အလှအပက ၅၀% အရေးပါတယ် ~ ယုသန္တာတင်

Tuesday, December 18, 2012 4 comments


~


  လွင်မေသော်  
   ~

 
အနုပညာ ပျိုးခင်းရဲ့ စင်တင် မင်းသမီး မဖြစ်ခင် ကတည်းက လှပတဲ့ မျက်နှာလေးနဲ့ သွယ်လျတဲ့ ခန္ဓာကိုယ် အချိုးအစားတွေကြောင့် ဆယ်ကျော်သက်တွေကြား ခေတ်စားခဲ့တဲ့ မင်းသမီးလေးက ယုသန္တာတင်ပါ။

ယုသန္တာတင်က မျက်လုံး ပြင်ရတာကို အကြိုက်ဆုံး ဖြစ်ပြီး သူမရဲ့ လတ်တလော အကြိုက်ဆုံး ပြင်ဆင်မှုက မိတ်ကပ် လျှော့လိမ်းပြီး မျက်နှာပြောင်မှာ အိုင်းလိုင်နာ ထူထူဆွဲကာ နှုတ်ခမ်း အတွင်းသားလေး နီနေတဲ့ ပုံစံမျိုးလေးလို့ ဆိုပါတယ်။

မင်းသမီးလေးဟာ သနပ်ခါး အလိမ်းနည်းပြီး Skin Care ပုံမှန်သုံးကာ Toner နှင့် Moisture တစ်ခုခုသာ လိမ်းဖြစ်ပါတယ်လို့ ပြောပါတယ်။

အလှအပဟာ မိမိ ဘ၀ရဲ့ဘယ်နေရာ၊ ဘယ်အဆင့်မှာ ပါဝင်သလဲ ဆိုတော့“သာမန်လူတစ် ယောက်ဖြစ်ခဲ့ရင်တော့ အလှအပက သိပ်အရေး မပါဘူးပေါ့။အနုပညာ အလုပ်ကို လုပ်နေတဲ့သူဖြစ်တဲ့အတွက် အလှအပက ရာနှုန်းပြည့် မဟုတ်ပေမဲ့ ၅၀ ရာခိုင်နှုန်းတော့ အရေးပါပါတယ်”လို့ ဖြေကြားခဲ့ပါတယ်။

ပရိသတ် မိန်းကလေးတွေ အတွက် အလှအပနဲ့ ပတ်သက်တဲ့ အကြံပေးချက်လေးကတော့ အရမ်းကြီး လှနေဖို့ဆိုတာထက် အဓိက အနေနဲ့ သပ်သပ်ရပ်ရပ် နေတတ် စေချင်ပါတယ်တဲ့။ ဘယ်လောက်ဈေးကြီးတဲ့ အလှပြင် ပစ္စည်းတွေ အသုံးပြုထားပါစေ၊ စိတ်ဓာတ်ပိုင်းဆိုင်ရာ အားနည်းမယ်ဆိုရင် အဆင် မပြေနိုင်ပါဘူးတဲ့။

ဒါကြောင့် ပြင်ပမှာရော အတွင်း အရည်အချင်းပါ ရှိဖို့ အရေးကြီးတယ်လို့ ပြောပါတယ်။

အ၀တ်အစားကို ခုံမင်သူ ယုသန္တာတင်က ကျောင်းတက်တဲ့ အချိန်ကတည်းက မုန့်ဖိုးတွေ စုပြီး အ၀တ်အစားတွေ ၀ယ်ဝတ်ခဲ့တဲ့ သူပါ။ ယခု အနုပညာ အလုပ်ကို လုပ်ဖြစ်တဲ့ အချိန်မှာ အ၀တ်အစားတွေ ပိုဝယ်ဖြစ်ပြီး အ၀တ်အစား Brand မရွေး ၀ယ်စုဖြစ်တယ်လို့ သိရတော့ ဘယ် Style ကို အကြိုက်ဆုံးလဲလို့ မေးဖြစ်ပါတယ်။

“Style က အရမ်းကြီး ဟော့ရှော့ ခေတ်မီနေတယ် ဆိုတာထက် ခပ်ရိုးရိုး ဒီဇိုင်းလေးတွေကို ပိုသဘော ကျပါတယ်။ ထသွားထလာ ဘယ်လိုပဲ သွားသွား သွားရတာ အဆင်ပြေတဲ့  ပုံစံတွေကို သဘော ကျပါတယ်”လို့ ဖြေပေးခဲ့ပါတယ်။

 
ယုသန္တာတင်ရဲ့အလှအပ ပြင်ဆင်မှုဟာ ကျောင်းတက်ခဲ့တဲ့ အရွယ်နဲ့ အနုပညာ လောကထဲ ၀င်ရောက်တဲ့ အချိန် သိသိသာသာ ကွာခြားမှု မရှိဘူးလို့ သိရပါတယ်။  ကျောင်းတက်တဲ့ အချိန်တုန်းက မိတ်ကပ် မလိမ်းခြယ်ခဲ့ဘဲ အနုပညာ အလုပ်လုပ်တဲ့ အချိန်မှာတော့ သွားသွားလာလာ သတိထား အစစ အရာရာ ဖြီးလိမ်း ပြင်ဆင်မှုတွေတော့ ရှိတယ်လို့ ဆိုပါတယ်။

အ၀တ်အစား ဟော့ဟော့ရမ်းရမ်း ၀တ်ဆင်သူတို့ အပေါ် ယုသန္တာတင်ရဲ့ အမြင်လေး မေးကြည့်မိတော့ 
“ခေတ်မီမီ ၀တ်မှ လှတယ်ဆိုတာ တချို့တွေက ၀တ်ရင် တကယ်လှတယ်။ အဲဒီတော့ ကိုယ်နဲ့ လိုက် ဖက်တဲ့  အ၀တ်အစားကို ရွေးပြီးဝတ်ပေါ့။ အရမ်း ခေတ်မီတဲ့ အ၀တ်အစားတွေကို သွားမယ့်နေရာနဲ့ ကြည့် ပြီးဝတ်ပေါ့။ ကြည့်ပြီးဝတ်မယ် ဆိုရင်တော့ ဘာပဲ ၀တ်ဝတ် အဆင်ပြေမှာပါ”လို့ ဆိုပါတယ်။ သင်္ကြန် အတွင်း အ၀တ်အစား ပြဿနာများ အပေါ် ယုသန္တာတင်ရဲ့ ခံယူမှုလေး မေးကြည်တော့ လူငယ် တစ်ယောက် ဖြစ်တာကြောင့် ခေတ်မီမီဟော့ ရှော့များ ၀တ်စားရတာကို ကြိုက်နှစ်သက်ပေမဲ့ သူများ အမြင်မရိုင်းအောင် ၀တ်ဖြစ်ကြောင်း ပြောပါတယ်။  

ယုသန္တာတင်က အနုပညာပျိုးခင်း မင်း သား ၅ ယောက်စလုံးနှင့် ၅ ကားရိုက်ကူးပြီး နောက်တစ်ကျော့ ပြန်လည် ရိုက်ကူးဖို့ စောင့် ဆိုင်းနေချိန် ကြော်ငြာများ လက်ခံရိုက်ကူးနေ တယ်လို့ ပြောပြခဲ့ပါတယ်။

ညွှန်း - Teen မဂ္ဂဇင်း
http://www.shweamyutay.com/index.php?option=com_content&view=article&id=4142:2012-06-13-09-13-22&catid=106:fashion-a-beauty&Itemid=659




















--

ပြန်ကြားရေးဝန်ကြီးဟောင်းသား ကာမလိမ်လည်မှု ကျူးလွန်သလား

4 comments



~


ဇွဲထက် ~

အရင်က ပြန်ကြားရေးဝန် အခုတော့ သမ ၀န်ဖြစ်နေတဲ့ ၀န်ကြီး ဦးကျော်ဆန်းရဲ့သား ကိုသီဟအောင် ဆိုသူဟာ အမျိုးသမီး တဦးကို ဇနီးသည် အဖြစ် လိမ်လည်ပေါင်းသင်းမှုနဲ့ ရင်ဆိုင်နေရပါတယ်။
အမှုရင်ဆိုင်နေရတဲ့ ကိုသီဟအောင်
တရားဝင်ဇနီးအဖြစ် လိမ်လည်ပေါင်းသင်းခံရသူ မမြနန္ဒာညွှန့်ကတော့ သူ့ခင်ပွန်းသည်ကို ရန်ကုန် ကျောက်တံတား တရားရုံးမှာ ပြစ် မှု ဆိုင်ရာ ဥပဒေ ပုဒ်မ-၄၁၇ ဆိုတာနဲ့ ဆက်လက် တရားစွဲဆိုသွားမယ်လို့ ပြောပါတယ်။

အခုလို နာမည်ကြီး ၀န်ကြီးတစ်ဦးရဲ့သား တရားစွဲဆိုခံရတဲ့ သတင်းဟာ လူအများကြား ပျံ့နှံ့နေပါတယ်။ တချို့ကတော့ ဒါဟာ 
ကာမကို လိမ်လည် ရယူမှု လို့လည်း ဝေဖန်ပြောဆို နေကြပါတယ်။

ဥပဒေ ကြောင်းအရ ပြစ်မှုထင်ရှားရင် ပြစ်ဒဏ် ဘယ်လောက်ကျခံရမယ် ဆိုတာကတော့ တရားရုံးနဲ့ တရားသူကြီးတွေရဲ့ အပေါ်မှာပဲ မူတည် နေပါလိမ့်မယ်။ မျက်နှာကြီးရာ ဟင်းဖတ်ပါ တရား စီရင်ရေး မဖြစ်ဖို့လည်း လိုပါလိမ့်မယ်။

မမြနန္ဒာညွန် ယနေ့တရားခွင်သို့ရောက်ရှိလာစဉ် (ဓာတ်ပုံ - ဂျေပိုင်/ဧရာဝတီ)
ဟိုအရင်က မမြနန္ဒာညွှန့် နဲ့ ကိုသီဟအောင် တို့ဟာ ချစ်သူရည်းစားဘ၀ ၂ နှစ်နီးပါး တွဲခဲ့ကြပြီး ရန်ကုန် ပုဇွန်တောင်ရှိ တိုက်ခန်း တခန်းမှာ တလကြာ တရားဝင် လက်ထပ် ပေါင်းသင်း နေထိုင်ခဲ့ပြီးမှ ကိုသီဟအောင် မှာ ပထမ ဇနီး ရှိနေတာကို သိရတာပါ။

ဝန်ကြီး ဦးကျော်ဆန်းရဲ့သား ကိုသီဟအောင်မှာ အရင် အိမ်ထောင်ရှိတဲ့ အထောက်အထား၊ သက်သေတွေ တရားလို ရှေ့နေဆီမှာရှိတယ်လို့လည်း ဆိုပါတယ်။

တရား ရင်မဆိုင်ခင်တုန်းကလည်း မမြနန္ဒာညွှန့်ကို ကိုသီဟအောင် ဘက်က နည်းမျိုးစုံသုံးပြီး ပြေလည်မှုရဖို့ အကြိမ်ကြိမ် ကြိုးပမ်းခဲ့တယ်လို့လည်း သိရတယ်။

မမြနန္ဒာညွန့်ဘက်ကတော့ လူ့ ပတ်ဝန်းကျင်နဲ့ နေထိုင်ရတာ ဖြစ်လို့ ယောက္ခမ ၀န်ကြီး ကိုယ်တိုင် တောင်းပန်ရင်ဖြင့် ပြန်လည် ပေါင်း ထုတ်ပြီး ဒီဇာတ်လမ်းကို အဆုံးသတ်နိုင်မယ်လို့ ဒီနေ့ ရုံးချိန်းမှာ သတင်း မီဒီယာတွေကို ပြောဆို သွားကြောင်းပါ....။   ။



 



















--

မြန်မာပြည်ရဲ့ လျှပ်စစ်ဓာတ်အားနဲ့ ပတ်သက်လို့ ပေးစာ

34 comments

နိုင်ငံတော်၏ ထာဝရအကျိုးစီးပွား ကာကွယ်ရေးအရှိန်အဟုန်နှင့် ပြောင်းလဲနေသော ကျွန်ုပ်တို့ မြန်မာနိုင်ငံ တွင် အများယူဆသကဲ့သို့ ပွင့်လင်းမြင်သာစွာ ပြောင်းလဲနေခြင်း၊ လမ်းကြောင်းမှန်သို့ သွားနေခြင်း မဟုတ် 
သေးဟု ယူဆစရာ အကြောင်းများစွာ ထွက်ပေါ် လာနေပါသည်။ 


ယခင်အစိုးရလက်ထက် ရေးထိုးထားခဲ့သော မြစ်ဆုံစီမံကိန်း၊ ကြေးနီတောင်စီမံကိန်း များမှာ ယခုအခါ အငြင်းပွားစရာ၊ အများပြည်သူ အာရုံစိုက်စရာ ဖြစ်လာသကဲ့သို့ လက်ရှိအစိုးရ လက်ထက်တွင် လက် မှတ် ရေး ထိုး လတ္တံသော စီမံကိန်းများမှာလည်း ပွင့်လင်းမြင်သာသည့် အခြေအနေ မရှိသေးပါသဖြင့် အများပြည်သူများ အနေနှင့် အာရုံစိုက် လေ့လာရန် လိုအပ်မည် ဖြစ်ပါသည်။ 

ယခုလက်ရှိအစိုးရလက်ထက်တွင် ရေးထိုးမည့် စာချုပ်များတွင် မှားယွင်းမှု့များ ပါဝင်ပါက၊ နိုင်ငံအတွက် နစ်နာ ပါက၊ ပိုမို၍ပြင်ဆင်ရခက်ခဲမည် ဖြစ်ပါသည်။

နိုင်ငံတော်အနေနှင့် ရေရှည်တွင် ကြီးစွာ အကျိုး သက်ရောက်မှု့ ရှိနိုင်သည့် လက်မှတ် ရေးထိုး လတ္တံသော စီမံကိန်းများမှာလည်း အများပြည်သူများ၊ ထိုလုပ်ငန်း နယ်ပယ် အသီးသီးတွင် ကျွမ်းကျင်ကြသော ပညာ ရှင်များ၊ မီဒီယာများ၊ နိုင်ငံသားများ အနေနှင့် စောင့်ကြည့်ရန် လိုအပ်ပေမည်။ သို့မှသာ မိမိတို့၏ အနာဂါတ် မျိုးဆက်များ အပေါ်တွင် တာဝန်ကျေမည် ဖြစ်ပါသည်။

မီဒီယာများ သည် ထိုအကျိုးစီးပွား အားတည့်မတ် ကာကွယ်ရန် အတွက် အဓိက တဖက်တလမ်းမှ ပါဝင်ပါသည်။ 

မီဒီယာများ၏ သတင်း အချက် အလက် များသည် နိုင်ငံအကျိုးစီးပွား တည်းဟူသောလမ်းမှ မလွဲ သွားအောင် တဖက်တလမ်းမှ ကာကွယ်ပေး နိုင်မည် ဖြစ်ပါသောကြောင့် မီဒီယာများ အနေနှင့် ဖြစ်ပြီးသော အကြောင်းအရာများသာမက ဖြစ်လတ္တံသော စီးပွားရေးစီမံကိန်းများကိုပါ လေ့လာ စုံစမ်း၍ ပြည်သူအား တင်ပြပေးပါက ပိုမိုပွင့်လင်းသော အနာဂတ်ဆီသို့ လျှင်မြန်စွာ တက်လှမ်းနိုင်မည် ဟုယူဆပါသည်။

မိမိတို့သိရှိပြီးဖြစ်သည့်အတိုင်း ဝန်ကြီးအများစုမှာ တပ်မတော်မှ အုပ်ချုပ်ရေးသို့ ပြောင်းလာသော စစ်ဗိုလ်ချုပ်များ ဖြစ်ပါသည်။ စစ်ဗိုလ်ချုပ်များ၏ တစ်ချက်လွှတ်အမိန့်ဖြင့် အုပ်ချုပ်ခံရသော ကျွန်တော် တို့ နိုင်ငံမှာ အဖက်ဖက်မှ နောက်ကျခဲ့ရပြီး ယခုအခါတွင်လည်း ထို စစ်ဗိုလ်ချုပ်များမှာ အသွင်ပြောင်းပြီး အုပ်ချုပ်နေသောကြောင့် ထိုအန္တရာယ်မှ လွတ်ကင်းပြီဟု မဆိုနိုင်သေးပါ။

နိုင်ငံအနေနှင့် စစ်ဗိုလ်ချုပ်များ သည်လည်း သင့်လျှော်ပါက အစိုးရအဖွဲ့တွင် ပါဝင် ထမ်းဆောင် နိုင်ပါသော် လည်း မြန်မာနိုင်ငံအစိုးရ အဖွဲ့တွင် စစ်ဗိုလ်ချုပ်များသာ ကြီးစိုးနေဆဲ ဖြစ်ပါသည်။ 

ဤနေရာတွင် လက်ရှိ အစိုးရအတွင်း ၌ နောင်ရွေးကောက်ပွဲတွင် ပြန်လည် အရွေးခံရမည် မဟုတ်ဟု ခန့်မှန်း၍ ရရှိနေသော အာဏာကို အသုံးချပြီး ရသမျှ စီးပွား ရှာလိုသူများ၊ ယခင် စနစ်၏အလေ့အထ အတိုင်း တစ်ချက်လွှတ် အမိန့်ဖြင့် ဆက်လက် ဆောင်ရွက် လိုသူများ၏ အန္တရာယ်ကို နိုင်ငံသားတိုင်း၊ အထူးသဖြင့် မီဒီယာများမှ စောင့်ကြည့်ရန် လိုအပ်ပါမည်။

နိုင်ငံအနေနှင့် ဆင်းရဲမွဲတေမှု့လျှော့ချရန် နိုင်ငံသားများအတွက် အလုပ်အကိုင်နှင့်ြွကယ်ဝချမ်းသာမှု့ကို တည်ဆောက်ပေးရန်မှာ သဘာဝသယံဇာတ များကိုသာ မှီခို၍ မရဘဲ စက်မှု့လက်မှု့ လုပ်ငန်းများ၊ ကုန်ထုပ်လုပ်ငန်းများ၊ ဝန်ဆောင်မှု့လုပ်ငန်းများ ဖွံဖြိုး တိုးတက်ရန် လိုအပ်ပါသည်။ 


ထို့အပြင် အများစောင့်စားနေကြသည့် နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု့ သည်လည်း နိုင်ငံကို အရှိန်အဟုန်နှင့် တိုးတက်စေရန် အတွက် တွန်းအားဖြစ်ပါသည်။ သို့ရာတွင် နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု့ သည် နိုင်ငံအတွက် နှင့် ရင်းနှီးမြုပ်နှံသူ အတွက်ပါ အကျိုးရှိရန် လိုအပ်ပါသည်။ နိုင်ငံခြားရင်းနှီးမြုပ်နှံသူ များအနေနှင့် လုပ်သာ ကိုင်သာ ရှိရန် လိုအပ်သကဲ့သို့ မိမိတို့နိုင်ငံအပေါ်တွင် ရေရှည်တွင် ဝန်ထုပ်ဝန်ပိုးမဖြစ်ရန် လိုအပ်ပါ သည်။ 

အထူးသဖြင့် နိုင်ငံခြားမှ ရင်းနှီးမြုပ်နှံ၍ နိုင်ငံအတွင်း ရောင်းချမည့် ဖြန့်ဖြူးမည့် လုပ်ငန်းများကို အထူးစီစစ် သင့်ပါသည်။ ထိုလုပ်ငန်းများသည် ရေရှည်တွင် မိမိတို့ ပြည်သူများ၏ ငွေကို ပွန်းစားသွားစေမည် ဖြစ်ပါသည်။

နိဂုံးအနေနှင့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှု့ မည်မျှပင် ဝင်ရောက်စေကာမူ မိမိတို့ ခွန်အားထုတ် ကြိုးစားမှသာ မိမိတို့နိုင်ငံ၏ ထာဝရအကျိုးစီးပွားကို တည်ဆောက် နိုင်မည် ဖြစ်ပါသည်။လျှပ်စစ်ဓါတ်အား စီမံကိန်း များ၏ ရေရှည်အကျိုး သက်ရောက်မှု့ယနေ့ကျွန်ုပ်တို့၏ နိုင်ငံကို တည်ထောင်ရာတွင် အကြီးဆုံး အဟန့် အတား တစ်ခုမှာ လျှပ်စစ် ဓါတ်အား မလုံလောက်မှု့ပင်ဖြစ်ပါသည်။ 

လျှပ်စစ် ဓါတ်အား မရရှိဘဲ စက်မှု့လက်မှု့ လုပ်ငန်းများ၊ ကုန်ထုတ် လုပ်ငန်းများ၊ ဝန်ဆောင်မှု့ လုပ်ငန်းများ သာမက နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု့များ အတွက်ပါ နောက်ပြန် ဆွဲခံရမည် ဖြစ်ပါသည်။ 

သို့ပါ၍ နိုင်ငံတော်မှ ပြည်တွင်း ပြည်ပမှ ရင်းနှီးမြုပ်နှံမှု့ များကို ဖိတ်ခေါ်ပြီး ဓါတ်အားပေး စက်ရုံများ တည်ဆောက်ရန် ပြင်ဆင် လျှက်ရှိပါသည်။ 

လက်ရှိအခြေအနေတွင် နိုင်ငံခြားရင်းနှီးမြုပ်နှံမှု့ ဖြင့်ဆောင်ရွက်မည့် လုပ်ငန်းများမှ အကျိုးရှိမည် မှန်သော်လည်း ရေရှည်တွင် မိမိတို့ နိုင်ငံမှ ပေးဆပ်ရမည် လည်းရှိပါသည်။ 

နမူနာ စီမံကိန်းတစ်ခု၏ အကျိုးစီးပွား ကိုလေ့လာခြင်း အနေနှင့်ြဥဗ လက်မှတ် ရေးထိုးပြီး ဖြစ်သော ရန်ကုန်မြို့၊ သာကေတ တွင်တည်ဆောက်မည့် ဓါတ်အားပေးစက်ရုံ ၏ အချက်အလက်များနှင့် တင်ပြပါမည်။

ဓါတ်အားပေးစက်ရုံအချက်အလက် နှင့် အကြမ်းသဘောတူညီချက်များ

အကြောင်းအရာ                                                          တန်ဘိုး ယူနစ် 

စက်တပ်ဆင်အား                                                         ၅၀ဝ မီဂါဝပ် တစ်နှစ်ထုပ်လုပ်ပေးနိုင်သော ဓါတ်အား                               ၄၃၀ဝ ကီလိုဝပ်နာရီ သန်းပေါင်း အနည်းဆုံးဝယ်ယူမည့် ဓါတ်အား                                      ရာခိုင်နှုန်း ၈၀ %
နိုင်ငံတော်မှ တစ်နှစ်ဝယ်ယူရမည့် အနည်းဆုံး ဓါတ်အား          ကီလိုဝပ်နာရီ သန်းပေါင်း ၃၅၀ဝ ၊ သက်တမ်း                                                                 ၂၅ နှစ်၊ 
ဓါတ်အားပေးစက်ရုံသက်တမ်း                                          ၃၀ နှစ် 


အကျိုး အမြတ်ဆိုင်ရာတွက်ချက်မှု့များအကြောင်းအရာ                   တန်ဘိုး (အမေရိကန် ဒေါ်လာ) 

ရင်နှီးမြုပ်နှံမှု                                                               တန်ဘိုး ၇၀ဝ သန်း 
အဆိုပြု တစ်ကီလိုဝပ်နာရီဈေးနှုန်း                                     ၁၃.၁၃ ဆင့် သဘာဝဓါတ်ငွေ့ဝယ်ယူဈေးနှုန်း                                       (တစ် မီလီယံဘီတီယူ) ၁၀.ဝ၀ ဒေါ်လာ တစ်ကီလိုဝပ်နာရီ ဓါတ်အား ထုပ်လုပ်ရန်အတွက် ဓါတ်ငွေ့ဘိုး   ကုန်ကျစရိတ် ရ.ရ ဆင့်
နိုင်ငံတော်မှ တစ်နှစ်စာ ပေးချေရမည့်ဓါတ်အားခ                   ၄၆၀ သန်း၊  တစ်နှစ်ဓါတ်ငွေ့ဘိုးကုန်ကျစရိတ်                                     ၂၇၀ သန်း 
တနှစ် အကြမ်းအမြတ်                                                   ၁၉၀ သန်း 
ခန့်မှန်း တနှစ် လုပ်ငန်းလည်ပတ်၊ ပြင်ဆင်စရိတ်                   ၂၅ သန်း 
တနှစ် အသားတင်ဝင်ငွေ                                                ၁၆၅ သန်း 
သက်တမ်း၂၅ နှစ်အတွင်း နိုင်ငံတော်မှ ရနိုင်သည့် အခွန်အခများ (စုစုပေါင်း (အမှန်တကယ်ပေးဆောင်ပါက)                                       ၁၃၀ဝ သန်း 
သက်တမ်း ၂၅ နှစ်အတွင်း နိုင်ငံတွင်းမှ ယူဆောင် သွားမည့်ငွေ = (၁၆၅ ထ ၂၅) - ၇၀ဝ - ၁၃၀ဝ ၂၁၂၅ သန်း 

အရင်းကြေကာလ (ငွေကြေး အတိုးနှုန်း မပါ)                        ၅ နှစ်

ဤနေရာတွင် မိမိတို့သိရှိထားသင့်သည်မှာ အထက်ပါ စက်ရုံအတွက် တစ်ကီလိုဝပ်နာရီ ဈေးနှုန်း ၁ ဆင့် ကွာခြားမည်ဆိုပါက နှစ်စဉ် တစ်နှစ်လျှင် ၃၅ သန်း ကွာခြားမည် ဖြစ်ပါသည်။

နိုင်ငံခြားမှ ရင်းနှီးမြုပ်နှံသူ အနေနှင့် သန်း ရဝ၀ ယူလာမည် ဖြစ်ပြီး စီမံကိန်း သက်တမ်း ကုန်ဆုံးသည့်အခါ ၄င်းတို့အနေနှင့် အရင်းနှုတ်ပြီး၊ စရိတ် လစာ ကုန်ကျစရိတ် နှုတ်ပြီး၊ အမေရိကန် ဒေါ်လာ သန်း ၂၁၂၅ (၂ ဘီလီယံကျော်) ပြန်လည်သယ်ယူ သွားမည်ဖြစ်ပါသည်။ 

ထိုငွေများမှာ မိမိတို့၏ ပြည်သူများမှ တနည်းနည်းနှင့် ပေးဆပ်ရမည့် ငွေများသာ ဖြစ်ပါသည်။အထက်ပါ တွက်ချက်ခြင်းအရ ဤသဘာဝဓါတ်ငွေ့သုံး ဓါတ်အားပေးစက်ရုံ များသာမက လက်မှတ်ရေးထိုးပြီးသော အခြား ဓါတ်အားပေးစက်ရုံ စီမံကိန်းများ၏ ဆိုးကျိုး၊ ကောင်းကျိုးများကို သေချာစွာ သုံးသပ်သင့်ကြောင်း၊ ပွင့်လင်းမြင်သာမှု့ ရှိသင့်ကြောင်း၊ ကျွန်ုပ်တို့ နိုင်ငံ၏ ရေရှည် အကျိုးကိုမျှော်၍ တင်ပြအပ်ပါသည်။

အဂတိလိုက်စားမှု့တွင် သရဖူရ လျှပ်စစ်ဌာန (၁)နိုင်ငံတစ်နိုင်ငံအား ဖွံဖြိုးတိုးတက်စေရန် လျှပ်စစ် ဓါတ်အားသည် အဓိက အခန်း ကဏ္ဍမှ ပါဝင်ပါသည်။ လျှပ်စစ်ဓါတ်အားဖြင့် လောကနိဗ္ဗန်ကို တည်ဆောက်အံ့ ဟူသော လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ၏ဆောင်ပုဒ်မှာ လျှပ်စစ်၏ အရေးပါပုံကို ထင်ဟပ်လျှက် ရှိပါသည်။ 

သို့ပါသော်လည်း ဝန်ကြီးဌာန ၏ လက်ရှိ ဆောင်ရွက်နေပုံများ မှာ တိုင်းပြည်အတွက်ဟု ယူဆစရာ မပါဝင်ပါ။ တိုင်းပြည်တိုးတက်ရေးအတွက် ပြန်ပေး ဆွဲခံထားရ သကဲ့သို့ ဖြစ်နေပါသည်။နိုင်ငံအနေနှင့် ခိုင်မာ၍ရေရှည် တည်တံအကျိုးရှိမည့် စွမ်းအင်နှင့် လျှပ်စစ်မူဝါဒ ရှိရမည် ဖြစ်ပါသည်။ 

ထို မူဝါဒ သည် ဈေးနှုန်းသက်သာစွာဖြင့် လျှပ်စစ်ထုပ်လုပ်နိုင်မှု၊  နိုင်ငံသားများအနေနှင့် သုံးစွဲနိုင်မှု၊ စက်မှုလက်မှုလုပ်ငန်းများ တိုးတက်ဖြစ်ထွန်းစေမှု့၊ နိုင်ငံအတွက် ရေရှည်အကျိုးရှိမှုတို့အပေါ်တွင် အခြေခံ ရမည်ဖြစ်ပါသည်။ 

သာမန်အားဖြင့် ရေအားလျှပ်စစ် ထုပ်လုပ်မှု့သည် ဈေးနှုန်းသက်သာပြီး အားနည်းချက် အနေနှင့် ကျွန်ုပ်တို့
နိုင်ငံတွင် တစ်နှစ်ပတ်လုံး ထုတ်ယူ၍ မရရှိပါ။ ရေအားလျှပ်စစ် တစ်ကီလိုဝပ်နာရီ ထုတ်ယူရန်အတွက် ခန့်မှန်း ၂၀ ကျပ် (အမေရိကန် ၂.၃ ဆင့်) သာ ကျသင့်ပါသည်။ သို့ဖြစ်ပါ၍ နိုင်ငံသားများအား တစ်ယူနစ်လျှင် ၃၅ ကျပ်ဈေးနှင့် ဖြန့်ဖြူးပေး နေခြင်း ဖြစ်ပါသည်။ 

သို့ပါသော်လည်း လျှပ်စစ်ဓါတ်အား ပျောက်ဆုံးမှု့ နှင့် သဘာဝဓါတ်ငွေ့မှ လျှပ်စစ်ဓါတ်အား ထုပ်လုပ်ရသည့် စရိတ် ကြီးမြင့်မှု့တို့ကြောင့် နိုင်ငံတော်မှ နှစ်စဉ် အရှုံးပေါ်နေသောလုပ်ငန်းများ ဖြစ်ပါသည်။ 

ကျွန်ုပ်တို့နိုင်ငံ၏ လျှပ်စစ်ဓါတ်အား ပျောက်ဆုံးမှု့ နှုန်းမှာ ၂၅% မှ ၃၀% အတွင်းနှင့် နိုင်ငံတကာတွင် ထိပ်တန်း ဖြစ်နေ ပါသည်။ 

အကယ်၍ ယခု နိုင်ငံခြားရင်းနှီးမြုပ်နှံသူ များမှ ထပ်မံတည်ဆောက်မည့် ဓါတ်အားပေးစက်ရုံများကို သေချာ စွာ မစီစစ်ပါက နိုင်ငံသားများ အနေနှင့် ရေရှည်တွင် ဝန်ထုပ်ဝန်ပိုးဖြစ်လာပေမည်။ မည်သည့်အတွက်
ကြောင့် လျှပ်စစ် ဓါတ်အား ပျောက်ဆုံးမှု့တွင် ထိပ်တန်း ဖြစ်နေရသနည်း၊ နိုင်ငံသားများ အတွက် ရေရှည် တွင် ဝန်ထုပ်ဝန်ပိုး ဖြစ်လာမည့် စီမံကိန်းများကို လျှပ်စစ်ဌာနမှ အပြေးအလွှား အကောင်အထည်ဖေါ်နေ ရသနည်း၊ ဆိုသော အကြောင်းရင်းကို စီစစ်ပါက အဂတိလိုက်စားမှု့ မြင့်မားနေခြင်းသည်လည်း အချက် တစ်ချက် ဖြစ်သည် ကိုတွေ့ရပါသည်။ 

ယခုနှစ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးနဲ့ပတ်သက်တဲ့ အစီရင် ခံစာ ထုတ်ပြန်သော အချက်အရ ကျွန်ုပ်တို့ မြန်မာနိုင်ငံသည် အဂတိလိုက်စားရာတွင် စတုတ္ထ အဆိုးဆုံးနေရာတွင် ဖော်ပြခြင်း ခံရသည်ကို တွေ့ရပြန်ပါသည်။ 

နိုင်ငံတစ်နိုင်ငံတွင် မူဝါဒ သည်တိုင်းပြည်အတွက် မောင်းနှင်မည့် လမ်းကြောင်းပင် ဖြစ်ပါသည်။ ယခု လက်ရှိ အစိုးရအနေနှင့် မူဝါဒများ ချမှတ်ရာတွင် အခက်အခဲများစွာ ရှိမည် အမှန်ပင် ဖြစ်ပါသည်။ ထို့အပြင် အစိုးရ၏ မူဝါဒများမှာ လက်သင့်ရာ ရှင်းနေရသည့်ပုံစံ ကိုလည်း တွေ့နေရပါသည်။ 

မိမိအနေနှင့် မူဝါဒကို ဆွေးနွေးတင်ပြရန် လက်လှမ်း မမှီပါသောကြောင့် မိမိသိရှိသမျှ ဌာနအခြေအနေ ကို သာ ဆွေးနွေးတင်ပြပါမည်။ မူဝါဒ နှင့် ပတ်ဝန်းကျင် ၏ လှုံ့ဆော် ရိုက်ခတ်မှု့ကြောင့် အဂတိလိုက်စားမှု့များ လျှပ်စစ်ဌာနကြီးတွင် မည်သို့ ပေါ်ပေါက်နေရသည်ကို ဆက်စပ်တင်ပြလိုပါသည်။

လျှပ်စစ်ဌာနတွင် အရေးပါအရာရောက်ကြသည့် နေရာများတွင် တာဝန် ထမ်းဆောင်လျှက် ရှိကြသူများမှာ ထိုအရေးပါ အရာရောက်ကြသည့် နေရာကို ရရှိလာသည့် အလျှောက် ကျွမ်းကျင်မှု့ ကိုယ်စီ၊ တတ်ကျွမ်းမှု့ ကိုယ်စီရှိပြီးဖြစ်ပါသည်။ 


သို့ပါသော်လည်း ၄င်းတို့၏အတတ်ပညာ၊ အကြံဥာဏ်များမှာ ဝန်ကြီးမှ ချုပ်ကိုင်ချယ်လှယ် နေပါသဖြင့် အသုံးချခွင့် မရရှိဘဲဖြစ် နေပါသည်။လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၏ ဝန်ကြီးမှာလည်း အခြေအနေ ကို ကောင်းစွာ နားလည်၍ အုပ်ချုပ်မှု့ ကျွမ်းကျင်သော တပ်မတော်မှ အရာရှိကြီးဟောင်း ဖြစ်ပါသည်။ 

တပ်မတော် အရာရှိကြီးဟောင်း ဖြစ်သည့် အားလျှော်စွာ အကျပ်အတည်း ကြားတွင် မည်ကဲ့သို့ အကောင်း ဆုံး ဖြစ်အောင်လုပ်ရမည် အမြတ် ထုတ်ရမည်ကို ကျွမ်းကျင် နားလည်ပါသည်။ နိုင်ငံတော် သမ္မတကြီး၏ လမ်း ညွှန်ချက်များ အစိုးရအဖွဲ့၏မူဝါဒနှင့် ပတ်ဝန်းကျင် (လူထု) ၏တုံ့ပြန်မှု့များ အပေါ် ကောင်းစွာ အမြတ်ထုတ် နိုင်သည်ကို ကြည့်ခြင်းအားဖြင့် ဝန်ကြီး၏ အရည်အချင်းကို သိသာနိုင်ပါသည်။ 

သို့ပါသော်လည်း ဝမ်းနည်းစရာ ကောင်းသည်မှာ နိုင်ငံအကျိုး တိုင်းပြည် အကျိုးအတွက်မဟုတ်ဘဲ မိမိအကျိုးကိုသာ ကြည့်သည့်အာဏာကို အသုံးချပြီး ရသမျှစီးပွားရှာလိုသူ၊ ယခင် စနစ်၏ အလေ့အထ အတိုင်း တစ်ချက်လွှတ် အမိန့်ဖြင့် ဆက်လက် ဆောင်ရွက် လိုသူ ဝန်ကြီး အမျိုးအစား ဖြစ်နေခြင်းပင်။

လျှပ်စစ် ဝန်ကြီး မည်မျှပါးနပ်၍ လိုရာလုပ်ဆောင်နိုင်သည်၊ အကွက်ချ စီမံ တတ်သည်ကို အောက်ပါ အတိုင်း ဖေါ်ပြအပ်ပါသည်။၂၀၁၁ ခုနှစ် အမှတ်(၂) လျှပ်စစ် ဝန်ကြီးရာထူး လွှဲယူပြီးသည့်အချိန်မှစ၍ ဝန်ထမ်းများအား နိုင်ငံအကျိုး တိုင်ပြည်အကျိုးဆောင်ရွက်ကြရန် ထပ်တလဲလဲမှာပြီး မည်သည့် အလုပ်မှ မလုပ်ဘဲ အခြေအနေ ကြည့်နေသည်မှာ တစ်နှစ်ခန့်ကုန်သွားပါသည်။ 

အစဉ်အမြဲအနေနှင့် မိမိမှာ ပညာရှင်မဟုတ်သောကြောင့် ပညာရှင်ဖြစ်သည့် ဒုဝန်ကြီးမှ ဦးဆောင် ဦးရွက်ပြု ဆောင်ရွက်ရန် လူရှေ့သူရှေ့တွင် နေရာပေးအလေးထားသကဲ့သို့ ပြောဆိုပြီး၊ ဒုဝန်ကြီးမှ တင်ပြလာပါက ချောင်ထိုးထားပါသည်။ ထို့အတူ အမြဲတစေ အရေးပေး သလိုပြောဆိုပြီး တင်ပြလာ သမျှ ချောင်ထိုးထားခံရပါသည်။

ပထမဆုံး အနေနှင့် မော်လမြိုင်မြို့ဓါတ်အားပေးစက်ရုံမှ ဘိုင်လာ ပြင်ဆင်ခြင်းဖြင့် လုပ်ငန်းရှင်များ၊ ဝန်ထမ်းများကို အချက်ပေးလိုက်ပါတော့သည်။ ဖြစ်စဉ်မှာ မော်လမြိုင်မြို့ ဓါတ်အားပေးစက်ရုံမှ ဘိုင်လာ ပြင်ဆင်ခြင်းအတွက် တင်ဒါခေါ်ယူပြီး  စီစစ်သည်မှာ ၃ လခန့် ကြာမြင့်ပါသည်။ 

လုပ်ထုံးလုပ်နည်းအရ ဈေးနှုန်းတင်ဒါ ဖွင့်ဖောက်ပြီး အောင်မြင်သည့် ကုမ္ပဏီများကို ဈေးဆစ်ပါ သည်။ ဈေးနှုန်း တင်ဒါ မဖွင့်မှီ ဝန်ကြီး၏ ခွင့်ပြုချက်ဖြင့် မိုးကျရွှေကိုယ် ကုမ္ပဏီ တစ်ခုကို ပါဝင်ယှဉ် ပြိုင်စေပါသည်။ မိမိဌာနတွင် ဦးဆောင် စည်းကမ်း ထိမ်းရမည့်အစား ပြောင်ပြောင်တင်းတင်း အမိန့်ဖြင့် စည်းကမ်း ဖောက်ပြလိုက်ခြင်းပင် ဖြစ်ပါသည်။

ဈေးနှုန်း တင်ဒါ ဖွင့်ဖောက် သည့်အခါ အဆိုပါ ကုမ္ပဏီ မှတင်သွင်းသည့် ဈေးနှုန်းမှာ အများဆုံးဖြစ်ပါသည်။ အချုပ်ဆိုရပါက အဆိုပါ ကုမ္ပဏီမှ ဈေးနှုန်းအများဆုံးဖြင့် တင်ဒါအောင်ပြီး မော်လမြိုင်မြို့ ဓါတ်အားပေး စက်ရုံမှ ဘိုင်လာ ပြင်ဆင်ခြင်းလုပ်ငန်းကို ဝန်ကြီး၏ စောင်မမှု့ဖြင့် ရရှိ သွားပါတော့သည်။ 

ထိုအဖြစ်အပျက်မှစ၍ အမှတ်(၂) လျှပ်စစ် နှင့်ဆက်စပ်လျှက်ရှိသော လုပ်ငန်းရှင်များသည် ဝန်ကြီးမှတစ်ပါး ဌာနအတွင်း ၌ မည်သူမျှ ကူနိုင်မည့်သူ မရှိဆိုသည်ကို သိသွားကြပါသည်။ ဝန်ကြီးမှ အားလုံးကို ငါသာ လျှင် အဓိကဟု အချက်ပြလိုက်သည့် အခြေအနေ ပင်ဖြစ်ပါသည်။ အားလုံး သိကြသည့်အတိုင်း စီးပွားရေး သမားများမှာ ဝန်ကြီးနောက်သို့ အပြေးအလွှား ချည်းကပ်ကြရပါတော့သည်။ 


ဝန်ကြီးပြီးမှ ပြီးတာ ဆိုသည့်စကားသည်၊ လူတိုင်းအား ဝန်ကြီးကိုသာ ချည်းကပ်ရန် လမ်းပြ စကားဖြစ်ခဲ့ပါ သည်။

၂၀၁၂ နွေရာသီရောက်လာသောအခါ မြို့ကြီးများတွင် ဖယောင်းတိုင်ထွန်း၍ ဆန္ဒပြကြ သောအခါ ဝန်ကြီး မှာ အခွင့်ကောင်းကို လက်လွတ်မခံဘဲ အသုံးချပါတော့သည်။ အများသိရှိပြီး ဖြစ်သည့်အတိုင်း အစိုးရ မှနေ့ချင်းညချင်း အကူအညီ ပေးမလိုလို၊ စက်များ ငှားပေးမလိုလို၊ ဓါတ်အားပေးစက်ရုံ တည်မလိုလိုနှင့် အလုပ် ရှုပ်ပြပါသော်လည်း ယနေ့အထိ မည်သည့် ဌာနက မှ လျှပ်စစ် အတွက် အကောင်အထည် မဖေါ်နိုင်ပါ။ 

အမှန်တကယ် လုပ်သွားသည်မှာ ဝန်ကြီးနှင့်ရင်းနှီးသော ကုမ္ပဏီ တစ်ခုမှ ဒီဇယ်ဂျင်နရေတာ ၄ လုံးအား အရံမီးစက်အဖြစ် မြို့ကြီးများတွင်သုံးရန် ဝယ်ယူခြင်းဖြစ်ပါသည်။ ၁၆၅၀ ကီလိုဝပ် ဒီဇယ်ဂျင်နရေတာ တစ်လုံး တန်ဘိုးမှာ အမေရိကန် ဒေါ်လာ လေးသိန်း ဝန်းကျင်ခန့်ရှိပြီး ဝန် ကြီး၏ တစ်ချက်လွှတ်အမိန့်ဖြင့် အရေးပေါ် အခြေအနေ (ဖယောင်းတိုင်ထွန်း ၍ ဆန္ဒပြပွဲ) ကြောင့် တင်ဒါမခေါ်ဘဲ ဝယ်ယူသည်မှာ ဒီဇယ်ဂျင်နရေတာ တစ်လုံးလျှင် အမေရိကန် ဒေါ်လာ တစ်သန်းခန့် ကုန်ကျ ပါတော့သည်။ 


ထို ဒီဇယ်ဂျင်နရေတာ ဘိုးအား နိုင်ငံတော် သမ္မတရုံးသို့ တင်မတောင်းရဲ သောကြောင့် လအတော်ကြာ တင်လိုက် ချလိုက်ဖြင့် ဖြစ်နေသဖြင့် လျှပ်စစ် ဝန်ထမ်းများမှ ကြိတ်၍ ဟာသမြောက် ခဲ့ရ ပါသေးသည်။ ဝန်ကြီး၏ အခြေအနေကို လိုက်၍ ကိုယ်ကျိုး အသုံးချနိုင်စွမ်းမှာ အံမခန်းပင် ဖြစ်ပါသည်။ 


အများပြည်သူနှင့် သမ္မတကြီးကွိုန နှင့်အာရုံလွှဲထားပြီး အသေးသုံး အနေနှင့် ဒီဇယ်ဂျင်နရေတာ လေးလုံး ဝယ်ပြီး၊ ဆန္ဒပြမှု့များကို မိုး ရွာသောကြောင့် ရေအား လျှပ်စစ် များမှ ဓါတ်အား ရရှိ၍ ထိုနှစ်အ တွက် ဖြေရှင်းပြီး ဖြစ်ပါတော့သည်။

ထိုအတော အတွင်း၌ပင် ရေရှည် လျှပ်စစ်ဓါတ်အား ရရှိရေး အကြောင်းပြ၍ သဘာဝဓါတ်ငွေ့သုံး ဓါတ်အားပေး စက်ရုံများကို ဝန်ကြီးနှင့် ရင်းနှီးသော ကုမ္ပဏီများ ချဉ်းကပ် ဝင်ရောက် ထားသော ကုမ္ပဏီများဖြင့် ဝန်ကြီး၏တစ်ချက်လွှတ်အမိန့်ဖြင့် မနားတမ်း လက်မှတ်ရေးထိုးပါတော့သည်။ 

အများစုသော လက်မှတ်များမှာ ဌာန၏ ပညာရှင် ဝန်ထမ်းများ၏ သုံးသပ်ချက် အကြံပြုချက်များ မပါဘဲ ရေးထိုးခဲ့ ရပါသည်။ အပြောင်မြောက်ဆုံး အချက်မှာမှာ ယိုးဒယားသို့ အလည်သွားစဉ် ထုံးတမ်း အစဉ်အလာ မဟုတ်ပါဘဲ ဝန်ကြီး၏ အမိန့်ဖြင့် နိုင်ငံအတွက် ရေရှည် ထိခိုက်နိုင်သည့် ဓါတ်အားပေးစက်ရုံ ကိစ္စကို အခြားနိုင်ငံ မြေပေါ်တွင် နိုင်ငံခြား ကုမ္ပဏီ တစ်ခုဖြင့် ဖြစ်သလို ရေး ထိုးခဲ့ရပါသည်။ 

ကျွန်ုပ်အနေ နှင့် လျှပ်စစ်ဝန်ကြီးအား နိုင်ငံအကျိုးကို ဆောင်ရွက်နေသူ တာဝန် ထမ်းဆောင်နေသူ အဖြစ် မမြင်နိုင်တော့ဘဲ ရရှိသည့်အချိန်တွင် နိုင်ငံအား လက်ညှိုးထိုး ၍ ရောင်းစားမည့်သူ အဖြစ်သာ မြင်မိ ပါကြောင်း တင်ပြအပ်ပါသည်။

အဂတိလိုက်စားမှုတွင် သရဖူရ လျှပ်စစ်ဌာန (၂)၂၀၁၂ ခုနှစ်တွင် ဖယောင်းတိုင်ထွန်း ၍ ဆန္ဒပြမှု့များအပြီး ၂၀၁၃ အတွက် ဝန်ကြီးမှ အားသွန်ခွန်စိုက် ကြိုတင်ပြင်ဆင်ပုံများကို ထပ်မံတင်ပြပါဦးမည်။

သဘာဝဓါတ်ငွေ့သုံး ဓါတ်အားပေးစက်ရုံများသည် နွေအခါတွင် မြို့ကြီးများအား ဓါတ်အား ပေးနိုင်ရန် အဓိက အခန်းကဏ္ဍမှပါဝင်ပါသည်။ သို့ပါ ၍ သဘာဝဓါတ်ငွေ့သုံး ဓါတ်အားပေး စက်ရုံများ ပြင်ဆင်ခြင်းကို ဌာနမှ ဝန်ထမ်းများဖြင့် နှစ်စဉ် ဆောင်ရွက်လျှက် ရှိပါသည်။ 

ယခင်နှစ်များက ပုံမှန်ပြင်ဆင်ခဲ့ပါသော်လည်း ယခုနှစ်တွင် ဌာနမှပြင်ဆင်ရန် ခွင့်မပြုခဲ့ပါ။ ယခုနှစ်တွင် ဝန်ကြီးမှ နွေရာသီ ဖယောင်းတိုင် မထွန်းရရေး အကြောင်းပြ၍ အခွင့်အလမ်း ကြီး တစ်ခုအား ဖန်တီး ပါတော့သည်။ 

အလုံနှင့်လှော်ကား သဘာဝဓါတ်ငွေ့သုံး ဓါတ်အားပေး စက်ရုံများ ကို ပြင်ဆင်ရန်အတွက် ကုမ္ပဏီ နှစ်ခု အား တင်ဒါမခေါ်ဘဲ ပေးရန် ပြင်ဆင် ပါတော့သည်။ ၂၀၁၂ စက်တင်္ဘာလအတွင်း ကုမ္ပဏီများ ကို ခေါ်ယူ၍ နွေရာသီအမှီ မီးပေးနိုင်ရန် အကြောင်းပြပြီး ထို ကုမ္ပဏီ နှစ်ခုအား ပြိုင်ဘက်မရှိ လုပ်ငန်း အပ်နှံမည် ဖြစ်ကြောင်း အသိပေးပြောကြားပါသည်။ 

ထို ကုမ္ပဏီ နှစ်ခုမှာ ဗြဥဠဗ ကုမ္ပဏီ နှင့်ျွှြ ကုမ္ပဏီ တို့ဖြစ်ပါသည်။ ဝန်ထမ်းများနှင့် နှစ်စ မိုးတွင်းကာလ တည်းကပြင်ဆင်ပါက စက်ရုံတစ်ရုံလျှင် အမေရိကန် ဒေါ်လာ သုံးသန်း ခန့်ကုန်ကျမည်ဖြစ်ပြီး ကုမ္ပဏီ တစ်ခုလျှင် အမေရိကန် ဒေါ်လာ ဆယ်သန်းကျော် ဖြင့် အပ်နှံခြင်း ဖြစ်ပါသည်။ 

ထို့အပြင် ဤမျှ တန်ဘိုးကြီး ပေးထား၍ သက်တမ်းအာမခံမှာ တစ်နှစ်ဖြစ်ပါသည်။ ထိုအသိပေးသည့် ပွဲတွင် ဝိုင်းဝန်းကန့်ကွက် ကြသည့်အပြင် လွှတ်တော်ကို တိုင်မည်ဆိုသောကြောင့် ဝန်ကြီးမှ တင်ဒါ ခေါ်ယူစေခဲ့ပါ သည်။ 

ဤတန်ဘိုးကြီးပြီး အသေးစိတ်ပြင်ဆင်ရမည့် တင်ဒါကိုလည်း နှစ်ပတ်နှင့်ပိတ်၍၊ တင်ဒါမပိတ်မှီပင်တွင် ပေး ထားပြီး သား ကုမ္ပဏီ နှစ်ခုနှင့် စာချုပ်ချုပ်ဆိုနိုင်ရန် ပြင်ဆင်စေခဲ့ပါသည်။ နောက်ဆုံးရသတင်းများအရ  မည်မျှ အကုန်ခံထားသည်ဖြင့် ထွက်လာနေရာ ဝန်ကြီးမှ နှုတ်ပိတ် ရတော့မည်ဖြစ်ပါသည်။ 

သို့ပါ ၍ ဝန်ကြီးမှ ထိုအလုပ်ကို အထက်ပါ ကုမ္ပဏီ နှစ်ခုအား မပေးမဖြစ် ပေးရတော့မည် ဖြစ်ပြီး တင်ဒါ ဝင်ပြိုင်သူ များအနေနှင့် နှစ်သိမ့်ဆု အဖြစ် ရေနွေးငွေ့စက်များပြင်ဆင်ရန်သာ ရရှိတော့မည်ဟု ကြား သိနေရပါသည်။ 

အစဉ်အလာအားဖြင့် ဌာနမှသာ ပြင်ဆင်နေရာမှ ဝန်ကြီး၏ ခေါင်းစဉ်တပ် အမိအရ စီးပွားရှာမှု့ကြောင့် လာမည့်နွေရာသီတွင်ဓါတ်အား မလောက်ငှမှု့ကို ပြည်သူများ ကြုံတွေ့နိုင်ပါကြောင်း။ 

အကယ်၍ ရေအားလျှပ်စစ်ကို ဆည်ရေကုန်သည်အထိ အစွမ်းကုန်သုံးမည်ဆိုပါက ဆည်များပျက်စီး မှု ဖြစ်ပွားနိုင်ကြောင်း ကြိုတင် အသိပေး တင်ပြအပ်ပါသည်။ အသစ် တည်ဆောက်မည့် သဘာဝ ဓါတ်ငွေ့ သုံး ဓါတ်အားပေး စက်ရုံများနှင့် ပတ်သက်၍ တွက်ချက်ပြပြီးဖြစ်သော်လည်း၊ ဝန်ကြီး၏ ကိုယ်ကျိုးအတွက် ချယ်လှယ်မှုများကို ဆက်လက်တင်ပြပါမည်။ 


လျှပ်စစ်ဌာနမှ ဝန်ထမ်းများအနေနှင့် ဓါတ်အားပေးစက်ရုံ စီမံကိန်းများနှင့် ပတ်သက်ပြီး ရင်းနှီးမြုပ်နှံသူ များ
နှင့် အကျေအလည်ဆွေးနွေးကြပါသည်။ လျှပ်စစ်ဌာန၏ အခြားပြဿနာ တစ်ခုမှာ တပ်မတော်မှ ပြောင်း လာကြသော ဝန်ထမ်းများ ဖြစ်ပါသည်။ 

ထိုသူများသည် အခွင့်အရေး သာစောင့်နေပြီး အဂတိလိုက်စားမှု့မှာလည်း ထိပ်တန်း သို့ရောက်နေပါသည်။ ပညာရှင်များက နိုင်ငံ့အကျိုးအတွက် အကျေအလည် ဆွေးနွေးလိုပါသော်လည်း တပ်မတော်မှ ပြောင်း လာကြသော ဝန်ထမ်း ဌာနအကြီးအကဲမှ မင်းတို့ပေးရတာမဟုတ်ဘူး ဈေးနှုန်းသဘောတူလိုက်၊ ဝန်ကြီးမှ သဘောတူခိုင်းနေပြီ ဆိုသောကြောင့် အဆိုပြု တစ်ကီလိုဝပ်နာရီဈေးနှုန်း ၁၃.၁၃ ဆင့်ဖြင့် ပြည်သူမှ အမေရိကန် ဒေါ်လာ နှစ် ဘီလီယံ ပေးဆပ်ရမည့် အခြေအနေ ဖြစ်ပါသည်။ 

ပွင့်လင်းမြင်သာမှု့ အနေနှင့် ရင်းနှီးမြုပ်နှံသူများဘက်မှ တွက်ချက်နည်းကို တင်ပြရန် ပညာရှင်များမှ နိုင်ငံ အတွက် စီစစ်လို၍ တောင်းဆို ပါသော်လည်း မည်သည့် တွက်ချက်မှု့ကိုမျှ အသေးစိတ် ရှင်းလင်း တင်ပြမှု မပါဘဲ ဝန်ကြီးအမိန့်ဖြင့် လက်ခံခိုင်းခဲ့ပါသည်။ မည်မျှ နိုင်ငံပေါ် တာဝန်မဲ့သော ဌာနအကြီးအကဲပါလဲ၊ နိုင်ငံ အတွက်မည်မျှသစ္စာမဲ့သော ဝန်ကြီးပါလဲ။ 

ဌာနမှ သုံးသပ်ချက်ကို မယူ၊ ပညာရှင်များ၏ အကြံပြုချက်အား ထည့်မစဉ်းစား၊ ကိုယ့်တစ်ဘို့ တည်းသမား ဝန်ကြီး ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။ရန်ကုန်မြို့ လျှပ်စစ်ဓါတ်အား ရရှိရေး ခေါင်းစဉ်အောက် တွင် ရေတို ဓါတ်အားပေး စက်ရုံများ လည်းအပါအဝင်ဖြစ်ပါသည်။ 

လျှပ်စစ်ဓါတ်အား မြန်ဆန်စွာ ရရှိရေးအတွက် ၅၀ မီဂါဝပ် သဘာဝဓါတ်ငွေ့သုံးအင်ဂျင် များတပ်ဆင်ရန် လက်သင့်ရာ ကုမ္ပဏီများကို ပြိုင်ဘက်မရှိ ပေးလိုက်ပြန်ပါသည်။ ထို ကုမ္ပဏီများမှာ ဝန်ကြီး မဖြစ်မှီ၊ ရန်ကုန်မြို့တော် ဓါတ်အားပေး အဖွဲ့ ဥက္ကဌ ဖြစ်စဉ်က နီးစပ်ခဲ့သည့် ကုမ္ပဏီများ ဖြစ်ပါသည်။ 

စာချုပ်ပါ အချက်အလက်များမှာ အငြင်းပွား ဘွယ်ရာများစွာ ပါရှိနေပါသော်လည်း ဝန်ကြီးအမိန့်နှင့် မည်သူ မှ မတားဆီးရဲ၊ အကြံမပြုရဲ၊ မကန့်ကွက်ရဲ ဖြစ်နေပါသည်။ စာချုပ်တွင် တစ်ကီလိုဝပ်နာရီ ထုပ်လုပ်ပေးရန် အတွက် နိုင်ငံတော်မှ ကုမ္ပဏီကို ၃.၅ ဆင့် ပေးရမည် ဖြစ်ပါသည်။ 

သာမန်အားဖြင့် မှန်သည်ထင်ရသော်လည်း နိုင်ငံတော်မှ အနာ ချည်းသာဖြစ်ပါသည်။လှော်ကား နှင့် အလုံ ကဲ့သို့သော သဘာဝဓါတ်ငွေ့သုံး ဓါတ်အားပေး စက်ရုံများ တွင် တစ်ကီလိုဝပ်နာရီ ဓါတ်အား ထုပ်လုပ်ရန် အတွက် ခန့်မှန်း ဓါတ်ငွေ့ဘိုး ကုန်ကျ စရိတ် မှာ ၈ မှ ၁၀ ဆင့် အတွင်း ကုန်ကျမည် ဖြစ်ပြီး ခန့်မှန်း ထုပ် လုပ် ခမှာ ၃ မှ ၄ ဆင့် အတွင်း ကုန်ကျမည် ဖြစ်ပါသည်။ 

စုစုပေါင်းအနေနှင့် တစ်ကီလိုဝပ်နာရီ ဓါတ်အား ထုပ်လုပ်ရန် အတွက် ၁၁ မှ ၁၄ ဆင့် အတွင်းသာ ကုန်ကျပါမည်။ သဘာဝဓါတ်ငွေ့သုံး အင်ဂျင်များ၏ စက်စွမ်းရည်မှာမူ အလွန် နိမ့်ကျပါသည်။ သဘာဝ ဓါတ်ငွေ့သုံး အင်ဂျင်များဖြင့် ထုပ်လုပ်ပါက တစ်ကီလိုဝပ်နာရီ ဓါတ်အား ထုပ်လုပ်ရန် အတွက် ဓါတ်ငွေ့ဘိုး ခန့်မှန်း ကုန်ကျစရိတ် ၁၄ မှ ၂၀ ဆင့် အထိ ကုန်ကျ နိုင်ပါသည်။ 

စုစုပေါင်း အနေနှင့် တစ်ကီလိုဝပ်နာရီ ဓါတ်အား ထုပ်လုပ်ရန်အတွက် ၁၇.၅ မှ ၂၃.၅ ဆင့် အတွင်း ကုန်ကျပါမည်။ ဝန်ကြီး၏ခေါင်းစဉ်တပ် အမြတ်ထုတ်သည့် အလုပ်မှာ တိုင်းပြည် အတွက် အလွန် နစ်နာပါသည်။ 

မည်သူမျှ ဓါတ်အားခ ပိုပေးစရာ မလိုသော်လည်း တိုင်းပြည်၏ ဘဏ္ဍာ ယိုဖိတ်နေသည်ကို အများသိရှိ၍ တားဆီးနိုင်ရန် တင်ပြအပ်ပါသည်။ ဝန်ကြီး၏ အခြားကျွမ်းကျင် ရာအလုပ်မှာ သမ္မတကြီး အား ခေါင်းစဉ် တပ်ခြင်းပင် ဖြစ်ပါသည်။ အလုပ်တော်တော်များများအား မိမိဘာသာ စတင်၍ မလုပ်ဘဲ၊ သမ္မတကြီး ၏ ညွှန်ကြားချက်ကို ခုတုံးလုပ်ပြီး ကျွဲကူးရေပါ ကိုယ်ရောင်ဖျောက်၍ ကိုယ်ကျိုးရှာခြင်းပင် ဖြစ်ပါသည်။ 

အမြဲတစေ သမ္မတကြီးခိုင်းသည့် အတွက်ဟုပြောကာ ပညာရှင်များ၏ အကြံပြုချက်၊ သုံးသပ်ချက် များ ကို လှစ်လျူရှု့ ပြီး လုပ်ချင်ရာများကို အမိန့်နှင့်လုပ်ဆောင် နေဆဲဖြစ်ပါသည်။သဘာဝဓါတ်ငွေ့သုံး ဓါတ် အားပေး စက်ရုံရင်းနှီးမြုပ်နှံမှု့များတွင် ဦးကြိုင်သန်းရွှေ ပါဝင် လာပြီး သထုံနှင့် မော်လမြိုင်မြို့များ အတွက်ြဥ့ ထိုးပြီးကြောင်း၊ ဝန်ကြီးမှာ ဦးသန်းရွှေ၏ လူရင်းတစ်ဦးဖြစ်၍၊ မပြုတ်နိုင်ဘဲ ရာထူးတိုးကာ လျှပ်စစ် နှစ် ခုပေါင်း ဝန်ကြီးဖြစ်လာပြီး ထင်သလို စီးပွားရှာကာ တိုင်းပြည်၏ အနာဂါတ်ကို ရောင်းစား နေ သူ ဖြစ်ကြောင်း ကြားရသိရ ပါသည်။

အချုပ်အားဖြင့်ဆိုရသော် ဝန်ကြီး၏ တစ်ချက်လွှတ်အာဏာ နှင့် အုပ်ချုပ်၍၊ ပညာရှင်များ မည်သို့မျှ မလွန်ဆန်နိုင်ဘဲ၊ အလွှာပေါင်းစုံတွင် အဂတိလိုက်စားမှု့ မြင့်မားနေဆဲဖြစ်သော လျှပ်စစ်ဝန်ကြီးဌာန နှင့် လျှပ်စစ်ဝန်ကြီးကို အများပြည်သူများ၊ နယ်ပယ်အသီးသီးတွင် ကျွမ်းကျင်ကြသော ပညာရှင်များ၊ မီဒီယာ များမှ မပြတ် စောင့်ကြည့်သင့်ကြောင်း ကျွန်ုပ်တို့၏ အနာဂါတ် မျိုးဆက်များအတွက် အကူအညီတောင်းခံ တင်ပြအပ်ပါသည်။

ရန်ကုန် ညကို သိမ်းပိုက်တဲ့ ပွဲ - ရုပ်/သံ

0 comments


ဓာတ်ပုံ- ဂျေပိုင်/ဧရာဝတီ 

ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်မှာဒီဇင်ဘာလ ၁၆ ရက်နေ့ ညက စည်ကားစွာ ကျင်းပခဲ့တဲ့ ကမ္ဘာကျော် အဆိုတော် Jason Mraz က ဦးဆောင်ပြီး မြန်မာအဆိုတော်တွေ ဖြစ်တဲ့ ဖြူဖြူကျော်သိန်း၊ လင်းလင်း၊ R ဇာနည်တို့ပါ ပူးပေါင်းကာ လူကုန်ကူးမှု အန္တရာယ် အသိပညာပေး MTV EXIT တေးဂီတ ဖျော်ဖြေပွဲ ရုပ်သံ တပိုင်းတစ ဖြစ်ပါတယ်။



 

"ဂျက်လီ" က ငလျင်ဒဏ်သင့် ကျောင်းတွေအတွက် ကူညီမယ်

0 comments




 တရုတ် မင်းသား ဂျက်လီ၊ ဓာတ်ပုံ- http://www.china-expats.com


မြန်မာရုပ်ရှင် ပရိသတ်တွေနဲ့ ရင်းနှီးကျွမ်းဝင်ပြီးသားဖြစ်တဲ့ တရုတ် ရုပ်ရှင်သရုပ်ဆောင် ဂျက်လီ ဟာ မြန်မာနိုင်ငံ အထက် ပိုင်းမှာ လွန်ခဲ့တဲ့ လကလှုပ်ခတ်သွားတဲ့ မြေငလျင် ဒဏ်ခံ ဒေသတွေ မှာ ပြန် လည် တည်ဆောက်ရေးအတွက် အကူအညီတွေ ပေးသွားမှာဖြစ်ပါတယ်။ 

ဂျက်လီက တည်ထောင်ပြီး ဦးဆောင်ညွှန်ကြားရေးမှူးတာဝန်ယူထားတဲ့  One Foundation ကနေ မြေ ငလျင်ကြောင့် ပျက်ဆီး သွားတဲ့ ကျောင်း ၃ ကျောင်းကို ပြန်လည်ဆောက်လုပ်ပေး ဖို့ စီစဉ်နေတယ်ဆို တာ မြန်မာအခြေစိုက် တရုတ်ဘာသာနဲ့ရေးသားတဲ့ MMGP မီဒီ ယာ တခုက လွန်ခဲ့တဲ့ သတင်းပတ် က ဖော်ပြသွားပါတယ်။ 

ဒါပေမယ့် ဂျက်လီရဲ့ ဖောင်ဒေးရှင်းရဲ့ အင်တာနက် စာမျက်နှာ မှာတော့ တရားဝင်ကြေငြာထားတာ မရှိပါ ဘူး။ 

“ဘယ်လို အကူအညီတွေကို ပံ့ပိုးကူညီသွားရမယ်ဆိုတာတော့ ကျတော်တို့အတိအကျဖြစ်ဖို့ ဆွေးနွေး 
နေဆဲပါ၊ အဲဒီက ကလေးတွေကို ထိထိရောက်ရောက် ကျနော်တို့ ကူညီနိုင်မယ်လို့ ထင်ပါတယ်” လို့ မင်းသား ဂျက်လီက ဧရာဝတီကို ယမန်နေ့က တယ်လီဖုန်းကတဆင့် ပြောပါတယ်။ 

လွန်ခဲ့တဲ့ နိုဝင်ဘာလ ၁၁ ရက်နေ့က အင်အား ၆.၈ ရစ်ခ်ျတာ စကေး ရှိတဲ့ မြေငလျင်တခု လှုပ်ခတ်ခဲ့လို့ လူ ၁၁ ဦးသေဆုံး ခဲ့ပြီး အဆောက်အဦးတွေ၊ ဘုရားစေတီပုထိုးတွေ၊ စာသင်ကျောင်းတွေ ပျက်ဆီးသွားခဲ့ ရတာပါ။ 

 ငလျင်ဒဏ်ကြောင့် ကျောင်းဆောင်ပျက်ဆီးသွားလို့ ကျောင်းဝန်းတွင်မှာ စာသင်နေရတဲ့ ကလေးများ၊ 

ဂျက်လီရဲ့ ဖောင်ဒေးရှင်းကတော့ ကျောင်းသားများများရှိတဲ့ ကျောင်းတွေကို ပြန်လည်ဆောက်လုပ် ကူညီပေးရေးကို အာရုံထား လုပ်ဆောင်သွားမှာလည်းဖြစ်ပါတယ်တဲ့။ 

ဒီသတင်းနဲ့ပတ်သက်လို့ အပြည့်အစုံကိုလည်း ဧရာဝတီ အင်္ဂလိပ်ပိုင်း စာမျက်နှာမှာ သတင်းထောက် Echo Hui ရေးသား တင်းပြထားတဲ့  Jet Li to Assist Burma’s Earthquake Reconstruction Efforts မှာ အပြည့်အစုံ ဖတ်ရှု့နိုင်ပါတယ်။

ABSDF လည်း ရန်ကုန်ကို သွားပြီ

1 comments

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး(ABSDF) ခေါ် ကျောင်းသား တပ်မတော် အဖွဲ့မှ ကိုယ်စားလှယ်များသည် ၂၄ နှစ်ကြာပြီးနောက် ယနေ့ ဒီဇင်ဘာ ၁၈ ရက်မှစတင်၍ မြန်မာနိုင်ငံသို့ သွားရောက်ပါပြီ။ 

၈ လေးလုံး နှစ်ပတ်လည်ပွဲက အမှတ်တရ ABSDF၊ ဓာတ်ပုံ- ABSDF ၀က်ဆိုက်

သီတင်း ၂ ပတ် ကြာမြင့်မယ့် ယင်းခရီးစဉ်ဟာ ယခုနှစ် ဇန်န၀ါရီလမှ စတင်၍ အစိုးရ ငြိမ်းချမ်းရေး အဖွဲ့နှင့် တွေ့ဆုံမှုများ ပြုလုပ်ခဲ့ပြီးနောက် မတ်လက ပဏာမအနေဖြင့် ကိုယ်စားများ ရန်ကုန်သို့ သွားရောက်ခဲ့ပြီးနောက်ပိုင်း ပထမ ဆုံး အကြိမ် ယခုလို သွားရောက်ခြင်း ဖြစ်ပါတယ်။ 

ခရီးစဉ်တွင် လက်ရှိ ဥက္ကဌ ဦးသံခဲ ဦးဆောင်၍ အဖွဲ့ဝင် ၉ ဦး ပါဝင်မည်ဖြစ်ကြောင်း သိရပါတယ်။ ABSDF အဖွဲ့ မြန်မာပြည်လေ့လာရေးခရီးစဉ် သွားရောက်မည့် အချိန်သည် ကချင်ပြည်နယ်တွင် အစိုးရတပ်နှင့် KIA တို့အကြား တိုက်ပွဲများအတွင်း ABSDF မြောက်ပိုင်း အဖွဲ့ဝင်များက KIA ဘက်မှ ကူညီတိုက်ခိုက်ပေးနေချိန် လည်း ဖြစ်နေပါတယ်။ ခရီးစဉ်နဲ့ပတ်သက်၍လည်း ကြေညာချက်လည်း ထုတ်ပြန်ထားပါတယ်။ 




ဟိုလူကြီး သတိပေးပြီ

0 comments

~





  ကာတွန်း - တော်တီဆွေ

အကျင့်ပျက် ခြစားမှုတွေကို အောက်ခြေက ... စပြီး စစ်တောမယ် တဲ့၊
သတိထား




















-- --

၅၁ နှစ်မြောက် ဦးကိုကိုကြီး မွေးနေ့ အမှတ်တရ

0 comments



 ဓာတ်ပုံ- Ko Ko Gyi

၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ဦးကိုကိုကြီးရဲ့ ၅၁ နှစ် ပြည့်ပါပြီ။  

ဦးကိုကိုကြီးဟာ သူ့ရဲ့မွေးနေ့တွေမှာ တခုခုအမှတ်တရ ဖြစ်စေတဲ့ မှတ်တိုင်တည်ဆောက်လေ့ရှိပါတယ်။ အကျဉ်းထောင်ထဲ အကျဉ်းစံ ဘ၀ အသက် ၄၀ ပြည့်နေ့မှာ စီးကရက် ကြိုက်တတ်တဲ့ ဦးကိုကိုကြီးဟာ စီးကရက်သောက်ခြင်း၊ ဆေးလိပ်သောက်ခြင်းကို စွန့်လွှတ်ခဲ့ပါတယ်။ 

အခု ၅၁ နှစ်မြောက်မွေးနေ့မှာတော့ ဦးကိုကိုကြီးအနေနဲ့ ဘယ်လို အမှတ်တရ ဖြစ်ရပ်မျိုး မှတ်တိုင် စိုက်ထူ မယ်ဆိုတာတော့ ကာယကံရှင်က အသိဆုံးဖြစ်ပါလိမ့်မယ်။



လွှတ်တော်အစည်းအဝေးများ ပြန် စတော့မယ်

0 comments



ပထမအကြိမ် ဆဌမမြောက် ပြည်သူ့လွှတ်တော်နဲ့ အမျိုးသား လွှတ်တော်အစည်းအဝေးများ ပြန်လည် စတင်ပါတော့မယ်။ 

လာမယ့် နှစ် ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၉ ရက်နေ့မှာ စတင်ပြီး လွှတ်တော်အစည်းအဝေးတွေကို ပြန်လည် စတင် မှာ ဖြစ်တယ်လို့ နိုင်ငံပိုင် သတင်းစဉ်က အသီးသီးသော လွှတ်တော် ဥက္ကဌများ ဖြစ်ကြတဲ့ သူရ ဦးရွှေမန်းနဲ့ ဦးခင်အောင်မြင့်တို့က လက်မှတ်ထိုး ကြေညာထားပါတယ်။ 


ကြေးမုံ သတင်းစာ ဖြတ်ပိုင်း


 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved