မဆလ တုန်လှုပ်သွားရတဲ့ မဂ္ဂဇင်းမျက်နှာဖုံး

Wednesday, July 4, 2012 6 comments

~


ရေးသားဖေါ်ပြသူ - နစ်နေမန်း။

[Rangoon+University+Anniversary+Magazine+(Cover).jpg]
၁၉၈၃-၈၄ခုနှစ်ထုတ် ရန်ကုန်တက္ကသိုလ်နှစ်လည် မဂ္ဂဇင်းစာစောင် မျက်နှာဖုံးဒီဇိုင်းဟာ ၁၉၆၂ခုနှစ်၊ ဇူလိုင်လ (၇)ရက်နေ့ မှာ ဖြစ်ပွားခဲ့တဲ့ ကျောင်းသားလှုပ်ရှားမှုကို လျှို့ ဝှက်စွာ ပြန်လည်ဖော်ကျူးခဲ့တယ် ဆိုတာ သိရှိသူ အင်မတန် နည်းပါးခဲ့ပါတယ်။

ဒါပေမယ့် ကျောင်းသားထုအတွင်းနဲ့  တက္ကသိုလ်နယ်မြေတွေမှာ ဒီမဂ္ဂဇင်းမျက်နှာဖုံးဒီဇိုင်းအကြောင်းလေးဟာ တိုးတိုးတိတ်တိတ်နဲ့  ပျံ့ နှံ့ ခဲ့ပါတယ်။ သိပ်မကြာပါဖူး တစ်ဆင့်စကားတစ်ဆင့်နားကနေ ဒီအကြောင်း မဆလစစ်အစိုးရနားထဲကို ရောက်သွားတဲ့အခါမှာတော့ မဆလအာဏာရှင်တွေဟာ ထိတ်လန့် တကြားနဲ့  ဒီမဂ္ဂဇင်း ဖြန့် ချီနေမှုကို တရားဝင်မကြေညာဘဲ ပိတ်ပင်ပါတော့တယ်။ စစ်စုံထောက်တွေဟာလည်း ကမန်းကတန်း ဒီမဂ္ဂဇင်းတွေကို စာအုပ်ဆိုင်တွေကနေ လိုက်လံသိမ်းဆည်းပါတော့တယ်။ လက်ဝယ်ရှိနေသူများကိုလည်း ဒီအကြောင်းတွေ မပြောဖို့ ၊ မဂ္ဂဇင်းကို ပြန်အပ်ဖို့  ချိမ်းခြောက်ပြောဆိုပါတော့တယ်။

ဘာဖြစ်လို့ များ ဒီရန်ကုန်တက္ကသိုလ်နှစ်ပါတ်လည်မဂ္ဂဇင်းဟာ မဆလစစ်အာဏာရှင်တွေကို ထိတ်လန့် တုန်လှုပ်စေရတာလည်း။

မဂ္ဂဇင်းထဲပါ ရေးသားထားတဲ့ ကဗျာတွေ၊ ဆောင်းပါးတွေ၊ ကာတွန်းတွေ၊ ၀တ္တုတိုတွေ အစရှိတာတွေဟာ မဂ္ဂဇင်းမထုတ်ခင်ကတည်းက မဆလရဲ့  ကြိုးကိုင် စာပေစီစစ်ရေးနဲ့ ဆင်ဆာ တည်းဖြတ်ရေးအဖွဲ့ က မဆလအစိုးရကို ညှိစွန်းစေတဲ့အကြောင်းအရာတွေအားလုံးကို ခွင့်မပြုဘဲ တည်းဖြတ် ချန်ဖြတ် ပယ်ထုတ်ပြီးသားပါ။

ကံအားလျော်စွာဘဲ ဒီအကြောင်းအရာတွေ မသိခင်မှာ၊ ကျွန်တော်လက်ထဲမှာ နှစ်လည်စာစောင်အဖြစ် အမှတ်တရသိမ်းထားရအောင် ဆိုပြီး ၀ယ်ယူခဲ့လို့  ဒီမဂ္ဂဇင်းတစ်အုပ်ရှိနေပါတယ်။ မဆလစစ်အစိုးရကို ထိခိုက်စေရလောက်တဲ့ ရေးသားချက်များ မတွေ့ ရပါဖူး။

စာပေ၀ါသနာပါသူတစ်ယောက်အနေနဲ့ ရော၊ တက္ကသိုလ်ကျောင်းသား တစ်ယောက်အနေနဲ့ ရော မြတ်နိုးစွာနဲ့ ပဲ ဒီမဂ္ဂဇင်းစာအုပ်ကို အခေါက်ခေါက် ဖတ်ပြီးသားပါ။

ဒါပေမယ့်ဗျာ၊ ဒီမဂ္ဂဇင်းမျက်နှာဖုံးဒီဇိုင်းဟာ ၁၉၆၂ခုနှစ်၊ ဇူလိုင်လ (၇)ရက်နေ့  မှာ ဖြစ်ပွားခဲ့တဲ့ ကျောင်းသားလှုပ်ရှားမှုကို လျှို့ ဝှက်စွာ ပြန်လည်ဖော်ကျူးတာလို့  ကြားရသိရတဲ့အခါမှာတော့၊ ဒီမဂ္ဂဇင်းကို လိုက်သိမ်းနေတယ်လို့  ကြားရတဲ့အခါမှာတော့ ကျွန်တော် အတော့်ကို စိတ်ဝင်စားသွားတယ်။ ဒါနဲ့ သိမ်းထားတဲ့နေရာကနေ ကမန်းကတန်းပြန်ရှာပြီး မျက်နှာဖုံးကိုကြည့်ကြည့်တယ်။ ဘာမှထူးခြားတာ မတွေ့ ဖူး။ ထပ်ခါထပ်ခါ ကြည့်တယ်၊ ဘာမှလည်းမတွေ့ ပါလားဆိုပြီးနေခဲ့ရာကနေ၊ နောင်တော်ကျောင်းသားကြီးတစ်ယောက်ကနေ ပြောပြမှဘဲ သိသွားတွေ့ သွားပါတော့တယ်။ ဒီတော့ ကျွန်တော်ရဲ့ ရင်းနှီးတဲ့ သူငယ်ချင်းတွေ ခေါ်ပြီး တိုးတိုးတိတ်တိတ် လေး အဖန်ဖန်ကြည့်မိနေပါတော့တယ်။

ကျွန်တော်မြင်တာက ဒီဟာ ဒီမှာ၊ ကျန်တဲ့သူငယ်ချင်းတွေက သူတို့ မြင်တာ ဒီမှာ ဒီဟာဆိုပြီး ကြည့်လေမြင်လေဖြစ်နေပြီး၊ မမှီခဲ့တဲ့ ဇူလိုင် (၇)ရက် ကျောင်းသား လှုပ်ရှားမှုနဲ့  ကျောင်းသားသမဂ္ဂအဆောက်အဦး ဖြိုချဖျက်ဆီးခံရမှုဟာ ကျွန်တော်တို့  နောင်လာနောက်သား ညီတော်ကျောင်းသားတွေရဲ့ စိတ်အတွေးထဲမှာ ကိန်းအောင်းဝင်လာပါ တော့တယ်။

ဒီရန်ကုန်တက္ကသိုလ်နှစ်လည်မဂ္ဂဇင်းစာစောင် မျက်နှာဖုံးဒီဇိုင်း ရေးဆွဲခဲ့ကြသူတွေ၊ မဂ္ဂဇင်းစာစောင်ဖြစ်မြောက်ရေးမှာ ပါဝင်ခဲ့ကြတဲ့ ကျောင်းသားကြီးတွေကတော့ မဆလစစ်အာဏာရှင်ရဲ့ ခေါ်ယူစစ်ဆေး မေးမြန်းထိန်းသိမ်းခြင်းကို ရဲဝန့် စွာနဲ့ ခံယူရပါတယ်။

မဆလစစ်အာဏာရှင်ရဲ့ ကျောင်းသားတွေအပေါ် ရက်စက်ယုတ်မာမှု သမိုင်းဟာ ဖုံးကွယ်လို့ မရအောင် ပြန်လည်ပေါ်ထွက်လာတိုင်း မဆလအာဏာရှင်တွေဟာ သွေးခြောက်ခြားပြီး၊ ကျဆုံးခဲ့တဲ့ ကျောင်းသူကျောင်းသားတွေရဲ့  ၀ိညာဉ်ဟာ သူတို့ ကို ကြောက်လန့်  တုန်လှုပ်စေပါတယ်။ ဒါကြောင့်မို့  ဒီ မျက်နှာဖုံးဒီဇိုင်းအကြောင်းကို သိသိချင်းမှာဘဲ ပိတ်ပင်တားဆီး ပြန်လည် သိမ်းခဲ့တာပါ။

မျက်နှာဖုံးဒီဇိုင်းလေးမှာ ဘာတွေပါလဲ၊ ၁၉၆၂ဇူလိုင်လ (၇)ရက်နေ့ မှာ ဖြစ်ပွားခဲ့တဲ့ ကျောင်းသားလှုပ်ရှားမှုကို ဘယ်လို လျှို့ ဝှက်ပုံတွေ ဖေါ်ထားသလဲ ဆိုတာ ပုံများနဲ့ တစ်ကွ ပြန်လည်ဖေါ်ပြလိုက်ပါတယ်။ မှန်ဘီလူးလေးတစ်ခုနဲ့ အသေးစိတ်ကြည့်ရင်တော့ ကျွန်တော်ဖေါ်ပြထားတာထက် ပိုပြီးတွေ့ မြင်ကြရမှာပါ။

ဒီရန်ကုန်တက္ကသိုလ်နှစ်ပါတ်လည်မဂ္ဂဇင်း မျက်နှာဖုံးဒီဇိုင်းလေးကို ကြည့်ရင်းဖြင့်၊ ၁၉၆၂ခုနှစ်က နောင်တော်ကျောင်းသားကြီးများကို ဦးညွတ်အလေးပြုလိုက်သလို၊ နောင်လာနောက်သား ညီတော်ကျောင်းသား ကျောင်းသူအပေါင်းကိုလည်း အသိပေးလိုက်ပါတယ်။ ငါတို့ တစ်တွေရဲ့  ကျောင်းသားသမိုင်း ဘယ်တော့မှ ပျောက်ကွယ်သွားမှာ မဟုတ်ပါဖူး ဆိုတာပါ။

အာဏာရှင်အပေါင်းကိုလည်း ဒီမဂ္ဂဇင်းမျက်နှာဖုံးဒီဇိုင်းကို ပြန်လည်မြင်တွေ့  စေပြီး၊ ကျုပ်တို့ ရဲ့  အာဏာရှင်စနစ်ကို တော်လှန်မှုဟာ ခောတ်အဆက်ဆက် ပြောင်းပေမယ့် ဆက်လက်တည်ရှိနေမယ်ဆိုတာ၊ ကျုပ်တို့ ကျောင်းသားတွေရဲ့ သွေးဟာ မခြောက်သေးဖူးဆိုတာ ကမ္ဘာမြေကြီးကို တိုင်တည်ပြီး သိစေအပ်တယ်။ ဒီမဂ္ဂဇင်းမျက်နှာဖုံးဒီဇိုင်းဟာ သင်တို့  အာဏာရှင်တိုင်းကို တုန်လှုပ်ခြောက်ခြားပါစေသောဝ်။



[Rangoon+University+Anniversary+Magazine+(Cover).jpg]
၁၉၈၃-၈၄ခုနှစ်ထုတ် ရန်ကုန်တက္ကသိုလ် နှစ်လည်မဂ္ဂဇင်းစာစောင် ရှေ့ မျက်နှာဖုံးဒီဇိုင်း။


[students+carrying+coffin+of+student+died.JPG]
ကျဆုံးသွားသောကျောင်းသူကျောင်းသားများရဲ့ အခေါင်းအား သယ်ဆောင်လှည့်လည်နေသည့်ပုံ။


[a+grave+with+a+label+Ar-Zar-Ni+(Martyr)..JPG]
အာဇာနည်ဟုစာတန်းရေးထိုးထားသော ကျောင်းသူကျောင်းသားတို့ ၏အုတ်ဂူ။


[demonstrating+students.JPG] ကျောင်းသူကျောင်းသားများ စီတန်းလှည့်လည်နေကြပုံ။

[A+fist+&+Students+&+Ar-Zar-Ni+words.JPG]
ဇူလိုင် (၇)ရက်နှင့် (၈)ရက်နေ့ တွင် ကျဆုံးခဲ့သောသူများအကြောင်း ကျန်ရစ်သူ ကျောင်းသူကျောင်းသားအပေါင်းအား ရှင်လင်းပြနေပုံနှင့်၊ အာဏာရှင်အား ကမ္ဘာမကြေဘူးဟု ဖေါ်ကျူးထားသော လက်သီးဆုတ်ပုံ။



[uni_th2.jpg]
၁၉၈၃-၈၄ ခုနှစ်ထုတ် ရန်ကုန် တက္ကသိုလ်နှစ်လည် မဂ္ဂဇင်း စာစောင် နောက်မျက်နှာဖုံး ဒီဇိုင်း။


ညွှန်း - နစ်နေမန်း ဘလော့ - niknayman-niknayman.blogspot.com/2008/07/blog-post_261.html


~

တရုတ်လုံခြုံရေးဝန်ကြီးရဲ့ ရွှေတြိဂံခရီး

0 comments

~


Meng Jianzhu (ဓာတ်ပုံ - ရန်ကုန်မြို့ တရုတ်သံရုံး)

တရုတ် ပြည်သူ့ လုံခြုံရေး ၀န်ကြီး Meng Jianzhu ဟာ မြန်မာ၊ ထိုင်း၊ လာအို ၃ နိုင်ငံကို ဒီရက်ပိုင်းအတွင်း သွားရောက်မယ်လို့ သိရပါတယ်။

သူဟာ နိုင်ငံတော်ကောင်စီဝင်တယောက်လည်း ဖြစ်ပါတယ်။

အောက်တိုဘာလတုန်းက ပီကင်းမှာ ပြည်ထဲရေး ၀န်ကြီး ဒုဗိုလ်ချုပ်ကြီး ကိုကိုနဲ့ တွေ့ဆုံခဲ့ပြီးပါပြီ။ နယ်စပ်ဖြတ်ကျော် မှုခင်းတိုက်ဖျက်ရေး ဆိုင်ရာ အကြောင်းအရာတွေ ဆွေးနွေးခဲ့တာပါ။



ဒုဗိုလ်ချုပ်ကြီး ကိုကိုနဲ့ Meng Jianzhu

အဲဒီဆွေးနွေးမှုတွေအပြီး လအတန်ကြာမှာ ရွှေတြိဂံနိုင်ငံ လုံခြုံရေးအင်အားစုတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ဖြစ်ပေါ်လာပြီး တာချီလိတ်မြို့နားမှာ မူးယစ်ရာဇာ နော်ခမ်းနဲ့ သူ့နောက်လိုက်တွေကို နှိပ်ကွပ်နိုင်ခဲ့ပါတယ်။

နော်ခမ်းတို့ကို စစ်ဆင်အပြီးမှာ Meng Jianzhu တယောက် ရွှေတြိဂံနိုင်ငံတွေကို သွားရောက်မယ် ဆိုတဲ့သတင်း ထွက်ပေါ်လာတာပါ။

သူဟာ မြန်မာအာဏာပိုင်တို့နဲ့ တနင်္လာနေ့မှာ တွေ့ဆုံမှာပါ။

သတင်းတွေအရ ဆိုရင် သူဟာ တရုတ်ပြည်တွင်းလုံခြုံရေးကိစ္စရပ်များအတွက် အဓိက တာဝန်ရှိသူတဦးလည်း ဖြစ်ပါတယ်။

ပါကစ္စတန်-တရုတ် နယ်စပ်ဒေသ လုံခြုံရေးလုပ်ငန်းများအတွက် ပါကစ္စတန်နိုင်ငံကိုလည်း သွားရောက်ဆွေးနွေးခဲ့သူပါ။

အခုတော့ ရွှေတြိဂံဒေသ အာဏာပိုင်တို့နဲ့ တွေ့နေရပြန်ပါပြီ။

ရွှေတြိဂံဒေသဟာ တရုတ်ပြည်ထဲကို မူးယစ်ဆေးတွေ တင်ပို့တဲ့ လမ်းကြောင်းတခု ဖြစ်နေရုံတင်မကပါဘူး၊ မကြာသေးခင်က ဒီဒေသ မဲခေါင်မြစ်ထဲမှာ တရုတ်သင်္ဘောသားတွေ သတ်ဖြတ်ခံခဲ့ရပါသေးတယ်။ ဒါကြောင့်လည်း ဒီဒေသ လုံခြုံရေးဆိုင်ရာအတွက် အိမ်နီးချင်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နေရတာ ဖြစ်ပါတယ်။

~

ကြေညာချက် သို့မဟုတ် အမောများ

1 comments

.


ဘာရာဒွါဂျာ (မြန်မာပြည်)

တယ်လီဖုန်း သုံးနေသော ရန်ကုန်သားတဦး။
လက်ကိုင်ဖုန်း သုံးနိုင်တယ်ကွ လူမြင်ကွင်းထွက်ပြီး ကြွားလိုက်အုံးမှ ဆိုတဲ့သဘောနဲ့ လမ်းဘေးမှာ ဆက်နေခြင်း မဟုတ်ပါ။ အိမ်ထဲ ဆိုင်ထဲမှာ ဆက်ရင် အသံ ပိုဆိုးလို့၊ မကြည်လို့ အပြင်ထွက် ဆက်ရတာပါ။ (ဓာတ်ပုံ - ဧရာဝတီ)

တစ်ချိန်က လက်ကိုင်ဖုန်းက မဲစနစ်လို့ ဆိုသလို၊ အစိုးရဆိုင်ရာ အရာရှိ၊ အရာခံ ရာထူးအလိုက် အထူး အခွင့် အရေးလို့ပင် ဆိုရမလိုလို၊ အာဏာပိုင် အဖွဲ့အစည်းအတွက် အတိုင်း အတာ တစ်ခုအထိ စားပွဲအောက်က ညှိနှိုင်း လုပ်ကိုင်ခွင့်လေးလို့ပဲ ဆိုရမလိုလို…………….. စသဖြင့် ဆိုရမလိုလိုများ ဖြစ်ခဲ့ပါသည်။

မှတ်မှတ်ရရ ထိုစဉ်က လက်ကိုင်ဖုန်းလေးများသည် ဆက်သွယ်ရေး အတွက် အရေးပါသော ကုန်ပစ္စည်း တစ်ရပ်အဖြစ် မဟုတ်ဘဲ စိန်နားကပ်လို အဆောင်အယောင် တစ် ခု ဖြစ်ခဲ့သည်မှာ အလွန်သေချာပါသည်။ နိုင်ငံတော်က တရားဝင် ငှားရမ်းသည့် ဈေးက ကျပ်ငါးသိန်း ဖြစ်သော်ငြားလည်း ကျပ် သိန်းငါးဆယ် နီးပါး ဈေးပေါက် ရောင်းဝယ်ခဲ့သည်မှာ အမှန်ပင်။ ထိုအချိန်က အစပြုပြီး လက်ကိုင်ဖုန်းများ ပေါက်လျှင် ပြန်ရောင်းပြီး အမြတ်ကလေးရှာ၊ ကိုယ်ပိုင်စာသင်ခန်းလေး ဖွင့်စားတန်ကောင်းရဲ့ဆိုတဲ့ အတွေးနဲ့လျှောက်လိုက်ရတာ အမော။ ခုထိအမည်ပေါက်မရသေးပါ။

ခုတော့ အမည်ပေါက်ရမည့် ဖုန်းက နှစ်သိန်း။ ကိုယ့်လက်ထဲ ကိုင်ထားတဲ့ အမည်မပေါက်ဖုန်းလေးက လေးဆယ့်ငါးသိန်းတန်ဖုန်း။ တိုင်းပြည်က လေးဆယ့်ငါးသိန်းတန်ဖုန်း မချပေးခဲ့ပါ။ သို့ပေမယ့် ဈေးကွက်ထဲမှာတော့ ငါးသိန်းတန်က လေးဆယ့်ငါးသိန်းပေါက်တုန်း ၀ယ်ထားတော့ ကိုယ့်ဖုန်းက ၄၅ သိန်းတန်ဟု ဆိုလျှင် မှားမည်မထင်။

ဒီဖုန်းလေးဝယ်ဖြစ်ပုံက ထိုစဉ်က ကျွန်မက ကိုယ်ပိုင်ကျောင်း ထူထောင်ပြီးခါစ၊ တက္ကသိုလ်လောကက လုပ်ဖော်ကိုင်ဖက်ဆရာ၊ ဆရာမများနဲ့ တွဲ လက် မပျက်သေး။ (ယခုလည်း မပျက်သေးပါ) ထိုထိုသော သူများထဲက တစ်ဦးက ကျွန်မတို့ထက် ရာထူးတစ်ဆင့် မြင့်သူ ဆိုတော့ လက်ကိုင်ဖုန်းရသည်က စပါသည်။ သူ ဖုန်းကျလျှင်ကျခြင်း ကျွန်မ ကျောင်းကို ၀မ်းသာအားရ ဖုန်းဆက်ကာ မမ ဖုန်းပေါက်တယ် အဲဒါ ငါ့ညီမယူလိုက်၊ မမက ဘတ်စ်ကားစီးနေတာ ၊ ဘတ်စ်ကားပေါ် ဖုန်းထမြည်လို့ ရယ်စရာကြီး၊ အဲဒါ နင်ပဲ ယူလိုက်တော့ ….. လို့ဆိုပြီး ကျွန်မ စကားပြန်ကိုပင် လုံးဝ မစောင့်ဘဲ ဖုန်းကို ချသွားသည်။

နောက်နေ့ ကျောင်းကို ရောက်ချလာပြီး လေးဆယ့်ရှစ်သိန်းပေါက်က နင်ယူရင် ၄၅ နဲ့ ပေးမယ်။ ယူစမ်းပါဟာ…… နင်က ကိုင်သင့်နေပြီ။ လူရိုသေ ရှင်ရိုသေ ဆိုတာက ပါသေး။ မမနှယ့် ဖုန်းကိုင်တာများ လူရိုသေ ခံရဦးမှာတဲ့လား ဆိုတော့ ကျွန်မနဲ့ အလုပ်တွဲလုပ်တဲ့ သူက ဆရာမ ကလည်း အဲဒါတွေခက်တာ… ဆရာမကြီးကမှ ခေတ်ကို သဘောပေါက်သေးတယ်တဲ့လေ။ နောက် တော့လည်းသူတို့ကောင်းမှုနဲ့ ၄၅ သိန်းတန်ဖုန်းက လက်ထဲရောက်လာတော့ အရောင်းအ၀ယ် လုပ် သူ လည်း မဟုတ်တော့ တခြားမမများလိုပဲ .. ဘာစားပြီးပြီလဲ၊ အမေ စိတ်ဆိုးနေတာ အိုကေသွား ပြီ လား.. တို့ဘာတို့ပေါ့။ နောက်တော့ လည်း ပိုက်ဆံချေးချင်တဲ့ သူတော်တော်များများ လက်ကိုင်ဖုန်းကို ဆက်လာလေ့ရှိလာကြပါတယ်။

လက်ကိုင်ဖုန်းလေးကို ဆက်လို့မှကိုယ်မကိုင်ရင် ဘယ်သူက ကိုယ့်ဖုန်းကိုကိုင်မှာလဲ ၊ အိမ်ဖုန်းလို မရှိဘူး လို့လည်း ညာမရပါလေ။ သည့်နောက်တော့ ဘယ်သူ အသည်းအသန်ဖြစ်လို့၊ ဘယ်သူကတော့ ဆုံးသွားပြီတို့ ဆိုတဲ့ သတင်းမျိုးတွေ ၀င်လာပါတော့တယ်။

အင်း ... မွေးနေ့ကျပြန်တော့လည်း ဖုန်းတွေက တဂွမ်ဂွမ်နဲ့ ဘာကျွေးမှာလဲပေါ့လေ။ ဒါကတော့ ကျွန်မ ၄၅ သိန်းတန်ဖုန်း ကိုင်လို့ ရလာတဲ့အတွေ့အကြုံပေါ့လေ။

ခုတော့လည်း နှစ်သိန်း ဆိုပါလား။ ဟိုတစ်နေ့က ကြော်ငြာသင်ပုန်းပေးမှာ ကြေညာထားတာက တန်ဖိုးနည်း ဖုန်းကဒ် အမည်ပေါက်ရမည် တဲ့။ တန်ဖိုးနည်းကဒ် …. ဟုတ်ပါ့။ တန်ဖိုးနည်းကဒ်ဆိုတာရှိရင် တန်ဖိုးများကဒ်ဆိုတာလည်း ရှိလို့ပေါ့။ တန်ဖိုးအနည်းအများကွာရင် အသုံးဝင်ပုံအတိုင်းအတာလည်း ကွာရမည် မဟုတ်ပါလား။ ခုတော့ ဒီလိုမဟုတ်ပါ။ အားလုံး မမိတမိ။ မကြားတကြားပါပဲ။ ဒီအတွက် တန်ဖိုးကြီးသမားက ငုတ်တုတ်။ ဂျာနယ်ဖတ်ပေါ့……..။

ဖုန်းတစ်ဖြစ်ကြုံရင်း ကားက စလာပြန်ပါပကော။ ကားလောက ယိမ်းထိုးလာတဲ့ ပေါက်ကွဲသံက မြည်ဟိန်းနေကြဆဲပါ။ တက်စီပေါ် ထိုင်လိုက်တာနဲ့ ကြားလိုက်ရတဲ့အသံက ရွှေငါး။ ရွှေငါး…နဲ့။ ကားနာမည်က မျိုးစုံ။ ဖားပြုပ်၊ ခွေးခေါင်း၊ ဆင်ခေါင်း … ဟော အခုတော့ အာရဖတ်တဲ့။ စက်ရုပ်တဲ့။

တစ်နေ့က တပည့်လေးတစ်ယောက် အိမ်ရောက်လာသည်။ ကျွန်မသမီးကို သူက………….. ကိုကြီးတို့ကတော့ အေးဆေးနော် စက်ရုပ်စီးလာတာ… တက်စီက စက်ရုပ် …….. ဟု ခတ်ရယ်ရယ်ပြောသံကိုကြားလိုက်ရသည်။ တွေးမိသည်က ကားပါမစ်စ တော့ လေးဘီးကားတွေ ဈေးတက်သွားသည်ပဲ။ ဆယ့်ငါးသိန်းက စပြီး ကျွန်မကြားလိုက်သည်မှာ ခုနစ် ဆယ်လောက်ထိ ကျွန်မ တပည့်များပင် ၀ယ်လိုက်သေးသည်မှ ကျွန်မကို အဖော်စပ်လိုက်သေးသည်။ တော်ပါသေးရဲ့ နားမယောင်မိလို့ပေါ့။ ကျွန်မ တပည့်လေးတောင် လေးဘီး ဆင်းဝယ်သည်၊ တက်ဝယ်သည် စသဖြင့်ကြားလိုက်ရသည်။ နောက် မျက်နှာက တစ်ပြုံးပြုံးနဲ့ ဆရာမက ကြောက်နေတာကိုး….. ကျွန်တော်တော့ ခိုင်သွားပြီဟု…။

နောက် သိပ်မကြာလိုက်ပါ။ မျက်နှာက သိပ်မကောင်း ။ ကျွန်တော် နှစ်စီးလောက်ပိုက်မိသွားပြီဟု…………..။

အမွေခွဲလိုက်သော တပည့်လေးက တရုပ်ကားလေး တစ်စီးကို ၁၃၅ သိန်း နှင့် ၀ယ်လိုက်သည်။ အစကတည်းက သူက သူများကားလေးကို အုံနာခပေးပြီး မောင်းသူ...... ။ ခုတော့ ကိုယ်ပိုင်ကားလေးနဲ့မို့ဟန်ကျခါစရှိသေး။ ပါမစ် မလိုတော့ပြန်ဘူး တဲ့။ သူ့အမွေတန်ဖိုးက ထက်ဝက်နီးပါးကျသွားသည်။ ဘာပဲဖြစ်ဖြစ် မရောင်းသရွေ့မရှုံးပါဘူးကွာ ဟုဆိုကာ နှစ်သိမ့်လိုက်ရသော်ငြားလည်း ကိုယ့်ရင်ကတော့ မောသား။

သေချာသည်ကတော့ လေးဘီးပိုင်ကားသမားက ကားလေးကို ၁၅ သိန်း၊ သိန်း၂၀၊ အစိတ် နှင့် ရောင်းခဲ့သည်။ နောက် သူဘာလုပ်မှာပါလိမ့်။ ဒီအတွေးဖြင့် လမ်းထိပ်ကို ထွက်သည်။ ဆိုက်ကားသမားဆီ လျှောက်သွားရင်း …. ချိုတူး ဆိုက်ကားတစ်စီး ဘယ်ဈေးတုံးကွ ဟုမေးလိုက်သည်။ သူ့မျက်နှာက ကြောင်စီစီနှင့်…… ၁၃ သိန်းလောက် ဆရာမ ဟု ရိုရိုသေသေ ဖြေရှာသည်။ လေးဘီးသမားလေး .. ဆိုက်ကားအုံနာဖြစ်ရှာလေသလား။ ဒါမှမဟုတ် သူများ ယာဉ်မောင်းများ ဖြစ်ရှာလေသလား။ ဒါမှမဟုတ် လေးဘီးရောင်းရငွေလေးနဲ့ စပေါ်တင်ပြီး အငှားယာဉ်မောင်းသမားလေးများ ဖြစ်ရှာသလား ….. တွေးရင်းပင် မောလာပါသည်။

နားပါဦးစို့။

.


ပြဇာတ်တပုဒ်ကိုများ သရုပ်ဆောင်ခဲ့ကြလေရော့သလား

0 comments


.



ရေးသားသူ- မောင်သာချို


၁၉၉၀ မှာ တွေ့ရတဲ့ ဒီကလပ် နဲ့ မင်ဒဲလား (ဓာတ်ပုံ - AP)

(တစ်)

ပြဿနာကောင်က ပထမ၊ နိုင်ငံတော်သမ္မတက သူ့လက်အောက်မှာ ဒုတိယတဲ့။ ဟုတ်မှဟုတ်ရဲ့လားဟု မေးယူရလောက်အောင် ထူးခြားဆန်းပြားသော သမိုင်းဇာတ်ခုံပေါ်က အဖြစ်အပျက်တစ်ခုပင် ဖြစ်ပါ၏။

ပြဇာတ်တစ်ပုဒ်ထဲမှာများ ၀င်ရောက်သရုပ်ဆောင် နေကြလေရော့သလားဟု မေးရမည့်အနေအထားမျိုး။

ဟုတ်ပါသည်။

ပြဿနာကောင်က ပထမ၊ နိုင်ငံတော်သမ္မတက ဒုတိယ။

(နှစ်)

ရိုလီဟာဟာ (Rolihlahla) ဆိုသည့် အာဖရိကစကားလုံးကို အင်္ဂလိပ်ဘာသာဖြင့် Trouble Maker ဟု ဘာသာပြန်ဆိုနိုင်ပေရာ မြန်မာလိုကျတော့ ပြဿနာကောင်။

ဟုတ်ပါသည်။ ထိုရိုလီဟာဟာ (Rolihlahla) ဆိုသော စကားလုံးသည် နယ်လ်ဆင်မင်ဒဲလား၏ နာမည်တစ်ခုပင် ဖြစ်ပါသည်။ အလွယ်ဆုံးခေါ်တော့ မင်ဒဲလား (Mandela)၊ သူ့ထက်နည်းနည်းပိုပြီး ပြည့်စုံအောင်ခေါ်တော့ နယ်လ်ဆင်မင်ဒဲလား (Nelson Mandela) ပို၍ပို၍ ပြည့်စုံအောင်ခေါ်တော့ နယ်လ်ဆင်ရိုလီဟာဟာ မင်ဒဲလား (Nelson Rolihlahla Mandela)။ သို့ဖြစ်ရာ အပြည့်အစုံခေါ်သော နာမည်ထဲက ရိုလီဟာဟာ (Rolihlahla)ကို ရည်ညွှန်းကာ ပြဿနာကောင်ဟု တင်စားလိုက်ရခြင်းပင် ဖြစ်ပါသည်။

ထိုပြဿနာကောင် နယ်လ်ဆင်မင်ဒဲလားကို သမ္မတအဖြစ် လက်ခံက မိမိကိုယ်တိုင်က သမ္မတအဖြစ်ကနေဆင်းပြီး ဒုတိယသမ္မတအဖြစ် တာဝန်ထမ်းဆောင်ဖို့ လက်ခံခဲ့သူက ဒီကလပ်။ နာမည်အပြည့်အစုံက ဖရက်ဒရစ်ဝီလျံဒီကလပ် (Frederik Willem de Klerk)။ တောင်အာဖရိကဆိုတဲ့ မြေပေါ်မှာ။

(သုံး)

နိုင်ငံတကာရေးရာကို စိတ်ဝင်စားသူမှန်သမျှ သိနှင့်ပြီးသားဖြစ်နေနိုင်သော အကြောင်းအချက်တချို့ကိုပဲ ထပ်၍တစ်ဖန် တင်ပြပါရစေ

နယ်လ်ဆင်မင်ဒဲလားက တောင်အာဖရိကနိုင်ငံ Transkei ပြည်နယ် Umtata ဒေသ Eastern Cape အနီး ရွာကလေးတစ်ရွာ၌ မွေးဖွားခဲ့သူ။ ဖခင်က Gadla Henry Mpha Kanyiswa။ မိခင်က Nose Keni Fanny။ ၁၈ ဇူလိုင် ၁၉၁၈ မွေး။

သူတစ်နှစ်သားအရွယ် ၁၉၁၉ ၌ လူဖြူတရားသူကြီးတစ်ဦး၏ အမိန့်ဖြင့် မြေများ၊ ငွေများ အသိမ်းခံရတာကို သူအမှတ်ရနေသည်။

သူကိုးနှစ်သားအရွယ် ၁၉၂၇ ကျတော့ အဖေဆုံးသည်။ ၁၉၃၇ မှာ ၀ိဇ္ဇာဘွဲ့အတွက် Fort Hare တက္ကသိုလ်တက်နေတုန်း လူမည်းအခွင့်အရေးအတွက် လှုပ်ရှားသဖြင့် ကျောင်းကထွက်ရ။

တောင်အာဖရိက တက္ကသိုလ်ကနေ စာပေးစာယူနှင့် ဘွဲ့ရ။ ၁၉၄၃ မှာ အာဖရိကအမျိုးသားကွန်ဂရက် (ANC) နှင့် ဆက်သွယ်။ ၁၉၄၄ မှာ ANC လူငယ်အဖွဲ့ တည်ထောင်။ ၁၉၆၂ မှာ ပထမဦးဆုံးအကြိမ် အဖမ်းခံရ။ ၁၉၆၄ မှာ Cape Town ကမ်းခြေအလွန် ၇ ကီလိုမီတာအကွာက Robbn Island Prison သို့ တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ဖြင့် ရောက်လာကာ ထိုကျွန်းအကျဉ်းထောင်ထဲမှာ ၁၈ နှစ် နေလိုက်ရသည်။ ထို့နောက် Cape Town အကျဉ်းထောင်သို့ ၁၉၈၄ ဧပြီ၌ ရွှေ့ခဲ့ရပြန်သည်။ အကျဉ်းထောင်နာမည်က Poll-smoor။ ၁၉၈၈ တွင် Victor Verster အကျဉ်းထောင်သို့ ရွှေ့ခဲ့ရပြန်ပြီး ၁၉၉၀ ဖေဖော်ဝါရီတွင်မှ ထောင်ကလွတ်မြောက်ခဲ့ခြင်းဖြစ်ပါသည်။ အကျဉ်းစံနှစ် စုစုပေါင်း ၂၇ နှစ်။ သူ့ကိုလွှတ်ပေးလိုက်သူက တောင်အာဖရိကသမ္မတ ဒီကလပ်။

ဒီကလပ်၏ ဘ၀ပုံရိပ်ကလေးကိုလည်း အကျဉ်းမျှ ဖော်ပြပါရစေ။ အမည်အပြည့်အစုံက ဖရက်ဒရစ်ဝီလျံဒီကလပ် (Frederik Willem de Klerk)။ Johanesburg မြို့သား။ ၁၈ မတ် ၁၉၃၆ မွေး။ Monument High School ကနေ ဆယ်တန်းအောင်ကာ Potchef Stroom တက္ကသိုလ်ကနေ ၀ိဇ္ဇာဘွဲ့၊ ဥပဒေဘွဲ့များ ရသည်။ ၁၉၇၈ မှာ အစိုးရအဖွဲ့ဝင်ဝန်ကြီး။ ၁၉၈၂ မှာ National Party ခေါင်းဆောင်။ ၁၉၈၉ မှာတော့ တောင်အာဖရိကနိုင်ငံ၏ သမ္မတ။

လူဖြူနှင့် လူမည်းကို ပြတ်ပြတ်သားသား ခွဲခြားကာ လူမည်းမှန်သမျှ လူ့အခွင့်အရေး ဆုံးရှုံးနေရသည့် တောင်အာဖရိကမြေ ပေါ်၌ သမ္မတဒီကလပ်က ၁၉၉၀ ဖေဖော်ဝါရီထဲမှာ နယ်လ်ဆင်မင် ဒဲလားကို လွှတ်ပေးလိုက်ပါသည်။ အာဖရိကအမျိုးသားကွန်ဂရက် ANC ကို တားဆီးပိတ်ဆို့ထား တာ မှန်သမျှ ပယ်ဖျက်ပစ်လိုက် သည်။ ယင်းမှာ ၁၅ သြဂုတ် ၁၉၈၉ ၌ သမ္မတဖြစ်လာသူ ဒီကလပ်က သမ္မတဖြစ်ပြီးပြီးချင်း လေးငါးခြောက်လ အကြာ၌ ခပ်သွက်သွက်လုပ်ပစ်လိုက်ခြင်းဖြစ်ကြောင်းသတိပြုကြည့်နိုင်ပါ၏။

သို့ဖြင့် ၁၀ မေ ၁၉၉၄ ၌ ဒီကလပ်သမ္မတသက်တမ်းဆုံး သည်။ ၁၉၉၄ မှာပင် ရွေးကောက် ပွဲလုပ်ပေးလိုက်သည်။ မျှော်လင့် ထားသည့်အတိုင်း နယ်လ်ဆင်မင် ဒဲလား အနိုင်ရသည်။

အံ့သြစရာဟု ဆိုနိုင်ပါသည်။ သို့သော် ပို၍အံ့သြစရာက ...။

(လေး)

၁၉၉၄ ရွေးကောက်ပွဲအပြီး တောင်အာဖရိကအစိုးရဖွဲ့တော့ နယ်လ်ဆင်မင်ဒဲလားက သမ္မတ၊ အရင်သမ္မတဟောင်း ဒီကလပ် က ဒုသမ္မတတဲ့။

ပို၍ အံ့သြစရာဆိုတာက ယင်းကို ရည်ညွှန်းခြင်းဖြစ်ပါ သည်။ ယခင် လူဖြူသမ္မတ အ ဆက်ဆက်တို့က ဖိနှိပ်ချိုးနှိမ်ထား သော လူမည်းတို့ကို လူ့အခွင့်အ ရေးပြန်ပေး၊ လူမည်းခေါင်းဆောင် နယ်လ်ဆင်မင်ဒဲလားကို ထောင် က လွှတ်၊ ရွေးကောက်ပွဲလုပ်ပေး စသည်စသည်များကြောင့် လူစိတ် ရှိသော ဒီကလပ်ကို မင်ဒဲလားနှင့် တွဲ၍ပင် ၁၉၉၃ ငြိမ်းချမ်းရေး နိုဗယ်ဆုပေးခဲ့ခြင်းကို သာမန် အံ့သြမှုတစ်ခုလို လူတိုင်းအံ့သြ နိုင်ကြပါသည်။

သို့သော် အစိုးရအဖွဲ့ပြန်ဖွဲ့စဉ် မိမိထောင်က လွှတ်ပေးလိုက်သူက သမ္မတ၊ မိမိက သူ့လက်အောက် ဒုသမ္မတအဖြစ် တာဝန် ထမ်းဆောင်ရမည်ဆိုသော အခါ မငြင်းဆန်ဘဲ ကျေကျေနပ်နပ်နှင့်
လက်ခံသော ဒီကလပ်က မူ သာမန်အံ့သြရုံမျှနှင့် မလုံလောက်တော့ပါ။

မင်းသားကြီး မလုပ်ရ၍ ပတ်မကို ထိုးဖောက်သူတို့များသော လောကဇာတ်ခုံပေါ်၌ ဒုတိယမင်းသားကလေး နေရာက ပဲဖြစ်စေ ပွဲလှအောင်ဝင်ရောက် ကပြအသုံးတော်ခံလိုသော စိတ်က နိုဗယ်ဆုမက မြင့်မြတ်လှပါ သည်။

(ငါး)

ငါးရာ့ငါးဆယ် ဇာတ်ဝတ္ထု၊ ဇာတ်တော်အမှတ်စဉ် ၄၂၁၊ အဋ္ဌ နိပါတ်တော်လာ ဂင်္ဂါမာလဇာတ် ကို ကုန်းဘောင်ခေတ်၏ ပြဇာတ် ဆရာကြီး ဦးပုညလက်စွမ်းပြ ပြန် လည်ရေးသားထားသည့် ရေသည် ပြဇာတ်ကို လူသိများပါသည်။ ကျောင်းသင်ခန်းစာထဲမှာလည်း ပါ၊ဇာတ်စင်ပေါ်ကိုလည်း ရောက်။

ပြဇာတ်ထဲတွင် ညီတော် အာနန္ဒာအလောင်းအလျာ ရေသည်ယောက်ျားက ရေသည်မနှင့် လက်ထပ်ဖို့ ငွေလေးရွေးကို သွားအယူ ဘုရားလောင်းဥဒယမင်းကြီးက တွေ့မြင်သွားကာ သနား ကရုဏာသက်ပြီး ငွေရှစ်ရွေးမှ တစ်ဆင့် အဆင့်ဆင့်တိုး၍ ပေး သွားခဲ့ရာ နောက်ဆုံးအိမ်ရှေ့မင်း ရာထူးအထိ တိုးပေးပါလျက် မိမိ ကို သတ်ပြီး တိုင်းပြည်ကိုသိမ်းဖို့ ရေသည်အိမ်ရှေ့မင်းကြံစည် ကြောင်း သိရှိသွားလေသောအခါ မိန့်ပုံမှာ ဤသိ့ဖြစ်ပါ၏။

“လုံးလုံးပိုင်လို၊ အမောင်ဆိုလျှင်
ပဟိုရ်ထီးစည်၊ တိုင်းပါပြည်ကို
မရှည်ရက်ချိန်း၊ ယနေ့သိမ်း၍
အုပ်ထိန်းအမောင်စံလေတော့။

စိတ်လျှော့မာန်ပျောက်၊
မောင်မင်းအောက်က
လက်ထောက်ငယ်သား၊
ငါ့ကိုပင် ထားပါတော့”

ဟူ၍ ဖြစ်ပါ၏။ ခေါင်းလိုချင်က ခေါင်းဖြတ်ယူပါ။ ရင်ကို ခွဲပြီး အသည်းနှလုံးယူလိုက ယူပါဟု ပြောပြီးနောက် ဆက်ပြောသည့်စကားများဖြစ်ပါ၏။ မောင်မင်းက တိုင်းပြည်ကို အုပ်ချုပ်ပြီး မိမိကို လက်ထောက်အဖြစ် ထားမည်ဆိုလျှင်လည်း နေပါ့မည်တဲ့။ ကိုယ်မင်းသားကြီး မလုပ်ရလည်းနေ။

တောင်အာဖရိက ဇာတ်ဝင် ခန်းက သည်ရေသည်ပြဇာတ် ဇာတ်ကွက်နှင့် ဆင်ဆင်တူမနေဘူးလား။

ကိုယ်က လွတ်မြောက်ခွင့် ပေးလိုက်သူ နယ်လ်ဆင်မင်ဒဲ လားက သမ္မတတဲ့။ သမ္မတတာဝန်ယူခဲ့ဖူးသူ မိမိဒီကလပ်က ဒု သမ္မတတဲ့။ စိတ်သဘောထားကြီး မြတ်ပုံက ပြဇာတ်ဆန်လွန်းလှပါရဲ့။ Moral Courage စိတ်သတ္တိ ဆိုတာ ဒါမျိုးပဲ မဟုတ်ဘူးလား

အော်.. တောင်အာဖရိက ဇာတ်ဝင်ခန်းက လွမ်းစရာကြီး။


ညွှန်း - 7day ဂျာနယ်
http://www.facebook.com/7daynews


.
.

ငြိမ်းချမ်းရေးအကျိုးဆောင်နဲ့ ကျင့်ဝတ်

0 comments

~



အစိုးရနဲ့ အဖွဲ့အစည်းအများအပြား ငြိမ်းချမ်းရေးဆွေးနွေးနေကြပါတယ်။ ဒီလိုညှိနှိုင်းဆွေးနွေးတာတွေ အဆင်ပြေအောင်လုပ်ပေးသူများ မရှိမဖြစ် လိုပါတယ်။
သူတို့က ငြိမ်းချမ်းရေးအကျိုးဆောင်တွေပါ။

အကျိုးဆောင်တွေကြောင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ပိုမို မြန်ဆန်နိုင်ပါတယ်။ သို့မဟုတ် ပိုမိုနှေးကွေးပြီး ပျက်သွားနိုင်ပါတယ်။

ဒါကြောင့် အကျိုးဆောင်တွေဟာ အင်မတန်အရေးပါတဲ့နေရာမှာ ရှိနေတယ်ဆိုတာ အသေအချာပါပဲ။

နှစ်ဘက်ဆွေးနွေးသူများမှာ ပေးထားတဲ့ ကတိတည်ဖို့၊ သဘောတူထားတာတွေကို မချိုးဖောက်ဖို့ ဆိုတာမျိုးလို ကျင့်ဝတ်တွေ စောင့်ထိန်းရပါတယ်။

အကျိုးဆောင် တွေမှာရော ကျင့်ဝတ် မရှိဘူးလား။ ကြားလူတွေ ဖြစ်တဲ့အတွက် ဆွေးနွေးပွဲတွေနဲ့ ပတ်သက်ပြီး ပြင်ပမှာ အပြောအဆို ဆင်ခြင်ရပါမယ်၊
ကိုယ်တွေ့မြင်ကြားသိရတာတွေက အတင်းတုပ်လို့ကောင်းတဲ့အရာ၊ အပြင်လူတွေ မသိနိုင်တဲ့အရာတွေ ဖြစ်တတ်တဲ့အတွက် နှုတ်လုံရပါတယ်၊ ငြိမ်းချမ်းရေးတည်ဆောက်မှု မအောင်မြင်သေးချိန် သုံးသပ်ချက်တွေ အမြင်တွေ ပြောတဲ့အခါ သတိထားရပါတယ်။

အကျိုးဆောင်တဦးက ပြင်ပစကားဝိုင်းတခုမှာ ဒီလို သုံးသပ်ပြပါတယ် -
"xxx ဟိုအဖွဲ့ရဲ့ ခေါင်းဆောင်က အထင်ကြီးစရာကို မရှိဘူး"
"xxx ဒီအဖွဲ့ခေါင်းဆောင်က တကယ့် လူတော်ပဲ။ သူ့စားပွဲပေါ်မှာ ကျော်ဝင်းစာအုပ် တွေ့တယ်" တဲ့။

စသဖြင့် ကိုယ်ပြောလိုက်တဲ့ သုံးသပ်ချက်တွေက ကိုယ့်အပေါ် တပါးသူရဲ့ ယုံကြည်မှု ထိခိုက်စေပါတယ်။

လက်ရှိကာလဟာ ငြိမ်းချမ်းရေးတည်ဆောက်မှုအဆင့်မှာပဲ ရှိသေးပါ။ ပြည်နယ်အဆင့် ဗဟိုအစိုးရအဆင့် စသဖြင့် သဘောတူညီမှုတချို့ ရပြီးပြီ ဆိုပေမယ့် တချို့အတွက်တော့ ယုံကြည်မှုတည်ဆောက်တဲ့အဆင့် ဖြစ်နေပါလိမ့်မယ်။

နှောင့်နှေး ကြန့်ကြာမှုတွေဟာ ကြားလူတွေကြောင့် ဆိုတာမျိုး မဖြစ်ရလေအောင် ငြိမ်းချမ်းရေးအကျိုးဆောင်တွေဟာ ကျင့်ဝတ် စောင့်ထိန်းဖို့ လိုအပ်ပါတယ်။

~

ဇင်းမယ်ရောက် လားရှိုးသူရဲ့ အောင်မြင်မှု

3 comments

~




ထိုင်းနိုင်ငံ ချင်းမိုင်မြို့ ကျုံးမြောက်ဘက် ညဈေးစားသောက်တန်းမှာ ရောင်းအားအကောင်းဆုံးဆိုင်ကိုပြပါ ဆိုရင် ခေါက်ခါမူ/ข้าวขาหมู လို့ ခေါ်တဲ့ ၀က်သားထမင်းဆိုင်ကို ပြရမှာပါ။
တခြားဆိုင်များထက် ထူးနေတာကတော့ ဆိုင်ရှင်က ကောင်းဘွိုင်ဦးထုပ် ဆောင်းထားတာပါပဲ။ ဆိုင်ဆိုင်းဘုတ်မှာလည်း သူ့ပုံ ကပ်ထားပါတယ်။ ဒီဦးထုပ် ဆောင်းထားတာကိုက ဆွဲဆောင်မှုတခု၊ အမှတ်အသားတခု ဖြစ်နေတာပေါ့။
သူ့နည်းတူ ခေါက်ခါမူရောင်းတဲ့ ဘေးဆိုင်ထက် အဆမတန် အရောင်းသွက်သလို တခြား အစားအစာမျိုးစုံရောင်းတဲ့ဆိုင်များထက်လည်း အရောင်းသွက်ပါတယ်။
ဒီလို အရောင်းသွက်ရတာ ချင်းမိုင်သူ ချင်းမိုင်သားများ ၀က်သား ကြိုက်ကြလို့လား။ ဒီလိုတော့လည်း မဟုတ်ပါဘူး၊ ဒီကလူတွေက အစုံစား အစုံကြိုက်ကြသူတွေပါ။
လိုရင်း ဆက်ရရင် ကောင်းဘွိုင်ဦးထုပ် ဆောင်းပြီး ဈေးရောင်းတဲ့ အမျိုးသမီးက မြန်မာပြည်က ဆိုပဲ။
ဟုတ်မဟုတ် သိဖို့ သူ့ကို မြန်မာလို မေးကြည့်၊ စကားပြောကြည့်တော့ ဟုတ်နေတာ တွေ့ရပါတယ်။
လားရှိုးမြို့က လာတာပါ တဲ့။ နာမည်က မမာမာဝင်း လို့ ဆိုပါတယ်။
ဇင်းမယ်လို့လည်း ခေါ်ကြတဲ့ ချင်းမိုင်မြို့ကို မမာမာဝင်း ရောက်နေတာ ၁၀ နှစ် ၀န်းကျင် ရှိပါပြီ တဲ့။

သူ့ကို ကျနော်လိပ်စာကတ်ပေး၊ မိတ်ဆက်ပြီး ဧရာဝတီ ဘလော့မှာ ဒီဆိုင်အကြောင်း ရေးချင်တယ် ခွင့်ပြုမလား ဆိုတော့ ရပါတယ်လို့ သူက ဆိုပါတယ်။
ရုပ်မြင်သံကြားတွေ မဂ္ဂဇင်းတွေက သူ့ဆိုင်ကို လာကြ ဗျူးကြ ရိုက်ကြတာ ထုံးစံပါပဲ တဲ့။ ဒါ သိပ်မကြာသေးခင်က သူပြောပြတာတွေပါ။

ရုပ်သံရိုက် ဓာတ်ပုံရိုက်မယ် ဆိုရင် ည ၇း၀၀ နာရီဝန်းကျင်က အကောင်းဆုံးပဲလို့ သူက ဆိုပါတယ်။ လူအများဆုံးအချိန်ပါပဲ တဲ့။ ဒီလိုမြင်ကွင်းမျိုးရိုက်ကူးနိုင်မှ ဒီဆိုင်က အင်မတန် ရောင်းကောင်းပါလားဆိုတာ ပရိသတ်က ယုံမှာပေါ့ လို့ သူက အကြံပေးပါတယ်။
လူများတဲ့အချိန်သွားရင်တော့ သူ့ကို ဗျူးရခက်တော့မှာပေါ့။

မနေ့က သူ့ဆိုင်ရှေ့ဖြတ်သွားတော့ ကောင်းဘွိုင်မမကို ထူးထူးခြားခြား တွေ့ရပါတယ်။ ပုံမှာ မြင်ကြတဲ့အတိုင်း ကရင် အင်္ကျီနဲ့ပါ။ ဒီပုံက ဓာတ်ပုံရိုက်ရင် အင်မတန်လန်းမယ့် ဒီဇိုင်းပေါ့။ လူကလည်း နဂိုရှိပြီးသား မဟုတ်လား။

လားရှိုးသူက တဘက်က ဓားကိုင်၊ တဘက်က ဇွန်းကိုင်ပြီး အသားတွေကို ယူပါတယ်



ညှပ် မသုံးပါဘူး

လုပ်သက်ရင့်၊ ကျွမ်းကျင်နေပြီမို့ ဒီဓား ဒီဇွန်းကြီးနဲ့ပဲ အရိုးတွေ ဖယ်ထုတ်ပါပြီ။

ခပ်သွက်သွက်လှုပ်ရှားမှုက ကြည့်ကောင်းလို့ ထင်ပါရဲ့ - တချို့က ရပ်ကြည့်ကြပါတယ်



ဆိုင်အကူတွေက သူ့ဘေး ၀ိုင်းနေတာပါ။
သူတို့ကိုလည်း မြန်မာလို မေးမြန်း ပြောဆိုနိုင်ပါတယ်။


ဘေးကတယောက် ချပေးတဲ့ ထမင်းဘူး/ပန်းကန်တွေထဲ အသားတွေ ဟောသလို ပုံပါပြီ



တယောက်က ကြက်ဥပြုတ်ကိုထည့်



တယောက်က မုန်ညှင်းချဉ် ထည့်ပါတယ် (သိပ် မချဉ်ပါ)


ထမင်းပေါ်မှာ ဟင်းပုံပြီး မှာစားနိုင်သလို အခုလို ထမင်းနဲ့ဟင်း သီးသန့်စီ မှာစားနိုင်ပါတယ်။
ပလပ်စတစ်ခြင်းထဲမတော့ ကြက်သွန်ဖြူ ငရုပ်သီးတောင့် ရှိပါတယ်။
အဲ .. အရေးကြီးတာက ပုံထဲ မပါပါဘူး။ အဲဒါကတော့ ရှာလကာရည်ပေါ့။ ရှာလကာရည်မထည့်ရင် အင်မတန် အီပါလိမ့်မယ်။


လက်မလည်အောင် ရောင်းရတဲ့ အကြောင်းရင်းက ကောင်းဘွိုင်ဦးထုပ်ဆောင်းထားတာကြောင့်များလား။
နိုး - မဟုတ်ဘူး။

ဟင်းကို ပိုပိုသာသာ ထည့်ပေးတာကြောင့် ဖြစ်မယ်လို့ အမှန်တကယ်စားသုံးသူတယောက်က သုံးသပ်ပါတယ်။
တချို့ဆိုင်တွေက ဟင်းကို ခပ်ပါးပါးလေးပဲ ထည့်တတ်ကြတာ မြင်ဖူးမှာပါ တဲ့။

ကျန်းမာရေးနဲ့ သိပ်မညီညွတ်တဲ့အသားဖြစ်လို့ နေ့တိုင်းတော့ စားကြမယ် မဟုတ်ပါ။


ဒါပေမယ့် သူ့ဆိုင်ကတော့ နေ့တိုင်း လူအုံ လူပြည့်နေပါတယ်။
ထိုင်းနိုင်ငံမှာ မြန်မာပြည်သားအများအပြား နေထိုင် လုပ်ကိုင်ကြတာ အများကြီးပါ။
အဲဒီထဲကမှ ကောင်းဘွိုင်ဦးထုပ်နဲ့ လားရှိုးသူရဲ့ အောင်မြင်မှုအကြောင်း လက်တို့ ရေးသားလိုက်ပါတယ်။

~

ဒုသမ္မတ တနေရာအတွက် စစ်ဗိုလ်ထဲက ထပ်ရွေးမယ်

0 comments

~




ဒုသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးရဲ့ လစ်လပ် ရာထူးနေရာအတွက် လာမယ့် ဇူလိုင် ၁၀ ရက်နေ့မှာ ရွေးချယ်ပေးရမယ်လို့ MRTV 4 အထူးသတင်း ထုတ်ပြန်ချက်မှာ ကြေညာသွားပါတယ်။

တပ်မတော်သား ကိုယ်စားလှယ်အစုအဖွဲ့က ရွေးချယ်ရမှာပါ တဲ့။

“ပြည်ထောင်စု လွှတ်တော်မှ ၂၀၁၁ခုနှစ်၊ ဧပြီလ ၄ရက်နေ့တွင် ရွေးချယ် ခန့်အပ်ခဲ့သည့် ဒုတိယသမ္မတတစ်ဦးဖြစ်သူ သီဟသူရ ဦးတင်အောင်မြင့်ဦးသည် ၄င်း၏ ကျန်းမာရေး အခြေအနေကြောင့် ဇူလိုင် ၁ ရက်မှ စ၍ နှုတ်ထွက်စာ တင် သွင်းခဲ့ကြောင်း သိရပါသည်။
နိုင်ငံတော်သမ္မတရုံးမှလည်း ၄င်း၏ နှုတ်ထွက်မှုကို ဇူလိုင် ၂ရက်တွင် ပြည်ထောင်စု လွှတ်တော် နာယကထံ အကြောင်းကြားခဲ့သဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ၇ ရက်အတွင်း အစားထိုး ခန့်အပ်မည့် သူ အမည်စာရင်းကို မူလ ရွေးချယ်ပေးထားသည့် တပ်မတော်သား ကိုယ်စားလှယ်အစု အဖွဲ့မှတင်သွင်းရမည်ဖြစ် သ ဖြင့် ဇူလိုင် ၁၀ ရက် နောက်ဆုံးထား တင်သွင်းရန် နာယကမှ ညွှန်ကြားခဲ့ခြင်းဖြစ်သည်”
ဆိုပြီး နုတ်ထွက်စာအကြောင်းလည်း ဖော်ပြသွားပါတယ်။

~

စင်ပြိုင်အာဆီယံ အမတ်အဖွဲ့နဲ့ ၈၈ မျိုးဆက်တို့ တွေ့ဆုံ

0 comments


ဓာတ်ပုံ-88 Generation Students

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များနှင့် စင်ပြိုင် အာဆီယံ ပါလီမန်ကိုယ်စားလှယ်အဖွဲ့တို့ ယနေ့ နံနက် ၉ နာရီတွင်၊ ရန်ကုန်မြို့ရှိ M3 Food Center ၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ထိုသို့တွေ့ဆုံရာတွင် လက်ရှိ မြန်မာ့နိုင်ငံရေးအခြေအနေများနှင့် ရှေ့အလားအလာများကို အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဆွေးနွေးပွဲသို့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များဖြစ်ကြသော ကိုကိုကြီး၊ ကိုဌေးကြွယ်၊ ကိုဂျင်မီ၊ ကိုလှမျိုးနောင်နှင့် ကိုမာကီတို့ တက်ရောက်ခဲ့ကြသည်။


စင်ကာပူမှာ ကျင်းပမယ့် ဖိုးချစ်တို့ ပဒေသာကပွဲ

0 comments


ခေတ်သစ် ဇာတ်သဘင်လောကမှာ နံမည်ရလာတဲ့ ဇာတ်မင်းသား ဖိုးချစ်နဲ့ အဖွဲ့ဟာ လာမယ့် ဇူလိုင်လ ၂၉ ရက်နေ့မှာ စင်္ကာပူနိုင်ငံ Poly Convention Centre မှာ ကပြဖျော်ဖြေတင်ဆက်ဖို့ရှိပါတယ်။

သူနဲ့အတူပါလာမယ့် အဆိုတော် သြရသ၊ စိုးလေး၊ Jenny , Eno နဲ့ အေးမြတ်သူတို့လည်း ဒီကပွဲမှာ အသီးသီးဖျော်ဖြေကြပါမယ်။ လက်မှတ်တွေကတော့ စင်္ကာပူ ဒေါ်လ ၄၀၊ ၃၀ နဲ့ ၂၀ ဆိုပြီး အသီးသီး ဖြစ်ပါသတဲ့။ စင်္ကာပူရောက် မြန်မာများအတွက် မြန်မာရိုးရာ အကနဲ့ ဂီတဖျော်ဖြေမှုတွေကို ခံစား ကြည့်ရှု့နိုင် မှာဖြစ်ပါတယ်တဲ့။


ကြက်သွန်ဖြူ အစွမ်း

1 comments


အဆီကျစေသဖြင့် နေ့စဉ်မှန်မှန်စားသုံးပါက သွေးတိုး ရောဂါမဖြစ်စေရန်နှင့် ဖြစ်ပွားနေသော သွေးတိုးရောဂါကို
ပျောက်စေပါတယ်။အစားစားနေစဉ် အတူ စားသုံး၍ ဖြစ်စေ၊ အစာစားပြီး ဆေးအဖြစ် အမှုန့်ပြု စားသုံးလျှင် အစာကြေ၍ လေသက်စေနိုင်သည်။ ကလေးများ လေဆန်နာ ဖြစ်လျှင် ကြက်သွန်ဖြူ ဥတစ်လုံးကို မီးဖုတ်ကျွေး ပါက ပျောက်ကင်းစေပါတယ်။

အဆုတ်နှင့် ဆိုင်သော အဆုတ် အအေးမိ၊ အဆုတ်ပွသော ရောဂါများ ပျောက်ကင်း စေနိုင်သည်။ အအေးမိခြင်းနှင့် တုတ်ကွေး ဖျားများကိုလည်း ပျောက်စေပြီး ကြက်သွန်ဖြူကို အဆီထုတ်၍ တိုက်ကျွေးပါက သလိပ်ရွှင်စေ၊ ချောင်းဆိုး သလိပ်ကပ်ခြင်း တို့ကို ပျောက်ကင်းစေပါသတဲ့။

ရောဂါပိုးများ သေစေနိုင် သဖြင့် မြစ်ခြောက်နာ (ခေါ်) အဆုတ်နာ (တီဘီ) ရောဂါ ရှင်များကိုလဲ တိုက်ကျွေးနိုင်ပါတယ်။ လိမ်းဆေး အဆီအဖြစ် နှမ်းဆီနှင့် လေးညှင်းတို့နှင့် ရောစပ်၍ ကျိုချက်ပြီး လိမ်းလျှင် ကိုယ်လက် အကိုက်အခဲနှင့် နားကိုက်၊ နားပြည်ယိုခြင်းကို သက်သာ ပျောက်ကင်း နိုင်သည်။

နှလုံးနှင့် ပတ်သက်သော ရောဂါ ဝေဒနာ ရှင်များအတွက် ဆေးအနေနဲ့ သော်လည်းကောင်း၊ အစာအဟာရ အဖြစ်နှင့် သော်လည်းကောင်း မှန်မှန် စားသုံးပါက ဖြစ်ပွားမှုနှုန်း နှေးကွေးပြီး တဖြည်းဖြည်း သက်သာ စေနိုင်သည်။ ကြာရှည် စားသုံးလျှင် ဆံပင်ကို နက်စေ၍ သုတ်ကို ပွားစေသည်။

မြစ်ပွားနာ (ခေါ်) ကင်ဆာ ရောဂါ ဖြစ်ပွားမှုနှုန်း နည်းစေရန် အတွက် ကြိုတင် ကာကွယ် စားသုံးနိုင်သည်။ ကြက်သွန်ဖြူ ဥတစ်လုံးကို ကြေးချိတ်ဖြင့် ဖောက်၍ ပျားရည်တွင် စိမ်ထားပြီး စားသုံးပါက အိပ်ပျော် စားဝင် အင်အား ပြည့်ဖြိုး စေနိုင်ပါသည်။ သွေးတွင်းတွင် ရှိသော cholesterol ကို ကျစေသဖြင့် သွေးကြောကျဉ်း၊ နှလုံးရောဂါ များအတွက် လွန်စွာ သင့်တော်သည်။

By Mg Mandalay

အာရာဖတ် အဆိပ်ခတ်ခံရတာများလား

0 comments



၂၀၀၄ ခုနှစ်မှာ ပါလက်စတိုင်း ခေါင်းဆောင် ရာဆာအာရာဖတ် ကွယ်လွန်ခဲ့တာဟာ အဆိပ်ခတ် လုပ်ကြံခံရတာ ဖြစ်နိုင်ဖွယ်ရှိတယ် လို့ Al-Jazeera ရုပ်သံက ထုတ်လွှင့်သွားပါတယ်။

အာရာဖတ်က ပြင်သစ်နိုင်ငံ စစ်ဆေးရုံတခုမှာ ကွယ်လွန်ခဲ့တယ်၊ အဲဒီဆေးရုံက အာရာဖတ်ရဲ့ ဇနီးကို သူ့အသုံးအဆောင် အ၀တ်အစားတွေ ပြန်အပ်ခဲ့တယ်၊ ဒါတွေကို
ဆွစ်ဇာလန်နိုင်ငံမှာ ဓာတ်ခွဲ စစ်ဆေးချက်တွေအရ ပိုလိုနီယမ် (polonium) အဆိပ်သင့်နေတာ တွေ့ရတယ်လို့ ဆိုပါတယ်။

အာရာဖတ်ဟာ မကွယ်လွန်ခင်က ကျန်းမာရေး ကောင်းနေတယ်လို့ ဆိုတယ်။ သူ ရုတ်တရက် ကွယ်လွန်ခဲ့ရတဲ့အကြောင်းကို နှစ်ပေါင်းအတော်ကြာမှ အခုလို စုံစမ်းမှု ပေါ်ပေါက်လာတာပါ။

Al-Jazeera ရုပ်သံက သူသေဆုံးပုံအကြောင်း စုံစမ်းထောက်လှမ်းနေတာ ၉ လ ရှိပြီလို့ ဆိုပါတယ်။

သူ့အုတ်ဂူကို ပြန်ဖော်ပြီးစစ်ဆေးခွင့်ရလို့ အရိုးမှာ ပိုလိုနီယမ်ဓာတ်တွေ တွေ့ရတယ် ဆိုရင်တော့ သူ အဆိပ်ခတ်ခံရတာ သေချာပြီပေါ့လို့ ဆရာဝန်တွေက ဆိုပါတယ်။

ပိုလိုနီယမ် ဟာ လန်ဒန်မှာ သေဆုံးခဲ့တဲ့ ရုရှစပိုင်ဟောင်း Alexander Litvinenko ကို ၂၀၀၆ မှာ လုပ်ကြံတုန်းက သုံးခဲ့တဲ့ အဆိပ်ဖြစ်ပါတယ် တဲ့။ ဆူရှီဆိုင်တခုမှာ သူသောက်တဲ့ လက်ဘက်ရည်ထဲ ပိုလိုနီယမ် ပါဝင်သွားတယ်လို့ ဆိုပါတယ်။

မကြာခဏ ၀မ်းလျှောတယ်၊ ကိုယ်အလေးချိန် ကျသွားတယ်၊ အန်တယ် စသဖြင့် ရုရှစပိုင်ဟောင်း မသေဆုံးမီ တွေ့ရတဲ့ ရောဂါအခြေအနေတွေဟာ အာရာဖတ်ရဲ့ နောက်ဆုံအချိန် ခံစားခဲ့ရတာတွေနဲ့ ဆင်တူနေပါတယ် တဲ့။

Suha Arafat poses with her daughter Zahwa Arafat (L) in front of a portrait of her late husband Yasser Arafat at her home in Malta on November 10, 2011, on the eve of the seventh anniversary of his death. Arafat died on November 11, 2004 in a French hospital. A Tunisian court has issued an international arrest warrant against the widow of the late Palestinian leader Yasser Arafat over alleged corruption, a justice official said on October 31. Suha Arafat, who was stripped of her Tunisian citizenship in 2007 following a dispute with the former ruling family and currently lives in Malta, vehemently denied any corruption allegations and said she was ready to lay the case bare.

နိုဝင်ဘာလတုန်းက အာရာဖတ်ပုံရှေ့တွေ့ရတဲ့ သမီး နဲ့ ဇနီး (ဓာတ်ပုံ - Getty Images)

ရာဆာအာရာဖတ်ဟာ ပါလက်စတိုင်း လက်နက်ကိုင်အဖွဲ့ရဲ့ ခေါင်းဆောင်ကြီး ဖြစ်ပေမယ့် အရှေ့အလယ်ပိုင်းဒေသ ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်မှုတွေကြောင့် နိုဗဲလ်ငြိမ်းချမ်းရေးဆု ရရှိခဲ့သူ ဖြစ်ပါတယ်။

အသက် ၇၅ နှစ်အရွယ် ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။



လွှတ်တော်လုပ်ငန်းကော်မတီ (NLD)

0 comments





ဒီကနေ့ ဇူလိုင်လ ၄ ရက်နေ့ စတင်တဲ့ လွှတ်တော် အစည်းအဝေးတွေမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက လွှတ်တော်လုပ်ငန်းဆိုင်ရာ ကော်မတီဖွဲ့စည်းခြင်းနဲ့ပတ်သက်ပြီး ယမန်နေ့က ကြေငြာချက်။

ဂျက်ကီချန်း မြန်မာပြည်သွားမယ်

3 comments




Hong Kong actor Jackie Chan takes part in the TV show 'Le Grand Journal' on the set of French TV Canal+ during the 65th Cannes film festival on May 19, 2012 in Cannes.
မေ ၁၉ ရက်နေ့က တွေ့ရတဲ့ ဂျက်ကီချန်း (ဓာတ်ပုံ - Getty Images)

တရုတ်သိုင်းမင်းသား ဂျက်ကီချန်းသည် ကုလသမဂ္ဂ ချစ်ကြည်ရေးသံတမန် အဖြစ် မြန်မာပြည်သို့ ယခုတပတ်အတွင်း သွားရောက်မည်ဟု သိရသည်။

ကလေးငယ်များကို ကုန်ကူးမှု တိုက်ဖျက်ရေးအတွက် လုပ်ဆောင်နေသည့် ကုလသမဂ္ဂ၏ လုပ်ငန်းစဉ်များတွင် ပါဝင် ကူညီမည်ဖြစ်ကြောင်း၊ ခရီးစဉ်က ၃ ရက်ကြာမည် ဖြစ်ကြောင်း ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ကလေးများရံပုံငွေအဖွဲ့က ယနေ့ သတင်းထုတ်ပြန်ထားသည်။

“ကလေးတွေကို ကုန်ကူးတာ၊ အသုံးချအမြတ်ထုတ်တာတွေဟာ ရာဇ၀တ်မှုကြီးတွေပါ။ ဒီလုပ်ရပ်တွေကြောင့် ကလေးတွေ ဘ၀တသက်တာ စိတ်ဒဏ်ရာရသွားကြသလို ကလေးဘ၀တွေလည်း ဆုံးရှုံးကြရပါတယ်”
ဟု အက်ရှင်မင်းသား ဂျက်ကီချန်းက ပြောကြောင်း ကုလသမဂ္ဂ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြရေးသားထားသည်ကို တွေ့ရှိရသည်။

ကလေးများသည် ရောင်းကုန်မဟုတ်၊ ကမ္ဘာပေါ်ရှိကလေးများအတွက် အဆိုပါရာဇ၀တ်မှုများတိုက်ဖျက်ရေးအတွက် ကျွန်ုပ်တို့ အစွမ်းကုန် အားစိုက်ကြရမည်ဟုလည်း မင်းသားက ပြောသည်။

ခရီးစဉ်အတွင်း ကုလသမဂ္ဂ၏ ကလေးသူငယ်ဆိုင်ရာစီမံကိန်းနယ်မြေများ၊ သင်တန်းများသို့ သွားရောက်မည်ဟု သိရသည်။

မြန်မာပြည်တွင်လည်း ထင်ရှားသည့် အက်ရှင်မင်းသား ဂျက်ကီချန်းသည် ကုလသမဂ္ဂ ချစ်ကြည်ရေးသံတမန် အဖြစ် ၂၀၀၄ ခုနှစ်ကတည်းက ကူညီဆောင်ရွက်ခဲ့သူဖြစ်သည်။

သူ၏ စေတနာဝန်ထမ်းလုပ်ငန်းများနှင့် ပတ်သက်ပြီး http://www.hivinfo4mm.org/?p=1091 တွင်လည်း မြန်မာဘာသာဖြင့် ဖတ်ရှုနိုင်သည်ကို တွေ့ရှိရသည်။

ညွှန်း - မိုးမခ http://moemaka.com/

iPad အမည်ကိစ္စ Apple ဒေါ်လာ သန်း ၆၀ ပေးလျော်လိုက်

2 comments



တရုတ်နိုင်ငံမှာ iPad အမည် ပိုင်ဆိုင်ခွင့်နဲ့ ပတ်သက်ပြီး အငြင်းပွားမှုတွေ အဆုံးသတ်သွားစေတဲ့ ဆုံးဖြတ်ချက် တခုကို တရုတ် တရားရုံး တခုက ပြီးခဲ့တဲ့ ဇူလိုင်လ ၂ ရက်နေ့က ကြေညာခဲ့ပါတယ်။ ဒါကတော့ ကမ္ဘာကျော် Apple က တရုတ်နိုင်ငံ မှာ iPad အမည်ကို ပိုင်ဆိုင်ထားတဲ့ Proview ကုမ္ပဏီကို အမေရိကန် ဒေါ်လာ သန်း ၆၀ ပေးလျော်ဖို့ ဖြစ်ပါတယ်တဲ့။

အဓိက တရုတ်ဈေးကွက်မှာ လူကြိုက်များတဲ့ Tablet computer နဲ့ပတ်သက်တဲ့ အရောင်းဈေးကွက်မှာ အဟန့်အတားဖြစ် နေတာကို ဖယ်ရှားနိုင်ဖို့ အခုလို ဆုံးဖြတ်တာလို့လည်း AP သတင်းဌာနမှာ ဖော်ပြ ထားပါတယ်။

တရုတ်နိုင်ငံဟာ အမေရိကားပြီးရင်း Apple ရဲ့ ဒုတိယအကြီးဆုံး ဈေးကွက်လည်းဖြစ်ပါတယ်။ တရုတ်နိုင်ငံ စီးပွားရေး ဖွံ့ဖြိုး တိုးတက်ဖို့ နည်းပညာ ရင်းနှီးမြှုပ်နှံချင်သူတွေကို တရုတ် ကွန်မြူနစ်ပါတီက ဆွဲဆောင်ချင်တဲ့ အတွက် Apple နဲ့ တရုတ် Shenzhen Proview Technology အငြင်းပွားမှုက စိန်ခေါ်မှုတခု အဖြစ်လည်း ပုံပေါ်ခဲ့တယ်။

“ iPad အငြင်းပွားမှု အဖြေရှာတာ အခုအဆုံးသတ်သွားပါပြီ။ ကြားဝင်ဆောင်ရွက်ပေးမှုရဲ့ မေတ္တာရပ်ချက် အတိုင်း Guangdong တရားရုံးချုပ်ရဲ့ ဘဏ် စာရင်းထဲကို Apple ကုမ္ပဏီကလည်း အမေရိကန် ဒေါ်လာ သန်း ၆၀ လွှဲပေးပြီးသွား ပါပြီ” လို့ Guangdong တရားရုံးချုပ်ရဲ့ ကြေညာချက်က ဆိုပါတယ်။

ရှန်ဟိုင်းမြို့က DeBund Law Office က ရှေ့နေတဦးဖြစ်တဲ့ You Yunting ကတော့ “Apple ဟာ ဒီ သန်း ၆၀ တန် အ လျော် အစား လုပ်လိုက်တာဟာ တရုတ်ဈေးကွက်က ၀ယ်လိုအား အလွန်ကြီးတာကြောင့် Apple အတွက် တော့ ကောင်း တဲ့ အပေးအယူ လုပ်လိုက်တာပါဘဲ” လို့ မှတ်ချက်ပေးပါတယ်။

တရုတ်နိုင်ငံမှာ iPad ရဲ့ အမည်ကို ပိုင်ဆိုင်ထားတဲ့ Proview ကုမ္ပဏီရဲ့ ရှေ့နေ Xie Xianghui ကလည်း
“ ဒါက ၂ ဘက်လုံး လက်ခံနိုင်တဲ့ ရလာဒ်ပါ” လို့ ပြောပါတယ်။

စက်ဘီးနင်းရင်း အွန်လိုင်းတက်မယ်

0 comments

ဓာတ်ပုံ- MacTube

ကွန်ပျူတာ သုံးစွဲသူတွေဟာ ကျန်းမာရေးကို အနည်းနဲ့အများ ထိခိုက်ကြပါတယ်။ ကွန်ပျူတာရှေ့ တနေကုန် ထိုင်အလုပ်လုပ်ကြတဲ့သူတွေမှာ ကျန်းမာရေး လေ့ကျင့်ခန်းလုပ်ချိန်တောင် မရှိတာတွေလည်း အများသားပါ။

ဒီ အိုင်ဒီယာလေးကတော့ လေ့ကျင့်ခန်းလုပ်ရင်း ကွန်ပျူတာ သုံးစွဲပုံလေးပါ။ စက်ဘီးနင်းရင်း အွန်လိုင်း တက်လို့ ရတာပေါ့။

နိုင်ငံတကာစံမီ အပြောင်းအလဲ ဘယ်က စလဲ ???

5 comments



မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုမှာ နိုင်ငံတကာ စံချိန်နဲ့အညီ ထင်ရှားတဲ့ ပြောင်းလဲမှု တခုကို မြင်တွေ့ ရပါတယ်။

ဒါကတော့ တချိန်က ကားနံပတ်တွေကို မြန်မာ အက္ခရာ၊ မြန်မာ နံပတ်တွေနဲ့သာ ရေးသားကြပေမယ့် အခုတော့ အင်္ဂလိပ် အက္ခရာ၊ အင်္ဂလိပ်နံပတ်တွေ ပြောင်းလဲ အသုံးပြုပါပြီ။

ဒါပေမယ့် မြန်မာ့ထုံးစံအတိုင်း ကားတိုင်းကို နိုင်ငံတကာမှာလို အင်္ဂလိပ်အက္ခရာ၊ နံပတ်တွေသုံးတာ မဟုတ်ပါဘူး။ အငှားယာဉ် ( TAXI) ကာတွေကိုသာ "ကက" အက္ခရာ နေရာမှာ AA လို့ သုံးစွဲတာနိုင်ငံပိုင် သတင်းစာရဲ့ သတင်းထောက်က ဖော်ပြထားတာပါ။

အခုလို ပြောင်းလဲမှုက ပြည်ပ အတိုက်အခံ နံမည်ကြီးတယောက်က ဒီမိုကရေစီ ပြုပြင်ပြောင်း လဲရေး နိုင်ငံတကာ စံချိန် မီချင်ရင် ပထမဆုံး ကားနံပတ်တွေကို အင်္ဂလိပ်လို ပြောင်းလဲသင့်တ ယ်ပြောလိုက်လို့များ လိုက်လုပ်လေသလား မပြောတတ်ပါ။

တကယ် စနစ်တကျ ကျယ်ကျယ်ပြန့်ပြန့် ပြောင်းလဲမှု မဟုတ်သေးဘူးဆိုတာ သတိထားမိစေပါတယ်။ နိုင်ငံပိုင် သတင်းစာက ဒါကို အမှတ်မထင် သတင်းမြင်ကွင်းအနေနဲ့ ဖော်ပြထားပါတယ်။

ပြည်သူ့ဟစ်တိုင်တွေထားပေးရင် ဘယ်လိုနေမလဲ

0 comments

~

မောင်ဝံသ

Shouting at Speakers' Corner, Hyde Park, on a wet Sunday
လန်ဒန်က ပန်းခြံမှာ ရင်ဖွင့်နေသူများ (photo: http://www.urban75.org)

ပြည်သူ့ခေတ် ဂျာနယ် ယခင်အပတ်ထုတ်မှာ ဖော်ပြခဲ့တဲ့ မောင်ဝံသ ပြောချင်လွန်းလို့ ဆောင်းပါး ဖြစ်ပါတယ်။


ဆန္ဒပြပွဲနဲ့ ဒီမိုကရေစီအလေ့အကျင့်

မကြာသေးခင်က ဟိုနေရာ သည်နေရာတွေမှာ ဆန္ဒပြပွဲတွေ ဖြစ်ခဲ့တယ်၊ ဆန္ဒပြပွဲတွေကြောင့် ဒီမိုကရေစီရှေ့ခရီးကို မထိခိုက်နိုင်ဘူးလားဆိုတဲ့ မေးခွန်းကို အတော်များများက မေးလာကြတယ်။ ကျွန်တော်ကတော့ ဆန္ဒပြပွဲများကြောင့် ဒီမိုကရေစီအလေ့အကျင့်တွေကို လက်တွေ့ရရှိကြမှာဖြစ်လို့ ရှေ့ခရီးအတွက် စိုးရိမ်စရာ မရှိပါဘူးလို့ ဆောင်းပါးတချို့မှာ ရေးခဲ့တယ်ဗျာ။

ကျွန်တော်ဆိုလိုတဲ့ ဆန္ဒပြပွဲတွေဟာ ငြိမ်းချမ်းစွာ ဆန္ဒပြကြတာကို ပြောနေတာပါ။ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေအဖို့လည်း မိမိတို့အချင်းချင်း စည်းကမ်းထိန်းတဲ့အလေ့အကျင့်ရတယ်။ လမ်းသွားလမ်းလာပြည်သူများကို လည်း အနှောက်အယှက်မဖြစ်စေဘူး။ ဆန္ဒပြတာကို လုံခြုံရေးအရ စောင့်ကြပ်သူတွေအဖို့လည်း ဆူပူမှုမပြုသူတွေကို စိတ်ရှည်ရှည်နဲ့ လိုက်ပါ စောင့်ရှောက်သလိုတောင် ဖြစ်သွားပြီး ပဋိပက္ခတွေကို ရှောင်လွှဲနိုင်တဲ့အကျိုး ရရှိကြမှာ ဖြစ်တယ်ဗျာ။

အလုပ်သမားအချို့၊ လယ်သမားအချို့ ဘာကြောင့်ဆန္ဒပြကြသလဲ။ သူတို့ အကျိုးစီးပွားတွေ ဆုံးရှုံးနစ်နာစရာများ ဖြစ်ပေါ်လာလို့၊ လှည့်စားခံရလို့၊ လိုလားချက်တွေ ဖော်ထုတ်ပြီး ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ တောင်းဆို ချင်လို့ဆန္ဒပြကြတာပဲဗျ။ အကြောင်းမရှိဘဲ ဘယ်သူက ဆန္ဒပြကြမှာလဲဗျာ။

အောက်ခြေမှာ ဖြေရှင်းနိုင်ရင်

ဇွန် ၁၉ ရက်မှာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ပြုပြင်ပြောင်းလဲ ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်းတဲ့ မူဝါဒမိန့်ခွန်း ပြောကြားသွားရာမှာ ဆန္ဒပြခြင်းနဲ့ ပတ်သက်လို့ အရေးပါတဲ့ သဘောထားတစ်ခုကို ကြားလိုက်ရတယ်ဗျ။

"ပြည်သူလူထု၏ အခက်အခဲများကို ဒေသဆွေးနွေးပွဲများ၌ ဖော်ထုတ် ဆွေးနွေးနိုင်ခြင်း၊ အောက်ခြေတွင် ဖြေရှင်းနိုင်သည်များကို ချက်ချင်း ဖြေရှင်းပေးခြင်းဖြင့် ယနေ့လမ်းပေါ်ထွက်၍ ဆန္ဒပြရန်မလိုဘဲ ဒီမိုကရေစီ ကျင့်စဉ်နှင့်အညီ နည်းလမ်းတကျ ဖြေရှင်းဆောင်ရွက်ပေးနိုင်ခြင်းစတဲ့ အကျိုးကျေးဇူးတွေကို ရရှိလာမှာ ဖြစ်ပါတယ်"

အခက်အခဲများကို ဖော်ထုတ် ဆွေးနွေး၊
အောက်ခြေမှာ ဖြေရှင်းနိုင်သည်များကို ချက်ချင်းဖြေရှင်းပေး
လမ်းမပေါ်ထွက်၍ ဆန္ဒပြရန်မလိုဘဲ ဖြေရှင်းပေးနိုင်။

ကောင်းလိုက်တာဗျာ။ သည်နေရာမှာ အောက်ခြေမှာ ဖြေရှင်း ပေးနိုင်တဲ့ အာဏာပိုင်များက သမ္မတကြီး ပြောတဲ့စကားတွေကို ကြားဖို့တော့ လိုမယ်ဗျ။ ကြားတယ်ဆိုရင်လည်း မှန်မှန်ကန်ကန် လိုက်နာကျင့်သုံးဖို့ လိုမယ်ဗျ။ အတော်များများနေရာတွေက ဒေသ အုပ်ချုပ်ရေးသမားများဟာ ရေဒီယိုမဖွင့်၊ ရုပ်သံမကြည့်၊ သတင်းစာမဖတ်၊ ဂျာနယ် မဖတ်ကြဘူးထင်ပါရဲ့ဗျာ။ သမ္မတကြီး မကြာမကြာပြောပြောနေတဲ့ ကောင်းမွန်သော အုပ်ချုပ်မှုတို့ သန့်ရှင်းသော အစိုးရတို့ ဆိုတာတွေကိုလည်း မကြားဖူးသလိုပဲဗျ။ သူတို့ဆီမှာ မီးမလာလို့ ရေဒီယို မဖွင့်နိုင်၊ ရုပ်သံ မကြည့်နိုင်၊ လမ်းပန်းဆက်သွယ်ရေး မကောင်းလို့ သတင်းစာ၊ ဂျာနယ်လည်း မဖတ်နိုင်လို့ ဆင်ခြေပေးကြမလားတော့မသိ။

သွေးနားထင်ရောက်နေသူများ

ပြည်သူလူထုရဲ့ ဆန္ဒသဘောထား (Public Opinion) တွေကို ဆွေးနွေးရယူခြင်းနည်းလမ်းနဲ့ အပြန်အလှန် ယုံကြည်လေးစားမှုဖြင့် ဆောင်ရွက်ရမယ်လို့ သမ္မတကြီးက လမ်းညွှန်ခဲ့တာလည်း များလှပါပြီ။ သို့ပေမယ့် ပြည်သူတွေဟာ အုပ်ချုပ်ခံတွေ၊ မိမိသည် ပြည်သူ့ဝန်ထမ်းမဟုတ်၊ အုပ်ချုပ်သူ(ruler) စစ်စစ် ဖြစ်တော့သကိုးလို့ သွေးနားထင်ရောက်နေ သူများက အဆိုပါလမ်းညွှန်ချက်မျိုးကို လိုက်နာဖို့ အတော်ခက်ခဲနေကြပုံရ ပါတယ်ဗျာ။

သမ္မတကြီးကို အားနာတယ်

"ကမ္ဘာ့အလယ်မှာ သားစဉ်မြေးဆက် ရပ်တည်နိုင်အောင် စွမ်းဆောင်ရည်ရှိသော လူမျိုးများအဖြစ် အစိုးရ၊ လွှတ်တော်၊ ပြည်သူအားလုံးနဲ့ စတုတ္ထမဏ္ဍိုင်တို့ ပူးပေါင်းပြီး ညီညီညွတ်ညွတ် ခိုင်ခိုင်မာမာ လက်တွဲ ကာကွယ်စောင့်ရှောက်သွားရမှာ ဖြစ်ပါတယ်" ဆိုတဲ့ စကားမှာ စတုတ္ထမဏ္ဍိုင်က ပါလာပြန်တယ်ဗျ။

သမ္မတကြီးကတော့ ရာထူးလက်ခံမိန့်ခွန်း ပြောခဲ့တဲ့ လွန်ခဲ့တဲ့ တစ်နှစ်နဲ့ နှစ်လကျော်ကတည်းက စတုတ္ထမဏ္ဍိုင် သတင်းမီဒီယာများကို အားကိုးခဲ့တာ ခုထိ အားကိုးချင်နေတုန်းပါပဲလားလို့ အားတုံ့အားနာ ဖြစ်သွားမိပါတယ်ဗျာ။

ငါဟဲ့ ဘီကျားဘ၀ပါပဲ

ကျွန်တော်တို့မှာ အိပ်ချင်မူးထူးနဲ့ ဇာတ်ဝင်ခန်းအ၀တ်အစား ကြုံသလို ဆွဲဝတ်ပြီး ထွက်ခဲ့ရတဲ့ ဇာတ်သမားလို ဖြစ်နေသေးတယ်ခင်ဗျ။ သူ့ခမျာ ခေါင်းမှာ ဆောင်းထားတာက ဘီလူးခေါင်း၊ ကိုယ်မှာဝတ်ထားတာက အစင်းအစင်းတွေနဲ့ ကျားဝတ်စုံ။ ဆိုင်းဆင့်အဆုံးမှာ သူ့ကိုယ်သူ ကြေညာရမှာက "ငါဟဲ့ ဘီလူး" ဆိုလည်း ဘီလူး၊ "ငါဟဲ့ ကျားမင်း" ဆိုလည်း ကျားမင်း။ အဲသလို ဖြစ်ရမှာ၊ ဘီလူးခေါင်းစမ်းကြည့်ပြီး ငါဟဲ့ဘီလူးလို့ ပြောမလို့လုပ်တုန်း ခါးမှာ ၀တ်ထားတဲ့ ကျားဝတ်စုံကို တွေ့တော့ ကမန်းကတန်း ပြင်ပြောလိုက်တာက "ငါဟဲ့ ဘီကျား"တဲ့။ ကျွန်တော်တို့လည်း ငါဟဲ့ စတုတ္ထမဏ္ဍိုင်လို့ ကြုံးဝါးမယ်လုပ်တုန်း ကိုယ့်ဘာသာကိုယ် ပြန်ကြည့်မိပြီး ငါဟဲ့ ဘီကျားလို့ အော်ရမလို ဖြစ်နေတယ်ဗျ။

မည်သို့ရှိစေပေါ့ဗျာ၊ ကျွန်တော်တို့ကတော့ သမ္မတကြီး မိန့်ခွန်းကို မကြားသူတွေကို ကြားအောင် နည်းမျိုးစုံနဲ့ လုပ်ရမှာပဲဗျ။ တိုးတိုးပြောလို့မရရင် အော်လံသုံးပြီး အကျယ်ကြီးအော်ပြောရမှာပဲဗျ။ နှဖါချေးတွေ ပိတ်နေလို့ပါ ဆိုရင် နှဖါကလော်ကောင်းကောင်းနဲ့ ကော်ထုတ်ပေးရမှာပဲဗျ။

မမြင်လို မကြားလို မပြောလို

ခုပုံက ဆရာမနိုင်နှစ်ဆောင်ပြိုင်လို့တောင် ပြောရမယ့် အခြေအနေ ရောက်နေတဲ့ ကိုယ့်ကိုယ်ကိုယ်ျွကူနမ လို့ အထင်ရောက်နေသူများဟာ ဒဏ္ဍာရီလာ မျောက်သုံးကောင်လို ဖြစ်နေတယ်ဗျ။ မျက်စိနှစ်ဖက်လုံးကို ပိတ်ထားတဲ့ မျောက်၊ နားနှစ်ဖက်ကို ပိတ်ထားတဲ့ မျောက်နဲ့ ပါးစပ်ကို ပိတ်ထားတဲ့မျောက် သုံးကောင်တွဲရုပ်ပုံတွေကို တွေ့ဖူးကြမှာပါ။ မူရင်းသဘောကတော့ အကုသိုလ်တွေကို မမြင်လို၊ မကြားလို၊ မပြောလိုဆိုတဲ့ အဓိပ္ပာယ်ဖြစ်တယ်လို့ ကြားဖူးတယ်ဗျ။ အခု အောက်ခြေကအုပ်ချုပ်သူ ruler အချို့ကတော့ အဲသလို သဘောမဟုတ်ပါ။ သမ္မတကြီးရဲ့ အမှာစကားတွေကို မကြားလို၊ အပြောင်းအလဲဆိုတာတွေကို မမြင်လို၊ ပြည်သူများရဲ့ အခက်အခဲတွေကို ဖြေရှင်းပေးဖို့ဆိုတဲ့ စကားမျိုး မပြောလို ဆိုတာပဲ ဖြစ်လိမ့်မယ်ဗျ။

ဟိုက်ပတ်စတိုင် ဟစ်တိုင်များ

ပြည်သူတွေအနေနဲ့ သူတို့ရဲ့ အခက်အခဲများကို အာဏာပိုင်များ နားပေါက်အောင် ပြောဖို့ အခက်အခဲရှိမယ်ဆိုရင် လွတ်လွတ်လပ်လပ်ပြောဖို့ နေရာတော့ ပေးသင့်တယ် ထင်တယ်ဗျ။ ဟိုယခင် ဒီမိုကရေစီအစိုးရတစ်ခေတ် က မဟာဗန္ဓုလပန်းခြံမှာ လန်ဒန်က ဟိုက်ပတ်စတိုင် ဟစ်တိုင်လုပ်ပေးထား သလို မြို့ကြီးတွေက မြို့လယ်ပန်းခြံများမှာ ပြည်သူ့ဟစ်တိုင်များ ဆောက်လုပ် ပေးထားရင် ပြည်သူများရဲ့ ရင်ဖွင့်သံတွေကို ယခုထက်ပို၍ ပွင့်ပွင့်လင်းလင်း ကြားရလိမ့်မယ်လို့ တွက်ဆမိကြောင်းပါဗျ။

၂၂၊ ၀၆၊ ၁၂

maungwuntha
@gmail.com


~

ဒီနေ့ခေတ် လယ်သမားများ ဘာတွေဖတ်နေကြသလဲ

1 comments


-




ကာတွန်း - လိုင်လုဏ်

-

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved