နိုင်ငံပိုင် သတင်းစာက ဖြတ်ကပ်ညှပ်ဓာတ်ပုံ ဖော်ပြမှု ဦးရဲထွဋ် ဖြေရှင်း

Wednesday, January 30, 2013


ဒီကနေ့ထုတ် သတင်းစာတွေမှာ ကချင်ပြည်နယ်မှ ကေအိုင်အေက မိုင်းခွဲလို့ ဆိုင်ကယ် ၃ စီး ပျက်ီးခဲ့တာ၊ အရပ်သား သေဆုံးခဲ့တယ်ဆိုတာတွေနဲ့ပတ်သက်ပြီး ဓာတ်ပုံဖော်ပြမှုဟာ မကြာသေးခင်က အဲပုဂံလေယာဉ်ပျက်ကျစဉ်က ထိခိုက်ပျက်စီးသွားတဲ့ ဆိုင်ကယ်ပုံကို ဖြတ်ကပ် ညှပ်လုပ်ပြီး နိုင်ငံပိုင် သတင်းစာက ဖော်ပြခဲ့တာကြောင့် ပြန်ကြားရေး ဒု ၀န်ကြီး ဦးရဲထွဋ်က သူ့ရဲ့ ဖေ့စ်ဘုတ် စာမျက်နှာ မှာ အောက်ပါအတိုင်း တုံ့ပြန်ဖြေရှင်းထားပါတယ်။ 

 
မြန်မာ့အလင်း သတင်းစာ ဖော်ပြပုံ

 ကြေးမုံ သတင်းစာ ဖော်ပြပုံ 

 The New Light of Myanmar အင်္ဂလိပ်ပိုင်း သတင်းစာဖော်ပြပုံ

အဲပုဂံ လေယာဉ်ပျက်ကျစဉ် ထိခိုက်ပျက်စီးခဲ့သည့် ဆိုင်ကယ်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ရဲဇာနည် ဖေ့စ်ဘုတ်က ဒီဇင်ဘာ ၂၅၊ ၂၀၁၂ က ဖော်ပြထားသည့်ပုံ 

ဇန်နဝါရီလ ၂၈ ရက်နေ့ နိုင်ငံပိုင်သတင်းစာသုံးစောင်မှာ ဖော်ပြခဲ့တဲ့ ကေအိုင်အေ မိုင်းခွဲတိုက်ခိုက် မှုဖြစ်စဉ်သတင်းမှာ အသုံးပြုထားတဲ့ ဓာတ်ပုံဟာ မြန်မာတိုင်းမ် ( အင်္ဂလိပ်) မှာ ဖော်ပြထားတဲ့ အဲပုဂံ လေယာဉ်ပျက်ကျမှုသတင်းမှာ ဖော်ပြထားတဲ့ဓာတ်ပုံဖြစ်ကြောင်း တာဝန်သိပြည်သူတစ်ဦးက ဒီနေ့ ညနေ ၆ နာရီလောက်မှာ ကျွန်တော့်ဆီကို ဆက်သွယ်အကြောင်း ကြားလာပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းက တာဝန်ရှိသူများနဲ့ စိစစ်မှုများ ချက်ခြင်း ဆောင်ရွက်ခဲ့ပါတယ်။ စိစစ်ချက်အရ အခုလိုသိရှိရပါတယ်။

အဲဒီဗုံးကွဲတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး သတင်းအရင်းအမြစ်ထံကနေ သတင်း အရင်ရပါ တယ် ။ နောက် ညဘက်ကျမှဓာတ်ပုံတွေရောက်လာလို့ ထည့်သုံးလိုက်ပါတယ်။ အဲဒီပုံကို သတင်း စာသုံးစောင်လုံးက သုံးလိုက်မိပါတယ်။ အခုထောက်ပြ ချက်ရမှသတင်းပို့တဲ့တဲ့သူကို ပြန်စစ်တဲ့အခါ ဆိုင်ကယ်ပုံ က မှားပို့လိုက်တာပါလို့ ပြောပါတယ်။

ဒါပေမယ့် သတင်းဖြစ်စဉ်ကတော့ မှားယွင်းခြင်းမရှိပါဘူး။ မှန်ကန်ကြောင်း ထပ်ပြီး အတည်ပြု လို့ရပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး သတင်းအယ်ဒီတာများကို တိုက်ပွဲပုံများ၊
မတော်တဆထိခိက်မှုဖြစ်စဉ်များ၊ သဘာ ၀ဘေးဒဏ်များနဲ့ပတ်သက်ရင် သတင်းရော၊
ပုံစာပါ သေသေချာချာစိစစ်ဖို့၊ သတင်း ဓာတ်ပုံ ကို မသေချာရင် လုံးဝ မထည့်ဖို့
ဦးဆောင်ညွှန်ကြားရေးမှူးက ထပ်မံညွှန်ကြားပြီးဖြစ်ပါတယ်။

သတင်းပေးပို့သူကိုလည်း နောင် ဒါမျိုးဖြစ်ရင် သူ့ကို မသုံးတော့ဘူးလို့လည်း
သတိပေးထားပါတယ်။

ဒီဖြစ်စဉ်ဟာ အင်မတန်အရေးကြီးတဲ့ ကေအိုင်အေ တိုက်ခိုက်မှုဖြစ်စဉ်နဲ
ပတ်သက်ပြီး မှားယွင်းခဲ့တာဖြစ်တဲ့ အတွက် သတင်းစာများအပေါ်ပြည်သူများရဲ့ ယုံကြည်မှုကို
ထိခိုက်စေပါတယ်။

နောက်ပြီး ပြည်သူ့ဝန်ဆောင်မှု သတင်းစာ များအတွက် သတင်းစာ အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားတဲ့ စာနယ်ဇင်းကျင့်ဝတ်မှာ ပါတဲ့ ပုံနှိပ်ခြင်းမပြုမီမှာ သတင်းမှန်ကန်မှုကို တတ်စွမ်းသမျှ စစ်ဆေးရမည် ဆိုတဲ့ အချက်ကို အလေး ထားဆောင်ရွက်ဖို့ ပျက်ကွက်ခဲ့တာလည်းဖြစ်ပါတယ်။

ဒီလိုပျက်ကွက်မှုအတွက် စာဖတ်ပရိသတ်များကို တောင်းပန်အပ်ပါတယ်။

နောင်အလားတူမဖြစ်စေဖို့အတွက်လည်း ကျွန်တော်တို့ ကြိုးစားလုပ်ဆောင်သွားပါ့မယ်။

ပြည်ထောင်စုဝန်ကြီးကလည်း သတင်းစာများအနေနဲ့ တရားဝင်တောင်းပန်ဖို့ညွှန်ကြားထား ပါတယ်။ နောင်မှာလည်း ပြဋ္ဌာန်းပြီးဖြစ်တဲ့ စာနယ်ဇင်းကျင့်ဝတ်များ၊ လုပ်ငန်းဆောင်ရွက်ပုံ နည်းစနစ်များအတိုင်း တိတိကျကျဆောင်ရွက်ဖို့၊ သတင်းမှန်ကန်မှုနဲ့ မြန်ဆန်မှုကို ဟန်ချက် ညီအောင်ဆောင်ရွက်ဖို့ ကျွန်တော်တို့အားလုံးကို ညွှန်ကြားခဲ့ပါတယ်။
 
ဆက်စပ်သတင်း 

စစ်မှန်တဲ့ ပြည်သူ့ဝန်ဆောင်မှု မီဒီယာအတွက် အဆင်သင့် ဖြစ်ပြီလား

 

8 comments :

  1. Anonymous said... :

    မှားယွင်းမှုကို ၀န်ခံရဲတာလည်း သတ္တိရှိတာပါပဲ။ချီးကျူးလေးစားပါတယ်ခင်ဗျား။

  1. min maung toe said... :

    Shameful!If there's no one to criticize, we also think this is true.Congratulation! Not for MYH, but for the person who pointed out.

  1. Anonymous said... :

    ဒါကိုကြည့်ခြင်းအားဖြင့်...နိုင်င်္ငပိုင်သတင်းစာကပြည်သူလူထုကို...လိမ်နေတယ်ဆိုတာ...ငြင်းလို့မ၇ပါဘူး....ဟိုးအ၇င်ကစောက်ကျင့်...တွေကိုကိုမဖျောက်ကြသေးဘဲကိုး။နိုင်ငံပိုင်သတင်းစာမဟုတ်ဘဲ....စစ်အစိးုရပိုင်သတင်းစာဖြစ်နေတာကိုး။...ဒါဟာသတင်စာဖတ်တဲ့သူတွေကိုစော်ကား၇ာေ၇ာက်ပါတယ်။ဒါကြောင့်လဲ...ဘယ်သူမှမဖတ်တော့တာပေါ့။....ဓါတ်ပုံမှားပို့၇လောက်အောင်...ဘယ်လောက်တောင်များနေလို့လဲ.......မခိုင်လုံတဲ့ဆင်ခြေမျိုးပေးပြီး.....ဒီလိုလိမ်မှန်းသတာကိုတောင်...အယ်ဒီတာကိုအေ၇းမယူဘူးဆိုတော့...အယ်ဒီတာက...ဦးရဲ့ထွဍ်နဲ့ဆွေမျိုးမကင်းသူဖြစ်၇မယ်။

  1. Anonymous said... :

    လိမ်လို့များရမလားဆိုပြီးလိမ်ကြည့်တာ။ ဒီလိုလုပ်ဆောင်မှုမျိုးဘယ်တော့မှမလုပ်ပါနဲ့ ဦးရဲထွတ်ရယ်။

  1. sour grain said... :

    Oh!its a great liar on readers!They think readers are soft-headed.Mg Ye Htut must take responsibility.Mg Aung Fyi,too.Government newspaper's still not interesting.We wanna read only true news.Not policy news.Not

  1. Anonymous said... :

    အရည်အချင်းရှိပြီး ထက်မြက်သူများကိုခန့်ထား
    ပေးရင် ပြည်သူယုံကြည်လေးစားတန်
    ဘိုးထားတဲ့ကတင်းစာဖြစ်လာမှာပါ။ ဒီလိုသာ
    မှားပြီးရင်းမှားရင်းဆိုရင်တော့ပြည်သူပိုင်သ
    တင်းစာကိုယုံကြည်မှု့လျှော့ကျသွားပါလိမ့်မယ်။ အခြားဖတ်စရာမရှိလို့သာဖတ်နေရတဲ့အချေ
    အနေရောက်နေပြီလား?

  1. ထိန်လင်း said... :

    'တောင်းပန်ပါတယ်' ဆိုတဲ့စကားလေးက တော်တော်အသုံးဝင်ပါလား၊ ၀န်ကြီးများ၊ ၀န်ကြီးလုပ်မည့်သူများ ဒီစကားလုံးလေးကို အလွတ်ကျက်ထားသင့်ပါတယ်၊

  1. sour grain(san Kong may lay) said... :

    Dr Sait Phwar was now in Nilar's Indian cuisine.His brain was deliciously eaten by Zay Crony. Zay Crony is now in diarrhea.He must be sent to Hell Hospital.But Hell Hospital doesn't accept the patient like this.Coz Hell will be dirty.

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved