ဒုသမ္မတ ကိုင်တွယ်တဲ့ မြန်မာ ဂရင်းကတ်စနစ် အကောင်အထည်ဖော်မှု

Saturday, April 27, 2013


နိုင်ငံခြားသားတွေ မြန်မာပြည်မှာ အမြဲတမ်းနေထိုင်ခွင့် (permanent resident - PR) စနစ် ဖော်ဆောင်ရေးအတွက် မူကြမ်းကို ဆက်ပြီး ရေးဆွဲနေဆဲဖြစ်တယ်၊ မကြာခင်မှာ အကောင်အထည်ဖော်ပေးနိုင်မယ်လို့ PR စနစ် စီမံခန့်ခွဲမှုကော်မတီထံက သိရကြောင်း သောကြာနေ့ထုတ် မော်ဒန် သတင်းဂျာနယ်မှာ ရေးထားပါတယ်။ စာ ၁၇ မှာပါ။
 


မြန်မာနိုင်ငံတွင် နိုင်ငံခြားသား အမြဲတမ်းနေထိုင်ခွင့် (Permanent Residence System) ( PR) စနစ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဒုသမ္မတ ဦးဥာဏ်ထွန်း
 

"မူဝါဒ၊ နည်းဥပဒေ နဲ့ လုပ်ထုံးလုပ်နည်း တွေကို ဆက်ရေးဆွဲနေပြီး လွှတ်တော်က အတည်ပြုပေးပြီးတာနဲ့"
ဒီစနစ် ကျင့်သုံးနိုင်တော့မယ်လို့ ဆိုပါတယ်။


ဒီနှစ်ထဲ ဖြစ်မလား၊ လာမယ့်နှစ်ထဲမှာလား ဆိုတာ သတင်းထဲ ရေးမထားပါ။

မူကြမ်းကို PR စနစ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဒုသမ္မတ ဦးဥာဏ်ထွန်းဆီကို ၂ ကြိမ် တင်ပြပေးထားပါတယ် တဲ့။

အမြဲတမ်းနေထိုင်ခွင့်စနစ်ကို နိုင်ငံတိုင်းမှာ မတွေ့ရပါဘူး။ မြန်မာပြည်မှာလည်း အခုမှ ဒီစနစ် ကျင့်သုံးဖို့ စီစဉ်နေတာပါ။ ကျင့်သုံးတဲ့နိုင်ငံတွေထဲမှာ အထင်ကရအဖြစ်ဆုံးက အမေရိကန်နိုင်ငံ ဖြစ်ပါလိမ့်မယ်။

အမေရိကန်မှာ ဒီအခွင့်အရေးနဲ့ သွားရောက်နေထိုင်ဖို့ ကမ္ဘာတဝန်းက စိတ်ဝင်စားနေကြတာပါ။
အမေရိကန်ကလည်း ဒီအခွင့်အရေးကို မကြာခဏ မဲဖောက်ပေးပါတယ်။ သူတို့နိုင်ငံအတွက် အထောက်အကူဖြစ်မယ့်သူတွေ ပညာရပ်တခုခုမှာ ကျွမ်းကျင်သူတွေကို ဦးစားပေးခေါ်ယူတယ်လို့ ထင်ပါတယ်။

မဲပေါက်ပြီး အမေရိကန် သွားရောက် အခြေချသူများထဲမှာ မြန်မာပြည်သားတွေလည်း အများအပြား ပါဝင်တာ တွေ့ရမှာပါ။

အမေရိကန်မှာ အမြဲတမ်းနေထိုင်ခွင့်ရသူတွေကို ထုတ်ပေးတဲ့ကတ်က ဂရင်းကတ် (Green Card) လို့ လူသိများပါတယ်။   ကတ်ကို အစိမ်းရောင်ကနေ တခြားအရောင်ပြောင်းလိုက်ပေမယ့် ဂရင်းကတ် လို့ပဲ အများအပြားက လွယ်လွယ် ဆက်ခေါ်နေကြတာပါ။

မြန်မာပြည်မှာ
အမြဲတမ်းနေထိုင်ခွင့်ရသူတွေကို ထုတ်ပေးမယ့် လက်မှတ်ကိုတော့ ဘယ်လို နာမည်တပ်ကြမလဲ မသိပါ။

ပြည်ပရောက် မြန်မာပြည်သားတွေ၊ မြန်မာပြည်မှာ ကာလကြာရှည် နေထိုင်လိုတဲ့ နိုင်ငံခြားသားတွေက အစိုးရ ဖော်ဆောင်နေတဲ့ PR စနစ် ပေါ်ပေါက်လာမှာကို မျှော်လင့်နေကြပါတယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့က ပြုလုပ်တဲ့ ကော်မတီအစည်းအဝေးမှာ ဥက္ကဋ္ဌ ဦးဥာဏ်ထွန်း ပြောကြားချက်များထဲက တချို့ကို ကောက်နုတ် ဖော်ပြပေးလိုက်ပါတယ်။ သမ္မတရုံးအင်တာနက်စာမျက်နှာကနေ ကူးယူပါတယ်။

သမ္မတကြီး၏ (၆၇)ကြိမ်မြောက် ကုလသမဂ္ဂညီလာခံတက်ရောက်ခဲ့သည့် အမေရိကန်ခရီးစဉ်တွင် အမေရိကန်နိုင်ငံရောက် မြန်မာနိုင်ငံသားဟောင်းများနှင့် တွေ့ဆုံရာမှာ ၁၉၈၂ခုနှစ်၊ မြန်မာနိုင်ငံသားဥပဒေအရ နှစ်နိုင်ငံသားခံယူသည့်စနစ် (Dual Citizenship)ကိုခွင့်ပြုထားခြင်းမရှိသည့်အတွက် မြန်မာနိုင်ငံ၏ ပြောင်းလဲတိုးတက် သောအခွင့်အလမ်းကောင်းများကို အသုံးချ၍ မိမိတို့၏ အသိပညာ၊ အတတ်ပညာ ကျွမ်းကျင်မှုနှင့် လုပ်ငန်းအတွေ့အကြုံများဖြင့် နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက် အပံ့ပေးလိုကြသော  မြန်မာနိုင်ငံသားဟောင်းများနှင့် နိုင်ငံခြားသားများအတွက် မြန်မာနိုင်ငံတွင် နိုင်ငံခြားသား အမြဲနေထိုင်ခွင့်စနစ် ခွင့်ပြုဆောင်ရွက်ပေးသွားမည့် အစီအမံရှိကြောင်းအား ထုတ်ဖော်ပြောကြားခဲ့ကာယင်းစနစ် အကောင်အထည်ဖော်ရန် စီမံခန့်ခွဲရေးကော်မတီကိုဖွဲ့စည်း တာဝန်ပေးအပ်ခဲ့ပြီး လုပ်ငန်းရပ်အသီးသီးကို စဉ်ဆက် မပြတ် ဆောင်ရွက်ခဲ့ကြပါကြောင်း။

.... မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်ဆောင်ရွက် ဖို့ရှိသော်လည်း နိုင်ငံခြားသားများ အမြဲနေထိုင် ခွင့်စနစ်သည် မြန်မာနိုင်ငံတွင် ပထမဦးဆုံးစတင် အကောင်အထည်ဖော်ရသည့် လုပ်ငန်းစဉ်ဖြစ်သဖြင့် နိုင်ငံတကာစံချိန်စံညွှန်းများနှင့် ကိုက်ညီရန် လိုအပ်သကဲ့သို့ နိုင်ငံတော်အကျိုးစီးပွားနှင့် နိုင်ငံတော်လုံခြုံရေးတို့ကို ထိခိုက်စေခြင်း မရှိစေရန်အတွက် ဥပဒေရှုထောင့်၊ အမျိုးသားရေးရှုထောင့်၊ နိုင်ငံတကာရှုထောင့် စသည့် ရှုထောင့် အမျိုးမျိုးမှ စနစ်တကျလေ့လာသုံးသပ် အကြံပြုဆွေးနွေး သွားကြပါ


.

2 comments :

  1. Anonymous said... :

    Call that PR as "Gold Card", symbol of shwe = myanmar, symbol of foreign burmeses.

  1. Anonymous said... :

    မိုက်တယ် Gold Card

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved