ငြိမ်းချမ်းရေး နိုဗဲလ်ဆုရှင် ၂ ဦးရဲ့ နွေးထွေးတဲ့ တွေ့ဆုံမှု

Tuesday, February 26, 2013

ငြိမ်းချမ်းရေး နိုဗယ်ဆုရှင်တွေဖြစ်ကြတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်
တောင်အာဖရိကနိုင်ငံရဲ့ နိုဗယ်ဆုရှင် ခရစ်ယန် ဘာသာရေးဘုန်းတော်ကြီး ဖြစ်တဲ့ ဒတ်စမွန်တူးတူးနဲ့ ယနေ့ ညနေပိုင်း ၂ နာရီကျော်အချိန်တွင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာတွေ့ဆုံခဲ့ကြပါတယ်။ 




ဘုန်းတော်ကြီး ဒတ်စမွန်တူးတူးဟာ မြန်မာနိုင်ငံကို  ပထမဦးဆုံးလာတဲ့ ခရီးစဉ်လည်းဖြစ်ပါတယ်။ တချိန်က  ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်ကျခံနေရစဉ်က ဒတ်စမွန်တူးတူး ဟာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ဖို့ နိုင်ငံတကာကို တိုက်တွန်းခဲ့သူလည်းဖြစ်ပါတယ်။ 

တောင်အာဖရိကနိုင်ငံရဲ့ အမှန်တရားနှင့် ရင်ကြားစေ့ရေး ကော်မတီ ဥက္ကဌ တာဝန်ယူခဲ့သော ဘုန်းတော် ကြီး ဒက်စမွန်တူးတူးဟာနိုင်ငံရေး အကျဉ်းသားများနှင့်လည်း သီးခြားတွေ့ဆုံခဲ့ပါတယ်။ 

ဒီအပြင် ဘုန်းတော်ကြီး ဒက်စမွန်တူးတူးဟာ မတ်လ ၁ ရက် ထိ နေထိုင်မှာ ဖြစ်ပြီ ဘုန်းတော်ကြီးဟာ  ပုဂံနှင့် အင်းလေးသို့ သွား ရောက် လည်ပတ်မည့်အပြင် မနက်ဖြန် အမေရိကန်စင်တာတွင် ဟောပြောပွဲ တရပ်ကျင်းပ ဟောပြောမည်ဟု သိရှိရပါတယ်။


0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved