ဒေါ်အောင်ဆန်းစုကြည်နဲ့ အောင်ပင်လယ်မှာ တွေ့မယ်တဲ့

Tuesday, February 28, 2012 0 comments

မြန်မာပြည်သူလူထု လေးစားချစ်ခင်တဲ့ ဒေါ်အောင်ဆန်းစုကြည် မန္တလေးမြို့တော်ကြီးကို သွားမယ်၊ စနေမနက် အောင်ပင်လယ်မှာ ဟောပြောပွဲ ပြုလုပ်မယ် တဲ့။ facebook မှာ တွေ့ရတဲ့ လမ်းညွှန်မြေပုံကို ကူးယူ ဖော်ပြလိုက်ပါတယ်။

အင်တာနက်ထဲမှာ ဒီလိုပဲ ရှိတယ်

0 comments

အင်တာနက်ကနေ ကျူကြတယ်။
တယောက်နဲ့တယောက် မမြင်ဘူးကြပေမယ့် ချက်ရွမ်းတွေကနေ မိတ်ဆက်ကြ၊ စကားပြောကြတယ်။

ဖြစ်တတ်တဲ့ အခြေအနေတချို့ကို သရုပ်ဖော်ထားတဲ့ပုံပါ။

အော်စကာ ရုပ်တုများ ရောင်းရန်ရှိသည်

0 comments

လော့စ်အိန်းဂျလိစ်က အော်စကာပေးပွဲနဲ့အတူ အော်စကာရုပ်တု အဟောင်းတွေကို လေလံတင်မယ့်ပွဲကလည်း အထူးတလည် စိတ်ဝင်စားမှု ခံရနေရတဲ့ ပွဲတခုပါပဲ။

Brentwood auction house ကနေ လေလံတင်မယ့် အော်စကာရုပ်တု ၁၅ ခုကို ၀ယ်ချင်တယ်ဆိုရင်တော့ အွန်လိုင်းကနေတဆင့် ဒါမှမဟုတ် တယ်လီဖုန်းကနေ တဆင့် ဈေးပြိုင်ပေးကြရမယ်လို့ ဆိုပါတယ်။


လေလံတင်မယ့် အော်စကာတွေ


လေလံတင်မယ့် အော်စကာ ၁၅ ရုပ်ထဲမှာ ၁၉၅၀ ခုနှစ်မတိုင်ခင်က Wuthering Heights, Citizen Kane, How Green Was My Valley စတဲ့ ဇာတ်ကားတွေနဲ့ ဆွတ်ခူးထားတဲ့ အော်စကာဆုတွေပါတယ်လို့ သိရပါတယ်။

Citizen Kane ဇာတ်ကားက ဇာတ်ညွှန်းဆုရ အော်စကာရုပ်တုကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာတုန်းက လေလံတင်ခဲ့ဖူးတာမှာ ဒေါ်လာ ၈ သိန်း ၆ သောင်း ၁ထောင် ရခဲ့ဖူးတာကြောင့် အခု လေလံပွဲမှာတော့ အမေရိကန်ဒေါ်လာ ၁ သန်း ထက်မနည်း ရနိုင်လိမ့်မယ်လို့ လေလံတင်သူတွေက ခန့်မှန်းထားပါတယ်။

ရုပ်ရှင်ချစ်သူတွေကတော့ အော်စကာဆိုတာ ဒီလိုရောင်းချစရာမဟုတ်ဘူး၊ ၀ယ်ယူပိုင်ဆိုင်လို့ရတဲ့အရာမဟုတ်ဘူး၊ ကိုယ့်အနုပညာနဲ့ ရင်းနှီးယူရတဲ့အရာဖြစ်တယ်ဆိုပြီး ဝေဖန်ရှုတ်ချတာတွေလည်း ရှိပါတယ်။

၁၉၅၀ ခုနှစ်မတိုင်ခင်တုန်းကတော့ အော်စကာရုပ်တုတွေကို အခုလို ရောင်းချတာ လက်ပြောင်းလက်လွှဲမလုပ်ဖို့တွေကို တားမြစ်ထားခဲ့ပြီး ရောင်းချတာမျိုး လုပ်ခဲ့ရင် အော်စကာဆုပေးအဖွဲ့ကို ဒေါ်လာတသန်း ပေးရမယ်လို့ သတ်မှတ်ထားခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ဒီသတ်မှတ်ချက်တွေ တဖြည်းဖြည်း ပျောက်သွားပြီး၊ ကွယ်လွန်သွားတဲ့ အနုပညာရှင်တွေရဲ့ ပစ္စည်းတွေကို အမှတ်တရ ၀ယ်ယူစုဆောင်းသူတွေက အော်စကာရုပ်တုတွေကိုပါ ၀ယ်ယူစုဆောင်းမှုတွေ လုပ်တာတွေ တိုးလာပါတယ်။

(source - Los Angeles Times)

ရဲတယောက်ရဲ့ အသံ

5 comments

ပြည်ပ သတင်းကနေနိုငိငံတော်က သိအောင် တင်ပြ တောင်းဆိုပါတယ်။ အဲဒီလို ရင်ဖွင်.မှပဲ သမ္မတ ကြီးက သိမှာပါ။

ဒီလိုပါ ရဲတပ်ဖွဲ.တွေက ရာထူးတွေဖြေထားတာလည်း ကြာပါပြီ အခုထိတောင်မတိုးပေးဘဲနဲ. ဒီအတိုင်းပဲ ပစ်ထားတော.မှာလား။

စစ်တပ်ကနေပြောင်းလာတဲ. သူတွေကျတော. ဘွဲ.လည်းမရ၊ ပြည်သူတွေခြားမှာ လုပ်ကိုင်ပုံကလည်း ဘာမှမတက်နဲ. အကပ် ကောင်းပြီး ရောက်လာကြတော.ပြည်သူတွေကလည်း ရဲဆို မုန်းလာနေတော.ရဲဝန်ထမ်း လုပ်တာတောင် ရပ်ချင်နေပါပြီ။

ရာထူး တိုးဘို.ဆိုပြီးစာမေးပွဲဖြေခဲ.တာ ဦးသန်းရွှေ လက်ထက် ကတည်းကပါ။

ခုထိ ဒုန်ရင်း ဖြစ်နေကြတယ်။ ရာထူးအကြောင်းပြောတာက လဘ်စားချင်လို. မဟုတ်ပါဘူး။ ရဲတွေက ပြည်သူတွေ နဲ.နေကြရတာပါ။ ပညာ တက်ဘွဲ.ရ ရဲတွေ ဖြစ်ပြီး ဒီအတိုင်းနဲ.နေရတာတော. ပခုံးပေါ်က အပွင်.တွေက အလကား ဖြစ်နေတယ်။

စိတ်ဓါတ်ကောင်းပြီး လဘ်စားမှု မရှိတဲ. ရဲတွေ ကျတော. နေရာကလည်းမရ ရာထူးကလည်း မတက်နဲ. အသက်တွေက ကြီးလာပြီ ယခုဆိုရင် နုတ်ထွက်ချင်နေပါပြီ။

လိုချင်နေတာကတော. လစာ တိုးတာထက် ရာထူးတိုးတာက ပိုတိုးတက်မယ် ထင်ပါတယ်။

ဝန်ထမ်းလစာတက်ရင် ကုန်ဈေးနှုန်းက တက်မှာပဲ အဲဒါကြောင်. ငွေမမက်ပဲ ရာထူးမက်ပြီး ပြည်သူတွေ အပေါ် သစ္စာရှိတဲ. ၀န်ထမ်းကောင်းဘဲ ဆက်ဖြစ်ချင်တာကြောင်. သမတ္တကြီး နဲ. ပြည်ထဲရေး ၀န်ကြီး သိအောင် ပြည်ပ သတင်းကနေဘဲ ရင်ဖွင်.တောင်းဆိုလိုက်ပါတယ်။

အင်တာနက်ကဖေး

1 comments


မြန်မာပြည် အင်တာနက်အခြေအနေကို ကာတွန်းဆရာ လိုင်လုဏ်က အခုလို ပုံဖော်ပါတယ်

ကချင်ဒေသအတွက် အဖြူရောင်တွဲလက်

0 comments

ရွှေတိဂုံ စေတီ နှစ် ၂၆ဝဝ ပြည့် ဗုဒ္ဓပူဇနိယ ပွဲတော်၊ စစ်ဒဏ်ခံရတဲ့ ကချင်ဒေသအတွက် လူငယ်တွေရဲ့ လှုပ်ရှားမှုတွေကို တင်ဆက်ထားပါတယ်


ရန်ကုန်က အဖြူရောင်တွဲလက်တွေကို ၆ မိနစ်စာ ရုပ်သံမှာ ကြည့်ရှုနိုင်ပါပြီ

သတင်းစာမှာ ပါဝင်တဲ့ နာရေးကြော်ငြာ

0 comments

ဒီနေ့ ကြေးမုံသတင်းစာမှာ နာရေးကြော်ငြာ ပါပါတယ်။

(ဒီလင့် https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7Ct_xLWk27Cbh7yDtBN_jU87kXBUwZB6yGN3SwBc3kdM1dh8anz8-YJ-uA1roY7Fc393todBGvq1Bfe7wiCYSK6hn3Du48Rj7HEP-kn6Ek3uVvkLyWPWQWblWbUEcOs-SAcJHMUL7DG8/s1600/00e.jpg မှာ ကြည့်ပါ)
ဒီကြော်ငြာက နေ့တိုင်း ပါတယ် ဆိုပေမယ့် အင်တာနက်မှာ PDF ဖိုင်နဲ့ တင်တဲ့အခါ ပါလေ့ မရှိပါဘူး။
ဒီနေ့ ထူးထူးခြားခြား ပါလာပြန်တယ် ဆိုတော့ ဖတ်ကြည့်မိတယ်၊ နာမည်ကြီးတဲ့သူ (နာရေးသတင်းရေးရလောက်တဲ့ ကြော်ငြာ) ကို မတွေ့ရပါဘူး။ ဒေါ်အေးသစ် အသက် ၁၀၃ နှစ် ဆိုတာကတော့ ထူးခြားပါတယ်။ အသက် တရာကျော် ဆိုတာ ရှားရှားပါးပါး မဟုတ်လား။ ဒေါ်အေးသစ်က ဒုဗိုလ်ချုပ်ကြီးဟောင်းရဲမြင့်ရဲ့ မိခင်လို့ နာရေးကြော်ငြာက ဆိုပါတယ်။

စာမျက်နှာအောက်ဆုံး ဘယ်ဘက်ထောင့်မှာတော့ ကြည့်မြင်တိုင် နတ်စင်လမ်းက ဦးချစ်ဝင်း ၆၃ နှစ် တဲ့။ သူကတော့ တချိန်က (NLD ဆိုရင် အနှိပ်ကွပ်ခံရစဉ် ကာလက) မိုးမိတ်မြို့ NLD အဖွဲ့ခွဲရဲ့ ထိပ်ပိုင်း တာဝန်ရှိသူ တဦးပါ။ ဓာတ်ပုံဆရာတဦးလည်း ဖြစ်ပါတယ်။

ဟိုတုန်းကတော့ နာရေးကြော်ငြာတွေဟာ သတင်းစာဖတ်ပရိသတ်တို့ စိတ်ဝင်စားတဲ့ စာမျက်နှာပါ။
သတင်းစာဖတ်ရင် တရုတ်စာအုပ်တွေလို နောက်ကလှန်ဖတ်ရတယ်လို့ တချို့က ပြောင်ကြရတဲ့အထိ သတင်းစာမှာ ပေါက်ကရတွေ ၀ါဒဖြန့်တာတွေပဲ ထည့်ခဲ့တာပါ။ အခုတော့ ပြုပြင်ပြောင်းလဲစ ပြုနေပါပြီ။

လတ်တလော အစိုးရအာဘော်သတင်းစာတွေမှာ လွှတ်တော်သတင်းတွေ ပါဝင်တဲ့အတွက် နိုင်ငံရေးစိတ်ဝင်စားသူများ အားပေး ဖတ်ရှုနေကြပါတယ်။

ရွေးကောက်ပွဲ ပညာပေး ဆွေးနွေးပွဲ

0 comments

ဒီဇင်ဘာလက နေပြည်တော် ရွေးကောက်ပွဲ ကော်မရှင်ရုံးမှာ တွေ့ရတဲ့ ကော်မရှင်လူကြီးများ နဲ့ NLD လူကြီးများ

ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ လုပ်မယ် တဲ့။ နေပြည်တော်မှာပါ။
စိတ်ဝင်စားသူတွေ တက်နိုင်တယ်လို့ ဆိုထားတယ်။
ဒီနေ့ သတင်းစာမှာ ဖော်ပြထားတာပါ။
နိုင်ငံရေးစိတ်ဝင်စားသူ အများစုက ရန်ကုန်မှာ ဆိုတော့ ဆွေးနွေးပွဲ တက်ချင်တယ် ဆိုရင် နေပြည်တော်ကို အပြေးအလွှား သွားပေတော့။


ကြံ့ခိုင်ရေးရဲ့ နောက်ဆုံးပေါ်မဲဆွယ်နည်း

3 comments

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း တွေ့ရတဲ့ မန္တလေးက မြင်ကွင်းတခုပါ။

ပည်သူ့အချစ်တော် ကြံ့ခိုင်ရေးပါတီရဲ့ နောက်ဆုံးပေါ်မဲဆွယ်နည်း ဖြစ်နိုင်ပါတယ်။

ပါတီဦးထုပ်တွေ တီရှပ်တွေကို လမ်းတကာရောက်တဲ့ ၀န်ထမ်းများကို ပေးဝတ်ထားပါတယ်။ ကိုယ့်တံဆိပ်ကို လူများများတွေ့တာဟာ အထိရောက်ဆုံးကြော်ငြာနည်းတခု ဆိုပေမယ့် ၀န်ထမ်းတွေကို ဒီဝတ်စုံဝတ်ခိုင်းတဲ့နည်းနဲ့ မဲဆွယ်တာဟာ ဥပဒေနဲ့ ညီရဲ့လားလို့ မေးခွန်းထုတ်သူက ထုတ်နေပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲကလည်း တလပဲ လိုပါတော့တယ်။
လွှတ်တော်ထဲမှာ ခုံအများကြီးရထားတဲ့ ကြံ့ခိုင်ရေးပါတီဟာ ကြားဖြတ်ရွေးကောက်ပွဲကထွက်လာမယ့် ၄၈ ခုံကိုလည်း အကုန်ယူဖို့ အစွမ်းကုန် ကြိုးစားမယ်လို့ အသံလွှင့်ထားပါတယ်။

ဒီဓာတ်ပုံတွေကို ညိုကြီးရဲ့ http://bigbbrown.blogspot.com/ မှာ တွေ့နိုင်ပါတယ်။

မန်းမြို့တော်ဝန် နဲ့ ဘဏ္ဍာအခွန်ဝန်ကြီး နေရာလဲ

5 comments

ဓာတ်ပုံ - Frans Lemmens / SuperStock

မန်းမြို့တော်ဝန် ဦးဖုန်းဇော်ဟန်က
မန္တလေးအစိုးရအဖွဲ့မှာ ဘဏ္ဍာအခွန် ဝန်ကြီးဖြစ်သွားပါပြီ။
ူသူ့ကို အဲဒီရာထူး ခန့်အပ်ကြောင်း ဒီနေ့သတင်းစာ မျက်နှာဖုံးမှာ ဦးသိန်းစိန် လက်မှတ်နဲ့ ဖော်ပြထားပါတယ်။

သူ့နေရာကို ၀င်သူက ဦးအောင်မောင်း လို့ ဆိုပါတယ်။

ဦးအောင်မောင်း ဆိုတာ မန္တလေးအစိုးရအဖွဲ့မှာ
ဘဏ္ဍာအခွန် ဝန်ကြီးနေရာ ယူထားသူပါ။

ဒါဆို သူတို့ ၂ ယောက်ကို ဦးသိန်းစိန်က နေရာချင်းလဲလိုက်တာပေါ့။

မန္တလေးတိုင်းအစိုးရပိုင်းမှာ ဦးအောင်မောင်း ဘယ်နှစ်ဦး ရှိပါလိမ့် ???


ရေး NLD ရဲ့ ရွာ ၂ ရွာ စည်းရုံးရေး

0 comments

ဇန်န၀ါရီ ၂၆ ရက်နေ့က မွန်ပြည်နယ် ရေးမြို့နယ် NLD အဖွဲ့ဝင်များဟာ ရေးမြစ်တဖက်ကမ်း ချောင်းတောင်ကျေးရွာကို စည်းရုံးရေးဆင်းခဲ့တယ်၊

ချောင်းတောင်မှာ ဟောပြောခြင်း၊ အပြန်အလှန်ဆွေးနွေးခြင်း၊ အဖွဲ့ဝင်သစ် လျှောက်လွှာ လက်ခံခြင်းတွေ ဆောင်ရွက်ခဲ့တယ်၊

နောက်တနေ့မှာတော့ အစင်စံပြကျေးရွာဘုရားပွဲမှာ NLD ဆိုင်ခန်းဖွင့်ခဲ့တယ်၊
အစင်ကျေးရွာက အတက်ကြွဆုံးသော အဒေါ်ကြီးများကလည်း တတပ်တအား တက်ရောက် အားပေးကြတယ်လို့ ရေးမြို့နယ် NLD က အီးမေးလ် ပို့လာပါတယ်။


ဆိုင်ဖွင့်ပွဲမှာ ဖဲကြိုးဖြတ်ကြမယ့် ဦးအောင်မြင့်အေး၊ ဦးရဲနိုင်ဝေ

ဦးမြ၀င်း





မန္တလေးအဖေနေ့

0 comments

တပေါင်းလပြည့်နေ့ (ရှေ့လ ၇ ရက်နေ့)မှာ အဖေနေ့ ကျင်းပဖို့ မန္တလေးမှာ ပြင်ဆင်နေကြပါပြီ။ မလွန်ဈေး ဆန်လှူအသင်းကြီးရဲ့ ညီမူရာခန်းမမှာ ပြုလုပ်မယ်လို့ သိရပါတယ်။

တပေါင်းလပြည့်နေ့တိုင်း အဖေနေ့ ကျင်းပလာတာ ဒီနှစ်ဟာ စတုတ္ထမြောက်နှစ်ပါ။
အဖေနေ့ကို တပေါင်းလပြည့်နေ့မှာ ကျင်းပကြဖို့ ဖြစ်လာတာက သီတဂူဆရာတော် အရှင်ဉာဏိဿရရဲ့ မိန့်ကြား လမ်းညွှန်ချက်ကြောင့်ပါ တဲ့။

ဂေါတမဘုရားရှင်က ခမည်းတော်သုဒ္ဓေါဒနမင်းကြီးထံ သွားရောက်ပြီး တရားဟော ကျေးဇူးဆပ်ခဲ့တာဟာ တပေါင်းလမှာ ဖြစ်တာကြောင့်
အဖေနေ့ကို တပေါင်းလပြည့်နေ့မှာ ကျင်းပကြတာ အင်မတန် သင့်လျော်ပါတယ် လို့ မန္တလေးက စာရေးဆရာတဦးက ပြောပါတယ်။

အဖေနေ့ ကျင်းပတဲ့ မန္တလေးဟာ အမေနေ့ကိုလည်း ပြာသိုလပြည့်နေ့တိုင်း အလေးအမြတ်ထား ကျင်းပလာတာ ဆယ်နှစ်ကျော်ပါပြီ။
စာရေးဆရာ ဒါရိုက်တာ ဦးသုခရဲ့ ကမကထပြုမှုနဲ့ ပေါ်ပေါက်လာတာပါ။
ပြီးခဲ့တဲ့ ပြာသိုလပြည့်နေ့ (ဇန်န၀ါရီ ၈ ရက်နေ့)က ၁၆ ကြိမ်မြောက် မန္တလေးအမေနေ့ ဆိုပြီး ကျင်းပခဲ့ပါတယ်။

နိုင်ငံအများအပြားမှာတော့ အဖေနေ့၊ အဖေများနေ့၊ အမေနေ့၊ မိခင်များနေ့ ဆိုပြီး သတ်မှတ်ကြ ကျင်းပကြတာ ကြာပါပြီ။

(သရုပ်ဖော်ပုံက ပန်းချီဝသုန်ရဲ့ လက်ရာပါ။
စာရေးဆရာမ မေငြိမ်းရဲ့ ဘလော့မှာ တွေ့ရတဲ့ အဖေပေးခဲ့တဲ့အမွေ http://maynyane.blogspot.com/2007/06/blog-post_649.html ရွှေအမြုတေ ၀တ္ထုတို သရုပ်ဖော်ပုံ ဖြစ်ပါတယ်)


သင့်တော်တဲ့အချိန်

1 comments




 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved