ဖြစ် နည်းပြလည်း ဖြစ်သူက ကာယဗလအားကစားကို နှံနှံစပ်စပ်ပိုင်နိုင်ကျွမ်းကျင်သူ ကာယဗလ စာအုပ်တွေ ၊ အားကစားဆောင်းပါးတွေ၊ ကာယဗလ ဆိုင်ရာပညာပေးစာအုပ်တွေနဲ့ မြန်မာပြည်ရဲ့ ကာယဗလ အဆင့်အတန်းတိုးတက်ရေးကို အဖက်ဖက်ကနေ ကြိုးပမ်းခဲ့သူ ကျောက်ဘီလူး ဦးတင်မောင်ဆွေ အခုတော့သူတို့လည်း မရှိကြတော့ဘူး။ ဆရာ ဦးတင်မောင်ဆွေ(ဘဘဆွေ ကျွန်တော်ခေါ်တဲ့နာမည်ပါ) ရှိရင် ကျွန်တော်တို့ ၀ဘ်ဆိုက် လေးကို တစ်ဖက်တစ်လမ်းကနေ အကူအညီပေးမှာတော့ ကျိမ်းသေတယ်ဆိုတာ ကျွန်တော်ရဲရဲကြီး အာမခံပါတယ်။ ဆရာတို့ဟာ အပြောနဲ့အညီ လက်တွေ့ ကာယဗလ လောကကိုတိုးတက်အောင် ကြိုးပမ်းခဲ့ကြသူတွေပါ။ ထိုက်တန်တဲ့သူကို ထိုက်တန်တဲ့ဆုတွေ ပေးခဲ့တာလည်း ကျွန်တော်တို့ငယ်ငယ် ကိုအောင်နိုင်တို့ ကိုထွန်းထွန်းအောင်တို့ နိုင်ငံခြား ပွဲတွေမှာဆုရခဲ့တုန်းက အခု မသိတဲ့သူတွေကတော့ ကျွန်တော်ပြောတာ ဖြီးနေမယ်ထင်ပါတယ်။ ရွှေ(၁)ကျပ်သား ၃သောင်းခွဲ ခေတ်တုန်းက ကိုအောင်နိုင်ကို ဆုကြေးငွေ ၃သိန်းနဲ့ တိုက်ခန်းတစ်ခန်း ချီးမြှင့်ခဲ့တာတွေ ဒါတွေဟာ ပုံပြင်မဟုတ်ပါဘူး။ကြာခဲ့ပါပြီ (၁၀)စုနှစ်တစ်ခု ကျော်ပါပြီ။အဲဒီလိုမျိုး ချီးမြှင့်မှုတွေ အခု ရရင်ဘယ်လောက် ကောင်းမလဲဆိုတာ တစ်ခါတစ်လေ တွေးမိပါတယ်။ဒါပေမယ့် ကျွန်တော်တို့ ဘယ်လောက်ပဲ ဘာတွေမျှော်လင့်နေပါစေ ၊ ကျွန်တော်တို့ ကာယဗလ လောက ကြီးကတော့ ကိုနိုင်ဦးပြောသလို အဖွဲချုပ်က ကိုယ်ပိုင်ဝက်ဆိုက်ထောင်ဖို့ နေနေသာသာ ဟိုတစ်လောကပဲ ကျွန်တော်အဖွဲချုပ်က လူကြီးပိုင်းတစ်ယောက်ဆီကနေ တိုင်းနှင့်ပြည်နယ်လူရွှေးပွဲ (၂၃.၁၀.၂၀၁၁)မှာကျင်းပမယ် ဆိုတဲ့ လက်ကမ်းကြော်ငြာစာရွက်လေး တောင်းပါတယ်။အဲဒီမှာ သူကပြောပါတယ် ဘာလုပ်ဖို့လဲ မင်းအခု သိပြီးပြီမဟုတ်လားတဲ့ဆိုပြီးပြောတော့ ကျွန်တော်သိပြီးသာမှန်ပါတယ် ဒီစာရွက်မှာပါတဲ့ အချက်အလက်အပြည့်အစုံလေးကို ကျွန်တော်တို့လူငယ်(၃)ယောက် သိသလောက်မှတ်သလောက် ရေးသားနေတဲ့ ကိုယ်ပိုင် ၀ဘ်ဆိုက်လေးမှာ တင်မလို့ပါဆိုပြီးပြောတော့ သူပြောလိုက်တဲ့ စကားလေးတစ်ခွန်းဟာ ကျွန်တော်တော်တော်လေးကို ကြေကွဲပြီးခံစားရပါတယ် ကျွန်တော်သူ့ရှေ့ကနေ ချက်ချင်းကို ထပြန်ခဲ့ပါတယ်။သူပြောတဲ့ စကားက မင်းတို့ဝဘ်ဆိုက် ဘာလုပ်မှာလဲကွာ ဘယ်သူက ဖတ်လို့လဲ ၊ အပိုတွေပါကွာတဲ့ ကွှန်တော် အဲဒီမှာ စဉ်းစားမိတာကတော့ ငါတို့ကာယဗလအားကစားဟာ ဒီလိုလူတွေရှိနေလိုကတော့ ဘယ်လိုမှတိုးတက်ဖို့ဆိုတာ မလွယ်ဘူးဆိုတာပါပဲ။ ကျွန်တော်ငယ်ငယ်က ဖတ်ဖူးတဲ့ စာအုပ်တစ်အုပ်ထဲမှာ အဲဒီခေတ်က နီုင်ငံခေါင်းဆောင် ဗိုလ်ချုပ်ကြီး နေ၀င်း ရဲ့ အဆိုအမိန့်လေးပါတိုင်းပြည်တစ်ပြည်မှာပဲ ဖြစ်ဖြစ် ၊အဖွဲ့အစည်းတစ်ခုပဲဖြစ်ဖြစ် တိုးတက်ဖို့ရာမှာ လူသားအားလုံးက တစ်ထောင့်တစ်နေရာက နေပါဝင်နိုင်အောင်
    (၁)ကိုယ်မသိသေးရင်သိအောင်တတ်အောင်သင်ရမယ်
    (၂)သိပြီးတတ်ပြီးရင် ပိုပြီးသိနိုင်အောင် ကြိုးစားရမယ်
    (၃)နားမည်တဲ့သူတွေ နားလည်အောင် ပြန်ပြီး ပို့ချပေးရမယ် ၊လက်ဆင့်ကမ်းပေးရမယ် ဆိုတဲ့ အဆိုအမိန့်လေးပါ။ ကျွန်တော်လည်း ကိုနိုင်ေ၀၀င်းတို့ရဲ့ ဆိုက်လေးမှာ ကာယဗလ ဆောင်းပါး ရေးတယ်ဆိုတာ ကျွန်တော် ပညာရှင်တစ်ယောက်အနေနဲ့ ရေးနေတာမဟုတ်ပါဘူး။ ၀ါသနာရှင် တစ်ယောက်အနေနဲ့ ကိုယ်သိထား တတ်ထားသလောက်ကို ပြန်လည်ပြီးတော့ မျှဝေပေးနေတဲ့ သဘောပါ။ကျွှန်တော်တို့လို ရန်ကုန်မြိုပေါ်မှာနေ့စဉ်နဲ့အမျှ အားကစား ဂျာနယ်တွေ နာမည် မျိုးစုံနဲ့ ထွက်နေပေမယ် ကာယဗလပညာပေးဆောင်းပါး၊ ဗဟုသုတ ၊ ကာယဗလ သတင်းအတိုအထွာဆိုတာ မူးလိုတောင် ရှုစရာမရှိဖြစ်နေတာ နှစ်ပေါင်းကြာပါပြီ။ (၁)နှစ်နေမှတစ်ခါသာ မောင်အိုလံပီယာ ပြိုင်ပွဲသတင်းလေး တစ်ပုဒ်ကို တွေ့ရတဲ့ ဂျာနယ် အနည်းငယ်တွေ့ရပြီး။ ကျန်တဲ့ အပိုင်းကတော့ မန်ယူ ၊ အာဆင်နယ် စတဲ့ မျက်စိ နောက်လောက်အောင် ရိုက်နှိပ်ထားတဲ့ အမှတ်ပေးဇယားကွက်တွေနဲ့ လက်မလည်အောင် ရောင်းနေရတဲ့ ဂျာနယ်တွေပါ။ ကျွန်တော်တို့ ကာယဗလ ဂျာနယ် အပတ်စဥင်္ မထွက်နိုင်ရင်တောင် ဆရာ ဦးတင်မောင်ဆွေ တို့ ခေတ်ကလို (၂)လတစ်ကြိမ် ထွက်နိုင်ရင်ကောင်းမယ် ထင်ပါတယ်။နောက်တစ်ခုက မြန်မာပြည်က ချန်ပီယံတွေအနေနဲ့ တစ်ချို့က ပြိုင်ပွဲသာ ၀င်ပြိုင်နေကြသာ ကာယဗလဗဟုသုတ အားနည်းသာ တော်တော်လေးကို စိတ်ပျက်ဖွယ်တွေ့ရပါတယ်။အဲဒီလို လူမျိုးတွေ အနေနဲ့ ကာယဗလ ၀ဘ်ဆိုဒ် ထောင်ပြီဆိုရင် ဘယ်လို အင်ဖော်မေးရှင်းတွေ ပေးနိုင်မလဲ ၊ ဘယ်လို လမ်းညွှန်မှုတွေပေးနိုင်မလဲ အားလုံးက အထင်ကြီးတဲ့ ချန်ပီယံ တစ်ယောက်ဆိုတာ ကိုယ်တစ်ယောက်ထဲ ထိပ်ဆုံးရောက်နေရင်ပြီးရော ဆိုပြီးမနေသင့်ပါဘူး ကိုယ်လိုမျိုး ကိုယ်နောက်က လိုက်နေတဲ့ ပြိုင်ပွဲဝင်တွေကိုလည်း ကိုယ်သိသလောက် တတ်သလောက် ၊တွဲခေါ်ပြီး နည်းပေးလမ်းပြ လုပ်သင့်တယ်ခို့ထင်ပါတယ်။ဒါမှလည်း မျိုးဆက်သစ် ဆိုတာလည်း ပေါ်လာမယ် ၊နိုင်ငံအတွက်လည်း ချန်ပီယံ လောင်းလေးတွေ မြိုင်မြိုင်ဆိုင်ဆိုင် ပေါ်လာမယ်ထင်ပါတယ်။ ကျွန်တော် ဒီလိုမျိုး ကော်မင့်ဝင်ရေးရလို့လည်းဝမ်းသာပါတယ်။ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ဆီက မောင်တွေ
    (အားလုံးကိုမရည်ရွယ်ပါ)ကို ကျွှန်တော်ချီးကျူးပါတယ် ကိုယ်ဝါသနာပါရာ အားကစားကို အမှိပြုပြီး၊ ကိုယ့်ဘ၀ တစ်ခု လုံးကို မလောက်ဌတဲ့ နည်းပြလစာလေး နဲ့ ရပ်တည်နေသူတွေ ၊ တစ်နှစ်ကိုဂျင်မ် (၃)ခုလောက်ပြောင်းပြီးနည်းပြလုပ်ရင်းနဲ့ အသက်ကြီးသာတာ အဖတ်တင်ပြီး နောက်ဆုံးရွာပြန် လယ်ပြန်လုပ်နေသူတွေ၊ တစ်ချို့ကျတော့လည်း ကိုယ်ဘ၀တိုးတက်ရာ တိုးတက်လမ်းအတွက် ၀ါသနာကို စွန့်ပြီး စီးပွားရှာရင်း လေ့ကျင်နေကြသူတွေ မနည်းပါဘူး။တစ်နှစ်မှာ (၃)ခါ မဖြစ်မနေ ကျင်းပတဲ့ ကာယဗလ ပြိုင်ပွဲအတွက် ၊ ဆုရသည်ဖြစ်စေ ၊မရသည်ဖြစ်စေ နယ်ဝေးကနေဆင်းပြီး လာပြိုင်သူတွေ ၊ မနိုင်မှန်းသိရက်နဲ့လည်း အချိန်ကုန်ခံ ၊ ငွေကုန်ခံ ၊ လူပင်ပန်းခံပြီး လာရောက်ယှဉ်ပြိုင်သူတွေ ရှိပါတယ်။ ကွှန်တော် ပထမတုန်းက အဲဒီလို လူမျိုးတွေကို အင်တာဗျူးပြီး သူတို့ရဲ့ စိတ်ခံစားမှုတွေ ၊ သူတို့ဖြတ်သန်းခဲ့ရတဲ့ ကာယဗလ အားကစား အတွေ့အကြုံတွေကိုေ၇းသားမလို့ပါပဲ။ နောက်တော့ စဉ်းစားမိတာ ငါရေးလည်း ငါတို့အထုပ်ငါတို့ ဖြည်ပြမလို သာ ဖြစ်မယ်ထင်ပြီး ကျွန်တော် ကို ခင်မောင်ကျော်နဲ့ အင်တာဗျူးလေးတစ်ခု သာ မဖြစ်မနေလုပ်ပြီး အဲဒီအစီအစဉ်ကို ဖျက်လိုက်ပါတယ်။ဒီလောက်ပဲဗျာ အရမ်းအများကြီး ပြောချင်ပါတယ် ဒါပေမယ် ကွှန်တော်နောက်မှ ဆောင်းပါးစတ်ခု အနေနဲ့သာ ရေးတော့မယ်ဗျာ။ ကွှန်တော်တို့ ကာယဗလ အားကစား ကတော့ ကျွန်တော်တို့ တိုင်းပြည်မှာ အရေးပါပြီး အရာမရောက်ဖြစ်နေပါတယ်လို့ထင်ပါတယ်။

    အားလုံးကိုလေးစားလျက်။

    အောင်အောင်

  5. zay min says:

    is soooooooooooooooooooooooooooooooooooooooooooooooooooooooooooooooooooooooooooooooooooooooooooooooooooooooooooooooooooooooooooooooooooooooooooooooooooooooooooooooooooooooooooooooooooooooooooooooooooooooooooooooooooooooooooooooooooooooooooooooooooooooooooooooooooooooooooooooooooooooooooooooooooooooooooooooooooooooooooooooooooooooooooooooooooooo sad story of myanmar bodybuilding world.
    now i feel i lost my BIGGEST DREAM. :’( please save the world. please save us. PLEASE SAVE OUR BODYBUILDING WORLD. thanks admins brother…..

  6. ကိုနိုင်ဝေနဲ့ ကိုအောင်အောင်ကိုရော ကျန်ကော့မင့် ရေးသူတွေ အားလုံးကို သိုင်းကျူးပါ။ ခင်ဗျားတို့ က ကျွန်တော် မရေးဖြစ်တဲ့ အားနည်းချက်လေးတွေကို ဖြည့်စွက် တင်ပြပေးထားတာ အားရစရာပါ။ လေးစားပါတယ်။ ပထမကတော့ ကိုနိုင်ဝေ ပြောသလိုပါပဲ၊ စင်နောက်မှာ ဗိုက်ပူနံကား ယူနီဖောင်းဝတ် ပုဂ္ဂိုလ်က ပြိုင်ပွဲဝင် မောင်တွေကိုနွား မောင်းသလို အော်ဟစ်ပြီး ကြိမ်းမောင်း နေလိုက်ပုံများဗျာ ဆွဲပါထိုးချင်စိတ် ပေါက်တယ်။ နောက်တစ်ချက်က အစ်ကို့ စာအုပ် ထုတ်ခဲ့ရင်လည်း မည်သူ့ ကိုမှ ဆရာတင်ပြီး ကိုယ်အပင်ပန်း ခံရေးတာကို ကျွန်တော့် တပည့်ဖြစ် သူ မောင်နိုင်ေ၀၀င်းက အမှာစာေ၇း၇န် ပန်ကြားပါ သောကြောင့်လို့ အစချီတာကို မမြင်ချင်ဘူးဗျာ။ သူတို့ကိုရေး ခိုင်းမဲ့အစား ကိုနိုင်ဝေအဖေကို ရေးခိုင်းတာက ကျွန်တော်တို့  ပိုလေးစားပါတယ်။ ပိုကြိုက်ပါတယ်။ ဘာဖြစ်လို့ လဲ ဆိုတော့ အစ်ကို့ ကို အကောင်းဆုံး ပျိုးထောင်နိုင်ခဲ့သူ အစစ်အမှန်မို့လိုပါ။ ကိုအောင်အောင်ရေ– –စိတ်ဓါတ် မကျပါ နဲ့ မင်းတို့ ဆိုက်ကို ဘယ်သူဖတ်လို့  လဲဆိုပြီး ပြောတဲ့သူ ကိုယ်တိုင် ခင်ဗျားကိုလာပြီး ခင်ဗျားကို တစ်နေ့ မှာသူ့  အကြောင်း ကျွန်တော်တို့ ဆိုက်မှာ ရေးပေးပါလို့  ပန်ကြားလာ ရလိမ့်မယ်ဗျ ယုံထားစမ်းပါ။ နောက်ပြီး ခင်ဗျားရဲ့ ကာယဗလ စာအုပ် ထုတ်ဝေရေး အယူအဆက ကျွန်တော်နဲ့  ထပ်တူပါပဲ။ တစ်နေ့ တော့ ဖြစ်လာမှာပါဗျာ။ စိတ်မပျက်ဘဲ ကြိုးစားကြပါစို့ ။ ကျန်ကောမင့်ရေးတဲ့ ညီအစ်ကိုတို့ ကိုလည်း ကျေးဇူးပါ။ နောက်ထပ် သူငယ်ချင်း တွေကလည်း မြင်တာကို အားမနာတမ်း ဝေဖန်ပေးကြပါဦးလို့ –
    နိုင်ဦး- –119

  7. Naing Wai says:

    Thank you brother

  8. TunTunMyint says:

    အကိုညီပြောချင်တာ ကတော့ crusher ပွဲတုန်းက အသက်လိမ်တဲ့ ကိစ္စပါ တော်တော် ရှက်မိပါတယ် ညီက ဆရာဦးသာအောင်ရဲ. လူငယ်ရိပ်သာ သင်သန်းကပါ ဆရာရှိတုန်းက သည်လိုနာမည် မပျက်ပါဘူး ဆရာဆုံးပြီးနောက်ပိုင်း အသင်းမှာ စည်းကမ်းပိုင်းတွေရော၊ နည်းစနစ်ပိုင်းတွေပါလျော့ နည်းလာပါတယ်၊ ဆရာမဆုံးခင် အရင်တုန်းကမောင်များကိုသေချာ trainingပေးပါတယ်. အရည်အချင်းရှိမှ စင်ပေါ်တက်ခွင့်ပြုပါတယ်. အသက်လိမ်တာတွေ မလုပ်ပါဘူး. ခုလိုရှက်စရာတွေ လုပ်တာက လက်ရှိအုပ်ချုပ်နေသူပါ. .အကိုတို. သိမှာပါ. ညီရင်ထဲက စကားတွေ ဆက်ပြောချင်ပါတယ် သီးခံပြီး ဖတ်ပေးမယ်လို .မျှော်လင့်ပါတယ်. ကျနော်တို. ကလပ်မှာ အရည်ချင်းရှိတဲ့ သူတွေ များပါတယ် ပွဲမထုတ်ပေးပါဘူး. ဒဲ့ပဲပြောပါမယ် သူတို.ကို မျက်နှာလို မျက်နှာရ လုပ်ရပါတယ်. နည်းပြတွေကလည်း knowledge သိပ်မရှိပါဘူး လူတယောက်ကို ဘယ်လိုသင်ကြား ရမလဲနားမလည်ပါဘူး .overtraining တွေဖြစ် တာတွေတွေ.နေ ရပါတယ်. ကျနော်တို. ကစားသမားတွေက ပြန်လည်း မပြောရဲပါဘူး အသင်းကနေ ထုတ်ခံရမှာ ဆိုးလို.ပါ ရန်ကုန်မြို.ကြီးမှာ လစဉ်ကြေးပေး သွင်းရတာ အနည်းဆုံးလို. ထင်ပါတယ်. အသင်းက ထုတ်ခံရရင် ဘယ်အသင်းကိုမှ သွားကစားနိုင်မှာ မဟုတ်ပါဘူး. ကစားသမားတွေက ဆင်းရဲ.ကြပါတယ်. ဒါပေမဲ. ဒီကစားနည်းကို မြတ်နိုးပါတယ်. အဲ့ဒါတွေ အရမ်းမုန်းတယ်. မဖြစ်သင့်ပါဘူး. ကျနော်တို. ကစားသမားတွေက စိတ်ဓာတ် မြင့်မားဖို. လိုပါတယ်.. နောက်ပြီးကနော်တို. အသင်းက ကစားသမားတွေက သာမာန် လက်လုပ်လက်စား သမားတွေပါ. ဆင်းရဲချို.တဲ့ကြပါတယ်. အဟာရပြည်.အောင် စားသောက်ဖို. မနည်းရုန်းကန်ပြီး ကစားရတာပါ. အဲ့လိုကစား သမားတွေရဲ. စိတ်ဓာတ်ကို အသက်လိမ်တာ ဆုရဖို.အဓိက ..အရည်ချင်းရှိတဲ့သူတွေ ပွဲမထုတ်ပေးတာ .တွေနဲ.ရိုက် မချိုးသင်ပါဘူး.နောက်အများကြီး အသင်းမှာ ဖြစ်ပြက်နေတာတွေ ရှိပါတယ်ရှက်လို. မပြောတော့ပါဘူး.။ ဆရာဦးသာအောင် မဆုံးခင် အချိန်များကို တန်းတမိလို.ရေ မိတာပါ. အမှားများပါရင် အနူးအညွှတ်တောင်း ပန်ပါတယ်. ညီကဆရာဦးသာအောင် ကိုယ်တိုင် အနည်းကပ် သင်ကြားပေးသော သင်တန်းသားပါ. ဆရာရဲ.လေ့ကျင့်မှုတွေ ကပြင်းထန်ပါတယ်. ဆရာက ကြွက်သားပေါ်လွင်မှူ ကို အဓိကထားပြီးတော့ trainingပေး ပါတယ်. ဆရာနည်းတွေက supersetတွေ များပါတယ်တော်ရုံ ထုတက်ဖို. မလွယ်ပါဘူး. ကစား၇တဲ့ အချိန်ကိုလည်း အနည်းဆုံး မိနစ်၅၀အတွင်းပြီးအောင် ကစားရပါတယ်. training ဝင်နေတဲ့ချိန် စကားပေး မပြောပါဘူး. အလေးတောင်အောက် ပြုတ်ကလို. အသံထွက်ရင် တနေကုန် ဆဲနေပါရော.
    ဆရာက တပတ်ကို၆ရက် ကစားစေပါတယ်
    mon to sat ပါ.
    ကစားရတဲ.ရက် များပါတယ် ကြွက်သား အနားရဖို.မလွယ်ပါဘူး.
    mon-ရင်အုပ်ပိုင်း
    tue-ဆုံပိုင်း
    web-အောက်ပိုင်း
    thu-ရင်အုပ်ပိုင်း
    fri-ဆုံပိုင်း
    sat-အောက်ပိုင်း
    ကစားရပါတယ်. အားနည်းတဲ့ကြွက်သားကို ကြားညှက် ကစားစေပါတယ်. ဒါကတော့ အသင်းရဲ. dailyprogramလေးပါ.
    အသင်းစဝင်ပြီး ကစားတဲ့ ရက်စွဲကတော့ ၁.၈.၂၀၀၆ပါ
    အသင်းဝင်အမှတ် ကတော့ ၄၈၊ ၄၉၉၅ ပါ
    လူငယ်ရိပ်သာ အားကစားအသင်းကို တိုးတက်ကောင်း မွန်ပြီး စည်းကမ်း ရှိစေချင်ပါတယ်.
    ညီကြိုးစားနေ ပါတယ် ပြိုင်ပွဲဝင် နိုင်အောင်လို.ပါ ပညာရေးက ရှိနေတော့ တစိုက်မတ်မတ် မလေ့ကျင့်ဖြစ်တာ များနေပါတယ်. ဒီအားကစားကို အရမ်းမြတ်နိုး ပါတယ်. အနုပညာ အရမ်းဆန်ပါတယ် မိမိခန္တာကိုယ် ကိုပြန်ပြီး ပန်ပုထုရတာက မလွယ်လှသော ဒီကစားနည်းရဲ. အနှစ်သာရပါပဲ.
    ညီးဖုန်း no.0973051616ပါ pm ၃း၀၀ မှ၅း၀၀ဆက်ပေးပါ. ညီကိုဆုံးမချင်တာ. ဒီစာနဲ.ပတ်သက်ပြီး ရှင်းလင်းချင်တယ် ဆို၇င်ပေါ့နော်..

  9. ကြိုက်ပြီ ညီလေး ထွန်းထွန်းမြင့် ရေ—
    ငါ့ညီစိတ်ဓါတ်က တစ်ကဲ့ကို ရဲရဲတောက်ပါပဲ။ ကိုယ်နဲ့ ထပ်တူ ထပ်မျှပါပဲ။ ငါ့ညီပြောသလိုမျိုး အားလုံးက ရဲရဲ ၀ံ့ဝံ့ပြော ရဲလာမယ် ဆိုရင်ကိစ္စက ပြတ်ပြီပေါ့ကွာ။ ညီပြောသလိုပဲ တန်ဖိုးနည်း ဂျင်မ်တွေ များများ ပေါ်လာပြီး နည်းပြကောင်း ကောင်းတွေ များများ ပေါ်လာပါစေလို့ ကိုယ်လည်း ဆန္ဒပြုပါတယ်။ ညီ့ ဖုန်းနံပါတ်ကို ကိုယ်မှတ်ထားပါတယ်။ နောင် ညီလေးဆီက အကြံယူမယ် ဆိုရင် ဖုန်းဆက်ပါ့မယ်။ ငါ့ညီလည်း ကိုယ့်ဖုန်းနံပါတ်ကို မှတ်ထားပေးပါ။
    လေးစားလျက်—
    နိုင်ဦး—119

  10. Win Naing says:

    Ko Naing Oo,
    thanks a lot for this post.
    and i’m not qualified to participate in this discussion.
    i just hope this is not the dead end.

----

ရန်ကုန်မှာလုပ်တဲ့ ကာယဗလပြိုင်ပွဲ

0 comments

ရန်ကုန်မြို့ မြန်မာကွန်ဗင်းရှင်းစင်တာမှာ မနေ့က ပြုလုပ်တဲ့ ၁၁ ကြိမ်မြောက် အရှေ့တောင်အာရှ ကာယဗလ တံခွန်စိုက်ပြိုင်ပွဲ မြင်ကွင်းတွေ ဖြစ်ပါတယ်။ (ဓာတ်ပုံများ - AP)

မလေးရှားနိုင်ငံက Abdul Mutalib Md Isa

အောင်ဆွေနိုင်
(၂၀၁၀ စင်္ကာပူနိုင်ငံ ဖိတ်ခေါ် ကာယဗလပြိုင်ပွဲ စီနီယာ ၈၀ ကီလိုတန်းမှာ မြန်မာ့ကာယဗလ ချန်ပီယံ အောင်ဆွေနိုင်က ပထမရွှေတံဆိပ် ရခဲ့တယ် လို့ myanmarfitness.com/we-myanmar-are-champions မှာ ရေးသားထားပါတယ်)



ဆရာတော်များကိုပေးတဲ့ ၀န်ကြီးရဲ့ လက်ချာ

12 comments

.





သာသနာရေးဝန်ကြီး သူရဦးမြင့်အောင်က စနေနေ့မှာ နိုင်ငံတော် သံဃမဟာနာယက ဆရာတော်များရဲ့ အစည်းအဝေးကို တက်ရောက်ပြီး ဘာတွေ ဘာတွေ လုပ်သင့်တယ်၊ ဘာတွေက အရေးကြီးတယ် ဆိုပြီး လျှောက်ထား ပြောကြားတယ် တဲ့။


ဝန်ကြီးရဲ့ စကားလုံးတွေပဲ ပါပါတယ်။
ဆရာတော်များ ဘယ်လို ပြန်ပြီး အမိန့်ရှိသလဲ ဆိုတာ မသိရပါ။

ဆက်စပ်တယ်လို့ ယူဆရတဲ့သတင်း -

ဦးဂမ္ဘီရကို အရေးယူမယ် တဲ့
http://www.irrawaddyblog.com/2012/02/blog-post_19.html





.

မြန်မာပြည်မှာ အမေရိကန်စစ်သား ရှာဖွေရေး

11 comments

၁၉၄၂ ခုနှစ်က မြန်မာပြည် တောတွင်းတနေရာမှာ တွေ့ရတဲ့ ဗိုလ်ချုပ်စတီးဝဲလ် နဲ့ တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ - Getty Images)

ဒုတိယကမ္ဘာစစ်အတွင်း မြန်မာပြည်အတွင်း ပျောက်ဆုံးခဲ့တဲ့ အမေရိကန်စစ်သားတို့ရဲ့ ရုပ်အလောင်းတွေ ရှာဖွေရေး လုပ်ငန်းတွေ ပြန်အစပြုဖို့ အမေရိကန်က ကြိုးပမ်းနေပါတယ်။

ရှာဖွေရေးလုပ်ငန်းတွေ လွန်ခဲ့တဲ့ ၈ နှစ်က ရပ်ထားခဲ့တာပါ။

ဒီတပတ်မှာတော့ အမေရိကန် ထိပ်တန်း စစ်အရာရှိတယောက် မြန်မာပြည် ရောက်လာပြီး လုပ်ငန်းပြန်စရေး စကားပြောခဲ့ပါတယ်။ အမေရိကန် မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်လာလို့ ဒီလို ပြောနိုင်တာလည်း ဖြစ်ပါတယ်။

နေပြည်တော်မှာ သောကြာနေ့က သွားရောက် ဆွေးနွေးတဲ့ ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်သူကတော့ ကာကွယ်ရေးဌာန ဒုတိယ လက်ထောက် ၀န်ကြီး (Deputy Assistant Secretary of Defense) Bob Newberry ဖြစ်ပါတယ်။

မြန်မာပြည်မှာ ရှာမတွေ့သေးတဲ့ အမေရိကန် အရေအတွက်က ၇၃၀ ၀န်းကျင် ရှိမယ်၊ အများစုက လေတပ်က ဖြစ်တယ်၊ ကမ္ဘာစစ်အတွင်း တောထူထပ် တောင်ထူထပ်တဲ့ ဒေသတွေမှာ ပျောက်သွားတာလို့ ဆိုပါတယ်။

ရှာဖွေရေးလုပ်ငန်းတွေအရေး သဘောတူညီချက်ရဖို့က ကြားဖြတ်ရွေးကောက်ပွဲအပြီး ဖြစ်ပေါ်လာဖွယ် ရှိပါတယ် တဲ့။

၂၀၀၃/၂၀၀၄ ရှာဖွေရေးလုပ်ငန်း ကာလတွေတုန်းကတော့ အမေရိကန်စစ်သား ရုပ်အလောင်း ၇ ခုကို မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။

တနေ့တုန်းက ကာကွယ်ရေးဝန်ကြီးနဲ့ ဆွေးနွေးတဲ့အကြောင်း အစိုးရသတင်းထုတ်ပြန်ချက်
ဒီသတင်းမျိုးကတော့ ထုံးစံအတိုင်း လူနာမည်တွေပဲ ပါပါတယ်။ ဆွေးနွေးတဲ့အကြောင်းအရာ အသေးစိတ် မပါပါ။

နယ်စပ်ရေးရာ ဒုဝန်ကြီးနဲ့ ညှိနေတဲ့ Bob Newberry နဲ့ အဖွဲ့။
Bob Newberry ဟာ ကမ္ဘာတလွှား ပဋိပက္ခများမှာ ပျောက်ဆုံးနေတဲ့ အမေရိကန်များအရေး ဆောင်ရွက်တဲ့ ကာကွယ်ရေးဌာနရဲ့လုပ်ငန်းတွေကို ဦးဆောင်ရသူပါ တဲ့၊ အမေရိကန်အစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ၀က်ဆိုက်မှာ ဖော်ပြထားပါတယ်။

ညွှန်း - အေပီသတင်း - US holds talks in Myanmar on recovery of soldiers
February 24, 2012|Matthew Pennington, Associated Press

The United States has taken the first step toward resuming the search for the remains of U.S. soldiers lost in Myanmar during World War II.

The search was suspended eight years ago, but improved U.S.-Myanmar relations have resulted in a senior military official holding talks on the issue in Myanmar this week.

Deputy Assistant Secretary of Defense Bob Newberry led an interagency delegation to begin negotiations, a spokeswoman, Navy Cmdr. Leslie Hull-Ryde, said Friday.

Approximately 730 Americans remain unaccounted for in Myanmar, mostly U.S. air crews that went down in the rugged mountains and deep jungles of country’s north while flying supplies from India to China. The conflict ended in 1945.

Secretary of State Hillary Rodham Clinton urged resumption of remains recovery when she made a landmark visit to Myanmar, also known as Burma, in December.

Washington is stepping up its engagement with the government in response to political changes after decades of military rule.

That process is likely to gain momentum if Myanmar conducts free and fair special elections in April in which democracy leader Aung San Suu Kyi is a candidate. The U.S. and other Western nations may then take steps to ease tough sanctions.

Newberry leads the Pentagon’s department on Prisoner of War/Missing Personnel Affairs. Hull-Ryde had no details on this week’s discussions and who participated on the Myanmar side.

Seven soldiers’ remains were identified after U.S. recovery operations in 2003 and 2004, during what was a rare instance of cooperation with Myanmar’s military, which has a poor human rights record. Additional remains were recovered but have not yet been identified.

If recovery operations resume, it is unlikely to happen before next January, during the dry season in northern Kachin State, where most of the service members went missing.

NLD ရဲ့ သရက်မြို့ရုံးခွဲ

2 comments

NLD ရဲ့ သရက်မြို့ရုံးခွဲ ဖွင့်ပွဲကို ပြီးခဲ့တဲ့ အင်္ဂါနေ့က ပြုလုပ်ပါတယ်။
ရန်ကုန်မြို့က ကိုကိုကြီး၊ ဖျာပုံနီလုံဦး စတဲ့ ထင်ရှားတဲ့သူတွေ တက်ရောက်ကြတာကိုတွေ့ရပါတယ်။
ဓာတ်ပုံများ - NLD ပြန်ကြားရေးဌာန






 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved