မြန်မာ မီဒီယာ ဘာလဲ ဘယ်လဲ ဆွေးနွေးပွဲ

Thursday, July 12, 2012 1 comments

ယနေ့ မီဒီယာအကြောင်းဆွေးနွေးပွ္ပဲမှာ ဦးဆောင်ဆွေးနွေးသူများ၊ ချင်းမိုင်း တက္ကသိုလ်၊ ဓာတ်ပုံများ- ဧရာဝတီ

ဒီကနေ့ ချင်းမိုင်းတက္ကသိုလ်ထဲက Social Research Center မှာ လုပ်တဲ့ Burma Now: Accessing The Reforms, Part 3, Evolving Media Landscapes အမည်ရ ဆွေနွေးပွဲမှာ အဓိက ဆွေးနွေးသူများက မြန်မာ့ ဒီမိုကရေစီ အပြောင်းအလဲ မီဒီယာရဲ့ အခန်းကဏ္ဍကို ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးသွားကြပါတယ်။


ဆွေးနွေးပွဲ တက်ရောက်လာကြသူများ

ဆွေးနွေးပွဲမှာ စာပေစိစစ်ရေးကြောင့် ပြည်တွင်း သတင်းမီဒီယာလောက ပွင့်လင်းမှု မရှိသေးတဲ့ အခြေအနေ၊ ဆက်လက် ရုန်းကန်ကြရ အုံးမယ့် အနေအထား၊ ပြည်ပမီဒီယာတွေရဲ့အခန်းကဏ္ဍနဲ့ အခု မီဒီယာလောကမှာ ထည့်သွင်းရမလိုဖြစ် လာတဲ့ ဖေ့စ်ဘုတ် (Facebook) အသုံး တွင်ကျယ်လာမှုတွေကိုလည်း အလွန် စိတ်ဝင်စား ဖွယ် ပြောဆိုသွားကြပါတယ်။


ဦးဆောင်ဆွေးနွေးသူတွေဖြစ်တဲ့ ချင်းမိုင်တက္ကသိုလ်က Dr. Jennifer Leehey က Burma’s Media in the 1990’s and the Media’s Role in Burma’s Democratic Transition၊ ဧရာဝတီ မဂ္ဂဇင်း အယ်ဒီတာ ကိုအောင်ဇော်က Media Reforms in Burma and the Capacity of Native Journalists in Burma၊ ကရင် သတင်းစင်တာက အယ်ဒီတာ နန်းဖောဂေး က Burma’s Ethnic Media နဲ့ ဖေ့စ်ဘုတ် သုံးစွဲမှု စောင့်ကြည့် သုတေသနပြုနေသူ မမွန်မွန်မြတ်က The Rise and Impact of Social Media in Burma တို့ကို အလွန် စိတ်ဝင်စားဖွယ် ဆွေးနွေး တင်ပြသွားကြပါတယ်။



အမေးအဖြေတွေကလည်း အတော်အသက်ဝင်ပြီး မေးသူနဲ့ ဖြေသူများကြားပါမက ပရိတ်သတ် ၇၀ ကျော်ကို လည်း ဖမ်းစား ခဲ့ပါတယ်။













အနားယူခြင်း

0 comments

~




ကာတွန်း - ATH
cartoonistath


~

ဦးလော်စစ်ဟန်ရဲ့ သားတယောက် ကွယ်လွန်

2 comments

~


ဦးလော်စစ်ဟန် ရဲ့ သားကြီးတယောက် မကြာသေးခင်က ရန်ကုန်မှာ ကွယ်လွန်ကြောင်း ဒီနေ့ သတင်းစာနာရေးကြော်ငြာမှာ တွေ့ရပါတယ်။

နာရေးကြော်ငြာအရ ဦးလော်စစ်ဟန်မှာ သားသမီး ၈ ယောက် ရှိနေတယ်လို့ သိရပါတယ်။

ဦး သန်း နိုင် - ဒေါ်နန်းခမ်းလှိုင်
ဒေါ်ကြည်ကြည်ဟန် တို့၏ ညီမောင်၊

ဦးဝင်းနိုင်-ဒေါ်ခင်ပြုံးပြုံးမြင့်၊
ဦးထွန်းမြင့်နိုင် - ဒေါ်စီစီလျာ၊

ဦးမင်းဒင် - ဒေါ်ဖြူဖြူဟန်၊
ဦးMတူးတူးဂျာ-ဒေါ်သီတာဟန၊်

ဦးအောင်ြခိမ့် - ဒေါ်စပယ်ဟန၊်
ဦးအောင်ကျော်နိုင် - ဒေါ်အယ်နီ တို့၏ အစ်ကို

~

သမဂ္ဂ မဖွဲ့နဲ့၊ အသင်းပဲဖွဲ့

0 comments



မန်းသားလေး


မန္တလေးတက္တသိုလ် ပင်မဆောင်ကြီး (ဓာတ်ပုံ - မန်းသားလေး/ဧရာဝတီ)

အထက်မြန်မာပြည် တက္ကသိုလ်ဆရာ၊ ဆရာမများ အသင်းကို မန္တလေးမြို့ တက္ကသိုလ်သုံးခုမှ အင်အားစုများဖြင့် မကြာသေးမီက ဖွဲ့စည်းလိုက်သည်။

မှတ်ပုံတင်စဉ်က "သမဂ္ဂ" ဟူသော စကားလုံးကို လက်ခံခြင်း မရှိသဖြင့် အသင်း ဟု ပြောင်းလဲလိုက်ရသည်ဟု သိရသည်။

‘‘အလုပ်သမားဦးစီးဌာနမှာ မှတ်ပုံတင် လိုက်ပါပြီ။ ပြီးခဲ့တဲ့ အပတ်တွေတုန်းကတော့ ဒီအသင်းမဖွဲ့ဖို့ နောက်ကနေ ခြိမ်းခြောက်တာတွေ၊ ခြောက်လှန့်တာတွေ ရှိခဲ့ပါတယ်” ဟု မန္တလေး အဝေးသင်တက္ကသိုလ်၊ စိတ်ပညာဌာန တွဲဘက်ပါမောက္ခ ဦးသက်လွင်က ဧရာဝတီကို ပြောသည်။

ဦးသက်လွင်က ထိုအသင်းတွင် ဥက္ကဋ္ဌ တာဝန်ယူထားသည်။

အသင်းတွင် ပါဝင်သည့် ဆရာ၊ ဆရာမများ ကျောင်းအတွင်း နေထိုင်ခွင့် ရုတ်သိမ်းမည်ဟူသော ပါမောက္ခချုပ်တဦး၏ ခြိမ်းခြောက်မှုနှင့် ရင်ဆိုင်ခဲ့ရသည်ဟု ဆိုသည်။

‘‘ကျွန်တော်တို့ တက္ကသိုလ်ဆရာတွေရဲ့ ဘ၀ သိပ်ပြီး နိမ့်ကျပါတယ်။ ဆယ်ပေ ပတ်လည် အခန်းကျဉ်းလေးမှာ ရေရှား၊ မီးရှား နေနေရပါတယ်။ ကျွန်တော်တို့နဲ့ ရာထူးအတူ AE တို့၊ စစ်ဗိုလ်တွေ ဆိုရင် ကိုယ်ပိုင် လုံးချင်းအိမ်ယာတွေ၊ ကားတွေနဲ့ နိုင်ငံတော်က ထားပေးတာပါ..။ ကျွန်တော်တို့ကို ဒီလိုထားပေးတာတွေကို အထက်လူကြီးတွေ သိအောင်ပြောပြပြီး တက္ကသိုလ်ဆရာ၊ ဆရာမတွေရဲ့ အခန်းကဏ္ဍကို မြှင့်တင်သွားဖို့ ကြိုးစားသွားမယ်” ဟု မန္တလေးတက္ကသိုလ် ရူပဗေဒဌာနမှ ဒေါက်တာ ထွန်းထွန်းနိုင်က ပြောသည်။

ရတနာပုံ တက္ကသိုလ်၊ ဆေးတက္ကသိုလ်၊ GTC တက္ကသိုလ်တို့မှ ဆရာ ဆရာမ ပါမောက္ခများလည်း အသင်းဖွဲ့ရန် တာစူလျက် ရှိကြောင်း သိရသည်။


အထက်မြန်မာပြည် တက္ကသိုလ် ဆရာ၊ ဆရာမများ အသင်း အချက်အလက်

 ပါဝင်သည့် ဒေသဆိုင်ရာ တက္ကသိုလ်များ ~
မန္တလေးတက္ကသိုလ် (ပင်မ)
နိုင်ငံခြားဘာသာ တက္ကသိုလ်
အဝေးသင်တက္ကသိုလ် (မန္တလေး)

  လက်ရှိ အသင်းဝင် အင်အား ~
၇၀ နီးပါး

  ဆောင်ရွက်ရန် ~
- တက္ကသိုလ်ပညာရေးအဆင့်မြင့်မားစေရန်
- သင်ကြားရေးစနစ် ကောင်းမွန်စေရေးအတွက် လိုအပ်သည့် ပြုပြင်မှုများ ဆောင်ရွက်ရန်
- သုတေသန၊ လူ့စွမ်းအား ဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံတကာ တက္ကသိုလ်များနှင့် ချိတ်ဆက် ဆောင်ရွက်ရန်
- ပညာရေး နယ်ပယ်အတွင်း လာဘ်ပေး၊ လာဘ်ယူနှင့် အကျင့်ပျက်ခြစားမှုများ တိုက်ဖျက်ကာ ဂုဏ်သိက္ခာရှိ၊ ပညာရည်မြင့်မားသော နိုင်ငံတကာ အဆင့်မီ
ဆရာဆရာမများ ပေါ်ထွန်းရေး ဆောင်ရွက်ရန်



အလုပ်သမားသမဂ္ဂဖွဲ့ဖို့ ပန်းချီကားရောင်းပြီး ရန်ပုံငွေရှာ

0 comments

တားမြစ်ခံရသော အလုပ်သမား သမဂ္ဂများ ပေါ်ပေါက်ရေး ရံပုံငွေ ပန်းချီပြပွဲ ဇူလိုင်လ ၁၅ ရက်နေ့လောက်တွင် ပြန်ပြနိုင်လိမ့်မည်ဟု မျှော်လင့်
ကျော်နိုင်ဦး


ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ်အတွင်း ပြီးခဲ့သည့် တနင်္ဂနွေနေ့က စတင်ပြုလုပ်ရန် စီစဉ်ထားသော ရံပုံငွေ ရှာဖွေရေး ပန်းချီပြပွဲတခုကို အာဏာပိုင်များက ခွင့်ပြုချက် မပေးသေးကြောင်း၊ ခွင့်ပြုချက် ထပ်မံ တောင်းခံထားသဖြင့် လာမည့် တနင်္ဂနွေတွင် ပြုလုပ်နိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း သတင်းရရှိသည်။

ပြပွဲကို အလုပ်သမား သမဂ္ဂများ ပေါ်ပေါက်ရေး ကော်မတီ ရံပုံငွေ ရရှိရေးအတွက် ဒေါ်အိရွှေစင်ညွန့်နှင့် ကိုရန်နိုင်ဦးတို့က တာဝန်ခံ စီစဉ်ခဲ့သည်ဟု သိရသည်။

´အလွန်စိတ်ပျက်မိပါတယ်။ အားလုံးစီစဉ်ထားပြီးမှ ဒီလိုဖြစ်သွားတာဆိုတော့ အားလုံး ကသိကအောက်ဖြစ်တာပေါ့။ ကျမနဲ့ အတူတူ တွဲအလုပ်လုပ်တဲ့ ကိုရန်နိုင်ဦးကို အာဏာပိုင်တွေက ဒီရက်မှာ ခွင့်ပြုချက် မပေးနိုင်ဘူး။ ပါမစ် ပြန်တင်ရမယ်။ တပတ်အတွင်း ရမယ်ဆိုတဲ့အတွက် ကျမအနေနဲ့ ဒီ ၁၅ ရက်နေ့မှာ ပြပွဲ ပြန်လုပ်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်´ ဟု လွတ်လပ်သော အလုပ်သမား သမဂ္ဂများ ပေါ်ပေါက်ရေး ကော်မတီမှ ဒေါ်အိရွှေစင်ညွန့်က ဧရာဝတီသို့ ပြောသည်။

NLD ခေါင်းဆောင် တဦးဖြစ်သူ ဦးဝင်းတင် အပါအ၀င် စိတ်ဝင်စားသူများ လာရောက် ကြည့်ရှုအားပေးရန် စီစဉ်နေစဉ် တားမြစ်ခံလိုက်ရခြင်း ဖြစ်ကြောင်း သူမက ဆက်လက်ပြောဆိုသည်။

´ပြပွဲလုပ်မဲ့နေ့ကျမှ တားမြစ်ခံရတာဆိုတော့ ကျမတို့လည်း ILO ရုံးကို အကြောင်းကြားဖို့ အချိန်မရလိုက်တော့ဘူး။ ဒါကြောင့် ILO ရဲ့ လွတ်လပ်စွာ သင်းပင်း
ဖွဲ့စည်းရေးဆိုင်ရာ (FOA) မှ တာဝန်ရှိသူ Mr. Ross တို့ လာရောက် လေ့လာသွားကြပါတယ်´ ဟု ဆိုသည်။

ပြပွဲကို ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ် အထက် ပုဇွန်တောင်လမ်း အမှတ် (၃၁) ရှိ Culture Bridge Gallery တွင် စီစဉ်ထားကြောင်း သိရသည်။

ထင်ရှားသော ပန်းချီဆရာ ၃၆ ဦး၏ လက်ရာများကို ပြသ ရောင်းချမည် ဖြစ်ပြီး ရရှိသော အမြတ်အစွန်း၏ တ၀က်ကို အလုပ်သမား သမဂ္ဂများ ပေါ်ပေါက်ရေး ကော်မတီ ရန်ပုံငွေအဖြစ် လှူဒါန်းကြမည်ဟု ဆိုသည်။

ပန်းချီဆရာ ၃၆ ဦး အမည်ကို ဖော်ပြပေးလိုက်သည်။

၁။ ခင်မောင်ရင်
၂။ ဦးကံညွန့်

၃။ ဦးလူတင်
၎။ မောင်ဒီ

၅။ ခင်မောင်စန်း
၆။ ညိုသိန်း

၇။ မုတ်သုန်
၈။ မူမူ

၉။ စိုးနိုင်
၁၀။ ဧကစာချို

၁၁။ ဘဌေးကြည်
၁၂။ ဇော်မောင်

၁၃။ အောင်နိုင်မော်
၁၄။ ၀လုံး

၁၅။ ရန်နိုင်ဦး
၁၆။ ကောင်းထက်

၁၇။ လင်းဝဏ္ဏ
၁၈။ အောင်ခိုင်

၁၉။ မျိုးညွန့်ခင်
၂၀။ ဇာနည်ရမြင့်

၂၁။ ဟန်မင်းဦး (ဓါတ်ပုံ)
၂၂။ ရဲဝင်းအောင်

၂၃။ ၀င်းတင့်
၂၄။ အမ် စိုးလွင်

၂၅။ မင်းသိုက်
၂၆။ မင်းမင်း

၂၇။ သိန်းသိန်း
၂၈။ ညမင်းကျော်

၂၉။ စီအဲ (န်) ကေ
၃၀။ နေဆန်း

၃၁။ စိုးအောင်
၃၂။ စိုးဝင်းအောင်

၃၃။ မြင့်ဦး
၃၄။ ကေမိုးကို

၃၅။ တင်မောင်ဦး
၃၆။ တင်မောင်ဦး (မန္တလေး)


တိရစ္ဆာန်ရုံမှာ ကျားကိုက်လို့ တဦးသေဆုံး

0 comments

အခင်းဖြစ်ခဲ့တဲ့ ကျားလှောင်ချိုင့် ဂိတ်အ၀င်၊ ဒိန်းမတ် ကိုပင်ဟေဂင်တိရစ္ဆာန် ရုံ

ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင် တိရစ္ဆာန်ရုံမှာ အသက် ၂၀ ၀န်းကျင်ရှိတဲ့ အမျိုးသား တယောက်က ခြံစည်း ရိုးကျော်ပြီး ကျား လှောင်ခြံထဲ ၀င်ခဲ့ရာက ကျားတွေ ၀ိုင်းကိုက်သတ်လို့ သေဆုံးသွားပါတယ်လို့ AP သတင်း တရပ်မှာ ဖော်ပြထားပါတယ်။


ရဲပြောခွင့်ရ ပုဂ္ဂိုလ် Lars Borg က ပြောတာတော့
အကိုက်ခံရသူဟာ အာဖဂန်ဖွား လူငယ်တယောက်ဖြစ်ပြီး လွန်ခဲ့တဲ့ ၁ လကမှ ဒိန်းမတ်နိုင်ငံသား ဖြစ်ခဲ့သူပါတဲ့။ သူဟာ သူ့ကိုယ်သူ အဆုံးစီရင်တာ ဟုတ်မဟုတ် ဆိုတာလည်း ပြောရ ခက်ပါ တယ်တဲ့။

အခုတော့ လည်ပင်း၊ လည်မျို၊ ရင်ဘတ်၊ မျက်နှာ၊ ပေါင်တို့မှာ ကျားတွေ ၀ိုင်းကိုက်ထားတဲ့ ဒဏ်ရာများနဲ့ သေဆုံးသွားတာပါ လို့ ပြောပါတယ်။

ကိုပင်ဟေဂင် တိရစ္ဆာန်ရုံ မန်နေဂျာက ပြောတာတော့ နှစ်ပေါင်း ၁၅၂ နှစ် အတွင်း ဒီဖြစ်ရပ်ဆိုးဟာ ပထမဆုံးဖြစ် ပါတယ်တဲ့။

ကချင်ပြည်နယ်က သင်္ချိုင်းမြေ အခက်အခဲ

0 comments



အာဏာပိုင်များ မြေအစားထိုးပေးခြင်းမရှိပဲ သင်္ချိုင်းပြောင်းရွှေ့ခိုင်

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ကဝါးခကျေးရွာရှိ ရိုမန်ကက်သလစ် အသင်းတော် Roman Catholic (RC ) သင်္ချိုင်းကို လျှပ်စစ် ဖြန့်ချီရေး လုပ်ငန်းအတွက် လျှပ်စစ်ဝန်ကြီးမှ ပြောင်းရွှေ့ခိုင်းနေသည်။

အာဏာပိုင်များမှ ၂၀၁၁ ဇွန်လ မှ စတင် ပြောင်းရွှေ့ရန် အမိန့် ထုတ်ပြန် ထားသော်လည်း ဒေသခံများ မပြောင်းရွှေ့ သေးသဖြင့် ယခု နောက်ဆုံးထားကာ ပြောင်းရွှေ့ရန် ညွှန်ကြားလိုက်ခြင်းဖြစ်ကြောင်း ဒေသ ခံများပြောသည်။

ထိုသင်္ချိုင်းသည် ရွှေစက်၊ ကဝါးခ၊ ပလနကျေးရွာရှိ ကက်သလစ်အသင်းတော်ပိုင်သင်္ချိုင်းဖြစ်ပြီး ၁၉၆၀ ခုနစ် ခန့်မှ မြေမြုပ်သဂြိုလ်နေသောနေရာဖြစ်ပြီး ဒေသခံများသည် မပြောင်းရွှေ့လိုပဲရှိနေသည်။

အာဏာပိုင်များက ကားလမ်းဘေးတွင်ရှိနေသောကြောင့် ရွှေ့ခိုင်းခြင်းဖြစ်ပြီး လျှပ်စစ်မီးဖြန့်ချိရေးအတွက် အသုံးပြုရန် ယခုချိန်အဓမ္မပြောင်းရွှေ့ခိုင်းရာ မှာ မြေနေရာအစားထိုးပေးခြင်းမရှိသောကြောင့် ကက်သလစ် အသင်းတော်မှ ကိုယ်တိုင် မြေကွက်အသစ်ပြန်ဝယ်ယူနိုင်ရန် ရံပုံငွေများရှာဖွေနေရသည်။

ထိုသင်္ချိုင်း၏နယ်မြေပြေစာလည်းမရှိသောကြောင့်လည်း မလွှဲမသွေပြောင်းရန်စီစဉ်ခဲ့ရသည်ဟု ဘုန်းတော်ကြီး ခွန်းအောင်ပြောသည်။

“အစိုးရက ပြောင်းပဲ ပြောင်းခိုင်းတာ မြေ အစားပေးတာလည်း မရှိဘူး။ တကယ်ဆိုရင် ဧက ၂၀၊ ၃၀ တော့ ပေး မယ်ထင်တာ။ ခုအဲဒီသချိုင်းမှာ အသစ်မမြုပ်တော့ဘူုး။ နှစ်ခြင်းက ဂျော်ဘွမ်နဲ့ နီးတယ်ဆိုတော့ ဂျော်ဘွမ် မှာ မြုပ် တယ်။ ကျွန်တော်တို့ RC တွေက ဘယ်လောက်ဝေးဝေး ရာဒါကောင်းမှာ သွားမြုပ်ရတယ်။ အဟောင်း (မြုပ်ထားတာတွေ) ကိုတော့ ခုချိန်ထိ မပြောင်းရွှေ့ရသေးဘူး” ဟု ကဝါးခ RC ဘုန်းတော်ကြီး ပြောသည်။

၎င်း နယ်မြေကို ပြန်မရနိုင်တော့သဖြင့် RC ဘုန်းတော်ကြီး ခွန်းအောင်မှ ဦးဆောင်ကာ နောက်ထပ် မြေ ထပ်ဝယ်ရန် အလှူငွေ လိုက်လံ ကောက်ခံနေသည်။

ဇူလိုင် (၉) ရက် ည တွင် ကချင်အဆိုတော်နှင့် သရုပ်ဆောင်များဖြစ်ကြသည့် ကိုင်ဒင့်၊ ဇော်ဒိန်၊ ဇော် ဒွဲခေါင်၊ ဇော်မွန်းအောင်၊ မွန်းပန်၊ လဖိုင်လဂျာ၊ ကွမ်ထုံဆိုင်းရာ စသည့် အဆိုတော်များ သီချင်းဖျော်ဖြေမှု ကျင်းပကာ အလှူငွေ ကောက်ခံခဲ့ကြောင်း သိရသည်။

“သိန်း ၈၀ ၊ ၁၀၀ လောက်ရှိတဲ့မြေ ရရင်တော့ ရပါပြီ။ အရင်က နည်းနည်း စုထားတဲ့ ငွေ နည်းနည်းလေးတော့ ရှိတယ်။ ဒါမယ့် ငွေက မပြည့်သေးဘူး” ဟု ဘုန်းတော်ကြီး ခွန်ေးအာင်က ပြောသည်။

သင်္ချိုင်း တွင်း မြုပ်ထားသည့် ရုပ်အလောင်းများကိုလည်း ဒေသခံများမှာ အဝေးသို့ မပြောင်းရွှေ့လို သဖြင့် နောက် ထပ် သင်္ချိုင်း ပြုလုပ်ရန် ကဝါးခ တစ်ဝိုက် အနီး ပြန်ဝယ်ရန်စီစဉ်နေခြင်းလည်းဖြစ်ကြောင်း သိရသည်။

ဇွန်လ ၉ ရက် တနင်္လာညတွင် ကချင်တေးဂီတ ဆလွမ်အင်ဂွန် (Salum N-gun) အဖွဲ့မှ ကူညီမူဖြင့် ဖျော်ဖြေမှု များပြုလုပ်ပြီး အလှူ ရံပုံငွေများကို စတင်စုဆောင်းလာခြင်းဖြစ်သည်။

by Lachid Kachin
(source-KNG)




ရိုဟင်ဂျာအရေး သမ္မတ ဦးသိန်းစိန်ရဲ့ သဘောထား

5 comments


ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာ မင်းကြီး Mr. Antonio Guterresနှင့် သမ္မတ ဦးသိန်းစိန် ဓာတ်ပုံ- သမ္မတရုံး အင်တာနက်စာမျက်နှာ


အခုအချိန်မှာ အငြင်းပွားမှု ကျယ်လောင်နေတဲ့ ရိုဟင်ဂျာ ကိစ္စနဲ့ပတ်သက်လို့ သမ္မတ ဦးသိန်းစိန်ရဲ့ သဘော ထား မှတ်ချက် ထွက်ပေါ်လာပါတယ်။ ယမန်နေ့က ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီး Mr. Antonio Guterres နဲ့ တွေ့ဆုံစဉ်မှာ သမ္မတ ဦးသိန်းစိန်က ပြောကြားလိုက်တဲ့ စကားကို သမ္မတရုံး ရဲ့ အင်တာနက်စာမျက်နှာမှာ ဒီကနေ့ ဖော်ပြထားပါတယ်။




"တိုင်းရင်းသားမဟုတ်ဘဲ ခိုးဝင်လာ သည့် ရိုဟင်ဂျာများကို လက်ခံရန် မည်သို့မျှ မဖြစ်နိုင်
ကြောင်း၊ နောက်ဆုံး ဖြေရှင်းသည့် နည်းလမ်းမှာ ခိုးဝင်လာသည့် ရိုဟင်ဂျာများကို UNHCR သို့ အပ်နှံပြီး ဒုက္ခသည် စခန်းအဖြစ် ထားရှိရန် ဖြစ်ကြောင်း၊ UNHCR က ကျွေးမွေးစောင့် ရှောက်
ပေးရန် ဖြစ်ကြောင်း၊ တတိယနိုင်ငံက လက်ခံမည်ဆိုလျှင် ပို့ပေးမည် ဖြစ်ကြောင်း"


ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာ မင်းကြီးနဲ့ တွေ့ဆုံစဉ် ပြောကြားချက် မူရင်းကို ဒီနေရာမှာ လည်း ကလစ်နှိပ်၍ သွားရောက်ကြည့်ရှုနိုင်ပါတယ်။



"သဘောထား အတင်းမာဆုံးသူ" __လူထုစိန်ဝင်း

2 comments

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလဆန်းပိုင်းမှာ တွေ့ရတဲ့ လူထုစိန်ဝင်း (ဓာတ်ပုံ – ဧရာဝတီ)

ဆရာ လူထု ဦးစိန်ဝင်းက အခု အမျိုးသား ဒီမိုကရေစီ ပါတီ ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးဝင်းတင်နဲ့ပတ်သက်လို့ ရေးထားတဲ့ မနှစ်က ဆောင်းပါးတပုဒ်ပါ။
စာနယ်ဇင်းလောကအကြောင်း ပွင့်ပွင့်လင်းလင်း ပြောထားပါတယ်။ ဦးဝင်းတင် ဟာ စာနယ်ဇင်းသမားဘ၀ကနေ နိုင်ငံရေး သမားဘ၀ ပေါ်တာ ဆွဲလိုက်ခံလိုက်ရတာပါလို့ ဆရာ လူထု စိန်ဝင်းက ဆိုထားပါတယ်။

ဦးဝင်းတင် ဘာသာပြန် "ဥတ္တရအလင်း" စာအုပ် အမှာစာ

"သဘောထား အတင်းမာဆုံးသူ"... အကြောင်းမသိသူ တိုင်းက သူ့ကို ဒီလိုပဲ မြင်ကြတယ်။ ခေါင်းမာလွန်း၊ မာကြောလွန်းတယ် လို့လည်း ကောက်ချက် ချကြတယ်။ တချို့ကဆို ကွန်မြူနစ် လက်ဝဲသမားလို့တောင် တံဆိပ်တပ်လိုက်ကြတယ်။

စာနယ်ဇင်းသမားကြီး ဟံသာဝတီ ဦးဝင်းတင်

နှစ်ပေါင်း ငါးဆယ်ကျော် လက်ပွန်းတတီး ရင်းရင်းနှီးနှီး အတူလက်တွဲ လုပ်ကိုင်ခဲ့သူတစ်ယောက် အနေနဲ့ ဒီလို ပြောဆိုသံတွေ ကြားရတဲ့အခါတိုင်း ပြုံးမိတယ်။စေ့စေ့စပ်စပ် စနစ်တကျ ပိုင်းခြား ဝေဖန် သုံးသပ်မှုမျိုး မလုပ်ဘဲ ကိုယ်လိုချင်ရာ ဆွဲပြီးပြီးစလွယ် ကောက်ချက်ချ၊ တံဆိပ်တပ်မှု မျိုးတွေကြောင့် နှစ်ပေါင်း ခြောက် ဆယ်ကျော် ရေစုန်မျောခဲ့ ရတာပါလားလို့ မတွေးဘဲ မနေနိုင် ဖြစ်ရတယ်။

နိုင်ငံရေးပါတီကြီးတစ်ခု စတင်တည်ထောင်ရာမှာ အဓိက အခန်းကဏ္ဍ က ပါဝင်ခဲ့ပြီး ကြီးလေးတဲ့ တာဝန်ကို ယူခဲ့ရပေမယ့် သူဟာ နိုင်ငံရေးသမား နဲ့ နည်းနည်းလေးမှကို မတူတဲ့ သူတစ်ယောက် အဖြစ်ပဲ ရှိနေသေး တာ တွေ့ရတယ်။ နိုင်ငံရေးသမားဆိုတာ ယေဘုယျအာဖြင့် ကိုယ့်ကိုယ်ကိုယ် ပေါ်ပြူလာဖြစ်အောင် လုပ်ကြ ရတယ်။ လူရှေ့ထွက်ပြီး လူလုံးပြတာနဲ့ စင်ပေါ်တက်ပြီး ဟောရ ပြောရတာကို မဖြစ်မနေ လုပ်ကြတယ်။

နှစ်ပေါင်း နှစ်ဆယ်ကျော် သူ နိုင်ငံရေးလုပ်တဲ့ လမ်းခရီးမှာ သူဟာ စင်ပေါ်တက် လူလုံးပြတာမျိုးတွေ သိပ်မလုပ်ဘဲ လုပ်စရာအလုပ်တွေကို ကန့်လန့်ကာ နောက်ကွယ်ကပဲ သိမ်းကြုံးလုပ်နေလေ့ ရှိတယ်။

နိုင်ငံရေးသမားအများစုက စားပွဲနဲ့ကုလားထိုင်ကိုသိပ် ခုံမင်ကြပြီး ရာထူးကို ဖော်ပြတဲ့ သုံးမျှောင်တုံးကိုလည်း သိပ်စုံမက်ကြတယ်။ သူက အဆောင်အယောင် အခမ်းအနားတွေကို သိပ်မုန်းသူ ဖြစ်တယ်။ သူ ပုဂ္ဂလိက
ကြေးမုံသတင်းစာကို တာဝန်ယူလုပ်နေစဉ်က မျက်နှာချင်းဆိုင် စီတန်းထားတဲ့ စားပွဲတွေမှာ တခြား အယ်ဒီတာတွေ သတင်းထောက်တွေနဲ့ အတူတူ ထိုင်ပြီး အလုပ်လုပ်တယ်။ မန္တလေးက ပြည်သူပိုင် ဟံသာဝတီ သတင်းစာကို သူပဲ စတင်တည်ထောင်ပြီး သူပဲ တာဝန်ယူ လုပ်ကိုင်ရတော့လည်း သူ့အယ်ဒီတာချုပ် ရုံးခန်းမှာ တံခါး မရှိပါဘူး။ စာစီတွေ၊ ဖိုမင်တွေ၊ စက်ဆရာတွေဟာ သတင်းထောက်တွေလိုပဲ သူ့အခန်းကို ဥဒဟို ၀င်ထွက်နေတာ တွေ့ရတယ်။

မန္တလေးနန်းရှေ့ က ယူဂိုဆလပ် တိုက်တန်းတွေက သူ့အခန်းမှာ သူရှိတဲ့ အချိန်ဆိုရင် ကလေးတွေ တရုန်းရုန်းနဲ့ စည်ကားနေ တတ်တယ်။ ဘယ်အရပ်ရောက်ရောက် သူ ပထမဦးဆုံး မိတ်ဆွေဖြစ်တာ ကလေးတွေပဲ။ သူ့ဟာသူ ထမင်း နပ်မှန် စားချင်မှစားပေမယ့် ရုံးက ပြန်ရင်တော့ ကလေးတွေ စားဖို့ မုန့်ပဲသရေစာ ၀ယ်သွားဖို့ သူ ဘယ်တော့ မှ မမေ့ဘူး။

ရှားရှားပါးပါး အားလပ်ရက်ရတဲ့အခါများ ဆိုရင် ကလေးပရိသတ် တစ်အုပ်ကြီးကို ထမင်းဟင်း ချက်ပြုတ်ကျွေး ရင်း သူ တပြုံးပြုံးနဲ့ ဖြစ်နေ တတ်တယ်။ ကွယ်လွန်သူ ကျွန်တော်တို့ မိတ်ဆွေ သူ့ မိတ်ဆွေ သတင်းစာဆရာ စာရေးဆရာ မောင်နေ၀င်း ရဲ့သားသမီးတွေ ဖြစ်ကြတဲ့ မောင်နေဦးမောင်ကြည်လင်၊ ရီရီဝင်း၊ မောင်ဥာဏ် တို့ ဆို သူ သိပ်ချစ်တယ်။ စလည်း စလေ့ ရှိတယ်။ အခု သူ နေတဲ့ သူ့သူငယ်ချင်း ကိုအုန်းထွန်း သမီးတွေ ဆိုလည်း သူ့သမီးတွေလို့ သူက သတ်မှတ်ထားတယ်။

ကိုအုန်းထွန်း ကို သံယောဇဉ်ရှိလို့ အတူနေတာထက် သူ့သမီးတွေကို သံယောဇဉ် ပိုရှိလို့ အတူနေတာ လို့တောင် ထင်မှတ်ရတယ်။ရောက်လေရာအရပ်မှာ ကလေးတွ တရုန်းရုန်းကြားမှာ နေတတ်သူမို့ ကျွန်တော်တို့၊ ကိုနေ၀င်း တို့ တစ်တွေက သူ့ကို ကလေးဗိုလ်ကြီး လို့ ခေါ်ကြတယ်။

ကျွန်တော့်သားကြီးဆိုရင် တကယ်ကို သူ့လက်ပေါ်မှာ ကြီးခဲ့ရတာလို့ ဆိုနိုင်တယ်။ ၁၉၆၇၊ ဇူလိုင် မှာ လူထု သတင်းစာ အပိတ်ခံရပြီး ကျွန်တော် အဖမ်းခံရတော့ သားကြီး က ဆယ်လသားအရွယ်ပဲ ရှိသေးတယ်။ သူ့ အမေက မင်္ဂလာဒုံ အောင်ဆန်းသူရိယလှသောင်းကျောင်း မှာ ဆရာမ လုပ်နေတာ ဆိုတော့ ကလေးကို တစ်နေကုန် မျက်နှာလွှဲထားခဲ့ရတယ်။ အဲဒီတော့ ကလေးက ချူချာတယ်။ နည်းနည်းလေး ကိုယ်ပူတာနဲ့ တက် တတ်တယ်။ ကလေးအမေကလည်း မင်္ဂလာဒုံမှာဆိုတော့ ပြန်မလာနိုင်ဘူး။ အိမ်သားတွေက သူ့ဆီပဲ လှမ်းပြီး ဖုန်းဆက်ရတယ်။ သူ ချက်ချင်း ရောက်လာပြီး ကလေးဆေးရုံ လိုက်ပို့ရတယ်။ တစ်ကြိမ်တစ်ခါ မဟုတ်ဘူး။

တစ်ခါ တစ်လေ တစ်လနှစ်ကြိမ် လောက်၊ တစ်ခါတလေ သုံးလ တစ်ကြိမ်လောက်။ ဒါကြောင့် သားကြီးဟာ တကယ်ပဲ သူ့လက်ပေါ် မှာ ကြီးခဲ့ရတာလို့ ဆိုနိုင်တယ်။

တခြား နိုင်ငံရေးသမားတွေနဲ့ သူ မတူကွဲပြားတဲ့ နောက်တစ်ချက်ကတော့ "နင်ဘဲငဆ" မငြင်းတတ် တာ ဖြစ် တယ်။ နိုင်ငံရေးသမား အများစု ဟာ အငြင်းသန်ကြတယ်။ "ငါ့စကားနွားရ" ပြောတတ် တယ်။ နောက်ပြီး
နိုင်ငံရေးသမားတွေ က လက်ဖ၀ါးလို ကျင့်လေ့ရှိတယ်။ မှောက်ချီလှန်ချီ လုပ်တတ်တယ်။ သူက ဗလောင်းဗလဲ မလုပ်တတ်ဘူး။

သူ ကိုင်ခဲ့တဲ့မူကို အခိုင်အမာ ဆုပ်ကိုင်ပြီး သဘောထား တင်းမာတာလို့ သတ်မှတ် ကြတာဖြစ် တယ်။ နိုင်ငံရေး သမား ဆိုတာ ရပ်တည်ချက် ခိုင်မာရတယ်။ အခြေခံမူကို အရောင်းအ၀ယ် မလုပ်ရဘူး။ စည်းရုံးရေးနဲ့ ဆက်ဆံရေးမှာတော့ပျော့ပျောင်း ငြင်သာရမယ်။ အဲဒီလို ဆိုကြတဲ့အတိုင်း သူ ကျင့်ကြံ နေထိုင် ခဲ့တာ ဖြစ်တယ်။

သူဟာ နှစ်ပေါင်းနှစ်ဆယ်နီးပါး ထောင်နန်းစံခဲ့ရတဲ့ ပါတီထိပ်သီးခေါင်းဆောင်ကြီး တစ်ယောက် ဖြစ်နေပေမယ့် ကျွန်တော် ကတော့သူ့ကို အခုထိ နိုင်ငံရေးသမားလို့ မမြင်ဘဲ သတင်းစာဆရာ တစ်ယောက် လို့သာ မြင်နေ ဆဲ ဖြစ်တယ်။ မူကို အပြုအပြင် မခံတာ၊ အပြောင်းအလဲ မလုပ်တာဟာ သတင်းစာဆရာများရဲ့ အခြေခံအကျ ဆုံးကျင့်ဝတ် ဖြစ်တယ်။

သတင်းသမား ဆိုတာ ဖြစ်တာကို ဖြစ်တဲ့ အတိုင်း၊ မြင်တာကို မြင်တဲ့အတိုင်း ရေးရတယ်။ ဖြည့်တာ စွက်တာ မလုပ်ရသလို ဖြုတ်တာ ဖျောက်တာလည်း မလုပ်ရဘူး။ သနပ်ခါးလိမ်း ပန်းပန်ပြီး လူမြင်ကောင်းအောင် မလုပ်ရသလို၊ လူမြင်မကောင်း လို့ ဆိုပြီး ထိမ်ချန်တာလည်း မလုပ်ရဘူး။

သတင်းစာဆရာ ဗီဇစိတ်နဲ့ နိုင်ငံရေး ၀င်လုပ်ရတော့ လူတွေက သူ့ကို အပြောင်းအလဲ မလုပ်ချင် တဲ့ သဘော ထား တင်းမာသူ လို့ မြင်နေကြတာဖြစ်တယ်။ တကယ်တော့ သူ ကိုယ်တိုင် က နိုင်ငံရေး သမား ဖြစ်ချင်တာ မဟုတ်ဘူး။ နိုင်ငံရေးလုပ်ဖို့လည်း သူ ဘယ်တုန်းကမှ စိတ်ကူးခဲ့တာမဟုတ်ဘူး။ မလုပ်မဖြစ်လို့ အရေးတော် ပုံကြီးအတွင်း ၀င်ရောက်လုပ်ကိုင်ရင်းနဲ့ ဇွတ်အတင်း "ပေါ်တာ" ဆွဲသလို အဆွဲခံ ခဲ့ရလို့ နိုင်ငံရေးသမား
ဖြစ်သွားခဲ့ရတာသာ ဖြစ်တယ်။

သူက သူ့ဘ၀တစ်ခုလုံးကို သတင်းစာထဲမှာပဲ မြုပ်နှံထားတာ ဖြစ်တယ်။ သတင်းစာ ကိုယ်တိုင် မလုပ်ရတဲ့ အချိန်တွေ ကို "ကွိ" လို ၊ "ဥတ္တရအလင်း" လို သတင်းစာဆရာတွေရဲ့အကြောင်းရေးတဲ့စာအုပ်တွေကို ဘာသာပြန်ရင်း နဲ့ "ရသေ့စိတ်ဖြေ" လုပ်သူ ဖြစ်တယ်။

အခုအချိန်က မြန်မာစာနယ်ဇင်းလောကမှာ အပတ်စဉ်ထုတ် ဂျာနယ်တွေ ၂၀၀ လောက်အထိ ထွက်ရှိလာ
တဲ့ စံချိန်တင်ရတဲ့ ကာလ ဖြစ်တယ်။ အသက်နှစ်ဆယ်နဲ့ အစိတ်ကြားယောက်ျားလေးတွေ၊ မိန်းကလေးတွေ အားတက်သရော ၀င်ရောက် လုပ်ကိုင်နေကြတယ်။ သတင်းစာ ပညာသင်တဲ့ တက္ကသိုလ်တွေ၊ ကျောင်းတွေ မရှိလေတော့ ဒီသူငယ်လေးတွေ အားလုံးဟာ မုဆိုးစိုင်သင် ဆိုသလို "လုပ်ရင်းသင်၊ သင်ရင်းလုပ်" လုပ်နေကြရ ရှာတယ်။ အုတ် အရောရော၊ ကျောက် အရောရော ဖြစ်နေကြတာလည်း ရှိတယ်။ ဒီလိုအချိန်မှာ "ဥတ္တရအလင်း" ပြန် ထုတ်ခွင့်ရတဲ့ အတွက် ၀မ်းသာ မိတယ်။

"ဥတ္တရအလင်း" က သတင်းစာလောကအကြောင်း မီးမောင်းထိုးပြထားတဲ့ စာအုပ် ဖြစ်တယ်။ သတင်းစာ အလုပ်ကို သာသနာပြု လုပ်ငန်းလို့ သဘောထား တဲ့ "တိုင်းပြုပြည်ပြု" သတင်းစာနဲ့၊ သတင်းစာလုပ်ငန်းကို စီးပွားရှာဖို့ နဲ့ ကိုယ့်ကိုယ်ကိုယ် နာမည်ကြီးအောင် လုပ်ဖို့ အသုံးချတဲ့ "ပေါက်လွှတ်ပဲစား" သတင်းစာတွေ အကြောင်း ကို ရှင်းခနဲ ထင်းခနဲမြင်သာအောင် ရေးထားတဲ့ အတွက် "မုဆိုးစိုင်းသင်" စမ်းတ၀ါးဝါး လုပ်နေရတဲ့ လူငယ်တွေ အတွက် အများကြီး အထောက်အကူ ရလိမ့်မယ်လို့ ထင်တယ်။

ဒါ့အပြင် သိက္ခာသမာဓိ ရှိတဲ့ သတင်းစာဆရာ ဆိုတာ ဘယ်လိုလူမျိုးဖြစ်တယ်၊ "အ၀ါရောင်သတင်း စာဆရာ" ဆိုတာ ဘယ်လိုလူမျိုး ဖြစ်တယ်ဆိုတာ ခွဲခြားပြီး သိနားလည်အောင်လည်း လုပ်ပေးပါ လိမ့်မယ်။ ကမ္ဘာတစ်ခု လုံး မှာ သိက္ခာရှိ သတင်းစာ ဆိုတာ တော်တော် ရှားနေပြီ။ အများစုက စီးပွား ရှာဖို့ အမြတ်အစွန်း များများ ရဖို့ ဘာမဆို လုပ်မယ်ဆိုတဲ့ သတင်းစာတွေ ဖြစ်နေပြီ။

"သတင်းစာ လုပ်ငန်းကို များ မြင့်မြတ်တော်မူပေသော ကိစ္စလို လုပ်ပြီး တရားဟောနေသေးတာ၊ ပတ်ချွဲနပ်ချွဲ သုစရိုက်သမားတွေ၊ တလွဲဆံပင်ကောင်းတဲ့ သတင်းစာစုတ်နဲ့ လောကနိဗ္ဗာန် ဖန်ဆင်းချင်တဲ့ မြှင့်တင်ရေး သမားတွေ ကို ကျွန်တော် နည်းနည်းမှ ကြည့်လို့မရဘူး"ဥတ္တရအလင်းထဲက "လီယိုနဒ်ညေး"ရဲ့ စကားထဲက သတင်းစာသမားမျိုးတွေပဲ ဒီခေတ်မှာ များနေတယ်။

"ဒီလုပ်ငန်းကလည်း တခြားလုပ်ငန်းတွေလိုပဲပေါ့။ငွေရဖို့နဲ့ သြဇာကြီးဖို့ ဆိုတဲ့ ပန်းတိုင် နှစ်ခုပဲ ရှိတာပါဗျ။ အဲဒီ ပန်းတိုင် ရောက်ဖို့ စောင်ရေတိုးရမယ်။ စောင်ရေတိုးဖို့ လူဖတ်ချင်တာတွေကို ရေးရမယ်။ လူအများစုကြီး ဖတ်ချင်တဲ့ "ဓာတ်စာ" သတင်းက ဘာလဲ။သူတို့ ဖတ်ချင်တာက အရေရွှမ်း တဲ့ မတော်တရော် သတင်းတွေ ဗျ။ အညှီအဟောက် သတင်းတွေ၊ အမနာပ သတင်းတွေ၊ အမြူအဆွ သတင်းတွေဗျ။ ရာဇ၀တ်ရုံး သတင်းတွေ၊ ထရံပေါက် က သတင်းတွေနဲ့ စောင်ရေ ခုနှစ်သန်းအထိ ရောက်နေတဲ့ "တနင်္ဂနွေ အထောက်တော်"က သက်သေခံနေ တာပဲ"

"ညေး"ရဲ့ စကားတွေက သွေးထွက်အောင် မှန်ပါတယ်။ ကမ္ဘာပေါ်က သတင်းစာနဲ့ ဆက်စပ် မီဒီယာ လုပ်ငန်း အားလုံး ကို အခုအခါ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေက ချုပ်ကိုင်ထားကြပြီး အမြတ်အစွန်း ရရေးအတွက် သက်သက်သာသာ လုပ်ကိင်နေကြတာကြောင့် "စတုတ္ထမဏ္ဍိုင်" ပီသတဲ့ သတင်းစာ ဆိုလို့ နည်းနည်းပါးပါး ပဲ မြင်တွေ့နိုင်ပါတော့တယ်။

"ဥတ္တရအလင်း" ကို လူငယ်တွေ ဖတ်ပြီး "ဟင်နရီပေ့"ကို အားကျရုံလောက် ရှိတယ်ဆိုရင်ပဲ ကျွန်တော်တို့ အနေ နဲ့ ကျေနပ်နိုင်ပါပြီ။



လူထုစိန်ဝင်း

၂၂.၁၁.၁၁.



ထိပ်တိုက်တွေ့မယ့် လယ်ထွန်မင်္ဂလာပွဲ

0 comments

၁၁.၇.၂၀၁၂ရက်နေ.တွင် စစ်တပ်များနှင့် စက်ရုံများက သိမ်းပိုက်ထားသောလယ်မြေများကို ပြန်လည် ထွန်ယက်ခြင်းများ မစတင်မီ ....တောင်သူလယ်သမားများသည်... .ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နှင့် အမိမြေကြီးကို သစ္စာရှိကြောင်းနှင့် မြတ်နိုး တန်းဖိုးထားကြောင်းကို ယခုလိုပြသခဲ့ကြသည်



ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်မှာ လေကြောင်းရန် ကာကွယ်ရေးတပ်က သိမ်းယူထားတဲ့ လယ်မြေ ဧက (၃၀၀) ၀န်းကျင်ရှိလယ်မြေ မူလပိုင်ရှင် လယ်သမားတွေဟာ လယ်လုပ်ခွင့် ပြန်ရဖို့၊ သီးစားချထားပေးဖို့ ရပ်ကွက် အုပ်ချုပ်ရေးမှူးအဆင့် ကနေ နိုင်ငံတော် သမ္မတအထိ အဆင့်ဆင့် မေတ္တာရပ်ခံစာတွေ အကြိမ်ကြိမ် တင်ပြခဲ့ပေမယ့် မည်သည့် တုံ့ပြန်မှုမျှ မရခဲ့ဘူးလို့ ဆိုပါတယ်။

ကိုယ်လယ်ကို ပြန်ထွန်ယက်နေကြတဲ့ လယ်သမားတွေ


ဒါကြောင့် ၀မ်းရေးအခက် ရင်ဆိုင် ကြုံတွေ့လာရတော့ ကိုယ့်လယ်မြေ ကိုယ်ပြန်ထွန်ယက် စိုက်ပျိုးမှုတွေကို ဇွန်လ ၂၃ ရက်က စတင်ပြီး လုပ်ခဲ့ကြပါတယ်။

အသိမ်းခံခဲ့ရတဲ့ လယ်မြေတွေနဲ့ လယ်ပိုင်ရှင် လယ်သမားတွေ

အခုတော့ ကိုယ့်လယ်ကို ပြန်ထွန်ယက်နေကြတဲ့ လယ်သမားတွေကို ယူနီဖောင်းအမျိုးမျိုးဝတ် အာဏာပိုင်အဖွဲ့အစည်း အသီးသီးက ခြိမ်းခြောက်လာပါတယ်။ မနက်ဖြန် ဇူလိုင်လ ၁၂ ရက်နေ့မှာ အခုလို လယ်ထွန်ယက်နေတာတွေ ဆက်လုပ်မယ်ဆိုရင်တော့ ဖမ်းဆီးထောင်ချမယ်လို့လည်း အတိအလင်း ခြိမ်းခြောက် ပြောဆိုလာနေတယ်လို့ သိရပါတယ်။

အာဏာပိုင်တွေက လယ်သမားတွေကို လာခြိမ်းခြောက်နေကြစဉ်

လယ်သမားတွေကလည်း လုပ်ကိုင်စားသောက်စရာ လယ်အလုပ်မှ တပါး လုပ်စရာလည်း မရှိတဲ့ အတွက် ဆက်လက်ပြီး ဒီလယ်မြေတွေပေါ် လယ်ထွန်ယက်တာတွေကို နောက်ဆုတ်ပေးဖို့ မရှိဘူးလို့ ပြောဆိုထားကြ ပါတယ်။

"ကျနော်တို့ လယ်သမားတွေကလည်း ၀မ်းရေးအတွက် အခြားရွေးချယ်စရာ နည်းလမ်းမရှိတော့လို့ ဆက်လက် ထွန်ယက်စိုက်ပျိုးဖို့ ဆုံးဖြတ်ထားပါတယ်" လို့ လယ်သမားတဦးက ပြောပါတယ်။

ဒါကြောင့် အခုအခြေအနေမှာ ထိပ်တိုက်တွေ့နေတဲ့ အခြေအနေဖြစ်နေပြီး လယ်သမားတွေကို အာဏာပိုင်တွေ က ဖမ်းဆီးတိုက်ခိုက်ခံရဖို့ မလွဲမသွေဖြစ်ပေါ်တော့မယ်လို့ ဆိုလာပါတယ်။

လာရောက်ဟန့်တားအင်အားပြခြိမ်းခြောက်နေကြတဲ့ လုံခြုံရေး အဖွဲ့တွေ

ယနေ့ ဇူလိုင်လ ၁၂ ရက် မနက် ၇ နာရီမှာတော့ လယ်သမားတွေက စစ်တပ်က သိမ်းပိုက်ထားတဲ့ သူတို့ရဲ့ လယ်မြေတွေမှာ လယ်ထွန်မင်္ဂလာပွဲ ဆင်နွဲဖို့လည်း ပြင်ဆင်ထားပါတယ်လို့ သိရပါတယ်။

ပန်းတောင်းမြို့နယ် တောင်သူလယ်သမားများ အရေးနှင့်ပတ်သက်၍

သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းများသို့

အရေးပေါ် မေတ္တာရပ်ခံချက်

နေ့စွဲ။ ၁၁၊ ၇၊ ၂၀၁၂။

၁။ ပဲခူးတိုင်းဒေသကြီး၈ ပန်းတောင်းမြို့နယ်အတွင်းတွင် ဘိုးဘွားပိုင် လယ်ယာမြေများအား နယ်မြေခံစစ်တပ်နှင့် ဌာနဆိုင် ရာ တို့မှ ၁၉၇၀၊ ၁၉၈၀ ပြည့်လွန်နှစ်များမှစ၍ ၁၉၅၃ ခုနှစ် လယ်ယာမြေ နိုင်ငံပိုင် ပြုလုပ်ရေးဥပဒေ၈ နည်းဥပဒေ လုပ်ထုံး လုပ်နည်းများနှင့် ညီညွတ်မှုမရှိဘဲ လယ်ယာမြေများအား ဧကပေါင်းမြောက်များစွာ သိမ်းဆည်းခဲ့ပါသည်

၂။ ယင်းလယ်ယာမြေများအား တောင်သူလယ်သမားများမှ သက်ဆိုင်ရာသိမ်းဆည်းသည့် အဖွဲ့အစည်းများသို့ သီးစားခ ဖြင့် နှစ်စဉ်ပေးသွင်း လုပ်ကိုင်ခဲ့ကြရပြီး တောင်သူလယ်သမားများမှာ မ်းစာမလုံလောက်မှုသင့်တင်မျှတသော ဈေးနှုန်း မရရှိမှု ထွက်နှုန်းကျဆင်းမှု စိုက်ပျိုးစရိတ်ချေးငွေများ မရရှိမှု အခက်အခဲပေါင်းစုံ ရင်ဆိုင်ခံစားနေခဲ့ကြရပါသည်

၃။ ယင်းလယ်ယာမြေများအား လွတ်လပ်စွာ လုပ်ကိုင်စားသောက်ခွင့်ပြုရန် တောင်သူလယ်သမားများမှ သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များသို့ အစဉ်တစိုက် အသနားခံ တင်ပြခဲ့ကြပါသည်

၎။ ၅၊ ၊ ၂၀၁၂ ရက်နေ ပြည် ပန်းတောင်း သဲကုန်း ကံမလေးမြို့နယ်အတွင်းရှိ တောင်သူလယ်သမား (၇၀၀) ကျော်မှ အလုပ်ရုံဆွေးနွေးပွဲတစ်ရပ်ကျင်းပပြုလုပ်၍ ၂၃-၂၄၊ ၃၊ ၂၀၁၂ ရက်နေ့များတွင် နိုင်ငံတော်သမ္မတထံ လိပ်မူ၍ အသနားခံ စာတစ်စောင် တင်ပြခဲ့ပြီး ဖြစ်ပါသည်

၅။ သို့သော် ရှင်းလင်းတိကျသော ဖြေရှင်းဆောင်ရွက်ပေးခြင်းများ မျှတကောင်းမွန်သော ဖြေရှင်း ဆောင်ရွက်ပေးခြင်းများ ပြုလုပ်ပေးခြင်း မရှိသောကြောင့် တောင်သူလယ်သမားများမှာ ယခုနှစ် စိုက်ပျိုးရေးရာသီတွင် ကြီးမားလေးလံသော လူမှု စီးပွား ပဿနာများ ကြုံတွေ့ခံစားနေကြရပါသည်

၆။ ထို့ကြောင့် ၂၉၊ ၆၊ ၂၀၁၂ ရက်နေ့ ရန်ကုန်မြို့တွင် မြို့နယ်ပေါင်း (၂၆) မြို့နယ် တောင်သူလယ်သမား (၁၆၉) ဦးတို့မှ သတင်းစာရှင်းလင်းပွဲတစ်ရပ် ကျင်းပ၍ မိမိတို့၏ အခက်အခဲ ပြဿနာများကို တင်ပြရှင်းလင်းခဲ့ပြီး ဖြစ်ပါသည်

၇။ ၂၃၊ ၆၊ ၂၀၁၂ ရက်များမှ စတင်၍ တောင်သူ လယ်သမားများမှ သိမ်းယူခံခဲ့ရသည်လယ်ယာမြေများ စီမံကိန်းများ အကောင် အထည် မဖော်ဆောင်နိုင်သည့်လယ်ယာမြေများ ဥပဒေ နည်းဥပဒေ၈ လုပ်ထုံးလုပ်နည်းများနှင့် ညီညွတ်မျှတစွာ သိမ်းဆည်းခဲ့ခြင်း မရှိသည့် လယ်ယာမြေများပေါ်တွင် ငြိမ်းချမ်းစွာဖြင့် မိမိတို့မ်းစာအတွက် ထွန်ယက် စိုက်ပျိုးနေကြပြီ ဖြစ်ပါသည်

၈။ သို့သော် ၁၁၊ ၇၊ ၂၀၁၂ ရက်နေ့တွင် ပန်းတောင်းမြို့နယ်အတွင်း ထွန်ယက်စိုက်ပျိုးနေသော တောင်သူလယ်သမားများ အား ဖမ်းဆီးအရေးယူမည်ဖြစ်ကြောင်းကို မြို့နယ် အုပ်ချုပ်ရေး ရဲ သက်ဆိုင်ရာ ဌာနဆိုင်ရာတို့မှ အင်အားပြ၍ ပြောကြား လာပါသည်

၉။ သက်ဆိုင်ရာ နိုင်ငံတော် အဆင့်ဆင့်သို့ ပန်ကြားမေတ္တာရပ်ခံလိုသည်မှာ တောင်သူလယ်သမားများ၏ လူမှုစီးပွားဘကို ထောက်ရှု၍ ယင်းလယ်ယာမြေများပေါ်တွင် စိုက်ပျိုးထွန်ယက်နေကြသော တောင်သူလယ်သမားများအား သက်ညှာ ခွင့်ပေးပါရန် မေတ္တာရပ်ခံလိုပါသည်

၁၀။ ယင်းဒေသရှိ တောင်သူလယ်သမားများမှာ လူမှု အကြပ်အတည်းများဖြင့် ရင်ဆိုင်နေကြရပြီး လယ်ယာလုပ်ငန်း သာ လျှင် ယင်းတို့၏ အသက်မွေးမ်းကြောင်းကို အာမခံနိုင်သောဒေသ၏ တစ်ခုတည်းသော စီးပွားရေးလုပ်ငန်း ဖြစ်နေသည့် အတွက် လယ်ယာမြေများအား လွတ်လပ်စွာ စိုက်ပျိုးခွင့်ပေးပါရန် အလေးအနက် မေတ္တာရပ်ခံပန်ကြားအပ်ပါသည်

Civil and Political Rights Campaign Group

နိုင်ငံသားနှင့်နိုင်ငံရေး အခွင့်အရေး လှုပ်ရှားဆောင်ရွက်ရေးအဖွဲ့

ဆက်သွယ်ရန်

civilandpoliticalrightscg@gmail.com

www.facebook.com/Civil and Political Rights Campaign Group

Ph: 09-4300-6830, 09-4950-1030


 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved